Online Service Center Myanmar: Cyber Crime -->

Cyber Crime

My Blog

Latest blog



-     
  
ကျွန်တော်တို့ဆီကို Boost Service လာအပ်တဲ့အခါတိုင်းမှာ ယူသည့် Paln ရဲ့ ကျသင့်ငွေအမောက်( USD )အတိုင်း ကတ်ထဲကိုပဲ တိုက်ရိုက်ထည့်ခိုင်းတာများပါတယ်။ ဘာလို့အဲ့လိုထည့်ခိုင်းတာလည်းဆိုတော့ ကျွန်တော်တို့အသုံးပြုနေတဲ့ကတ်က CB Bank က ကတ်ဖြစ်နေလို့ပါပဲ၊ အခြား Payment တွေ၊ Banking တွေကနေလွှဲရင် ပြန်ထုတ်ရတာနဲ့ ဘဏ်မှာသွားပြန်သွင်းရတာနဲ့ အင်မတန်မှ အလုပ်ရှုပ်စေပါတယ်၊ အဲ့ဒါတင်မကပါဘူး ဒေါ်လာဈေးအတက်အကျကြမ်းရင် တဖက်ကလွှဲပေးတုန်းက ၁၂၀၀ ကျော်လောက်ပေါက်ပြီး၊ ကိုယ်က ဘဏ်မှာပြန်သွားသွင်းရင် ၁၃၀၀ ကျော်လောက်နဲ့သွင်းရတာမျိုးကြုံဖူးတယ်၊ သွင်းခပါ သပ်သပ်ထပ်ပေးရတဲ့အခါတွေလည်းရှိတယ်၊ အဲ့ဒါကြောင့် နောက်ဆုံး ကတ်ထဲပဲ တိုက်ရိုက်ထည့်ခိုင်းလိုက်တော့တယ်။
 
အခုနောက်ပိုင်း CB Pay အသုံးများလာသည့်အတွက် CB Pay ထဲကနေ တိုက်ရိုက်ထည့်သွင်းပေးနည်း ကိုပြပေးလိုက်ပါတယ်။

 
အောက်ကစာကတော့ Boost Service လာအပ်သူတိုင်းကိုပေးနေကျစာလေးပါ။ 
 
___________________
 
Boost Service အတွက် ငွေကို ဘယ်လိုပေးချေရမလဲ...?
 
Boost Service အတွက်ကတော့ ကိုယ်ယူမယ့် Plan အလိုက် ငွေအမောက်ကို ဘဏ်ကတ်ထဲ တိုက်ရိုက်ထည့်ပေးရတာပါ။
 
လွှဲပေးရမယ့် ကတ်အကောင့်နံပါတ် - 
 
CB Bank Master Card - 5126241000554681 ( Owner Name - Aung Kyaw Soe )
သက်တမ်းကုန်မယ့်ရက် - 01/23
 
CB Pay Account Number - 09421157911 ( 2027600600442461 )
 
CB Pay, CB Bank Mobile Banking သုံးရင်တော့ ကိုယ်တိုင် လွှဲပေးလို့ရသလို မသုံးဘူးဆိုရင်လည်း CB Bank ကိုသွားပြီး ကျသင့်တဲ့ငွေအမောက်ကို ဒေါ်လာနဲ့ဖြစ်စေ မြန်မာကျပ်ငွေနဲ့ဖြစ်စေ သွားရောက်ပြီးသွင်းလို့ရပါတယ်။
 
ငွေသွင်းပြီးတာနဲ့ ဒီဘက်မှာ Mobile Message, Email, ဝင်လာပါတယ်။ အဲ့လို ဝင်လာတာနဲ့ Boost Service ( Boost Run တာ ) စတင်ပြီးပေးပါတယ်။
 
Admin team ( m.me/OSCMyanmar.mm )
 
-     
  


-     

  
အမြဲတမ်းသတိပေးဖြစ်တာက #Onlineပေါ်မှာဘယ်သူ့ကိုမှမယုံပါနဲ့ ဆိုတဲ့စကားနဲ့ပါ၊ ဒီလို Cyber Police တို့ Cyber Crime နဲ့ပတ်သက်ပြီး ဝန်ဆောင်မှုပေးတယ်ဆိုတဲ့ Page တွေ၊ Account တွေက 99.99% #ဂျင်းတွေ ပါ။

ဘာလို့ အတိအကျ #ဂျင်းတွေ လို့ပြောနိုင်ရတာလည်းဆိုတော့ Cyber Crime နဲ့ပတ်သက်တဲ့အမှုအချို့အတွက် အများပြောပြောနေတဲ့ Cyber Police, Cyber Crime အဖွဲ့၊ ဆိုတာတွေနဲ့ ပတ်သက်၊ လုပ်ကိုင်ခဲ့ဖူးလို့ပါ။

#CyberPoliceဆိုတာတကယ်ရှိလားတိုင်လို့ရလားကူညီပေးလား?

တော်တော်များများက Cyber Crime တခုခုဖြစ်လာတဲ့အခါမှာ Cyber Police ကို တိုင်လို့ရတယ်၊ Cyber Crime အဖွဲ့ကို တိုက်ရိုက်အကူအညီတောင်းလို့ရတယ်လို့ တလွဲ ထင်နေ၊ မြင်နေ၊ သိနေကြတာပါ။

တကယ်တော့ အများအခေါ် Cyber Police, Cyber Crime အဖွဲ့ ဆိုတာက အပြင်မှာ #နည်းပညာမှုခင်းဌာန လို့ခေါ်ပါတယ်၊ ဆိုက်ဘာရာဇဝတ်မှုတခုခုဖြစ်တဲ့အခါမှာ သူတို့ကို တိုက်ရိုက် အကူအညီတောင်းခံလို့မရပါဘူး၊ သူတို့ကို သက်ဆိုင်ရာနယ်မြေစခန်းကနေ ဆိုက်ဘာရာဇဝတ်မှုတခုခုဖြစ်လို့ အမှုမှာပါဝင်ကူညီပေးဖို့ အကူအညီတောင်းခံမှသာ သူတို့အနေနဲ့ ဝင်ပါပေးလို့ရပါတယ်။

#သူတို့ကဘယ်လိုကူညီပေးလဲ?

သူတို့ကို သက်ဆိုင်ရာနယ်မြေစခန်းကနေအကူအညီတောင်းခံမှသာဝင်ပါပေးပြီး အမှုမှာပါဝင်တဲ့ သက်သေခံပစ္စည်းတွေကို နည်းပညာနဲ့ပတ်သက်တဲ့ စစ်ဆေးဖော်ထုတ်မှုတွေပြုလုပ်ပေးပြီး၊ သူတို့ရဲ့တွေ့ရှိချက်တွေကို တရားရုံးမှာ သက်သေအဖြစ် လိုက်လံထွက်ဆိုပေးတာမျိူးပဲလုပ်ပေးပါတယ်။ အမှုကိုလက်ခံတာ၊ တရားခံဖမ်းပေးတာမျိုးတွေ မလုပ်ပေးပါ၊ အဲ့ဒါမျိုးတွေကို သက်ဆိုင်ရာနယ်မြေစခန်းကပဲ လုပ်ပေးရပါတယ်။

#CyberCrimeတခုဖြစ်လာရင်ဘယ်လိုလုပ်ရမလဲ?

Online ပေါ်မှာကြုံတွေ့လာရတဲ့ အမျိုးမျိုးသော ဆိုက်ဘာရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ဥပဒေအကြောင်းအရသွားချင်တယ်၊ လုပ်ချင်တယ်၊ တိုင်ချင်တောချင်တယ် ဆိုရင် #ရနိုင်သမျှသက်သေတွေစုပါ ဒီဘက်ခေတ်မှာ Digital သက်သေအနေနဲ့ အများကြီးတင်သွင်းလို့ရလို့ ရသမျှ #သက်သေ တွေကိုစုပါ၊ ပြီးလျှင် ကိုယ်နေထိုင်ရာအနီးမှ #သက်ဆိုင်ရာနယ်မြေရဲစခန်းမှာအမှုဖွင့်ပါ အမှုပွင့်သွားပြီး အမှုနံပါတ် ( ပ - ဘယ်လောက် ဆိုပြီး ) ထွက်လာပြီဆိုရင် Cyber Crime ( နည်းပညာမှုခင်းဌာန ) နဲ့ ချိတ်ဆက်ပြီး ဆက်လက်ဆောင်ရွက်ရပါမယ်။

ဒီလောက်ဆိုရင် Online ပေါ်မှာ Cyber Police ရှိတယ်၊ Cyber Crime အဖွဲ့ရှိတယ်၊ အကူအညီတွေတောင်းလို့ရတယ်ထင်နေတဲ့သူတွေ အွန်လိုင်းပေါ်မှာ အဲ့လိုကူညီပေးတာမျိုးတွေမရှိဘူး၊ လက်ရှိဟာတွေအကုန်လုံးကလည်း #ဂျင်းတွေ ဆိုတာ သိသွားလောက်ကြပြီပဲထင်ပါတယ်။

အွန်လိုင်းပေါ်မှာ တခုခုဆို ပူထူပြီး တွေ့ရာမြင်ရာတွေကို လျှောက်အကူအညီတောင်းခံတာမျိုးတွေမလုပ်ကြပါနဲ့၊ လူလိမ်တွေက လိမ်နည်းပေါင်းစုံနဲ့လိမ်ညာနေကြလို့ ကိုယ်ပဲ တပူပေါ် နောက်တပူဆင့်တာပဲဖြစ်ကုန်ပါမယ်။

အခု Page နဲ့ ဖမ်းမိတဲ့တရားခံဆိုရင် အကောင့်တွေကိုထိုင်ခိုးပြီး၊ ခြိမ်းခြောက်၊ ငွေညှစ်ပြီး လုပ်စားနေတဲ့ အကောင့်သူခိုးတွေထဲကတယောက်ပါ၊ ဒီလို Page တွေနဲ့ အဲ့ဒီလို အောက်တန်းစားအလုပ်တွေကိုလုပ်ကိုင်နေသူတွေကို အကူညီသွားတောင်းတဲ့အခါမှာ အရင်ဆုံး ကိုယ့် info တွေပေါက်ကြားပါတယ်၊ ဒုတိယ ငွေကြေးတွေအလိမ်အညာခံရပါမယ်၊ တတိယ ကိုယ့် info တွေကိုရထားလို့ တနေ့မဟုတ်တနေ့ အဲ့ဒီ info တွေနဲ့ ခြိမ်းခြောက်အကြပ်ကိုင်တာမျိုးတွေ၊ ငွေညှစ်လာတာမျိုးတွေ၊ ထပ်မံပြီးကြုံတွေ့ရနိုင်ပါတယ်။

ဒါကြောင့် ဒီ Post ကို ဖတ်မိဖူးထားရင်၊ ကိုယ့်မှာ အွန်လိုင်းနဲ့ပတ်သက်ပြီး အမှုအခင်းဖြစ်ခဲ့ရင်၊ ရသမျှသက်သေစုပြီး နီးစပ်ရာရဲစခန်းမှာပဲ အမှုဖွင့်တိုင်ကြားပါ၊ အွန်လိုင်းပေါ်က ဂျင်းတွေကိုလိုက် အကူအညီမတောင်းပါနဲ့လို့ပြောချင်ပါတယ်။


ကဲ... ဒီလောက်ပါပဲ
အွန်လိုင်းပေါ်က Cyber Crime မျိုးစုံနဲ့အတူ၊ အလိမ်အညာတွေကြားကနေ ရှောင်လွှားနိုင်သူတွေဖြစ်ကြပါစေ။

ချစ်ခြင်းအားဖြင့်...

Aung Kyaw Soe ( 29.8.2020 - 5:32 PM )

 

-     
  


-     

  

Online ပေါ်မှာ ဒီလိုမျိုး ခြိမ်းခြောက်ငွေညှစ်တာ၊ အကြပ်ကိုင်တာမျိုးတွေက ဖြစ်ရိုးဖြစ်စဉ်လိုကို ဖြစ်နေပါပြီ၊ ဒါကြောင့် ဒီလိုမျိုးတွေကို ကိုယ်တိုင်ကြုံခဲ့လျင်ပဲဖြစ်ဖြစ်၊ ကိုယ့်အသိမိတ်ဆွေတွေထဲကပဲကြုံတွေ့လာရင်ဖြစ်ဖြစ်၊ လာရောက်ကျူးလွန်သူအလိုကျမလိုက်လျောပါနဲ့၊ အဆိပ်ပင်ရေလောင်းလုပ်ရပ်မျိုးကိုမလုပ်ပါနဲ့လို့ပဲ ပြောချင်ပါတယ်။




ဒီလိုလုပ်စားနေတာမျိုးတွေကို ခနတိုင်းကြားသိနေရတာကြာပါပြီ၊ မကြာသေးခင်ကမှ အသိတယောက်ဖုန်းဆက်လာပြီး သူတို့ကိုးကွယ်နေတဲ့ဆရာတော် ၁ ပါးကို သူ့ Friend list ထဲက ဒကာမတယောက်က Video call ကောက်ခေါ်၊ မဖွယ်မရာလုပ်ပြ၊ SS ချက်ချင်းရိုက်ပြီး ခြိမ်းခြောက်ငွေညှစ်တာမျိုးလုပ်လာလို့ ဘယ်လိုလုပ်ရမလဲဆိုပြီး အကြံတောင်းလာတယ်၊ ပထမတော့ ကိုယ်တွေလည်း ဒီဆရာတော်က Facebook သုံးရင်း ဒကာမတွေနဲ့ အခုလို Chatting တွေလုပ်၊ Video Call ပြော၊ ပလူးပလဲတွေလုပ်နေလို့ အဲ့ဒီလိုအလုပ်ခံရတာလို့ထင်လိုက်မိသေးတယ်၊ နောက်မှသိရတာက အဲ့ဒီဆရာတော်က အွန်လိုင်းပေါ်မှာ တရားဓမ္မတွေကို Sharing လုပ်တာပဲရှိတယ်၊ အဲ့ဒီတယောက်လာအပ်တော့ တရားနာချင်လို့၊ တရားအကြောင်းတွေသိချင်လို့လာအပ်တာပဲဆိုပြီးလက်ခံထားလိုက်တာကနေ တနေ့မှာ အဲ့ဒီလို Video call ခေါ်လာတော့ အမှတ်တမဲ့ကိုင်လိုက်မိတယ်၊ အဲ့ဒီမှာ မဖွယ်မရာတွေလုပ်ပြ SS ချက်ချင်းရိုက် ချက်ချင်းငွေညှစ်တာတွေလုပ်လာတာလို့ ပြန်ပြောတော့မှ အကြောင်းရင်းအမှန်ကိုသိလိုက်ရတာ။

အဲ့ဒီလိုဖြစ်ရပ်မျိုးတွေက ဖြစ်နေတာအများကြီးပဲ ကျူးလွန်နေတဲ့သူတွေက ယောက်ကျားလေး၊ မိန်းကလေး၊ အသက်ကြီးငယ်မရွေးနဲ့ ဆရာတော် သံဃာတော်တွေပါမချန် အကုန်လိုက်ပြီးလုပ်စားနေကြတော့တာ တော်တော်လေးကိုများနေပြီ၊ ကိုယ်တွေသိရတာတောင် ၁၀ ယောက်ကျော်လောက်ရှိနေပြီ၊ တချို့ကျတော့လည်း အရှက်ကွဲမှာစိုးတာနဲ့ ခြိမ်းခြောက်ငွေညှစ်တာနဲ့ပေးလိုက်တော့တယ်၊ အမှန်တကယ်က အဲ့လိုတွေ ပေးနေကြလို့လည်း အခုလို အောက်တန်းစားတွေက ဒီလိုလုပ်ရပ်တွေနဲ့ပိုပြီး လုပ်စားလို့ကောင်းလို့ ဆက်တိုက် လုပ်စားနေကြတော့တာ။

ဒါကြောင့် ဘယ်သူပဲဖြစ်ဖြစ် ဒီလိုမျိုးတွေကြုံလာတဲ့အခါမှာ မရှက်ကြ မကြောက်ကြပါနဲ့ အဲ့ဒီလိုလာရောက်ကျူးလွန်သူတွေရဲ့ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကို ဂရုမစိုက်ပဲ Facebook မှာ ဒီအကောင့်ကတော့ ဒီလိုမျိုးတွေလာရောက်ကျူးလွန်ပြီး ခြိမ်းခြောက်အကြပ်ကိုင်ပြီး ငွေတွေညှစ်နေပါတယ်ဆိုပြီး တလောကလုံးသိအောင် Sharing လုပ်ပေးလိုက်ကြပါ၊ ဒါမှ လူတိုင်းသိပြီး သတိထားပြီးရှောင်ရှားနိုင်ကြမှာဖြစ်သလို၊ ကိုယ်တိုင်ကြုံလာခဲ့ရင်လည်း ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာကို သိသွားကြမှာပါ။

လက်ရှိ အလားတူလုပ်ရပ်မျိုးနဲ့ကျူးလွန်နေတဲ့ အကောင့်တု Profile link => https://www.facebook.com/profile.php?id=100039091072677

( သူ့အကောင့်မှာတင်ထားတဲ့ Profile Photo က အဆိုတော်ညီမလေး Yu Wai Phyo ရဲ့ပုံနဲ့တင်ပြီးလုပ်စားနေတာပါ၊ Cover Photo ကတော့ ဘယ်သူ့ပုံလဲမသိပါ။ )

လက်ရှိ တင်ထားတဲ့ Post ထဲက
Screenshot ရဲ့ မူရင်း Post link => https://www.facebook.com/su.hmunaing/posts/3573977059278974

Online ပေါ်မှာ အောက်တန်းစားအချို့ရဲ့ လိမ်ညာလှည့်ဖြားမှုတွေ၊ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကနေ အားလုံးပဲ ကင်းရှင်းနိုင်ကြပါစေ။

ခြင်းခြင်းအားဖြင့်...

Aung Kyaw Soe ( 24.8.2020 - 10:10 AM ) 

-     
  

Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com