Online Service Center Myanmar: Jobs -->

Jobs

My Blog

Latest blog


မြန်မာပြည်မှာ အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေက အင်မတန်မှကို များပါတယ်။ ခန့်တဲ့အလုပ်ကနည်းတယ်၊ လိုချင်တဲ့အလုပ်ကနည်းတယ်၊ လုပ်ချင်တဲ့အလုပ်ကနည်းတယ်၊ ဆိုတာတွေထက်၊ ဟိုမှာဝင်ရှာလိုက်၊ ဒီမှာဝင်ရှာလိုက်နဲ့အကုန်ပတ်မွှေနေရတာ မူးတောင်မူးတယ်၊ ရှာလို့လည်းမတွေ ့ဘူးဆိုပြီးဖြစ်နေရင်တော့ "Jobs on Facebook" ဆိုတာလေးကိုသတိရလိုက်ပါ။

အလုပ်ခေါ်တယ်ဆိုတဲ့ Website တွေ၊ Group တွေ၊ Page တွေ၊ User account တွေထဲကို ဝင်ကြည့်စရာ၊ စောင့်ကြည့်စရာမလိုတော့ပဲ Facebook ထဲက တစ်နေရာထဲမှာပဲ၊ အလုပ်ခေါ်စာတွေကို တစ်ထိုင်ထဲနဲ့ရှာဖွေပြီးကြည့်ရှုနေလို ့ရပါပြီ။

အဲ့ဒါက ဘယ်မှာလဲဆိုတော့ "Jobs on Facebook" ဆိုတဲ့နေရာလေးမှာပါပဲ။

"Jobs on Facebook" ကို ဘယ်လိုသွားရမလဲဆိုရင်တော့....

ကွန်ပြူတာနဲ့အသုံးပြုသူ ( Desktop user ) တွေအတွက်ကတော့ Browser ထဲမှာ https://www.facebook.com/jobs လိပ်စာလေးအတိုင်း ရိုက်ထည့်ပြီးသွားလို့ရပါတယ်။

ဖုန်း( Mobile user ) နဲ့အသုံးပြုသူတွေအတွက် ဖုန်းထဲက Facebook App လေးရဲ့ Menu လေးထဲ ( Settings ထဲဝင်တဲ့နေရာ ) ကိုသွားပြီး Jobs ဆိုတာလေးကိုရှာဖွေ ဝင်ရောက်ပြီး သွားလို့ရပါတယ်။ ( ဝင်ဝင်ချင်း မတွေ ့ရလျှင် See More.. ဆိုတာလေးနှိပ်ပြီးဝင်ရှာပါ။ )

Jobs on Facebook
https://www.facebook.com/jobs
Businesses like yours are finding employees on Facebook. Hear their stories.
နေရာလေးကိုဝင်ပြီးဘယ်လိုရှာဖွေရမလဲ...?


______________________
အလုပ်ရှာဖွေမည့်သူအတွက် -
______________________

1. LOCATION.
ဝင်လိုက်တာနဲ့အလုပ်ခေါ်တာစာတွေကိုတွေ့ရမှာပါ။
ကိုယ်ကအဲ့ဒီထဲကနေ ကိုယ်နဲ့ Location အနီးစပ်ဆုံးက အလုပ်ခေါ်စာကို ရှာချင်တယ်ဆိုရင်တော့ LOCATION အောက်မှာ
ဘယ်လောက်ကီလိုမီတာအဝေးအတွင်းက အလုပ်ခေါ်စာဆိုတာကို စိတ်ကြိုက်ပြောင်းပြီးရှာဖွေနိုင်ပါတယ်။

2. JOB TYPE.
ကိုယ်က အလုပ်ကို အချိန်ပိုင်းပဲလုပ်ချင်တာလား၊ အချိန်ပြည့်လုပ်ချင်တာလား၊ ဒါမှမဟုတ် ဘယ်လိုပုံစံမျိုးနဲ့လုပ်ချင်တာလဲဆိုတာကို

- Full-time.
- Part-time.
- Internship.
- Volunteer.
- Contract.


ဆိုပြီး ခွဲပြပေးထားတဲ့အတွက် မိမိစိတ်ကြိုက်ရွေးချယ်ပြီး ရှာဖွေလို့ရပါတယ်။

3. INDUSTRY.
ကိုယ်က ဘယ်လိုလုပ်ငန်းမျိုးတွေမှာ ဝင်ရောက်လုပ်ကိုင်ချင်တာလဲဆိုတာကိုတော့ အောက်ဖော်ပြပါတွေထဲက ရွေးချယ်ပြီး ရှာဖွေလို့ရပါတယ်။

- Business & Economy Website.
- Telecommunication Company.
- Agriculture Company.
- Community College.
- Medical & Health.
- Consulting Agency.
- Web Designer.
- Advertising/Marketing.
- Non-Governmental Organization (NGO).
- Investing Service.


ဆိုပြီး လက်ရှိမှာတော့ ကဏ္ဍ ( ၁၀ ) မျိုးနဲ့ရှာဖွေလို့ရပါတယ်။

4. SEARCH BOX.
နောက်ဆုံး Search box လေးထည့်ပေးထားလို့ Search box လေးထဲမှာ မိမိ လိုချင်တဲ့အလုပ် ရှိ မရှိကို
ရိုက်ပြီးတော့လည်း ရှာဖွေလို့ရပါတယ်။

ဒီနေရာမှာ ကိုယ့်စိတ်ကြိုက်အလုပ်ကိုရှာလို့မတွေ့သေးဘူး၊ အလုပ်ခေါ်စာအသစ်တွေတက်လာရင် ချက်ချင်းသိချင်တယ်ဆိုရင်တော့ Get notified about new job openings. ဆိုတာလေးကို ရှာဖွေပြီး၊
အဲ့ဒီအောက်က Subscribe လေးကို နှိပ်ထားပေးဖို့ပဲလိုပါတယ်။ အလုပ်ခေါ်စာအသစ်တစ်ခုတက်လာတာနဲ့သင့်ဆီကို Noti ကနေ အသိပေးပါလိမ့်မယ်။

______________________
အလုပ်ခေါ်လိုသူများအတွက် -
______________________
အထက်ဖော်ပြပါကတော့ အလုပ်ရှာဖွေသူတွေအတွက်ပါ။
ဒီနေရာမှာ https://www.facebook.com/jobs ကိုဝင်ပြီး၊
အလုပ်ခေါ်လိုတဲ့သူတွေအနေနဲ့လည်း၊ အလုပ်ခေါ်စာတွေကို တင်လို့ရပါတယ်။
လွယ်ပါတယ်၊ +Create a Job ဆိုတာလေးကိုနှိပ်ပြီး၊ အလုပ်ခေါ်စာလေးတစ်ခုကို တင်ထားလိုက်လို့ရပါတယ်။

ဒီနေရာမှာတင်မဟုတ်ပါဘူး၊ မိမိမှာ ကိုယ်ပိုင် Page ရှိတယ်ဆိုရင်လည်း၊ Page မှာပို့စ်တင်တဲ့ Status box လေးထဲမှာ
အလုပ်ခေါ်စာတင်ဖို့အတွက် Jobs ဆိုတာလေး ပါ ပါတယ်။ အဲ့ဒီလို မိမိတို့ Page ကနေ အလုပ်ခေါ်စာကို တင်ခဲ့မယ်ဆိုရင်လည်း

အခုနေရာဖြစ်တဲ့ ....

Jobs on Facebook
https://www.facebook.com/jobs
ဆိုတဲ့နေရာလေးမှာ လာရောက်ပြီးတော့ ပြထားပေးမှာဖြစ်လို့...

Jobs on Facebook
https://www.facebook.com/jobs
ကိုဝင်ပြီး အလုပ်ရှာဖွေတဲ့သူတိုင်းက မိမိတို့ Page ကတင်ထားတဲ့အလုပ်ခေါ်စာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
_____________________

ကျန်တဲ့ဆီကအလုပ်တွေ မလုပ်ချင်ဘူး၊ Facebook က ခေါ်တဲ့ အလုပ်ကိုမှ လုပ်ချင်ပါတယ်ဆိုရင်တော့...
https://www.facebook.jobs/
https://www.facebook.com/careers/
https://www.facebook.com/careers/jobs
တွေကို ဝင်ရောက်ပြီး လစ်လပ်နေတဲ့အလုပ်၊ ခေါ်ယူနေတဲ့အလုပ်တွေကို ရှာဖွေပြီး လျှောက်ထားလို့ရပါတယ်။
အားလုံးပဲ အဆင်ပြေလွယ်ကူစွာနဲ့ အလုပ်အကိုင်ကောင်းများကို ရှာဖွေတွေ့ရှိနိုင်ကြပါစေ....

Aung Kyaw Soe ( 3.10.2018 - 10:10 PM )

#Facebook
#FacebookJobs
#JobsonFacebook
#Jobs
#FindJobs
မူရင်းပို့ စ် -

Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com