-
မြန်မာပြည်က Facebook သုံးစွဲသူ 100 မှာ 35 ယောက်လောက်က Online Shopping သမားတွေလို့ပြောရမှာပါ။ အသက်ကြီး၊ ငယ်၊ ကျား၊ မ၊ မရွေး အကုန်လုံးက Online ပေါ်မှာ တပိုင်တနိုင်အနေနဲ့ရော အသေးစား၊ အလတ်စား၊ အကြီးစား၊ ဈေးရောင်းနေကြပါပြီ။
ဒီလိုအချိန် 2020 ခုနှစ်ရဲ့ နှစ်ဝက်ကာလမှာ အစိုးရဘက်ကနေ OS သမားတွေကို တရားဝင်မှတ်ပုံတင်ဖို့နဲ့ ကိုယ်ပိုင် Website တွေလုပ်ကြရမယ်ဆိုပြီး ထုတ်ပြန်ကြေညာချက်တွေထွက်လာတော့ OS သမားတွေ ခေါင်းခြောက်ကုန်ကြပါတယ်။ မြန်မာပြည်မှာ Online အသုံးပြုသူ 100% မှာ 25% လောက်ကသာ Website တွေကို ဝင်ရောက်အသုံးပြုကြတာကြောင့်ပါပဲ၊ ပြောရမယ်ဆိုရင် Online လို့ပြောလိုက်ရင် #Facebook လောက်ပဲ သိကြသူကများပါတယ်။
အခြားနိုင်ငံတွေမှာ #Amazon, #eBay, တို့လို့ E-commerce Website တွေကနေဈေးဝယ်နေကြတာ အထူးအဆန်းမဟုတ်တော့ပေမယ့် မြန်မာပြည်ကလူတွေအတွက်ကတော့ Online ကနေ ဈေးဝယ်ယူတာမျိုးတွေမှာတော့ Facebook ပေါ်က Online Shopping သမားတွေဆီကနေပဲ ဝယ်ယူဖြစ်ကြတာများပါတယ်၊ ပြောရမယ်ဆိုရင် E-commerce Website တွေထဲကိုဝင်ရောက်ပြီးဝယ်ယူတာမျိုးတွေ အတော်ကိုရှားပါးနေတုန်းပါ၊ ဒါကြောင့်လည်း OS သမားတွေ ခေါင်းခြောက်ကုန်ကြတာပါ။
OS သမားတွေကို နောက်ထပ် ခေါင်းခြောက်၊ ခေါင်းခဲစေတာကတော့ Website ပြုလုပ်ရာမှာ ကုန်ကျမယ့် ကုန်ကျစရိတ်ပါပဲ၊ အကြီးစား OS သမားတွေအတွက် သိပ်မသိသာပေမယ့် အသေးစား OS သမားတွေအတွက်ကတော့ မြန်မာပြည်မှာ Website ကိုသိပ်ဝင်မကြည့်ကြတဲ့အနေအထားမှာ Website လုပ်ရမယ်ဆိုတော့ အပိုကုန်ပေါက်ပဲလို့တွေးကြသလို၊ သူတို့အတွက် မနည်းတဲ့ကုန်ကျစရိတ်ဖြစ်နေလို့ပါပဲ။
Website တခုကိုရေးဆွဲပေးတဲ့ကုမ္ပဏီတွေအလိုက် ဈေးနှုန်းတွေမတူကြပေမယ့် ကုန်ကျစရိတ်တွေကတော့ သက်သာလှတယ်မဟုတ်ဘူးလို့ပြောရမှာပါ။ Website Startup အတွက်တင် အနည်းဆုံး သိန်းဂဏန်း၊ သိန်းဆယ်ဂဏန်း၊ ကနေ E-commerce Website က ကြီးရင်ကြီးသလို သိန်း ရာနဲ့ချီပြီးကုန်ကျစေနိုင်ပါတယ်။
အဲ့လို Website တခု စရေးဆွဲပြီးလွှင့်တင်လိုက်ပြီဆိုတာနဲ့ပြီးမသွားေသးပါဘူး၊ #ကုန်ကျစရိတ်က ၁ရက်၊ ၁လ၊ ၁နှစ်၊ တိုးတိုးလာသလို #လစဉ်ကြေး ၊ #နှစ်စဉ်ကြေး၊ #ထိန်းသိမ်းခ၊ Data များလာရင် များလာသလို #Hosting ကြေးတွေက တိုးတိုးလာနေမှာပါ၊ ဒါတင်မကပါဘူး Website မှာ Content တွေတင်ဖို့လူလည်းလိုအပ်ပါတယ်၊ ကိုယ်တိုင်တင်ရင်တင်၊ မတင်ချင်ရင်တော့ သီးသန့်လူငှားပြီးတင်ရမှာပါ၊ အဲ့လို Website ကိုင်ဖို့လူ ၁ ယောက်ခေါ်ခန့်မယ်ဆိုရင် လစာက အနည်းဆုံး ၅သိန်း ကနေ၊ ၁၀ သိန်းကျော်အထိ ရှိပါတယ်၊ ကံကောင်းရင်တော့ ကိုယ်တွေလို ပေါချောင်ကောင်း #Service ပေးနေတဲ့သူတွေနဲ့တွေ့ရင်တော့ ကုန်ကျစရိတ်သက်သာစေမှာပေါ့။

#Advertising စာပိုဒ်။
ကဲ... ဟိုးအပေါ်ကနေ ဒီနားအထိ စိတ်ဝင်တစားနဲ့ဖတ်လာပေးလို့ကျေးဇူးပါ၊ အခုကစပြီး #ကြော်ငြာ ဝင်ပြီနော်။

ဒီကြော်ငြာကြောင့် အသိ Website ရေးဆွဲပေးနေတဲ့သူတွေရဲ့ အငြိုငြင်တော့ခံရနိုင်ပါသေးတယ်။

ဒါကတော့ Online Shop ကို မှတ်ပုံတင်ပြီး Website လည်းမဖြစ်မနေလုပ်ရမယ်ဆိုတာသိထားပြီး၊ #ကုန်ကျစရိတ်နည်းနည်းလေးနဲ့ Website လုပ်ချင်ကြတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်၊ အဲ့ဒါကတော့ #၁နှစ်လုံးစာမှ၂သောင်းကျပ်ဝန်းကျင်ပဲကုန်ကျမယ့်အကြောင်း လေးပါပဲ၊ OSC-Myanmar ( Online Service Center Myanmar ) အနေနဲ့ အဲ့လို OS သမားတွေအတွက် ၁ နှစ်လုံးစာ မှ ကုန်ကျစရိတ် ၂ သောင်းဝန်းကျင်ပဲကုန်ကျမယ့် Website လေးတွေကို ပြုလုပ်ပေးနေပါတယ် ဆိုတာပါပဲ။
#စိတ်ဝင်စားတယ်ဆိုရင်...
LIVE Chat Message - m.me/OSCMyanmar.mm
LIVE Chat Message - m.me/aungkyawsoe.sb
Mobile - 09421157911, 09794426154, 09253351244
တို့ကနေ ဆက်သွယ်၊ စုံစမ်း၊ မေးမြန်းပြီး ဝန်ဆောင်မှုများကို ရယူနိုင်ကြပါတယ်။
#Website #WebsiteService #OnlineShop #OnlineShopping #Ecommerce #ecommercewebsite
-
0 comments:
Post a Comment
မှတ်ချက်(Comment)ပေးသွားလိုတာရှိပါကပေးသွားနိုင်ပါတယ်။ နောက်ထပ် ရေးသားပေးလိုသည့်အကြောင်းအရာများကိုလည်းပြောခဲ့နိုင်ပါတယ်။