How to fix Facebook comment error.

How to fix Facebook comment error.




-     
  
ဒီရက်ပိုင်းထဲမှာ Facebook user တော်တော်များများမှာဖြစ်ပေါ်နေတဲ့ပြဿနာလေးကတော့ Comment ပေးမရတဲ့ပြဿနာလေးပါပဲ။ Comment ပေးလိုက်တာနဲ့ Error ( အနီစက် icon နဲ့ Error message ) ပြပြီး မန့်မရတဲ့အနေအထားဖြစ်သွားတဲ့အခါ တော်တော်များများက Facebook account ကဘာဖြစ်တာလည်းမသိဘူး Comment တွေပေးမရဘူး။ အကောင့်ပျက်တော့မှာလား၊ Lock ကျတော့မှာလား၊ Hack ခံနေရတာလားဆိုပြီး လာလာမေးကြပါတယ်။

တကယ်တော့အဲ့ဒီလိုဖြစ်တာဟာ အကြောင်း( ၂ ) ခုရှိပါတယ်။ တခုက Facebook policy တခုခုကိုချိုးဖောက်မိထားတာကြောင့်ဖြစ်ပြီး၊ နောက်တခုကတော့ Facebook ဆာဗာ or Mobile App ကြောင့်ဖြစ်တာပါ။ ဒါကြောင့် ဘယ်ဟာကြောင့်ပဲဖြစ်ဖြစ် ဖြေရှင်းလို့ရအောင် ဖြေရှင်းနည်းလေးကို‌ ရေးပေးလိုက်ပါတယ်။ သေခြာဖတ်ကြည့်ပြီး လိုက်လုပ်ကြည့်လိုက်ပါဦး။

1. Facebook Policy တခုခုကိုချိုးဖောက်မိလို့ Temporary blocked မိခဲ့ရင် ဘာလုပ်ရမလဲ...?

Temporary blocked ဖြစ်ခဲ့ရင် Status Post တွေတင်မရ၊ Like, Comment, Share, တွေလုပ်မရ၊ Messenger မှာ စကားပြောလို့မရ၊ ဖြစ်တတ်ပါတယ်။ အဲ့လိုဖြစ်ခဲ့ရင် အနည်းဆုံး ၂၄ နာရီ၊ ၇၂ နာရီ၊ ၁ ပတ်၊ ၂ ပတ်၊ ကနေ ရက် ၃၀ လောက်အထိ Temporary Blocked မိတတ်ပါတယ်။ အဲ့လိုဖြစ်ခဲ့ရင် သူ့သတ်မှတ်ရက်ပြည့်တော့မှပဲ လုပ်လို့မရတာတွေ ပြန်လုပ်လို့ရပါတယ်။ သတ်မှတ်ချိန်မပြည့်ခင် ဖြေရှင်းလို့ရတဲ့နည်းလမ်းရောမရှိဘူးလားဆိုရင် ရှိတော့ရှိပါတယ်။ ဒါပေမယ် 100% အဆင်ပြေချင်မှပြေပါတယ်။

ဘယ်လိုဖြေရှင်းလို့ရနိုင်လဲ...?

အရင်ဆုံး ကိုဖြစ်နေတာလေးတွေကို SS ရိုက်ပြီး Facebook Menu ထဲက Help & Support ထဲကိုဝင်၊ အထဲရောက်ရင် Report a Problem ဆိုတာကိုနှိပ် Facebook က ဖုန်းကိုလှုပ်ပြီး Shake ခိုင်းနေတာလေးတွေ့ပါမယ်။ မ Shake ပဲ အဲ့ဒီအောက်နားက Report a Problem ဆိုတာလေးကိုထပ်နှိပ်ပေးရပါမယ်။

နောက်တဆင့်မှာ Where is the problem? ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရွေးချယ်စရာခေါင်းစဉ်တွေအများကြီးတွေ့ပါလိမ့်မယ်။ ကိုယ်က ဘယ်ဟာနဲ့ပတ်သက်ပြီး Report တင်ချင်တာလည်းဆိုတာကိုရွေးချယ်ရမှာပါ။ ဥပမာ ကိုယ်က Status တင်မရဘူးဆို Status Update ကိုရွေးချယ်ပေးရမှာဖြစ်ပြီး၊ Photo, Video, Message, တွေနဲ့ပတ်သက်ပြီး Error တက်နေရင် သက်ဆိုင်ရာခေါင်းစဉ်ကိုပဲရွေးချယ်ပေးရမှာပါ။

နမူနာအနေနဲ့ Status Update ကိုရွေးလိုက်တယ်ဆိုပါစို့ နောက်တဆင့်မှာ What Happened? ဆိုတာလေးအောက်မှာ စာရေးထည့်ဖို့နဲ့ Screenshot ထည့်ဖို့လေး ပါ ပါတယ်။ ကိုယ်ဖြစ်နေတာကိုရေးပြီး SS လေးထည့်ပြီး Send လုပ်ပေးထားလိုက်ရုံပါပဲ။ အဲ့ဒါဆို အနည်းဆုံး ၂၄ နာရီ၊ ၇၂ နာရီ၊ ၁ ပတ်၊ ၂ ပတ်၊ ကနေ ရက် ၃၀ လောက်အထိ Temporary Blocked မိနေခဲ့တယ်ဆိုရင်တောင် ခနလေးနဲ့ပြန်ရသွားတတ်ပါတယ်။

2. ကိုယ်က Facebook Policy တခုမှမချိုးဖောက်မိ(အမှားမလုပ်မိ)ပဲ Facebook ဆာဗာ or Mobile App ကြောင့် Temporary Blocked ပုံစံမျိုးဖြစ်နေခဲ့တယ်ဆိုရင်...?

ကိုယ်က Facebook ကချမှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်း၊ မူဝါဒတွေကို လုံးဝမှချိုးဖောက်ထားခြင်းမရှိပဲ Status Post တွေတင်မရ၊ Like, Comment, Share, တွေလုပ်မရ၊ Messenger မှာ စကားပြောလို့မရ၊ ဖြစ်နေခဲ့တယ်ဆိုရင်တော့ ဖေ့ဘွတ်ဆာဗာနဲ့ မိုလ်ဘိုင်းအပ် တွေကြောင့်ဖြစ်တာမျိုးရှိတတ်ပါတယ်။

အဲ့လိုဖြစ်နေရင် ဘယ်လိုဖြေရှင်းလို့ရနိုင်လဲ...?

ကိုသုံးနေတဲ့ Facebook app, Messenger app, Other Facebook နဲ့ပတ်သက်တဲ့ App တွေကို Update ဖြစ်မဖြစ်အရင်စစ်ကြည့်ပြီး Update မြှင့်ဖို့လိုပါမယ်။ ဘာကြောင့်လည်းဆိုတော့ Version အသစ်ထွက်လာချိန် Update မလုပ်မိရင် ကိုယ်သုံးနေတဲ့ App က Out of Date ြဖစ်ပြီး ဆာဗာကနေ ကိုယ်သုံးနေတဲ့ Device ကနေ Support လုပ်မပေးနိုင်တော့တဲ့အခါ Error လေးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် Update လုပ်ပြီး ပြန်သုံးကြည့်ပါ။

Update တော့လုပ်ထားတယ်၊ အဆင်မပြေသေးဘူး၊ Error တက်နေတုန်းပဲဆိုရင် Login နဲ့ Log Out ကို ၂ ခါ၊ ၃ ခါ၊ လောက်လုပ်ကြည့်ပါ။

အဲ့ဒါမှအဆင်မပြေသေးဘူးဆိုရင်တော့...

iOS Device ဆို App ကိုဖျက် အသစ်ပြန်ဒေါင်းထည့်ပြီးပြန်သုံးကြည့်ပါ။
Android Device ဆို Settings => App => Facebook ထဲကိုဝင်ပြီး Clear cache နဲ့ Clear data လုပ်ပြီး ပြန်ဝင်သုံးကြည့်ပါ။

သတိပြုရန်// ဒီနေရာမှာ App ကိုဖျက်တာတို့၊ Clear data တို့မလုပ်ခင်မှာ တခုသတိထားရမှာက

နံပါတ်( ၁ ) Facebook Password ကိုမေ့နေလို့မရပါဘူး။

နံပါတ်( ၂ ) Two-Factor ( Login Approved ) Code ခံထားတယ်ဆို Backup Code ( Recovery Code ) ကိုအရင်ယူထားဖို့လိုပါတယ်။

ဘယ်ကဝင်ယူရမှန်းမသိဘူးဆိုရင်...

Facebook ထဲက Settings => Security and login => Use Two-Factor authentication ထဲဝင် အောက်နားကိုဆင်းပြီး Backup Code ( Recovery Code ) ဆိုတာလေးကိုနှိပ်ပီး Code 10 လုံးကို SS ရိုက်ပြီးတော့ဖြစ်စေ၊ ချရေးပြီးတော့ဖြစ်စေ၊ ယူထားလိုက်လို့ရပါတယ်။

ကဲ.... Facebook password ကိုလည်းမှတ်မိတယ်။ Backup Code ( Recovery Code ) လည်းယူထားပြီးပြီဆိုရင်တော့ လက်ရှိတက်နေတဲ့ Error လေးကို ဖြေရှင်းကြည့်လိုက်ပါဦး။

အားလုံးပဲ အဆင်ပြေကြပါစေ။

Aung Kyaw Soe ( 17.9.2019 - 4:55 PM )
-