Facebook မှာ Boost( Advertising ) ပြုလုပ်နေကြတဲ့ Online Shopping သမားများ or Page ပိုင်ရှင်များအတွက်

Facebook မှာ Boost( Advertising ) ပြုလုပ်နေကြတဲ့ Online Shopping သမားများ or Page ပိုင်ရှင်များအတွက်





-     
  
Covid-19 ကာလလည်းဖြစ်၊ ကိုယ်တိုင်က အိမ်ထဲကအိမ်ပြင်လည်းမထွက်ဖြစ်၊ ဒါပေမယ့် Boost တွေတော့ အိမ်မှာနေရင်းပဲလုပ်ဖြစ်နေတယ်၊ လုပ်ရတာတွေကအဆင်မပြေဘူး၊ လိုအပ်ချက်တွေကများနေတယ်၊ ဘာညာတွေဖြစ်နေကြတယ်ဆိုရင်တော့ အိမ်မှာပဲနေရင်း Facebook Business Help Team က Marketing Expert တွေရဲ့ အကူအညီနဲ့ Error တွေဖြေရှင်းတာ၊ ကြော်ငြာတွေကို ဘယ်လိုကြော်ငြာရမလည်းဆိုတဲ့ အကြံဉာဏ်တွေ၊ အကြံပြုချက်တွေ၊ လမ်းညွှန်ချက်တွေကို တိုက်ရိုက် LIVE Phone Call နဲ့ ဖုန်းပြောပြီး အခမဲ့ ရယူနိုင်ကြပါတယ်။

Facebook Advertising သင်တန်းတက်ထားသူပဲဖြစ်ဖြစ်၊ မတက်ထားသူပဲဖြစ်ဖြစ်၊ လိုအပ်တဲ့ အကူအညီနဲ့ အကြံဉာဏ်တွေကို အခမဲ့ရယူလို့ရပါတယ်။

#ဘယ်လိုရယူရမှာလဲ?

အောက်မှာပေးထားတဲ့ Link ကိုဝင်ရောက်ပြီး ဖုန်းပြောလို့အဆင်ပြေနိုင်မည့် ရက်နဲ့ အချိန်ကိုရွေးချယ်ပေးထားရမှာပါ။

Get free advertising guidance from a Facebook Marketing Expert.

https://bit.ly/OSCMyanmarFreeAdvertisingGuidance

#ဘာတွေလိုအပ်လဲ?

ကိုယ်ရွေးထားတဲ့အချိန်မှာ Facebook Business Help Team က Marketing Expert ကိုယ်တိုင် ကိုယ့်ကိုဆက်သွယ်လာမှာဖြစ်လို့ အဲ့ဒီအချိန် ကိုယ်သုံးနေကျဖြစ်တဲ့ Computer( Desktop or Laptop ) သို့မဟုတ် Mobile Phone ကို လိုင်းဖွင့်ထားပြီး အသင့်စောင့်နေပေးဖို့က အရေးအကြီးဆုံးလိုအပ်ချက်ပါ။

နောက်ပြီး ကိုယ့်ရဲ့ Ad Account ID Number ကို ရယူထား( သိထား ) ဖို့ လိုပါတယ်။

မသိဘူးဆိုရင် Fb.com/ads/manager ကနေ ဝင်ရောက်ကြည့်ရှုနိုင်သလို၊ Mobile app ဖြစ်တဲ့ Facebook Ads Manager ထဲကနေလည်း ဝင်ရောက်ကြည့်ရှုပြီး မှတ်သားထားဖို့လိုပါမယ်။

#ဘာတွေမေးလို့ရပြီးဘယ်လိုအကူအညီမျိုးတွေရနိုင်လဲ?

မြန်မာပြည်မှာ လက်ရှိသင်ကြားပေးနေတဲ့ ရမ်းရွှီး၊ ရမ်းဖြီးနေတဲ့ အချို့သော Facebook Advertising သင်တန်းတွေမှာ သင်ခဲ့၊ သိခဲ့၊ တတ်ခဲ့တာတွေထက် ပိုမိုသိရှိနိုင်တာတွေရှိပါမယ်။

ကိုယ့်ဘက်က သိရှိချင်တဲ့ ကဏ္ဍတွေ၊ မေးချင်တဲ့အကြောင်းအရာတွေကို ကြိုတင်စဉ်းစားထားတာပဲဖြစ်ဖြစ်၊ ချရေးပြီးတော့ပဲဖြစ်ဖြစ် သူတို့နဲ့ တိုက်ရိုက်ဖုန်းပြောချိန်မှာ မေးမြန်းသိရှိနိုင်မှာပါ။

#ဘယ်လိုအကြံဉာဏ်တွေရရှိနိုင်မှာလဲ?

လက်ရှိ မြန်မာပြည်မှာ ပွထနေတဲ့ Digital Marketing သင်တန်းတွေက သင်ချင်သလိုသင်ပေးလိုက်တာတွေကြောင့် Boost( Advertising )ကို လုပ်ချင်သလိုလုပ်နေကြတာမျိုးတွေများပါတယ်၊ အဲ့လိုလုပ်ရင်း Policy Error, Payment Error တက်မှုတွေ၊ လွဲမှားနေတဲ့ ကြော်ငြာပုံ ကြော်ငြာနည်းတွေကြောင့် ရလာဒ်ကောင်း မရတာတွေအတွက် အကောင်းဆုံးအကြံပြုချက်တွေနဲ့ လမ်းညွှန်ထောက်ပြမှုတွကိုရရှိစေမှာပါ။

#ပိုက်ဆံပေးရသေးလား?

တကျပ်၊ တပြားမှပေးစရာမလိုတဲ့ အခမဲ့ #Free #Service ပါ၊ Digital Marketing သင်တန်းတက်နေရင်တောင် သင်တန်းကြေးပေးနေရပါဦးမယ်၊ ဒီဟာကတော့ တကယ့်ကျွမ်းကျင်တဲ့ Marketing Expert နဲ့ သင်ယူမှတ်သားရမှာဖြစ်လို့ ဒီလိုအခွင့်အရေးမျိုးကို လက်မလွှတ်သင့်ပါဘူး။

ကဲ.... အခုပဲ Facebook Marketing ကျွမ်းကျင်သူထံမှအခမဲ့ကြော်ငြာလမ်းညွှန်ကိုရယူလိုက်ပါ။

အခမဲ့ကြော်ငြာလမ်းညွှန် အတွက် ဒီ https://bit.ly/OSCMyanmarFreeAdvertisingGuidance မှာ ဝင်ရောက်ပြီး ဖုန်းခေါ်ဆိုဖို့ အချိန်နဲ့ နေ့ရက်ကို သတ်မှတ်ပေးထားလိုက်ပါ။

အားလုံးပဲ အဆင်ပြေကြပါစေ။

ချစ်ခြင်းအားဖြင့်...

Aung Kyaw Soe ( 13.7.2020 - 4:34 PM )
 
-