Online Service Center Myanmar: Facebook -->

Facebook

My Blog

Latest blog



-     
  
Page နဲ့ Ads Manager မှာ ဒီလိုတွေလာပြနေလို့ ဘာဖြစ်တာလဲ? ဆိုပြီး လာလာမေးကြလွန်းလို့ပါ။

အဲ့ဒါနဲ့ပတ်သက်ပြီး

Apple ရဲ့ iOS 14 ဖြန့်ချိမှုကသင်၏ကြော်ငြာကိုဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ ( How Apple’s iOS 14 Release May Affect Your Ads )

ဆိုပြီး Facebook Business Team ဘက်ကနေ အကျိုးအကြောင်းကို ပြန်လည်ထုတ်ပြန်ပေးထားပါတယ်။

ထုတ်ပြန်ချက်ကို အသေးစိတ်ဖတ်ရှုလိုပါက => fb.com/business/help/331612538028890?id=428636648170202&ref=www.facebook.com/aungkyawsoe.sb

မှာ ဝင်ရောက်ဖတ်ရှုလို့ရပါတယ်။

#အဲ့ဒီထုတ်ပြန်ချက်ကဘာလဲ?


အပေါ်မှာပေးထားတဲ့ခေါင်းစဉ်နဲ့ Post link ထဲကိုဝင်မဖတ်ပဲ အဲ့လိုတွေလာမေးကြမယ့်သူကများနေလို့ အကြမ်းဖျဉ်းပြောပြပါမယ်။ 😁

Apple ရဲ့ iOS 14 ကိုဖြန့်ချီမှုအပြီးမှာ Apple ဘက်က App Store မှာရှိတဲ့ အက်ပလီကေးရှင်းအားလုံးကို သူတို့ရဲ့ App Tracking Transparency မူဘောင်နှင့်အညီ လိုက်နာဖို့၊ လုပ်ဆောင်ဖို့ကို ကန့်သတ်ချက်တွေထားလိုက်တယ်။ အဲ့လိုကြောင့် Facebook က App တွေအနေနဲ့ iOS 14 အသုံးပြုထားတဲ့ထုတ်ကုန်များပေါ်မှာ Run ဖို့ဆိုရင် သူတို့စည်းကမ်းတွေ၊ သတ်မှတ်ချက်တွေကို လိုက်နာပေးထားမှရမယ်၊ မလိုက်နာရင် ခွင့်ပြုမှာမဟုတ်ဘူးဆိုတဲ့သဘောပဲ။

Facebook app တွေဖြစ်တဲ့ Facebook, Messenger, Business Suites, Instagram, WhatsApp, အစရှိတာ တွေဆိုတာက User interested တွေကို စုစည်းထားပြီးတော့ Ads တွေကိုပြပေးတာဖြစ်လို့ Apple ရဲ့ iOS 14 အပြောင်းအလဲမှာပါလာတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေက Facebook app ‌တွေနဲ့ သိပ်အဆင်မပြေဘူး ဒီအပြောင်းအလဲကြောင့် ကြော်ငြာတွေပေါ်မှာပါ ရိုက်ခတ်မှုရှိနိုင်တယ်။

အကယ်၍ ‌Facebook ကသာ Apple ဘက်က စည်းကမ်း‌တွေ၊ စည်းမျဉ်းတွေကိုသာ မလိုက်နာရင် Facebook ထုတ်ကုန် App တွေကိုတောင် iOS 14 ပေါ်မှာ တင်ခွင့်၊ အသုံးပြုခွင့်၊ ပေးသွားမှာမဟုတ်ဘူး။ ဒီတော့ Apple vs Facebook တို့ ဘယ်လိုရှေ့ဆက်သွားမလည်းဆိုတာတော့ ဆက်လက်ပြီး စောင့်ကြည့်သွားရတော့မှာပေါ့။ 😊

ကဲ... ဒီလောက်ပါပဲ ဒီလောက်ဆိုရင် အကြမ်းဖျဉ်းတော့ နားလည်သိရှိသွားကြမယ်ထင်ပါတယ်။

ချစ်ခြင်းအားဖြင့်

Aung Kyaw Soe ( 19.12.2020 - 12:28 PM )
 
-     
  



-     

  

1. Facebook user account design မျိုးဖြစ်သွားမည်။
2. Account နဲ့ Page ကို Switch profile လုပ်သုံးလို့ရမည်။
3. Messenger app ကို Page နဲ့ Switch လုပ်သုံးလို့ရမည်။( ရတာတော့ကြာနေပြီ။ )
4. Like button အစား Follow button ပြောင်းလဲသွားမည်။
5. အခြား Facebook user account တွေလို Follow လုပ်ထားတဲ့ user account ‌တွေ၊ Page တွေက တက်သမျှကိုမြင်တွေ့ရနိုင်မည့် News Feed လည်းပါလာပါမယ်။
6. Page အနေနဲ့ အခြား Facebook account တွေကို Follow လုပ်လို့ရမည်၊ Like, Comment, Share တွေလုပ်လို့ရမည်။
7. Page to Page အချင်းချင်း Follow, like , comment, share တွေလုပ်လို့ရမည်။
8. Facebook user account တွေလို info တွေဖြည့်လို့ရမည်။
9. Facebook account မှာလို Featured photo ‌တွေထည့်လို့ရမည်။
10. Add Hobbies တွေလုပ်လို့ရမည်။
11. ယခင်က Page admin ကိုယ်တိုင်က Country location access ကို Accept လုပ်ပေးမှ Record ဖြစ်ပြီး Page Transparency မှာဝင်ကြည့်ရင် ဘယ်နိုင်ငံက ဘယ်နှယောက်ဆိုပြီးတွေ့ရပေမယ့် နောက်ဆို Accept လုပ်လုပ်၊ မလုပ်လုပ် အလိုလျောက် ဘယ်သူဝင်ကြည့်ကြည့် Page မှာ Admin ဘယ်နှယောက်ရှိပြီး၊ ဘယ်နိုင်ငံက ဘယ်နှယောက်ဆိုတာမျိုးပါ အတိအကျပြပေးထားပါလိမ့်မယ်။ 
 
 
Photo-2


Photo-3

Photo-4

Photo-5

Photo-6

Photo-7   

ကဲ... ဒီလောက်ဆို Business Page တွေက User account ပုံစံမျိုးပြောင်းသွားတော့မှာနဲ့ပတ်သက်ပြီး အကြမ်းဖျဉ်းတော့သိသွားလောက်ကြပြီထင်ပါတယ်။ 
 
Page New Design မှာ နောက်ထပ်လည်း အများကြီးကျန်သေးသလို၊ ထပ်တိုးလာဖို့တွေလည်းရှိပါတယ်။
အခုတော့ ဒီပို့စ်ကို ဒီလောက်နဲ့ပဲ ရပ်နားလိုက်ပါပြီ။ 
 
ချစ်ခြင်းအားဖြင့်
Aung Kyaw Soe ( 4.12.2020 - 4:17 PM )

 

-     
  



-     

  

ကဲ... မရိုးနိုင်တဲ့ အကောင့်ခိုးနည်း၊ Page ခိုးနည်းတွေ ထပ်လာပြန်ပြီနော်။ အူတူတူအတတနဲ့ Security Knowledge သာရှိမထားဘူးဆိုရင် ဒီနည်းနဲ့ #ကိုယ့်အကောင့် #ကိုယ့်Page #ကိုယ့်ဘဏ်ကတ်ထဲကငွေတွေ အကုန်ပါသွားဖို့ရှိတယ်။ 
 
သူနည်းလမ်းက အူတူတူအတတနဲ့ အကောင့်ပိုင်ရှင်တွေဆိုရင် #ဂျင်း ထည့်ခံရမှာသေခြာတယ်၊ ဘာကြောင့်လည်းဆိုတော့ အခုရက်ပိုင်းထဲမှာ Page တွေ၊ အကောင့်တွေကလည်း ခနတိုင်းအပိတ်ခံနေရတာဆိုတော့ သူပြောထားတာဟုတ်များဟုတ်နေမလားဆိုပြီး မစူးစမ်းမဆင်ခြင်ပဲ သူပေးထားတဲ့ Link ထဲကိုဝင်မိတာနဲ့ အကုန်ပါသွားပြီပဲ။ 
 
သူပြောထားတာက " Hello Page ပိုင်ရှင်ရေ မင်းရဲ့အကောင့်ကိုငါတို့ ပိတ်ရပါလိမ့်မယ်၊ ဘာလို့လည်းဆိုတော့ မင်းက Policy or Community Standards မျိုးတွေကိုမလိုက်နာတဲ့အတွက် တစုံတယောက်က Report လုပ်ထားလို့ပါ၊ ဒါကြောင့် မင်းရဲ့အကောင့်အပိတ်မခံရစေဖို့ ဒီနေရာမှာဝင်ရောက်ပြီးအတည်ပြုပေးပါ" ဆိုပြီး Link တခုပေးပြီး #ဂျင်းထည့် ထားတာကြောင့်ပါပဲ။ Page ကိုစထောင်ထားတဲ့ Owner Account နဲ့ ဝင်ခိုင်းထားတာဆို‌တော့ ခိုးပြီး ပြန်ပါမသွားအောင်အထိပါ ရည်ရွယ်ထားပုံရတယ်။ 
 
သူပေးထားတဲ့ Link ကို Test လုပ်ကြည့်တော့ Phishing ( Account, Page, နဲ့ Bank Card ထဲက ငွေတွေကိုခိုးဖို့ လုပ်ထားတဲ့ Facebook login Page အတု ) ဖြစ်နေတယ်။ အဲ့ဒီ Link ကို နှိပ်လိုက်တာနဲ့ Facebook အကောင့်ကို Login ဝင်ခိုင်းထားတာတွေ့ရတယ်၊ အဲ့ဒီနောက်ကွယ်မှာ Page owner access ကိုတိုက်ရိုက်ရယူဖို့လုပ်ထားတာတွေ့ရတယ်၊ နောက်ပြီး ဘဏ်ကတ်အချက်အလက်တွေကိုဖြည့်ခိုင်းထားပြီး ဘဏ်ကတ်ထဲကအချက်အလက်တွေကိုဖြည့်ခိုင်းထားတာကိုလည်းတွေ့ရပြန်တယ်၊ အူတူတူအတတနဲ့သာဆိုရင်တော့ အကုန်ကုန်ပြီပေါ့။
 
ဒါကြောင့် မအူကြပါနဲ့၊ မအကြပါနဲ့ အဲ့လိုဂျင်းလိုက်ထည့်နေတာတွေမှာ အယုံလွယ်ပြီး အကောင့်တွေ Page တွေ၊ ပါမသွားစေဖို့ သတိထားကြပါ။ 
 
#ဂျင်းလိုက်ထည့်နေတဲ့ Page အတု - 
 
 
#ဂျင်းထည့်ထားသည့် Link ( လုံးဝမှဝင်မကြည့်ပါနဲ့ ) -
https://rb. gy/53cmzp
Dear administrator page!
Your account will be disabled.
This is because someone has reported you with a non-compliance with the Terms of Service. If you are the original owner of this account, please re-verify your account to avoid blocking.
Please confirm your account here : https://rb. gy/53cmzp
If you do not confirm, our system will automatically block your account and you will no longer be able to use it.
Thank you for helping us improve our service collaboration.
Facebook security
Facebook team
© Facebook, Inc. 7811 Menlo Park, California, California, 94043,
█║▌│█│║▌║││█║▌
U.S. 2020 Copyright
.
.
 
အပေါ်က ဂျင်းထည့်ခံထားရတဲ့ Page ပိုင်ရှင်တွေထဲမှာ အူတူတူအတတနဲ့လူတွေပါရင်တော့ အကောင့်ရော၊ Page ရော၊ ဘဏ်ကတ်ထဲက အချက်အလက်တွေပါ အခိုးခံရဖို့ 100% ပါပဲ။ 
 
ကဲ... အားလုံးပဲ သတိရှိကြပါ၊ ဒီနည်းနဲ့ အခိုးမခံကြရစေဖို့သတိထားကြပါလို့ပဲ နောက်ဆုံးအနေနဲ့ သတိပေးချင်ပါတယ်။ 
 
Aung Kyaw Soe ( 27.11.2020 - 12:26 AM )

 Photo-2


Photo-3

 


Photo-4

 


Photo-5

 


Photo-6

 


Photo-7

 



Photo-8

 


Photo-9

 ဒီနေရာမှာ ဘုမသိဘမသိနဲ့ Facebook Account ကို Login ဝင်လိုက်ရင် အကုန်ပါသွားပါလိမ့်မယ်။


Photo-10

 ဒီနေရာမှာ ဘဏ်ကတ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုဖြည့်ပေးလိုက်ရင် ဘဏ်ကတ်ထဲမှာရှိသမျှပိုက်ဆံတွေလည်း ကုန်သွားပါလိမ့်မယ်။



 

-     
  




-     
  
ဒီအကြောင်းအရာကို အကောင့်တွေ၊ Page တွေ၊ ID မတင်ထားရင်ပျက်မယ် ဘာညာဆိုပြီး လုပ်စားနေကြသူတွေ #ဂျင်း ထည့်စဉ်က လာလာမေးကြလွန်းလို့ Post လေးတခုရေးခဲ့ပြီးပါပြီ၊ ဒါကတော့ ဒီနေ့ ကျွန်တော်တို့ OSC-Myanmar ကနေ Security Service ယူထားတဲ့အကောင့်တခုကို အခြားတယောက်က ဒီအကောင့်မှာ ID Confirm မလုပ်ထားလို့ အကောင့်က မလုံခြုံဘူး၊ Hack လုပ်ခံရနိုင်တယ်ဆိုပြီး ပြောလာတယ်ဆိုပြီး Screenshot လာပြတာနဲ့ ဒါလေးကို Knowledge Sharing အနေနဲ့ ထပ်ရေးပေးလိုက်တာပါ။

#IDမတင်ထားရင်ဘာဖြစ်မလဲ?

ဘာမှမဖြစ်ပါဘူး၊ Facebook Account ကို ဘာ ID မှမတင်ပဲနဲ့သုံးလို့ရပါတယ်။

Facebook team ဘက်ကနေ ဒီလိုတောင်ပြောထားပါတယ်။

[Facebook ကို ဆက်လက်အသုံးပြုဖို့အတွက် သင့်ရဲ့အိုင်ဒီကို တင်ပြဖို့၊ ဒါမှမဟုတ် အတည်ပြုဖို့၊ လုံးဝ( လုံးဝ ) မလိုပါဘူး။ ဒါက မဟုတ်မမှန် ကောလဟာလတခုသာဖြစ်ပါတယ်။ လူမှုရေး၊ နိုင်ငံရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာပို့စ်တွေကို မြန်မာနိုင်ငံထဲမှာကြော်ငြာဖို့ ဒါမှမဟုတ် Boost လုပ်ဖို့ကြိုးစားနေတာမဟုတ်ဘူးဆိုရင် သင့်အိုင်ဒီကို ( လုံးဝ ) မတင်ပါနဲ့။ အဲ့ဒီလိုကြော်ငြာတွေထည့်သွင်းဖို့ တကယ်ရဉ်ရွယ်တယ်ဆိုရင်တော့ ဒီလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။]

လို့ အတိအကျ သတိပေးထားပြီးသားပါ။

ကဲ... ဒီတော့ ID မတင်ထားရင်ဘာဖြစ်မယ်ညာဖြစ်မယ်၊ ID တင်ချင်ရင်လာခဲ့ပါ ဘယ်လောက်နဲ့လုပ်ပေးပါမယ်ဆိုတဲ့သူတွေက #ဂျင်းလိုက်ထည့် ပြီး လုပ်စားနေကြတယ်ဆိုတာကို ယုံကြပြီမလား?


အဲ့လို ဂျင်းလိုက်ထည့်နေတဲ့ လုပ်စားနေတဲ့သူတွေရဲ့ အလိမ်အညာစကားတွေကြားထဲမှာကြောက်လန့်ပြီး အကောင့်တွေကို ID သွားတင်ခိုင်းတော့ ပိုက်ဆံအလကားကုန်သွားကြတယ်မလား? ( အူကြ အကြတာပဲ ခံကြပေါ့။ )

#ID ကို မလိုအပ်ပဲ တင်ဖို့မလိုဘူးဆိုတာကို အားလုံးပဲသိသွားကြမယ်ထင်ပါတယ်။

အရင် ID မတင်ရင် အကောင့်တွေ Page တွေပျက်မယ်ဆိုတုန်းကရေးပေးထားတဲ့ Post ကိုလည်း ပြန်ဖတ်ပြီး ဗဟုသုတယူထားလိုက်ကြပါဦး၊ မဟုတ်ရင် ဂျင်းထည့်ပြီးလုပ်စားနေကြတဲ့ အကောင့်သူခိုးဂျပိုးတွေရဲ့ အလိမ်အညာတွေထပ်မိပြီး ပိုက်ဆံတွေထပ်ကုန်နေကြပါဦးမယ်။ 😃

"Facebook က ဘယ် Page, ဘယ် Account ကိုမှ ပိတ်သွားမှာမဟုတ်ပါ"

https://www.facebook.com/aungkyawsoe.sb/posts/1721142154715207

https://www.facebook.com/OSCMyanmar.mm/posts/1507654072775755

ကဲ... တော်သေးပြီ၊ တော်ရုံပဲ အူကြ၊ အကြစေချင်မိပါတယ်။

ချစ်ခြင်းအားဖြင့်...

Aung Kyaw Soe ( 15.11.2020 - 8:45 PM )
 
-     
  



-     
  
ကျွန်တော်တို့ဆီကို Boost Service လာအပ်တဲ့အခါတိုင်းမှာ ယူသည့် Paln ရဲ့ ကျသင့်ငွေအမောက်( USD )အတိုင်း ကတ်ထဲကိုပဲ တိုက်ရိုက်ထည့်ခိုင်းတာများပါတယ်။ ဘာလို့အဲ့လိုထည့်ခိုင်းတာလည်းဆိုတော့ ကျွန်တော်တို့အသုံးပြုနေတဲ့ကတ်က CB Bank က ကတ်ဖြစ်နေလို့ပါပဲ၊ အခြား Payment တွေ၊ Banking တွေကနေလွှဲရင် ပြန်ထုတ်ရတာနဲ့ ဘဏ်မှာသွားပြန်သွင်းရတာနဲ့ အင်မတန်မှ အလုပ်ရှုပ်စေပါတယ်၊ အဲ့ဒါတင်မကပါဘူး ဒေါ်လာဈေးအတက်အကျကြမ်းရင် တဖက်ကလွှဲပေးတုန်းက ၁၂၀၀ ကျော်လောက်ပေါက်ပြီး၊ ကိုယ်က ဘဏ်မှာပြန်သွားသွင်းရင် ၁၃၀၀ ကျော်လောက်နဲ့သွင်းရတာမျိုးကြုံဖူးတယ်၊ သွင်းခပါ သပ်သပ်ထပ်ပေးရတဲ့အခါတွေလည်းရှိတယ်၊ အဲ့ဒါကြောင့် နောက်ဆုံး ကတ်ထဲပဲ တိုက်ရိုက်ထည့်ခိုင်းလိုက်တော့တယ်။
 
အခုနောက်ပိုင်း CB Pay အသုံးများလာသည့်အတွက် CB Pay ထဲကနေ တိုက်ရိုက်ထည့်သွင်းပေးနည်း ကိုပြပေးလိုက်ပါတယ်။

 
အောက်ကစာကတော့ Boost Service လာအပ်သူတိုင်းကိုပေးနေကျစာလေးပါ။ 
 
___________________
 
Boost Service အတွက် ငွေကို ဘယ်လိုပေးချေရမလဲ...?
 
Boost Service အတွက်ကတော့ ကိုယ်ယူမယ့် Plan အလိုက် ငွေအမောက်ကို ဘဏ်ကတ်ထဲ တိုက်ရိုက်ထည့်ပေးရတာပါ။
 
လွှဲပေးရမယ့် ကတ်အကောင့်နံပါတ် - 
 
CB Bank Master Card - 5126241000554681 ( Owner Name - Aung Kyaw Soe )
သက်တမ်းကုန်မယ့်ရက် - 01/23
 
CB Pay Account Number - 09421157911 ( 2027600600442461 )
 
CB Pay, CB Bank Mobile Banking သုံးရင်တော့ ကိုယ်တိုင် လွှဲပေးလို့ရသလို မသုံးဘူးဆိုရင်လည်း CB Bank ကိုသွားပြီး ကျသင့်တဲ့ငွေအမောက်ကို ဒေါ်လာနဲ့ဖြစ်စေ မြန်မာကျပ်ငွေနဲ့ဖြစ်စေ သွားရောက်ပြီးသွင်းလို့ရပါတယ်။
 
ငွေသွင်းပြီးတာနဲ့ ဒီဘက်မှာ Mobile Message, Email, ဝင်လာပါတယ်။ အဲ့လို ဝင်လာတာနဲ့ Boost Service ( Boost Run တာ ) စတင်ပြီးပေးပါတယ်။
 
Admin team ( m.me/OSCMyanmar.mm )
 
-     
  



-     

  

ခဏခဏ လာလာမေးကြလို့ပါ၊ ဒီ Post ထဲမှာ ဘယ်သူတွေ၊ ဘယ်လိုဟာတွေက Blue Mark ရနိုင်ပြီး၊ လျှောက်ဖို့အတွက်ဘာတွေလိုအပ်တယ်ဆိုတာကို မြန်မာလိုရေးထားတဲ့ Photo လေးတွေပါ ထပ်ဖြည့်ပေးထားလိုက်ပါတယ်။ 
 
Blue Mark လျှောက်နည်း။ လွယ်လွယ်လေးပဲ သူများကို ကိုယ့် User name နဲ့ Password လည်း ပေးစရာမလိုဘူး၊ ကိုယ့် ID card တွေလည်းပေးစရာမလိုဘူး။ 
 
ဘယ်သူလျှောက်ပေးမှ၊ ဘယ်ဝါလျှောက်ပေးမှရတယ်ဆိုတာမျိုးမရှိပါဘူး၊ ကိုယ်တိုင် အလွယ်လေးဝင်လျှောက်လို့ရပါတယ်၊ ဘယ်နေရာမှာ ဘာဖြည့်ဆိုတာကအစ အကုန် အသေးစိတ်ရေးထားပေးတယ်။ ( အဓိကလိုအပ်တာက Blue Mark ရနိုင်တဲ့စာရင်းဝင်ဖြစ်နေဖို့ပဲလိုပါတယ်။ )

 ဒီအောက်မှာဖော်ပြထားတာတွေကိုသေခြာဖတ်ရှုပါရန်။

Photo - 1



Photo - 2


Photo - 3

Photo - 4



Photo - 5

 


Photo - 6



Photo - 7



 အထက်ပါ အချက်အလက်တွေကို လေ့လာပြီး သိရှိသွားပြီဆိုပါက မိမိရဲ့ Account or Page က  Blue Mark ရနိုင်၊ မရနိုင်ဆိုတာကိုလည်း သိရှိသွားကြပြီထင်ပါတယ်။ ရနိုင်တယ်လို့ယူဆတယ်၊ ထင်တယ်ဆိုရင်တော့ အောက်ပါ Link မှာဝင်ရောက်ပြီး Blue Mark လျှောက်နည်းကြည့်ပြီး လျှောက်လို့ရပါပြီ။

 

Blue Mark ကို ကိုယ်တိုင်လျှောက်ကြည့်ချင်သူများအတွက်

 

-     
  

Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com