ဒီနေ့မနက် Messenger ဝင်ကြည့်တော့ ဒီအကြောင်းအရာကို Forward လုပ်နေတာတွေ့ရတယ်။ သူ့အကြောင်းအရာက ဇူကာဘတ်က Facebook သုံးစွဲသူတိုင်းကို Facebook သုံးတဲ့အတွက် အခကြေးငွေပေးရတော့မယ်ဆိုတဲ့ပုံစံရေးထားတယ်။ ဒါကို ယုံတဲ့သူတွေကယုံကြတယ်။
ဘာကြောင့်ယုံကြတာလဲ...?
သေခြာ မလေ့လာမစူးစမ်းကြလို့ပါပဲ။
ဘယ်သူမှ သတိမထားမိခဲ့ကြဘူးမလား...?
Facebook.com ကိုဝင်လိုက်တာနဲ့ "Facebook account ဖွင့်သုံးမယ်ဆို လူတိုင်းအတွက်အမြဲတမ်း အခမဲ့ပါပဲ" လို့ ပြောထားတာတွေ့ရမယ်။
အခုလို Fake news တွေ တွေ့တိုင်း အစစ်အမှန်ဟုတ်မဟုတ်ဆိုတာကို အလွယ်တကူစစ်ကြည့်လို့ရနိုင်ပါတယ်။
ဘယ်လိုစစ်ကြည့်ရမလဲ...?
Facebook.com ကိုဝင်လိုက်တာနဲ့ "Facebook account ဖွင့်သုံးမယ်ဆို လူတိုင်းအတွက်အမြဲတမ်း အခမဲ့ပါပဲ" လို့ ပြောထားတာတွေ့ရမယ်။
အခုလို Fake news တွေ တွေ့တိုင်း အစစ်အမှန်ဟုတ်မဟုတ်ဆိုတာကို အလွယ်တကူစစ်ကြည့်လို့ရနိုင်ပါတယ်။
ဘယ်လိုစစ်ကြည့်ရမလဲ...?
1. Facebook Newsroom ( newsroom.fb.com/news ).
Facebook က Official News တွေထုတ်ပြန်ပေးတဲ့ News Room မှာ ကိုယ်တွေ့တဲ့သတင်း or အကြောင်းအရာ ဟုတ်၊ မဟုတ် ဆိုတာကို စစ်ဆေးကြည့်လိုက်ရင် Fake news or Real news လားဆိုတာ သိသွားပါလိမ့်မယ်။
2. Facebook Page( fb.com/facebook )
ဒီလိုအကြောင်းအရာမျိုးတွေဆိုရင် Facebook ရဲ့ Official page ကနေ တရားဝင်ထုတ်ပြန်ထားပါလိမ့်မယ်။ Facebook official page ကနေတောင် ထုတ်ပြန်မထားဘူးဆိုရင် Fake News ဆိုတာ သိသွားပါလိမ့်မယ်။
3. Mark Zuckerberg ( fb.com/zuck ).
ဇူကာဘတ်က ပြောထားတာဆိုရင် သေခြာတာက သူ့အကောင့်မှာသေခြာပေါက်တင်ထားမှာပါ။ သူ့အကောင့်မှာတောင်တင်မထားတဲ့အကြောင့်အရာဆိုရင် Fake news ဆိုတာ သိသွားပါလိမ့်မယ်။
4. Google ( google.com )
Google search box ထဲမှာ Facebook နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုရိုက်ရှာကြည့်ပြီး ကိုယ့်ဆီရောက်လာတဲ့အချက်အလက်က မှန် မမှန်ဆိုတာ စစ်ဆေးကြည့်လိုက်ရင် Fake news ဟုတ်၊ မဟုတ်ဆိုတာ သိသွားပါလိမ့်မယ်။
ပေါ်ပင်မှာပျော်ရွှင်တတ်သူတွေအနေနဲ့ ဒါလေးကို Friend ဘယ်နှယောက်ဆီကို Share ပေးလိုက်ရင် Facebook က ဘာပေးမှာပါ၊ ဘာလုပ်ပေးမှာပါဆိုတဲ့အရာတွေကို လုံးဝမှအယုံအကြည်မရှိကြပါနဲ့၊ လိုက်မလုပ်ကြပါနဲ့ Facebook က ဘယ်တော့မှအဲ့လိုလုပ်ခိုင်းမှာမဟုတ်လို့ပါ။
ကဲ.... ဒီလောက်ပဲတော်သေးပြီ။ နောက်ဆို ဒါမျိုးတွေတွေ့လာခဲ့ရင် ကိုယ့်ဘာသာလေ့လာစူးစမ်းပြီးမှ ယုံကြပါလို့ပဲနောက်ဆုံးအနေနဲ့ပြောချင်ပါတော့တယ်။
Aung Kyaw Soe ( 4.7.2019 - 1:07 PM )
မူရင်းပို့စ် =>
0 comments:
Post a Comment
မှတ်ချက်(Comment)ပေးသွားလိုတာရှိပါကပေးသွားနိုင်ပါတယ်။ နောက်ထပ် ရေးသားပေးလိုသည့်အကြောင်းအရာများကိုလည်းပြောခဲ့နိုင်ပါတယ်။