Permanently Disabled ကျသွားတဲ့ Facebook account ကိုပြန်ယူလို့ရလား?

Permanently Disabled ကျသွားတဲ့ Facebook account ကိုပြန်ယူလို့ရလား?




-     
  
ဒါလေးကိုရေးလိုက်ရတာက မနေ့ညက Disabled ကျလို့ဆိုပြီး Disabled Lock လာဖြည်ခိုင်းတဲ့အကောင့်လေးတခုကိုလုပ်ပေးရင်း အားလုံးသိထားလို့ရအောင် ပြန်ရေးပေးလိုက်တာပါ။

တချို့တွေက ရာသက်ပန် ပိတ်သိမ်းခြင်းခံလိုက်ရတဲ့( Permanently Disabled ) Facebook Account ကို ပြန်ယူလို့ရတယ်ဆိုပြီးပြောကြတယ်၊ ကျွန်တော့်အနေနဲ့ပြောချင်တာကတော့ ရာသက်ပန်အပိတ်ခံလိုက်ရတဲ့ ( Permanently Disabled အချခံလိုက်ရတဲ့) အကောင့်တွေက လုံးဝမှ ပြန်ယူလို့မရတော့ဘူးဆိုတာပါပဲ။
ပြန်ယူလို့ရတယ်ဆိုတဲ့အကောင့်တွေက Permanently Disabled ဖြစ်တဲ့အကောင့်တွေမဟုတ်လို့ပါ၊

Disabled lock တွေက အများကြီးရှိပါတယ်၊ အဲ့ဒါကို "ဒီရက်ပိုင်းတဲ့ကျတဲ့ Facebook Account Disabled များနဲ့ပတ်သက်လို့( https://www.osc-myanmar.com/…/facebook-account-disabled.html
)" ထဲမှာလည်း ရေးပြခဲ့ဖူးပါသေးတယ်။


[[ သူ့ရဲ့ ရာသက်ပန် Disabled ချခံလိုက်ရတဲ့အကောင့်ကိုဝင်လိုက်တာနဲ့ အခုလိုပြောထားပါတယ်။ ]]
သင့်အကောင့်ကို ပိတ်ထားပါတယ်။
သင့်အကောင့် ဒါမှမဟုတ် သင့်အကောင့်မှာ ရှိတဲ့ လုပ်ဆောင်ချက်ဟာ ကျွန်ုပ်တို့ရဲ့ လူမှုစံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိခဲ့တာကြောင့် သင် Facebook အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒီဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့ဘက်က ပြန်လှန် စိစစ်သုံးသပ်ပေးထားပြီး ဖြစ်တာကြောင့် ဒါကို ပြန်ပြောင်းပေးလို့ မရနိုင်တော့ပါဘူး။ အကောင့်တွေကို ကျွန်ုပ်တို့ ပိတ်ပင်ရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီး ပိုမိုလေ့လာဖို့အတွက် လူမှုစံနှုန်းများ စုစည်းထားရာ နေရာကို ဝင်ကြည့်ပေးပါ။
လူမှုစံနှုန်းများ ဆီသို့ သွားရန် => https://www.facebook.com/communitystandards/…

Your account has been disabled.
You can't use Facebook because your account, or activity on it, didn't follow our Community Standards. We have already reviewed this decision and it can't be reversed. To learn more about the reasons why we disable accounts visit the Community Standards.
Go to Community Standards=> https://www.facebook.com/communitystandards/…
_____

[[ ကြိုက်တဲ့ Disabled ဖောင်တွေကနေ အယူခံဝင်တိုင်း အောက်ပါအတိုင်းပဲတွေ့ရပါတယ်၊ ပြောချင်တာက အယူခံဝင်ခွင့်တောင် မပေးတော့ဘူးဆိုတာပါပဲ။ ]]

သင့်အကောင့်ကို ပိတ်ရန်အတွက် ဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့ မသုံးသပ်နိုင်ပါ။
သင့် Facebook အကောင့်က ကျွန်ုပ်တို့ရဲ့ လူမှုစံနှုန်းတွေကို မလိုက်နာတဲ့အတွက် ပိတ်ခြင်းခံထားရပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့ စိစစ်သုံးသပ်ပြီးပြီဖြစ်ပြီး အဲဒါကို ပြန်ပြောင်းလို့ မရနိုင်တော့ပါဘူး။

We cannot review the decision to disable your account.
Your Facebook account was disabled because it did not follow our Community Standards. We have already reviewed this decision and it cannot be reversed.
ဒီတော့ ကိုယ့်အကောင့်လေးကို ရေရှည်အသုံးပြုချင်တယ်( ပျက်သွားမှာ နှမြောတယ် ) ဆိုရင်တော့ Facebook က ချမှတ်ထားတဲ့ စံနှုန်းတွေ၊ မူဝါဒတွေကို လိုက်နာပါမှရပါမယ်။

အခုနောက်ပိုင်းမှာဆိုရင် လူစင်စစ်ထက် Facebook AI Bot တွေနဲ့ Run ထားတာဖြစ်လို့ ဖေ့ဘွတ်ရဲ့အရေးယူမှုတွေက ပိုပြီးတော့ကြောက်ဖို့ကောင်းလာပါတယ်၊ အခြားမပြောနဲ့ ကိုယ်တွေ ဘန်းစကားနဲ့ဆဲတာမျိုးလေးတောင်မှ သူတို့ရဲ့ Community Standards တွေနဲ့မကိုက်ညီလို့ဆိုပြီး Post တင်ခွင့်တွေ၊ Like, Comment, Share. တွေပိတ်တာအပြင် ကိုယ့်အကောင့် Timeline ထဲဝင်လိုက်တာနဲ့ "Account Warning" ဆိုပြီး သတိပေးစာကြီး ( ၁ ) နှစ်စာအထိ ထားပေးထားတာမျိုးပါလုပ်လာပါတယ်၊ အဲ့လိုသတိပေးထားတာတောင်မှ ဆက်လက်ပြီးကျူးလွန်ခဲ့ရင်( မကြာခဏ Policy တွေကိုချိုးဖောက်ခဲ့ရင် ) သေခြာပါတယ် နောက်ဆုံး ကိုယ့်ရဲ့ Facebook Account ကို Permanently Disabled အထိ လုပ်ပစ်လိုက်တော့မှာပါ။

ကျွန်တော်တို့တတွေအနေနဲ့ Facebook ဆိုတာကြီးကို ဆက်ပြီးသုံးဖြစ်နေဦးမယ်ဆိုရင်တော့ Facebook ရဲ့ Community Standards တွေ၊ Policy တွေကို အတတ်နိုင်ဆုံး မဖြစ်မနေ လိုက်နာပါမှ ရပါလိမ့်မယ်။

ချစ်ခြင်းအားဖြင့်
Aung Kyaw Soe ( 1.5.2020 - 4:25 PM )

#Facebook #Disabled #FacebookAccount #FacebookAccountDisabled #PermanentlyDisabled

မူရင်းပို့စ် - 
-