Facebook Policy တွေကို မြန်မာလိုဖတ်ချင်တယ်ဆိုရင်

Facebook Policy တွေကို မြန်မာလိုဖတ်ချင်တယ်ဆိုရင်




-     
  
အရင်တုန်းက Facebook account လေးဘာဖြစ်လို့၊ Facebook page လေးဘာဖြစ်လို့၊ ဆိုပြီးလာပြောတိုင်း ဘာဖြစ်လည်းဆိုတာ Check လုပ်ပြီး ဒါက ဘယ်လို Policy မျိုးကိုချိုးဖောက်မိလို့ဖြစ်တာဆိုပြီးပြောပြတိုင်း အဲ့လိုမဖြစ်အောင် နောက်ရှောင်လို့ရအောင် Facebook policy တွေကိုဘယ်မှာဖတ်ရမလဲဆိုပြီးမေးကြတယ်။

 မေးတိုင်း fb.com/policies?helper=www.facebook.com/aungkyawsoe.sb လေးကိုညွှန်ပေးဖြစ်တယ်။

အဲ့ဒီမှာအကုန်ရှိပါတယ်။ ဝင်ဖတ်ကြည့်ပါလို့ပြောတိုင်း ဘာပြန်ပြောလာကြလည်းဆိုတော့ English လိုတွေကများတယ်။ မြန်မာလိုတွေက သိပ်မရှိသေးဘူး။ မြန်မာလို အနည်းအကျဉ်းရှိတဲ့ဟာတွေကလည်း Font အဆင်မပြေလို့ဖတ်မရဘူးဆိုပြီးပြောလာကြတယ်။ ဘယ်အဆင်ပြေမတုန်း Zawgyi font ပဲသုံးကြတာများတော့ ဖတ်မရဖြစ်တာပေါ့။ 😁

ကဲ... အခုဆို အားလုံး Unicode လည်းပြောင်းသုံးနေကြပြီ။ Policy တွေကို မြန်မာလိုရေးပေးထားတာလည်း အတော်လေးပြည့်စုံနေပြီ။ ဒီတော့ စာဖတ်မပျင်းကြဖို့ပဲလိုတော့တယ်။ 😁😁😁

ဘယ်ကနေဝင်ဖတ်ရမလဲဆိုရင်...?
fb.com/policies?helper=www.facebook.com/aungkyawsoe.sb
မှာ ဝင်ဖတ်လို့ရပါပြီ။

ဝင်ဖတ်တော့ English လိုဖြစ်နေတယ်ဆိုရင်...?
Language မှာ Myanmar ဘာသာစကားကိုပြောင်းလဲပြီးမှဝင်ဖတ်ပါ။

သို့မဟုတ်
ဖုန်း or ကွန်ပြူတာ ထဲက Browser ကိုဖွင့်ပြီး Fb.com လို့ရိုက်ထည့်ပြီးဖွင့်ပါ။ Facebook login page နေရာမှာ မြန်မာလိုပေါ်လာရင် အဆင်ပြေပါတယ်။ မြန်မာလိုမဟုတ်ပဲ English လိုဖြစ်နေရင် ဘာသာစကားမှာ Myanamr ဘာသာကိုရွေးချယ်ပေးဖို့လိုပါတယ်။

ပြီးရင် ဒီ Link fb.com/policies?helper=www.facebook.com/aungkyawsoe.sb ကို address bar ထဲမှာ ထည့်ဖွင့်ပြီး အကုန် မြန်မာလိုဝင်ဖတ်လို့ရပါပြီ။ Facebook account ကို login ဝင်ဖို့မလိုပဲ ဖတ်ရှုလို့ရပါတယ်။ 😊😊😊
 
နမူနာပုံများကြည့်ရန် -  







Aung Kyaw Soe ( 21.9.2019 - 10:27 AM )

-