ဘာကြောင့်
Locked တွေဖြစ်ပြီး သုံးမရဖြစ်ကုန်လဲ ဆိုရင်တော့ သူတို့ရဲ့ပေါ်လစီတွေကို
မလိုက်နာတာတွေကြောင့်ပါပဲ အဖြစ်အများဆုံးကတော့ Fake Name
အသုံးများတဲ့သူတွေပဲ Lock ကျတာများပါတယ်။
ဦး၊ ဒေါ်၊ ကို၊ မ၊ U, Daw, Ko, Ma, ပါရင် နာမည်အရင်းကို အချွန်အတက်လေးတွေပါနေရင် Fake Name စာရင်းဝင်တယ်။
သူများက အမြင်ကတ်လို့ အကြောင်းရှိလို့Report ထုရင်ဖြစ်ဖြစ် ဖေ့ဘွတ်ဆာဗာက တွေ့သွားရင်ဖြစ်ဖြစ် Lock ကျနိုင်ခြေ များတယ်။
ဟိုကောင်လေး၊ ဒီကောင်လေး၊ ဟိုကောင်မလေး၊ ဒီကောင်မလေး ဆိုတာတွေလည်းပါတယ်။ Fake Name သုံးထားရင် Report ထုသူ မရှိမချင်း ဖေ့ဘွတ်ဆာဗာက မတွေ့မချင်းတော့ သုံးရနေဦးမယ် Lock ကျနိုင်ခြေကတော့ 99.99% ပဲ။ 😄😄😄
ဒီတော့.... Name ချိန်းလို့ရရင်ချိန်းထားပေါ့ မရတော့ဘူးဆို Locked ဖြစ်မှ ID တင်ပြီး အကောင့်ပြန်သုံးလို့ရအောင်လုပ်ရင် အလိုလျောက် မှတ်ပုံတင်ထဲကနာမည်အတိုင်းဖြစ်သွားတယ်။ ☺☺☺
မှတ်ပုံတင်ထဲက မိမွေးတိုင်းဖမွေးတိုင်းနာမည်အရင်းဆို Lock ကျနိုင်ခြေနည်းပါတယ်။ ဒါပေမယ့် Lock မကျနိုင်ဘူး မပြောဘူးနော် နာမည်အမှန် ပုံအမှန်တင်သုံးနေတဲ့ Account တွေလည်း ပေါ်လစီငြိတာတွေလုပ်ရင် Lock ကျနိုင်တယ်။ Blue Mark ရထားတဲ့ အကောင့်မျိုးတောင် ပေါ်လစီငြိရင် BM ပြုတ်သွားပြီး Lock ပါ ကျနိုင်တယ်။ ကျန်တဲ့အကောင့်တွေဆိုရင်မပြောနဲ့တော့ပေါ့။ 😄😄😄
အဓိက ကတော့ Facebook က ချမှတ်ထားတဲ့ Community Standard တွေကို လိုက်နာနိုင်ရင်တော့ Lock ကျနိုင်ခြေနည်းပါတယ်။ Policy တွေကိုခနတိုင်းချိုးဖောက်နေတဲ့အကောင့်တွေ၊ တော်တော်ဆိုးဆိုးရွားရွား လုပ်ရပ်တွေလုပ်နေတဲ့ Account ဆိုရင်တော့ ရာသက်ပန် Disabled ကျသွားနိုင်ပါတယ်။ အဲ့ဒီအကောင့်ကို တသက်လုံးပြန်သုံးလို့မရတော့ပါဘူး။
အခြား Locked ဖြစ်တာတွေကတော့ id တင်ပြီး ပြန်တောင်းသုံးရင် သုံးလို့ရပါတယ်။ Facebook Account ဆိုတာက ကိုယ်တိုင်က Delete Account မလုပ်မချင်း ပျက်တာမှမဟုတ်တာ Privacy , Policy တွေသာလိုက်နာ Lock လုံး၀မကျဘူး။ စည်းကမ်းလိုက်နာဘေးကင်းကွာဆိုတာတောင်ရှိသေးတယ်မလား။ စည်းကမ်းတွေကိုသာလိုက်နာပါ Locked ကျခြင်းဘေးမှ ကင်းဝေးစေပါလိမ့်မယ်။ 😄😃😄
အရင်ရေးထားတဲ့ Facebook Vs Your Name ဆိုတာလေးကို သွားဖတ်ကြည့်လိုက်ရင်လည်း
Lock ကျရတဲ့ အကြောင်းရင်းတွေကို သိရှိသွားနိုင်ပါတယ်။
အခုလို လာရောက်အားပေး ဖတ်ရှုပေးသွားတဲ့အတွက် ကျေးဇူးပါ။
Aung Kyaw Soe
0 comments:
Post a Comment
မှတ်ချက်(Comment)ပေးသွားလိုတာရှိပါကပေးသွားနိုင်ပါတယ်။ နောက်ထပ် ရေးသားပေးလိုသည့်အကြောင်းအရာများကိုလည်းပြောခဲ့နိုင်ပါတယ်။