Facebook မှာ Page ပိုင်ရှင်တို့ Boost လုပ်ရင်းကျူးလွန်မိတဲ့ အမှားတွေထဲက ( ၁ ) ခု or မသိလိုက်ပဲ ငွေတွေပိုကုန်ရတဲ့အကြောင်းရင်း

Facebook မှာ Page ပိုင်ရှင်တို့ Boost လုပ်ရင်းကျူးလွန်မိတဲ့ အမှားတွေထဲက ( ၁ ) ခု or မသိလိုက်ပဲ ငွေတွေပိုကုန်ရတဲ့အကြောင်းရင်း




-     
  
တကယ်က Facebook မှာ Boost လုပ်ရတာလွယ်ပါတယ်။ Bank card လေးချိတ်ပြီး Facebook, Page manager, Ads manager, လေးတွေထဲက ကြိုက်တဲ့ဆီကနေ Page like or Post like ကို ငွေအမောက်ကို စိတ်ကြိုက်ထည့်၊ ရက်ကိုစိတ်ကြိုက်ပေးပြီး Boost လုပ်လို့ရပါတယ်။

Facebook နဲ့ Facebook business help team ကလည်း လူတိုင်းအလွယ်တကူပြုလုပ်လို့ရအောင် Easy used ဖြစ်အောင်ကိုလုပ်ပေးထားတာပါ။ ကျွန်တော်ဆို Boost ပြုလုပ်နည်းသင်တန်းပေးတဲ့အခါ ဟိုးအရင်တုန်းက အသေးစိတ် အစကနေအဆုံး Details အတိအကျသင်ပေးခဲ့ဖူးတယ်။

အဲ့လိုသင်ပေးတော့.....

နံပါတ်( ၁ ) - သင်ပေးသူရော၊ သင်ယူသူရော အချိန်အများကြီးပေးရတယ်။

နံပါတ် ( ၂ ) - အများကြီး Details ကျကျ သင်ရတဲ့အတွက် သင်ယူသူသာ မှတ်ယူနိုင်စွမ်းအားနည်းတယ်ဆိုရင် သင်ချိန်ပဲ သင်ခန်းစာကိုမှတ်မိပြီး သင်တန်းပြီးသွားတာနဲ့ အကုန်ရောသွားတာ၊ မမှတ်မိတော့တာတွေဖြစ်ကုန်တယ်။ 

တချို့လည်း စာအုပ်နဲ့သာလိုက်မှတ်ကြတာ တကယ် ကိုယ်တိုင်ပြန်လုပ်တော့ ကိုယ်မှတ်ထားတဲ့စာအုပ်ကြီးကြည့်ပီး ဘယ်ဟာက ဘာလည်းဆိုတာကို မသိတော့တာမျိုးတွေဖြစ်သွားတတ်ကြတယ်( တော်တော်များများကိုဖြစ်ကြတာပါ )။

အခြားသင်တန်းတွေတက်တဲ့အခါမှာ သင်တန်းပြီးသွားလို့ မတတ်သေးရင် သင်တန်းကိုအစကနေပြန်တက်လေလို့ပဲအပြောခံရတာများတော့ အဆင်မပြေဖြစ်ကြတဲ့သူတွေများပါတယ်။ အဲ့လိုလူတွေအတွက် အခုနောက်ပိုင်းသင်တဲ့အခါမှာ Short to the point လေးတွေပဲသင်ပေးဖြစ်ပါတော့တယ်။ တကယ်လိုအပ်တာကလည်း အဲ့ဒီ Short to the point လေးတွေကိုအကြမ်းဖျဉ်းသိထားရင်အဆင်ပြေတာမို့ပါ။ နောက်ပြီးတော့ တခုရှိတာက ကျွန်တော့်ဆီမှာသင်တန်းစတက်လိုက်ရင် ရာသက်ပန်သင်တန်းသားအဖြစ်သတ်မှတ်ထားလို့ မသိတာရှိရင် အချိန်မရွေးပြန်လာမေးခွင့်ရှိလို့အဆင်ပြေကြတဲ့သူများပါတယ်( ဒါက ကြော်ငြာဝင်တာ )။

ကဲကဲ လေကြောရှည်နေတာရပ်ပါပြီ။ အဓိက Short to the point အနေနဲ့ပြောချင်တာက Boost လုပ်ရင်း ကိုယ်သုံးမိတဲ့ $ ငွေအမောက်ထက် အများကြီးပိုကုန်တာ၊ ကိုယ်မသုံးပဲ အကြွေးတွေအများကြီးတင်သွားတယ်ဆိုပြီးဖြစ်တဲ့သူတွေအတွက် ဒါလေးကိုပြောပြတာပါ။

ကိုယ်မသိလိုက်ပဲ ကိုယ်လုပ်လိုက်တဲ့ နောက်ကွယ်ကနေ ၂ ဆ ကုန်သွားတာမျိုးတွေ၊ ၁၀ ဆ ကနေ ၁၀ ဆ မကလောက် ကုန်သွားတာမျိုးတွေရှိပါတယ်။

အဲ့ဒါတွေကဘာတွေလည်းဆိုတော့...

1. Boost လုပ်ရင်း အမှတ်မထင် Duplicate လုပ်မိခြင်း။
အခုနောက်ပိုင်း Desktop user ထက် Mobile user တွေကပိုများလာတော့ Facebook app, Page manager app, Ads manager app, တွေထဲကနေ Boost ကို Step by step လုပ်ရင်း အမှတ်မထင် Duplicate လုပ်မိသွားကြတာများတယ်။ အဲ့လို Duplicate လုပ်မိရင် ၂ ခု ပွားသွားတဲ့အတွက် ကိုယ်က ကြော်ငြာ ၁ ခုအတွက် $10 သုံးထားတယ်ဆို သေခြာပေါက် $20 ကုန်ပြီ။ $100 သုံးထားမိရင် $200 ကုန်သွားပြီပဲ။ ဒါကြောင့် Boost လုပ်တဲ့အခါ Duplicate လုပ်မလားလာမေးတဲ့အခါ Not now ပဲလုပ်ပါလို့ပြောချင်ပါတယ်။

2. Per day( Daily ) နဲ့ Lifetime ကို မှားယွင်းလုပ်မိခြင်း။
တချို့ Boost သာလုပ်နေတာ ကိုယ်လုပ်လိုက်တဲ့ Boost က Per day နဲ့ လုပ်မိတာလား Lifetime နဲ့လုပ်မိတာလားဆိုတာသေခြာမသိကြတာရှိသလို၊ သေခြာမစစ်ကြတာရှိပါတယ်။ ဒီနေရာမှာ Facebook ဘက်က Default date ကို အလိုလျောက် 7 ရက်သတ်မှတ်တာရှိသလို၊ 10 ရက်သတ်မှတ်တာလည်းရှိပါတယ်။ ကိုယ်က ရက်နဲ့ ငွေအမောက်ကိုသာသေခြာမစစ်ဘူးဆိုရင် ဥပမာ - ပုံမှန် $1 နဲ့ 7 ရက် လုပ်တယ်ဆိုပါစို့ Per day နဲ့လုပ်ခဲ့ရင် ၇ ရက်ပြည့်တာနဲ့ $7 ပဲကုန်မယ်၊ $1 ကို Lifetime နဲ့လုပ်မိသွားရင် $ တွေ ရာနဲ့ချီပြီးကုန်သွားနိုင်ပါတယ်။

3. Post like boost နဲ့ Page like boost ကိုရောထွေးသွားတတ်ခြင်း။
ဒီခေါင်းစဉ်မြင်တာနဲ့ Post like boost နဲ့ Page like boost က မတူတာသိတယ်လေ၊ ခွဲခြားပြီးသိပါတယ်ဆိုပြီးလုပ်ကြမယ်ထင်တယ်။

Post Like နဲ့ Page Like မှာ ကွာတယ်။

ဥပမာ $10 နဲ့ ၁၀ ရက် Run ချင်တယ်ဆိုရင်...

Post Like - $10 ပဲ ငွေအမောက်မှာထား။
Page Like - $1 ပဲ ငွေအမောက်မှာထား။

အဲ့လိုသုံးမှ 10 ရက်ပြည့်တာနဲ့ $10 ပဲ ဖြတ်မှာ။

Page Like ကို $1 ပဲ ငွေအမောက်မှာထားရမှာကို $10 ဆိုပြီးထားလိုက်ရင် ၁၀ ရက်ပြည့်တာနဲ့ $10 မဟုတ်ပဲ $100 ထိ ကုန်သွားတတ်တယ်။ အဓိက ကတော့ ကိုယ်လုပ်ချင်တဲ့ရက်၊ ကိုယ်သုံးချင်တဲ့ငွေအမောက်ကို သေခြာလေးစစ်တတ်ရင်တော့ ဒီလို ကိုယ်မသိလိုက်ပဲ ကုန်သွားတာမျိုးတွေမဖြစ်တော့ဘူးပေါ့။

ကဲ... ဒီလောက်ဆိုရင် Boost လုပ်ရင်း မလိုအပ်ပဲအပိုကုန်တာမျိုးတွေမဖြစ်ရအောင် ဘာတွေဘယ်လိုစစ်ရမယ်၊ ဘာတွေ ဘယ်လိုလုပ်ရမယ်ဆိုတာ သိသွားကြမယ်ထင်ပါတယ်။

အားလုံးပဲအဆင်ပြေကြပါစေ။

Aung Kyaw Soe ( 28.11.2019 - 1:10 PM )

မူရင်း Account Post -


မူရင်း Page Post


-