Online Service Center Myanmar: Youtube -->

Youtube

My Blog

Latest blog

How to Upload Youtube Video for Blogger Website ( Youtube က Video ကို Blog Website မှာ တင်မယ်။ )

1. အရင်ဆုံး Gmail ကို Login ဝင်လိုက်။
Login ဝင်ပြီးပြီဆို Youtube.com ကိုဖွင့်လိုက်ပါ။
Youtube ထဲကိုရောက်ပြီဆိုရင် ညာဘက်အပေါ်ထောင့်နားမှာရှိတဲ့
မိမိ Gmail Account ရဲ့  Profile icon လေးကိုနှိပ်လိုက်ပါ။
ပေါ်လာတဲ့ထဲမှ Creator Studio ဆိုတာလေးကိုနှိပ်လိုက်ပါ။
ဘယ်ဘက်ခြမ်းမှာရှိတဲ့ Menu တွေထဲမှ VIDEO MANAGER ဆိုတာကိုနှိပ်လိုက်ပါ။
မိမိတင်ထားတဲ့ Video တွေကိုတွေ့ပါလိမ့်မယ်။ ( ဒီတိုင်းခနထားလိုက်ပါ။ )

2. Website ထဲမှာတင်ထားတာက ဘယ် Video ကနောက်ဆုံးတင်ထားတာလဲဝင်ကြည့်ပါ။
New Tab ကိုခေါ်ပြီး blogger.com လို့ရိုက်ဝင်လိုက်ပါ။
Gmail ဝင်ထားတာဖြစ်လို့အလိုလျောက်ဝင်သွားတာမျိုးလည်းဖြစ်ပါလိမ့်မယ်။
မဝင်လျှင် မိမိဘာသာ Gmail & Password ရိုက်ဝင်ပါ။
Blogger.com ထဲဝင်လိုက်တာနဲ့ All Posts နေရာကိုရောက်သွားရင်
မိမိ နောက်ဆုံးတင်ထားခဲ့တဲ့ ဗီဒီယိုဖိုင်ကဘယ်ဗီဒီယိုလည်းဆိုတာကြည့်ပါ။

3. Youtube.com ထဲကိုပြန်သွားပါ။
Website ထဲနဲ့ Youtube က ဗီဒီယိုကို တိုက်စစ်ပြီးပြီဖြစ်လို့ ဘယ်ဗီဒီယိုက နောက်ဆုံးတင်ထားလဲဆိုတာတွေ့ပါလိမ့်မယ်။
အဲ့ဒီအပေါ်နားက မတင်ရသေးတဲ့ ဗီဒီယိုဖိုင်ကို Open link new tab နဲ့ဖွင့်လိုက်ပါ။
New Tab နဲ့ပွင့်လာတဲ့အခါမှာ Video URL ဆိုတဲ့နောက်က
နမူနာ : https://youtu.be/onrDD5cv1-A ဆိုတဲ့ ဗီဒီယိုဖိုင် Link ကို Copy ယူပီး New Tab တစ်ခုခေါ်ပြီး ထည့်ဖွင့်လိုက်ပါ။
Video Play နေစဉ် အဆင်ပြေတဲ့နေရာလေးကို Print Screen ဖမ်းပါ ( SS ရိုက်ပါ။ )

4. Laptop or Desktop မှာ Print Screen ဖမ်းနည်း။ ( SS ရိုက်နည်း )
Laptop or Desktop က ကီးဘုတ်ထဲမှာ PrtSc or Prt Sc Sysrq ဆိုပြီး ပါပါတယ်။ အဲ့ဒါလေးကိုနှိပ်လိုက်ပါ။
ပြီးရင် Paint လေးကိုဖွင့်လိုက်ပါ။ Paint ကို ဘယ်မှာသွားဖွင့်ရမှန်းမသိရင် Windows မှာ Search box လေး ပါပါတယ်။
Search box ထဲမှာ Paint ဆိုပြီး ရိုက်ထည့်လိုက်ပါ။ Paint လေးပွင့်လာပြီဆိုရင် ကီးဘုတ်က Ctrl + V ( Ctrl ကိုနှိပ်ထားပြီး V ) ကိုနှိပ်ပါ။
အဲ့ဒါဆို Paint ထဲမှာ စောစောက SS လေးကို Paste ချလိုက်တာကို မြင်တွေ့ရမှာပါ။ အဲ့ဒီလို မြင်တွေ့ရပြီဆိုရင် လိုချင်တဲ့နေရာလေးကို
Select ပေးပြီး Crop လုပ်ပေးရမှာပါ။ ( Select ပေးထားပြီး Right Click ကိုနှိပ်ပြီး ပေါ်လာတဲ့အထဲက Crop ကို ရွေးပေးရမှာ။ )
ပြီးသွားရင် အဲ့ဒီ Paint လေးကို X လေးနှိပ်ပြီး ပိတ်ပစ်လိုက်ပါ။ ဘယ်နားမှာ Save မလည်းမေးရင် File Name လေး ပေးပြီး ကြိုက်တဲ့နေရာမှာ Save လိုက်ပါ။

5. Blog Website ထဲမှာ အသင့်ပြင်မယ်။
Blogger Website ထဲကိုဝင်လိုက်ပြီး New Post ကို နှိပ်ပါ။
Post Title နေရာမှာ Video Title ကို ထည့်လိုက်ပါ။ ပြီးလျှင် အောက်က အသင့်ပြင်ထားတဲ့ Code နဲ့စာလေးတွေကိုကူးယူလိုက်ပါ။

Code အနေဖြင့်ထည့်ရန်။ ( အောက်က မျဉ်းလိုင်းထဲမှ Code နဲ့စာတွေကိုအကုန်ကူးပါ။ )

ဒီနေရာမှာ Youtube မှ Video Code ကိုထည့်ပါ။ <= ( ယခုစာကိုဖျက်ပြီးထည့်ပါ။ )
ဒီနေရာမှာ ဗီဒီယိုဖိုင်ခေါင်းစဉ်ထည့်။ <= ( ယခုစာကိုဖျက်ပြီးထည့်ပါ။ )
ဒီနေရာမှာ ဗီဒီယိုဖိုင် SS Photo ထည်(Upload ပေးရန်) <= ( ယခုစာကိုဖျက်ပြီး Upload ပါ။ )
Video များကို ဆက်လက်ကြည့်ရှု့လိုပါက
San Lin Htet & May Thu Htun ကို
See First (or) Follow လုပ်ထားလိုက်ပါနော် ❤️👍🏻

Please Like & Share For More Video❤️🙏🏻🤗

HD နှိပ်ကြည့်နိုင်တယ်နော် ❤️🙏🏻🤗👍🏻

အပေါ်ကစာလေးတွေကို Copy ယူပြီးပြီဆိုရင် Blogger Website ထဲက New Post နေရာကိုပြန်သွားပါ။
HTML ဆိုတာကို နှိပ်ပြီး Copy ကူးလာတဲ့စာလေးတွေကိုထည့်ပေးလိုက်ပါ။ ပြင်ပြီးထည့်ပေးရမယ့်နေရာက
အပေါ်ဆုံးက စာ ၃ ကြောင်းပဲနေရာမှာပဲပြင်ထည့်ရမှာပါ။ ( မိမိစိတ်ကြိုက်စာတွေကို ပြောင်းလဲထည့်သွင်းလို့ရပါတယ်။ )

6. Youtube ထဲက Post တင်မယ့် Video File နေရာကိုပြန်သွားပါ။
Youtube ထဲကိုပြန်သွားပြီး စောစောက SS ရိုက်တဲ့နေရာက Post တင်မယ့် ဗီဒီယိုဖိုင်နေရာလေးမှာ
အဲ့ဒီ Video File ကို Share ပြုလုပ်လို့ရတဲ့ SHARE ဆိုတဲ့ခလုတ်လေးတွေ့ပါမယ် Click နှိပ်လိုက်ပါ။
Share a link ဆိုတဲ့အောက်နားမှာ < > ပုံလေးနဲ့ Embed ဆိုတာလေးရှိပါတယ်။ အဲ့ဒါလေးကိုနှိပ်လိုက်ပါ။
Embed Video ဆိုပြီး အောက်နားမှာ Video Code လေးပေးထားပါမယ်။ Copy ယူလိုက်ပါ။
ယူပြီးရင် Website ထဲက Post တင်ဖို့ပြင်နေတဲ့နေရာကိုပြန်လာပြီး အပေါ်ဆုံးက စာကြောင်းကိုဖျက်ပြီး
Video File Code ကိုထည့်ပါ။ Video Code ထဲက Video Size ကို ချိန်းရပါမယ်။ Width မှာ 100% လို့ပြောင်းပြီး Height မှာ 400 လို့ပြင်ရေးပါ။

ပြီးလျှင် Video File Title ကို Video Code လေးအောက်က စာကြောင်းကိုဖျက်ပြီးထည့်ပါ။
အားလုံးပြီးသွားလျှင် Compose လေးကိုနှိပ်ပြီး စာလေးတွေအဆင်ပြေမပြေ ပြန်ကြည့်ပါ။
အဆင်ပြေပြီဆိုလျှင် အဲ့ဒီစာလေးတွေကို Copy ယူပြီး ညာဘက်ဘေးနားက Search Description လေးကိုနှိပ်ပြီး
ပေါ်လာတဲ့ Box လေးထဲမှာ ထည့်ပေးလိုက်ပါ။ ပြီးလျှင် Video File နဲ့ပတ်သက်တဲ့ SS(Screen Shot) လေးကို
Upload ထည့်ပေးရပါမယ်။ Video File Code အောက်က Video Tittle လေးရဲ့အောက်ကစာကိုဖျက်ပြီး အဲ့ဒီနေရာမှာ
Upload ပေးရမှာပါ။ SS Photo ကို ဘယ်ကနေထည့်ရမလဲဆိုရင် New Post Body အပေါ်နားမှာ Tools လေးတွေ
ပါ ပါတယ်။ အဲ့ဒီ Tools လေးတွေထဲက Photo ပုံလေးကိုနှိပ်လိုက်ရင် Popup box လေးတက်လာပါမယ်။
Choose Files ဆိုတာလေးကို နှိပ်ပြီး စောစောက ရိုက်ပြီး Save ထားတဲ့ SS Photo လေးကို Upload ပေးရမှာပါ။

SS Photo လေး Upload loading... လေးပြီးသွားလို့ပေါ်လာပြီဆိုတာနဲ့ Select လေးလုပ်ပြီး Add Selected ဆိုတာလေးကိုနှိပ်ပေးရမှာပါ။
ဒီနေရာမှာ Post Body ထဲက စာတွေ ပုံတွေကို နေရာချတာ၊ စာလုံးအကြီးအသေးပြောင်းတာ၊ ကာလာတွေချယ်တာတွေကအစ၊
Tools တွေပါဝင်လို့ စိတ်ကြိုက်ကလိနိုင်ပါတယ်။

7. Labels ( Post Tag အမှတ်အသားလေးတွေ ) မဖြစ်မနေထည့်ဖို့လိုပါတယ်။
ညာဘက်ခြမ်းက Labels ဆိုတာလေးကိုနှိပ်လိုက်ပါ။ အဲ့ဒီထဲမှာ အခုတင်ပေးလိုက်တဲ့ Video ဖိုင်လေးနဲ့ပတ်သက်တဲ့
Labels( အမှတ်အသား ) လေးတွေရှိရင် Click နှိပ်ပြီး ထည့်လို့ရသလို မရှိဘူးဆိုရင် အသစ်ရိုက်ထည့်ပြီး Done လိုက်လို့ရပါတယ်။
အဲလို တစ်ခါထည့်ထားလိုက်ရင် နောက်ဆို အဲ့ဒီ Labels လေးက Record ဝင်သွားပြီမို့လို့နောက်တစ်ခေါက် ဗီဒီယိုတင်ရင်
အသင့် Click နှိပ်ပြီး ထည့်ရုံပါပဲ။ အခုနေရာမှာ Labels လေးတွေကို စုံအောင်ထည့်ပြီးသွားပြီဆိုရင် အဲ့ဒါလေးတွေကို Copy ယူလိုက်ပါ။
အောက်နားက Search Description ဆိုတာလေးကို နှိပ်ဖွင့်ပြီး စောစောက ထည့်ထားတဲ့စာလေးတွေအောက်နားကနေ , လေးခံ Space လေး တစ်ချက်ပုတ်ပြီး
ထည့်ပေးလိုက်ပါ။ အားလုံးပြီးသွားပြီဆို Publish ဆိုတာလေးကိုနှိပ်ပေးလိုက်ရင် Video File လေး Blogger Website လေးထဲမှာ
တင်ပြီးသွားပါပြီ။

8. တင်ပြီးသား Video File လေးတွေကို Edit လုပ်ချင်တယ်ဆိုရင်။
Blogger.com ထဲကိုဝင်ပြီး All Posts နေရာလေးကိုသွားလိုက်ပါ။
မိမိ Edit လုပ်လိုတဲ့ Post Title လေးပေါ်မှာ မောက်လေးတင်လိုက်တာနဲ့ အဲ့ဒီအောက်မှာ
Edit | View | Share | Delete ဆိုပြီးတွေ့ပါလိမ့်မယ်။ Edit လုပ်ချင်ရင် Edit လေးကိုနှိပ်ပြီး
ဝင်ရောက် စိတ်ကြိုက် Edit လုပ်လို့ရပါတယ်။

အောက်မှာ Video ဖိုင်လေး 3 File ထည့်ပေးထားပါတယ်။  Video Tutorial လေးပါ။ ၁ ဖိုင်ထဲမဟုတ်ပဲ ၃ ဖိုင်ဖြစ်နေလို့စိတ်တော့မကောင်းပါဘူး။ :D
1. Youtube Video Upload To Blogger Website(Part-1)

Video Link => https://youtu.be/wqPgiDeww3U

2. Youtube Video Upload To Blogger Website(Part-2)

Video Link =>  https://youtu.be/xpDJdbdXUio

3. Youtube Video Upload To Blogger Website(Part-3)

Video Link => https://youtu.be/3RrgZWQVIaI

ဒါက အသေးစိတ်ရေးပေးထားလို့စာကရှည်ပြီး တော်တော်ရှုပ်တာပဲလို့ထင်ရတာပါ။
တကယ်လက်တွေ့လုပ်ဖြစ်သွားရင် အရမ်းလွယ်တာကိုတွေ့ရပါလိမ့်မယ်။
စမ်းပြီးတင်ကြည့်ပါ တင်နေကျဖြစ်သွားရင် ဘာလေးတွေကိုဘယ်လို လုပ်ရတယ်ဆိုတာကို
အသေးစိတ်သိရှိသွားပြီး အခု Video ထဲကထက်တောင် ပိုပြီး မြန်မြန်ဆန်ဆန် ပို့စ်တင်နိုင်ပါလိမ့်မယ်။
အားလုံးပဲ အဆင်ပြေကြပါစေ။
Aung Kyaw Soe ( 19.6.2018 - 6:30 PM )

Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

• Pyay Road, Hlaing Twonship, Yangon, Myanmar.
• 09421157911
• mr.aungkyawsoe.hgc@gmail.com
• www.osc-myanmar.com