Facebook က Messenger Chat Group တွေကို တကယ်ဖျက်ပစ်တော့မှာလား...?

Facebook က Messenger Chat Group တွေကို တကယ်ဖျက်ပစ်တော့မှာလား...?




-     
  
ဒီအကြောင်းအရာလေးကို လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက Message ကနေလာလာမေးကြတယ်။ Facebook က Messenger Chat Group တွေကိုဖျက်ပစ်တော့မယ်ဆို၊ အဲ့လိုကြောင့် Online Shop လုပ်နေတဲ့သူတွေ Viber တို့ Whatapp တို့တွေမှာ Group တွေပြေးလုပ်နေကြပြီ။ အဲ့ဒီသတင်းက တကယ်ကြီးလားဆိုပြီး လာလာမေးကြပါတယ်။ ဒီနေ့လည်း အဲ့ဒါကိုလာမေးနေကြသေးလို့ ဒါလေးကိုရေးပေးလိုက်တာပါ။ 

တကယ်တော့ အဲ့ဒီသတင်းထွက်လာတဲ့အကြောင်းရင်းက Facebook ရဲ့ Admin Education Community Blog မှာတင်ထားတဲ့ "Chats in Facebook Groups will no longer be available" ဆိုတဲ့ခေါင်းစဉ်နဲ့ပို့ကြောင့်ထွက်ပေါ်လာတာပါ။ Facebook ရဲ ့ News Room ( newsroom.fb.com ) မှာတောင် Group နဲ့ပတ်သက်လို့နောက်ဆုံး Update အနေနဲ့တင်ထားတဲ့သတင်းက "Making Groups Privacy Settings Easier to Understand" နဲ့ "How Do We Help Keep Private Groups Safe?" ဆိုတဲ့ ၂ ခုပဲရှိပါတယ်။ 

Facebook က Group Chat တွေကိုဖျက်ပစ်မယ်၊ မကြာခင်မှာသုံးလို့မရတော့ဘူးဆိုတဲ့ဟာတွေက သတင်းအမှားကြီးပါ။ "Chats in Facebook Groups will no longer be available" မှာပြောထားတာက Facebook Group ( Member Group ) တွေထဲကနေ Chat Conversation လုပ်တဲ့ ခလုတ် ( Option ) သုံလို့ရတော့မှာမဟုတ်ဘူးဆိုတာရယ်၊ လာမယ့် 22.8.2019 နေ့ကစပြီး အဲ့ဒီလို Group ထဲကနေ Group Member အချင်းချင်း Chat Conversation လုပ်ထားတဲ့ Messenger Chat Group တွေမှာ Member ထပ်ထည့်တာ၊ စာတွေပုံတွေထည့်တာတွေလုပ်လို့ရတော့မှာမဟုတ်ပဲ ကြည့်ရုံပဲကြည့်လို့ရတော့မယ်၊ အရင်တုန်းကပြောဆိုထားတဲ့ Conversation History တွေကိုပဲ ပြန်ကြည့်လို့ရတော့မယ်ဆိုပြီးပြောထားတာပါ။ 

ဒါကြောင့် Messenger Chat Group ေတြသုံးမရျဖစ္မွာမပူပါနဲ ့ Messenger ထဲကနေ Group Chat အသစ်တွေထပ်လုပ်လို့ရသလို၊ ယခင် Messenger ထဲကနေလုပ်ထားတဲ့ Group Chat Conversation တွေက ယခင်အတိုင်းပဲ သုံးလို့ရနေပါဦးမယ်ဆိုတာပြောကြားရင်း အမေးများနေတဲ့ Messenger Group Chat တွေသုံးမရတော့ဘူးဆိုတာ ဟုတ်လား၊ မဟုတ်ဘူးလား၊ ဆိုတာကို ဒီ Post လေးနဲ့ပဲ အားလုံးအတွက်ဖြေပေးလိုက်ပါတယ်။ 

အားလုံးပဲ စိုးရိမ်ပူပန်မှုကင်းပြီး အဆင်ပြေကြပါစေ။

Aung Kyaw Soe ( 21.8.2019 - 9:12 PM )
-