-
Page နဲ့ Ads Manager မှာ ဒီလိုတွေလာပြနေလို့ ဘာဖြစ်တာလဲ? ဆိုပြီး လာလာမေးကြလွန်းလို့ပါ။
အဲ့ဒါနဲ့ပတ်သက်ပြီး
Apple ရဲ့ iOS 14 ဖြန့်ချိမှုကသင်၏ကြော်ငြာကိုဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ ( How Apple’s iOS 14 Release May Affect Your Ads )
ဆိုပြီး Facebook Business Team ဘက်ကနေ အကျိုးအကြောင်းကို ပြန်လည်ထုတ်ပြန်ပေးထားပါတယ်။
ထုတ်ပြန်ချက်ကို အသေးစိတ်ဖတ်ရှုလိုပါက => fb.com/business/help/331612538028890?id=428636648170202&ref=www.facebook.com/aungkyawsoe.sb
မှာ ဝင်ရောက်ဖတ်ရှုလို့ရပါတယ်။
#အဲ့ဒီထုတ်ပြန်ချက်ကဘာလဲ?
အပေါ်မှာပေးထားတဲ့ခေါင်းစဉ်နဲ့ Post link ထဲကိုဝင်မဖတ်ပဲ အဲ့လိုတွေလာမေးကြမယ့်သူကများနေလို့ အကြမ်းဖျဉ်းပြောပြပါမယ်။
Apple ရဲ့ iOS 14 ကိုဖြန့်ချီမှုအပြီးမှာ Apple ဘက်က App Store မှာရှိတဲ့ အက်ပလီကေးရှင်းအားလုံးကို သူတို့ရဲ့ App Tracking Transparency မူဘောင်နှင့်အညီ လိုက်နာဖို့၊ လုပ်ဆောင်ဖို့ကို ကန့်သတ်ချက်တွေထားလိုက်တယ်။ အဲ့လိုကြောင့် Facebook က App တွေအနေနဲ့ iOS 14 အသုံးပြုထားတဲ့ထုတ်ကုန်များပေါ်မှာ Run ဖို့ဆိုရင် သူတို့စည်းကမ်းတွေ၊ သတ်မှတ်ချက်တွေကို လိုက်နာပေးထားမှရမယ်၊ မလိုက်နာရင် ခွင့်ပြုမှာမဟုတ်ဘူးဆိုတဲ့သဘောပဲ။
Facebook app တွေဖြစ်တဲ့ Facebook, Messenger, Business Suites, Instagram, WhatsApp, အစရှိတာ တွေဆိုတာက User interested တွေကို စုစည်းထားပြီးတော့ Ads တွေကိုပြပေးတာဖြစ်လို့ Apple ရဲ့ iOS 14 အပြောင်းအလဲမှာပါလာတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေက Facebook app တွေနဲ့ သိပ်အဆင်မပြေဘူး ဒီအပြောင်းအလဲကြောင့် ကြော်ငြာတွေပေါ်မှာပါ ရိုက်ခတ်မှုရှိနိုင်တယ်။
အကယ်၍ Facebook ကသာ Apple ဘက်က စည်းကမ်းတွေ၊ စည်းမျဉ်းတွေကိုသာ မလိုက်နာရင် Facebook ထုတ်ကုန် App တွေကိုတောင် iOS 14 ပေါ်မှာ တင်ခွင့်၊ အသုံးပြုခွင့်၊ ပေးသွားမှာမဟုတ်ဘူး။ ဒီတော့ Apple vs Facebook တို့ ဘယ်လိုရှေ့ဆက်သွားမလည်းဆိုတာတော့ ဆက်လက်ပြီး စောင့်ကြည့်သွားရတော့မှာပေါ့။
ကဲ... ဒီလောက်ပါပဲ ဒီလောက်ဆိုရင် အကြမ်းဖျဉ်းတော့ နားလည်သိရှိသွားကြမယ်ထင်ပါတယ်။
ချစ်ခြင်းအားဖြင့်
Aung Kyaw Soe ( 19.12.2020 - 12:28 PM )
-

ညီလေးအကောင့်ပြန်လိုချင်လို့ဘယ်လိုပြန်လုပ်ရမလဲ
ReplyDeleteA great hacker is really worthy of good recommendation , Henry
ReplyDeletereally help to get all the evidence i needed against my husband and
and i was able to confront him with this details from this great hacker
to get an amazing service done with the help ,he is good with what he does and the charges are affordable, I think all I owe him is publicity for a great work done via, Henryclarkethicalhacker @ gmail com,
ytreioijoj