Online Service Center Myanmar: Google Play -->

Google Play

My Blog

Latest blog


29.5.2019 ေန ့က Android Developers Blog ေပၚမွာ "Building a safer Google Play for kids" ဆိုပြီး ပို့စ်တခုတက်လာပါတယ်။ ရေးသားထားသူကတော့ Google Play ရဲ့Product Manager တဦးဖြစ်တဲ့ Kanika Sachdeva က ေရးသားထားတာပါ။

https://play.google.com
သူရေးထားတဲ့အကြောင်းအရာရဲ့အစမှာတော့ Google Play အနေနဲ့ကလေးသူငယ်များနဲ့သူတို့ရဲ့မိသားစုဝင်များအတွက် အန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရစေမယ့်အရာတွေကို အကောင်းဆုံးဖန်တီးပြီး Support ပေးခဲ့တယ်လို ့ဆိုထားပါတယ်။

Play Store အတွင်းမှာ ကလေးသူငယ်တွေသာ မြင်တွေ့သင့်တဲ့ App တွေ၊ ကြော်ငြာတွေကိုသာ စိစစ်ပြီးတော့မှသာပြသဖို့လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ နောက်ထပ် မကြာမီလပိုင်းအတွင်းမှာ ကလေးသူငယ်တွေက Mobile App တခုကို Install သွင်းတော့မယ်ဆိုရင် မိဘကိုအရင် Alerts ပေးတဲ့နည်းပညာအသစ်တခုကို ထပ်မံထည့်သွင်းပေးသွားမယ်လို့လည်းဆိုပြန်ပါတယ်။ အဲ့ဒါလေးကိုထည့်သွင်းပေးလိုက်ရင်တော့ ဟိုးယခင်တုန်းကလို $ နဲ့ဝယ်ရတဲ့ App တွေကိုသွင်းမိတာတွေ၊ မသင့်တော်တဲ့ App တွေကိုသွင်းမိတာတွေကနေ ကင်းဝေးသွားစေနိုင်မှာပါ။

နောက်ပြီး App developers တွေကိုလည်း Google Play အနေနဲ့ကလေးသူငယ်တွေနဲ့သူတို့ရဲ့မိသားစုဝင်တွေအတွက် ပိုမို Safe ဖြစ်စေမယ့်အရာတွေဖန်တီးလုပ်ဆောင်ရာမှာပါဝင်ဖို့လည်းပြောထားပါသေးတယ်။ အဲ့ဒီအတွက် Google Play ရဲ့နဂိုစည်းမျဉ်းစည်းကမ်းတွေကို စတင်ပြောင်းလဲနေပြီဖြစ်လို့မဖြစ်မနေလိုက်နာပေးကြဖို့ပါပြောထားပါသေးတယ်။

လာမယ့် 1.9.2019 နေ့မှာ စတင်ပြီး မည်သည့် App developers မဆို သူတို့ရဲ ့စည်းမျဉ်း၊ စည်းကမ်းအသစ်တွေကိုလိုက်နာပြီး လုပ်ဆောင်ကြရမှာဖြစ်တယ်လို ့ကြေညာထားပါတယ်။ ကိုယ်ရေးထားတဲ့ App တွေကို Play Store မှာတင်တဲ့အခါ Target audience and Content section တွေမှာ အတိအကျပစ်မှတ်ထားတာတွေ၊ App နဲ့ပတ်သက်တဲ့ Information တွေပြည့်စုံစွာထည့်သွင်းပေးတာတွေကို မဖြစ်မနေလုပ်ပေးရမယ်လို့ပြောထားပါတယ်။

ကိုယ်ရေးထားတဲ့ App ဟာ ကလေးသူငယ်တွေသုံးစွဲခွင့်ရှိလား၊ မရှိဘူးလား၊ ဆိုတာကို အစကတည်းက Audience Target သတ်မှတ်ပေးရမှာပဲဖြစ်ပါတယ်။ ထို့အတူပဲ App နဲ့ပတ်သက်တဲ့အကြောင်းအရာအသေးစိတ်ကို ပွင့်လင်းမြင်သာစွာ၊ ရှင်းလင်းစွာ၊ ဖော်ပြမထားဘူူးဆိုရင် အဲ့ဒီ App ကို Play Store ပေါ်ကနေ ပယ်ဖျက်သွားမှာပဲဖြစ်ပါတယ်။ အရင်တုန်းကလို App ကို မသုံး သုံးချင်လာအောင်ဆွယ်ဆောင်တဲ့ Fake information တွေကို စိစစ်သွားတော့မှာဖြစ်လို့ App တခုကို တင်ထားပြီး ပေါက်ပန်းလေးဆယ်ရေးပြထားလို့တော့မရတော့ပါဘူး။

ဒီနေရာမှာ တခုတွေးမိသွားတာက အဲ့ဒီလို ကလေးသူငယ်တွေအတွက် အသက်အရွယ်ကိုကန် ့သတ်လိုက်တာတွေ၊ သီးခြားဖယ်ထုတ်ပြသလိုက်တာမျိုးတွေလုပ်လိုက်တော့ နောက်ဆို Play Store ပေါ်မှာ 18+ App တွေကို ကို အသက်ကြီးတဲ့သူတွေအားလုံး မြင်တွေ ့သုံးစွဲခွင့်တွေရတော့မှာလားဆိုတာကတော့ စောင့်ကြည့်သွားရတော့မှာပေါ့လေ။
Aung Kyaw Soe ( 30.5.2019 - 3:35 PM )

#Google , #GooglePlay , #PlayStore #SafeForKids
မူရင်းပို့စ် =>


Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com