How to change how to use mobile phone ( ios or android ) for Unicode

How to change how to use mobile phone ( ios or android ) for Unicode




-     
  
လက်ရှိမှာ PC အသုံးပြုသူထက် Mobile Phone အသုံးပြုသူအရေအတွက်က ပိုမိုများနေလို့ Unicode ပြောင်းသုံးကြမည့် Mobile Phone သမားတွေအတွက် ဒီ Post ကိုရေးပေးလိုက်တာပါ။ အားလုံးပဲ အဆင်ပြေလွယ်ကူစွာနဲ့ Unicode ကို ပြောင်းလဲအသုံးပြုနိုင်ကြပါစေ။

ကဲ... စလိုက်ကြရအောင်...

မိမိတို့သုံးနေတဲ့ဖုန်းထဲက Browser ကိုသိကြတယ်မလား...?

သိတယ်ဆိုရင် Browser ကိုဖွင့်  Address bar or Search box ထဲမှာ 
MyanmarUnicodeSupport.blogspot. com ကို ( တဆက်ထဲ ) ရိုက်ထည့်ပြီး Go  or Enter ကိုနှိပ်ပြီးဖွင့်။

Myanmar Unicode Support  ဝဘ်ဆိုက်ထဲကိုရောက်သွားပြီဆိုရင်....

iOS အတွက်ဆို - 
"How to add Unicode font and ttKeyboard for iPhone, iPad"  ဆိုတဲ့ခေါင်းစဉ်နဲ့ Post ကိုရှာဖွင့်ပြီး လမ်းညွှန်ချက်အတိုင်းလုပ်။

လက်ရှိ ( 20.9.2019 နေ့ )မှာ Apple က  iOS 13 ကို Update အနေနဲ့ထုတ်ပေးလိုက်ပါပြီ။ Keyboard အနေနဲ့ Build in Burmese Keyboard ဆိုပြီး မြန်မာကီးဘုတ်ထည့်ပေးလာပါတယ်။

ကီးဘုတ်အသစ်ကိုသုံးရန် Settings => General => Keyboard => Keyboards => Add New Keyboards မှာ Burmese ကိုရွေးပေးလိုက်ပါ။

iOS 13 မှာ Unicode ပြောင်းရန် Setting => General => Language & Region => Preferred Language Order ထဲကိုအဆင့်ဆင့်ဝင်ပြီး အောက်ဘက်က မြန်မာစာ ( Burmese ) ထဲကိုဝင်ပါ။ Standard ( Recommended ) ကိုရှာပြီး ရွေးပေးလိုက်ပါ။ Reboot ကျပီး ပြန်တက်လာရင် နောက်တစ်ခေါက် Restart ချပေးလိုက်ပါ။ အဲ့ဒါဆို Unicode ပြောင်းသွားပါပီ။

Fonts
  • Custom fonts are available from the App Store for use in your favorite apps
  • Font management in Settings


Language support
  • Support for 38 new keyboard languages
  • Predictive input in Cantonese, Dutch, Hindi (Devanagari), Hindi (Latin), Najdi Arabic, Swedish, and Vietnamese keyboards
  • Separate emoji and globe keys make it easier to quickly switch between languages and select emoji on iPhone X and later
  • Automatic language detection for dictation
  • Bilingual dictionary support in Thai and English and Vietnamese and English


နောက်ထပ် ဘာ Features အသစ်တွေထပ်ပါလာလည်းသိချင်ရင်တော့
အသေးစိတ် About iOS 13 Updates => https://support.apple.com/en-us/HT210393   မှာဝင်ရောက်ကြည့်ရှုလိုက်ပါ။


Android အတွက်ဆို -
"How to add Gboard and TT keyboard for Android" ဆိုတဲ့ခေါင်းစဉ်နဲ့ Post ကိုရှာဖွင့်ပြီး လမ်းညွှန်ချက်အတိုင်းလုပ်ပါ။


Keyboard ကတော့ဟုတ်ပါပြီ Font ဘယ်လိုသွင်းရမှာလဲ ( Font Settings ကဘယ်လိုလုပ်ရမှာလဲ ) ဆိုရင် -
"How to add Unicode font for Android"  ဆိုတဲ့ခေါင်းစဉ်နဲ့ Post ကိုရှာဖွင့်ပြီး မည်သည့်ဖုန်းအမျိုးအစားအတွက်  Font Settings ကို မည်သို့ပြုလုပ်သည်ဆိုတာကို ကြည့်ရှုပြီး လိုက်ပါလုပ်ဆောင်လို့ရပါတယ်။ Android ဖုန်းတွေအတွက်ရော iOS အတွက်ပါ ပါဝင်ပါတယ်။


Unicode တော့ထည့်ပြီးပြီ SMS ( Phone Message ) တွေ၊ Phone Contacts တွေမှာက မြန်မာစာမမှန်ဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်ရမလဲ...?  ဆိုရင်တော့ "Android SMS and Utility ရယူရန်"  ဆိုတဲ့ခေါင်းစဉ်နဲ့ Post ကိုရှာဖွင့်ပြီး ပေးထားတဲ့ App ကို Download ပြုလုပ်ပြီး Zawgyi နဲ့ပို့ထားတဲ့ SMS နဲ့ Zawgyi နဲ့မှတ်ထားတဲ့ Phone Contacts တွေကို အဲ့ဒီ App လေးအကူအညီနဲ့ အမှန်မြင်နိုင်ပါပြီ။ ( အကုန်လုံး Unicode သုံးလာကြပြီဆိုရင်တော့ မလိုတော့ဘူးပေါ့။ :D )


ဒီပို့စ်ထဲမှာ အကုန်ထည့်ပေးထားတာမဟုတ်ဘူးလို့လာပြောမှာစိုးလို့ တခါထဲပြောပေးလိုက်ပါ့မယ်ဗျ။ လက်ရှိ Post ထဲက Post ခေါင်းစဉ်လေးတွေမှာတော့ Link တွေချိတ်ပေးထားလို့ တိုက်ရိုက်နှိပ်ပြီးဝင်ကြည့်လို့ရပါတယ်။ Facebook မှာက Myanmar Unicode Support  ( www.MyanmarUnicodeSupport.blogspot. com ) Website ကို Spam, Phishing ဝဘ်ဆိုက်လို့ထင်ပြီး ဘန်းထားတုန်းမို့ Website link ကို တိုက်ရိုက် Share လုပ်မရသေးလို့ ဒါလေးက Myanmar Unicode Support  Website ကို ဘယ်လိုဝင်ရလဲ သိရအောင် ပရိုမိုးရှင်းလုပ်ပေးတဲ့သဘောပါပဲ။ :D


အဆင်မပြေတာများရှိပါက ....


m.me/MyanmarUnicodeSupport

m.me/aungkyawsoe.sb

တို့ကိုနှိပ်ပြီး မေးမြန်းစုံစမ်းပြီး အကူအညီတောင်းခံနိုင်ပါတယ်။

အားလုံးပဲ အဆင်ပြေကြပါစေ။

Aung Kyaw Soe ( 20.9.2019 - 1:27 PM )

-