Facebook Account တွေ Locked ဖြစ်တဲ့အကြောင်းရင်း

Facebook Account တွေ Locked ဖြစ်တဲ့အကြောင်းရင်း


ဘာကြောင့် Locked တွေဖြစ်ပြီး သုံးမရဖြစ်ကုန်လဲ ဆိုရင်တော့ သူတို့ရဲ့ပေါ်လစီတွေကို မလိုက်နာတာတွေကြောင့်ပါပဲ  အဖြစ်အများဆုံးကတော့ Fake Name အသုံးများတဲ့သူတွေပဲ Lock ကျတာများပါတယ်။

ဦး၊ ​ဒေါ်၊ ကို၊ မ၊ U, Daw, Ko, Ma, ပါရင်​ နာမည်​အရင်းကို အချွန်​အတက်​​လေး​တွေပါ​နေရင်​ Fake Name စာရင်းဝင်​တယ်​။

သူများက အမြင်ကတ်လို့ အကြောင်းရှိလို့Report ထုရင်​ဖြစ်​ဖြစ်​ ​ဖေ့ဘွတ်​ဆာဗာက ​တွေ့သွားရင်​ဖြစ်​ဖြစ်​ Lock ကျနိုင်​​ခြေ များတယ်​။


ဟို​ကောင်လေး၊ ဒီ​ကောင်လေး၊ ဟို​ကောင်မ​လေး၊ ဒီ​ကောင်မ​လေး ဆိုတာ​တွေလည်းပါတယ်။​ Fake Name သုံးထားရင် Report ထုသူ မရှိမချင်း ​ဖေ့ဘွတ်​ဆာဗာက မ​တွေ့မချင်း​တော့ သုံးရ​နေဦးမယ် Lock ကျနိုင်ခြေက​တော့ 99.99% ပဲ။ 😄😄😄

ဒီ​တော့.... Name ချိန်းလို့ရရင်ချိန်းထား​ပေါ့ မရ​တော့ဘူးဆို Locked ဖြစ်မှ ID တင်ပြီး အ​ကောင့်ပြန်သုံးလို့ရအောင်လုပ်ရင်​ အလိုလျောက် မှတ်ပုံတင်ထဲကနာမည်အတိုင်းဖြစ်သွားတယ်။ ☺☺☺

မှတ်ပုံတင်ထဲက မိမွေးတိုင်းဖမွေးတိုင်းနာမည်အရင်းဆို Lock ကျနိုင်ခြေနည်းပါတယ်။ ဒါပေမယ့် Lock မကျနိုင်ဘူး မပြောဘူးနော်​ နာမည်အမှန် ပုံအမှန်တင်သုံးနေတဲ့ Account ​တွေလည်း ပေါ်လစီငြိတာတွေလုပ်ရင်​ Lock ကျနိုင်တယ်။​ Blue Mark ရထားတဲ့ အကောင့်မျိုးတောင် ပေါ်လစီငြိရင်​ BM ပြုတ်သွားပြီး Lock ပါ ကျနိုင်တယ်။ ကျန်တဲ့အကောင့်တွေဆိုရင်မပြောနဲ့တော့ပေါ့။ 😄😄😄

အဓိက က​တော့ Facebook က ချမှတ်ထားတဲ့ Community Standard ​တွေကို လိုက်နာနိုင်ရင်တော့ Lock ကျနိုင်ခြေနည်းပါတယ်။​ Policy ​တွေကိုခနတိုင်းချိုးဖောက်နေတဲ့အကောင့်တွေ၊ ​တော်တော်ဆိုးဆိုးရွားရွား လုပ်ရပ်တွေလုပ်နေတဲ့ Account ​ဆိုရင်တော့ ရာသက်ပန်​ Disabled ကျသွားနိုင်ပါတယ်။​ အဲ့ဒီအ​ကောင့်ကို တသက်လုံးပြန်သုံးလို့မရ​တော့ပါဘူး။

အခြား Locked ဖြစ်တာတွေကတော့ id တင်ပြီး ပြန်တောင်းသုံးရင် သုံးလို့ရပါတယ်။ Facebook Account ဆိုတာက ကိုယ်တိုင်က Delete Account မလုပ်မချင်း ပျက်တာမှမဟုတ်တာ Privacy , Policy ​တွေသာလိုက်နာ Lock လုံး၀မကျဘူး။ စည်းကမ်းလိုက်နာဘေးကင်းကွာဆိုတာတောင်ရှိသေးတယ်မလား။ စည်းကမ်းတွေကိုသာလိုက်နာပါ ​Locked ကျခြင်းဘေးမှ ကင်းဝေးစေပါလိမ့်မယ်။ 😄😃😄

အရင်ရေးထားတဲ့  Facebook Vs Your Name   ဆိုတာလေးကို သွားဖတ်ကြည့်လိုက်ရင်လည်း
Lock ကျရတဲ့ အကြောင်းရင်းတွေကို သိရှိသွားနိုင်ပါတယ်။


အခုလို လာရောက်အားပေး ဖတ်ရှုပေးသွားတဲ့အတွက် ကျေးဇူးပါ။
Aung Kyaw Soe