ဘယ်ဘာသာစကားကိုမဆို မြန်မာလို Translate လုပ်ပြီးဖတ်ချင်လား? ( Video )

ဘယ်ဘာသာစကားကိုမဆို မြန်မာလို Translate လုပ်ပြီးဖတ်ချင်လား? ( Video )




-     
  

ဘယ်ဘာသာစကားကိုမဆို မြန်မာလို Translate လုပ်ပြီးဖတ်ချင်လား?
ယူနီကုဒ်ကိုအသုံးပြုထားသူတိုင်း ဒီလို Translate လုပ်ဖတ်လို့ရနေပါပြီ။ ဖတ်မရသေးဘူးဆို Facebook Settings ထဲမှာ နည်းနည်းလေးကလိပေးဖို့ပဲလိုပါမယ်။

[[ Mobile Phone ( Facebook app ) မှာဆိုရင် ]] -

Settings => Translation for Posts ထဲကိုဝင်ပြီး Language Settings မှာ အောက်ပါအတိုင်းပြင်ပါ။

1. Language you'd like to have posts translated into မှာ - Burmese ( မြန်မာဘာသာ ) တခုကိုပဲ အမှန်ခြစ်ပြီး Save ပါ။

2. Languages you don't want to be offered translations for မှာ - Burmese ( မြန်မာဘာသာ ) တခုကိုပဲရွေးပြီး Save ပါ။

3. Languages you don't want automatically translated မှာ - ဘာမှမရွေးပဲထားပါ(ရွေးထားတာရှိရင်ဖျက်ပြီး Save ပါ)။

4. A feature that lets you post multiple language versions of a status မှာ - On ဖြစ်နေရင် Turned off လုပ်ပြီး Save ပါ။

____________________________

[[ PC ( Desktop Browser ) မှာဆိုရင် ]] -

Settings => Language and Region Settings ထဲကိုဝင်လိုက်ပါ။

1. Facebook language ကိုဖွင့်ပါ။
Show Facebook in this language. မှာ - English ( US ) ပဲရွေးပေးထားပါ။

2. Posts from friends and Pages ကိုဖွင့်ပါ။
Language you'd like to have posts translated into( You'll have the option to translate posts into this language.) မှာ - Burmese ( မြန်မာဘာသာ ) ကိုပဲရွေးထားပါ။

Languages you don't want to be offered translations for( You won't see an option to translate posts in these languages. ) မှာ - Burmese ( မြန်မာဘာသာ ) ကိုပဲရွေးထားပါ။

Languages you don't want automatically translated( Posts in these languages won't be translated unless you choose to show a translation. ) မှာ - ဘာမှမရွေးပဲထားပါ(ရွေးထားတာရှိရင်ဖျက်ပါ)။

3. Multilingual posts ကိုဖွင့်ပါ။
Write posts in more than one language မှာ - အမှန်ခြစ်ဖြုတ်ပြီး Save ပါ( Turned off လုပ်ပါ )။
____________________________

ပြီးသွားပြီဆိုရင် Translate ရ မရကို လိုက်ကြည့်ပါ။ မရသေးရင် Facebook account ကို ခဏ Log Out ထွက်ပြီး Login ပြန်ဝင်လိုက်ပါ။ အဲ့ဒါဆို Translation ရနေပါလိမ့်မယ်။

အားလုံးပဲအဆင်ပြေကြပါစေ။

Aung Kyaw Soe ( 17.10.2019 - 10:53 PM )

-