ဘာကြောင့် Facebook account တွေ Disabled ချခံရတာလဲသိဖို့

ဘာကြောင့် Facebook account တွေ Disabled ချခံရတာလဲသိဖို့




-     
  

Disabled ချခံရတာတွေမှာ အမျိုးအစားက ကျူးလွန်တဲ့ပေါ်၊ ချိုးဖောက်တဲ့ပေါ်မူတည်လို့ အများကြီးရှိပါတယ်။

ဥပမာ -

Security ( Temporarily disabled as a security precaution ) Disabled.

Identity ( Confirm identity ) Disabled.

Underage ( Facebook requires all members to be at least 13 years old ) Disabled.

Policy ( Violating Facebook's Statement of Rights ) Disabled.

Ineligible ( Violating Facebook's Statement of Rights and Responsibilities ) Disabled.

Copyright ( intellectual property violations ) Disabled.

Permanently ( Violating Facebook's Community Standards ) Disabled.

လိုမျိုးတွေ အစားစားရှိပါတယ်။ ကျူးလွန်တဲ့ပေါ်မူတည်ပြီး ရိုးရိုး Disabled ကနေ ရာသက်ပန် ပြန်သုံးခွင့်မရှိတော့တဲ့ Disabled မျိုးအထိကျတတ်ပါတယ်။

ကိုယ့်အကောင့်လေးတွေ ရေရှည်အသုံးပြုချင်တယ်ဆိုရင် Disabled တွေနဲ့ မကြုံရအောင် ဆောင်နိုင်၊ ရှောင်နိုင်ဖို့ လေ့လာပြီး မှတ်သားထားကြစေချင်ပါတယ်။

အောက်ကဟာကတော့ Disabled နဲ့ပတ်သက်ပြီး အကြမ်းဖျဉ်းသိရအောင်လို့ Help Center က စာကို မြန်မာလိုပြောင်းပြီး ပြန်ထည့်ပေးထားတာပါ။

_______________________

ကျွန်ုပ်၏ ကိုယ်ပိုင်အကောင့်အား ပိတ်သိမ်းခံထားရသည်။
( My personal Facebook account is disabled. )

ကျွန်ုပ်၏ အကောင့်အား ပိတ်သိမ်းခံထားခြင်းဟုတ်မဟုတ် မည်သို့သိနိုင်မည်နည်း?

သင့် Facebook အကောင့်ဖျက်သိမ်းခံထားရပါက သင်လော့အင်ဝင်ရောက်ရန်ကြိုးစားချိန်တွင် သင်၏အကောင့် ပိတ်သိမ်းခံထားရကြောင်း မက်ဆေ့ချ်ကို တွေ့ရပါလိမ့်မည်။ သင်လော့အင်ဝင်ရောက်ရန်ကြိုးစားချိန်တွင် ပိတ်သိမ်းခံထားရကြောင်းမက်ဆေ့ချ်ကို မတွေ့ရလျှင် သင်သည် အခြားပြဿနာကြုံတွေ့နေရခြင်းဖြစ်နိုင်သည်။ လော့အင်ဝင်ရောက်သည်နှင့် ပတ်သတ်သောပြဿနာများ( https://my-mm.facebook.com/help/105487009541643?helpref=https://www.facebook.com/aungkyawsoe.sb )အားဘယ်လိုဖြေရှင်းရမလဲလေ့လာရန်။

ဘာကြောင့် ကျွန်ုပ်၏အကောင့်အား ပိတ်သိမ်းခံထားရသနည်း?

Facebook မူဝါဒများ( https://my-mm.facebook.com/terms?helpref=https://www.facebook.com/aungkyawsoe.sb ) အားမလိုက်နာသောအကောင့်ကို ကျွန်ုပ်တို့ပိတ်သိမ်းပါသည်။ အချို့ဥပမာများတွင်ပါဝင်သည်မှာ-

1. Facebook မူဝါဒများကိုမလိုက်နာသော အကြောင်းအရာများတင်ခြင်း။

2. အမည်အတုသုံးခြင်း။

3. အခြားလူတစ်‌ယောက်အဖြစ်ဟန်ဆောင်ခြင်း။

4. လူမှုစံနှုန်းများအားချိုးဖောက်ခြင်းဖြင့် Facebook တွင်ခွင့်မပြုထားသည့် အပြုအမူများကို ဆက်လက်လုပ်ဆောင်နေခြင်း။

5. အခြားလူများအား စော်ကားရန်၊ ကြော်ငြာရန်၊ ပရိုမုတ်လုပ်ရန်၊ သို့မဟုတ် အခြားခွင့်မပြုထားသည့် အရာများ ပြုလုပ်ရန်အလို့ငှာ အခြားလူများကို ဆက်သွယ်ခြင်း။

ကျွန်ုပ်၏အကောင့်အား ပိတ်သိမ်းခံထားရလျှင် ဘာလုပ်နိုင်သနည်း?

သင့်အကောင့်အား မှားယွင်းစွာပိတ်သိမ်းခံလိုက်ရသည်ဟုထင်လျှင် ဤဖောင်( https://my-mm.facebook.com/help/contact/260749603972907?helpref=https://www.facebook.com/aungkyawsoe.sb ) ကိုသုံး၍ ပြန်သုံးသပ်ရန် တောင်းဆိုနိုင်သည်။

အချို့သောကိစ္စများတွင် သင့်အကောင့်အားမပိတ်သိမ်းခင် သတိပေးချက်ပေးပို့ခြင်းမရှိနိုင်ကြောင်းမှတ်သားထားပါ။ Facebook လူမှုစံနှုန်းများ( https://my-mm.facebook.com/communitystandards/?helpref=https://www.facebook.com/aungkyawsoe.sb )အားပြင်းပြင်းထန်ထန် ချိုးဖောက်ထားသောကြောင့် ပိတ်သိမ်းခံလိုက်ရသည့်အကောင့်များအား ကျွန်ုပ်တို့ပြန်ရယူပေး၍မရပါ။



-