ဒီအကြောင်းအရာကို 5.10.2019 လောက်ကတည်းက ရေးမယ်ဆိုပြီး မရေးဖြစ်ခဲ့တာ
အခုဆိုရင် ၂၀၂၀ နှစ်ဝက်လောက်နီးနီးတောင်ဖြစ်လာပြီ၊ ဒီရက်ပိုင်းထဲမှာ Page
တွေ Hack ခံရလို့ဆိုပြီး အကူအညီလာတောင်းတာတွေများလာတော့မှ
ဒီအကြောင်းအရာလေးကို ရေးပေးလိုက်ဦးမယ်ဆိုပြီး ရေးဖြစ်သွားတာ။
အခုနည်းနဲ့ Page တွေ Hack လုပ်ခံရတာတွေမှာတော့ Page admin တွေရဲ့
အသုံးမကျမှုတွေကြောင့်၊ Cyber Security နဲ့ပတ်သက်တဲ့ Knowledge တွေ
မရှိတာကြောင့်၊ ခိုးယူခံရတယ်ဆိုရင် မမှားပါဘူး၊ ဘာလို့လည်းဆိုတော့ Page
Admin တွေကိုယ်တိုင်က Permission ပေးမိလို့သာ Page တွေ Hack လုပ်ခံကြရတာပါ၊
အဲ့ဒီလို Hack လုပ်ခံရချိန်ထိတောင် ဘယ်လိုနည်းနဲ့
ပါသွားတာလည်းဆိုပြီးမသိကြတဲ့သူတွေလည်းအများကြီးပါ၊ ဥပမာ ကိုယ့်အကောင့်ထဲကနေ
Page ကြီးပျောက်သွားတယ် ဘာဖြစ်တာလည်းမသိဘူး ဆိုတာမျိုးတွေပေါ့။
ဘယ်လိုနည်းနဲ့ Page ကို Hack လုပ်သွားတာလဲ?
ဒီနည်းတွေက Page ကိုင်ထားတဲ့ Admin account ကို Hack လုပ်စရာလိုပဲ Page
ကိုပဲ သီးသန့်ရယူသွားတာမျိုးပါ၊ ဘယ်လိုနည်းတွေနဲ့လုပ်သွားလည်းဆိုရင်
SE(Social Engineering) ထိုးပြီး Permission ရအောင်ယူသွားတာမျိုးတွေပါ။
1. Page Message ထဲမှာလာပြီး မင်းရဲ့ Page မှာ ငါတို့ရဲ့ Post ( Photo,
Video, Website link ) လေးတွေတင်ပေးရမယ်၊ ၁ ပတ် or ၁ လကို USD $2000
ပေးမယ်၊ $3000 ပေးမယ်၊ မင်းအနေနဲ့ ငါ့ကို Editor လောက်ပဲထည့်ပေးပါ၊
ဒါမှမဟုတ် မင်း Facebook account နဲ့ ငါ့ကို Add ပေးပါ ဆိုတာမျိုးတွေရယ်၊
Page Admin ပေးဖို့မလိုပါဘူး ငါတို့ရဲ့ Business Group ထဲမှာ Join
လုပ်ပေးထားဖို့ပဲလိုပါတယ်ဆိုပြီး
business.facebook.com
နဲ့စတဲ့ Link တခုကိုပေးပြီး Join လုပ်ခိုင်းပါလိမ့်မယ်၊ အဲ့ဒီ Link
ကိုနှိပ်မိသွားပြီး အဆင့်ဆင့်လိုက်လုပ်မိသွားတာနဲ့ ကိုယ့် Page ရဲ့
လုပ်ပိုင်ခွင့်တွေကို သူတို့ကိုလွှဲပေးလိုက်ပြီးသွားဖြစ်သွားတတ်ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ Page Hack လုပ်ခံလိုက်ရကြောင်းသိသွားပါလိမ့်မယ်။
2. ငါတို့ရဲ့ သတင်းမီဒီယာကုမ္ပဏီနဲ့ အလုပ်တွဲလုပ်ချင်လား မင်း Page မှာ
ငါတို့သတင်း Post လေးတွေတင်ပေးရုံနဲ့ ၁ ပတ် or ၁ လကို USD $2000 တို့ $3000
တို့ မင်းရမှာပါ စိတ်ဝင်စားရင် မင်းရဲ့ Email address လေးပေးပါ
ငါတို့ဆက်သွယ်လိုက်ပါ့မယ်ဆိုပြီးတောင်းပါလိမ့်မယ်၊ ကိုယ်က
မေးလ်ပေးလိုက်တာနဲ့ Facebook ရဲ့ Business Manager မေးလ်အနေနဲ့
မေးလ်တွေဝင်လာပါလိမ့်မယ်၊ ဘုမသိဘမသိနဲ့ Start or Join
ဆိုတဲ့ခလုတ်လေးပါလာတာကိုနှိပ်မိလိုက်တာနဲ့ ကိုယ့် Page ကို
သူတို့လက်ထဲထိုးထည့်ပေးပြီးသွားဖြစ်သွားစေပါတယ်။ တချို့ဆိုရင်
ဝင်လာတဲ့မေးလ်ကိုစစ်ကြည့်ပြီး Facebook က ပို့တာပဲ စိတ်ချရပါတယ်ဆိုပြီး
နှိပ်ကြည့်၊ ဝင်ကြည့်၊ ပြီး ကလိလိုက်မိတော့ Page Hack ခံလိုက်ရပါတော့တယ်။
3. ဟိုရက်တွေကဖြစ်သွားတဲ့ " အင်တာနက် 1000GB ကို Free ရမယ်" တို့
"Netflix ကို Premium Free ၂ လစာပေးထားတယ်" ဆိုတာမျိုးတွေနဲ့
နှိပ်မကြည့်ချင် ကြည့်ချင်အောင် SE ထိုးထားတဲ့ Website link
မျိုးတွေကိုဝင်ကြည့်မိရင်လည်း ကိုယ့် Account နဲ့ Page ကိုပါ Hack
လုပ်ခံရလိုက်နိုင်ပါတယ်။