
-
ဒီနေ့ Messenger ကနေရော၊ ဖုန်းဆက်ပြီးတော့ရော၊ Screenshot တွေနဲ့ #IDတင်မထားတဲ့ #FacebookPage တွေ၊ #FacebookAccount တွေကို ပိတ်သွားတော့မယ်ဆိုတာဟုတ်လား? #ID တင်ရမှာလား၊ ဘယ်လိုတင်ရမှာလည်းဆိုတာတွေလာလာမေးကြတယ်။
#ဖြစ်နိုင်ပါ့မလား?
ဖြစ်နိုင်လား၊ မဖြစ်နိုင်လား၊ ဆိုတာက အလွယ်လေးတွေးကြည့်ရင်တောင်သိနိုင်တဲ့ကိစ္စပါ၊ အဲ့ဒါကို ဘာလို့များ လူတွေက အယုံလွယ်ကြလည်းဆိုတာ စဉ်းစားလို့မရတာအမှန်ပါပဲ။
#ဘယ်သူတွေကမဟုတ်မမှန်လုပ်ကြံဇာတ်ကိုဖြန့်တာလဲ?
ဖြစ်နိုင်တာကတော့ ဒီလိုကာလမှာ အလုပ်မရှိအကိုင်မရှိလို့ ဒီလိုအကြောင်းပြချက်လုပ်ကြံဇာတ်ကိုဖန်တီးပြီး #ID လာတင်ခိုင်းသူတွေ( #ငပိန်းတွေ )ဆီကနေ ပိုက်ဆံအချိုအချောင်ရချင်လို့ ဒီလိုလုပ်ကြံဇာတ်ကိုဖန်တီးထားတာဖြစ်ဖို့များပါတယ်။
နောက်ထပ် Sharing လုပ်သူမျိုးတွေကတော့ ငါလည်းပိန်းတယ်၊ မင်းတို့ငပိန်းတွေလည်းဆက်ပိန်းကြဆိုပြီး ဘုမသိဘမသိနဲ့ ထပ်ဆင့် Post တွေတင်ပြီး ဖွနေကြတာဖြစ်ဖို့များပါတယ်။
#ဂျင်းသတင်းဟုတ်မဟုတ်ဘယ်လိုအတည်ပြုရမလဲ?
#ဂျင်း ဟုတ်မဟုတ် ဝင်ဖတ်ချင်ရင် #Facebook က Official News ထုတ်ပြန်ချက်တွေတင်တဲ့
https://about.fb.com/news/
နဲ့
https://www.facebook.com/facebookapp/
တွေမှာဝင်ကြည့်လို့ရတယ်။
နောက်ဆုံး Facebook owner ဇကာပေါက်ရဲ့ အကောင့်ဖြစ်တဲ့
https://www.facebook.com/zuck
မှာလည်း ဝင်ကြည့်လို့ရပါတယ်။
အဲ့ဒီလိုနေရာတွေမှာတောင်မတင်တာတွေကို ပေါက်တတ်ကရရေးတင်သူတွေ၊ အဲ့ဒါကိုအသုံးချပြီး လုပ်စားဖို့ကြံနေသူတွေရဲ့ ရေးတင်ထားမှုတွေဖတ်ပြီး အလွယ်တကူ #ငပိန်းတွေ မဖြစ်ကြပါစေနဲ့။
နောက်ဆုံး Google ခေါက်ပြီး ဒီသတင်းက #FakeNews, #FakeInformation ဟုတ်မဟုတ်ဆိုတာကို အတည်ပြုလို့ရပါတယ်။
#မအူကြပါနဲ့၊ #မအကြပါနဲ့၊ Facebook က စီးပွားရေးအရမ်းဆန်ပါတယ်၊ Facebook ရဲ့ Policy တွေ၊ Community Standards တွေကို မချိုးဖောက်သ၍ ဘယ် Facebook page, Facebook account, ကိုမှ ပိတ်သွားမှာမဟုတ်ပါဘူး။
တော်သေးပြီ၊ တော်ရုံပဲပိန်းနိုင်ကြပါစေ။
ချစ်ခြင်းအားဖြင့်...
Aung Kyaw Soe ( 30.9.2020 - 10:45 PM )
-
0 comments:
Post a Comment
မှတ်ချက်(Comment)ပေးသွားလိုတာရှိပါကပေးသွားနိုင်ပါတယ်။ နောက်ထပ် ရေးသားပေးလိုသည့်အကြောင်းအရာများကိုလည်းပြောခဲ့နိုင်ပါတယ်။