Online ပေါ်မှာ မည်သူ့ကိုမှ အလွယ်တကူမယုံကြည်ပါနဲ့

Online ပေါ်မှာ မည်သူ့ကိုမှ အလွယ်တကူမယုံကြည်ပါနဲ့



ဘယ်သူ့ကိုမှမယုံပါနဲ့ဆိုတာက ကာလံဒေသံပေါ်မူတည်ပြီး မယုံကြည်ဖို ့ပြောတာပါ။ အခု Post မှာပြထားတဲ့ SS တွေထဲကလိုအဖြစ်မျိုးတွေ နောက်ထပ် ထပ်မဖြစ်တော့အောင်လို့ပါ။

Facebook Account တွေခိုးယူခံရပြီး၊ ငွေညှစ်ခံရတာတွေ၊ အခုလို အခိုးခံရတဲ့အကောင့်ထဲမှာရှိတဲ့သူတွေဆီကနေ ယုံကြည်မှု၊ ရင်းနှီးမှုတွေကိုအခွင့်ကောင်းယူ၊ အလွဲသုံးစားလုပ်ပြီး၊ ငွေကြေးလိမ်လည်တောင်းခံရယူမှုတွေ နေ့စဉ်နဲ့အမျှဖြစ်ပေါ်နေပါတယ်။ ယခင်က Account ခိုးပြီး၊ အကောင့်ပိုင်ရှင်ဆီကပဲ ငွေညှစ်ပါတယ်၊ အဲ့လိုညှစ်တာက ၁ ခါပဲရလို့အခုနောက်ပိုင်း အဲ့ဒီခိုးလို့ရတဲ့အကောင့်ထဲက Friend list ထဲက ရင်းနှီးပြီး ငွေရမယ်ထင်တဲ့သူတွေဆီကနေ ယုံအောင်ပြောပြီးလိမ်တောင်းတာမျိုးတွေကို လုပ်တာများလာပါတယ်။

ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုဖြစ်စဉ်တွေကို မြင်တွေ့သိရှိလို့ပဲဖြစ်ဖြစ်၊ မသိတာပဲဖြစ်ဖြစ်၊ Online ပေါ်ကနေ ဆက်သွယ်နေကျ Facebook, Facebook Messenger, Viber , Gmail နဲ့ အခြား Email တွေ Social Media Platform တွေကနေ၊ ကိုယ်နဲ့ခင်မင်၊ ရင်းနှီး၊ သိကျွမ်း၊ ထားတဲ့ မိတ်ဆွေ၊ သူငယ်ချင်းအပေါင်းအသင်း၊ ကိုယ့်ရဲ ့ချစ်သူ၊ ခင်သူ၊ နောက်ဆုံး ကိုယ့်အိမ်က မိသားစုဝင်ထဲကနေပဲဖြစ်ဖြစ် ဆက်သွယ်လာပြီး အခုလို ငွေရေးကြေးရေးအကူအညီတောင်းတာမျိုး၊ အရေးပေါ်ငွေလိုနေလို့လွှဲပေးပါဆိုတာမျိုးတွေရှိလာရင်၊ အလွယ်တကူ အယုံလွယ်ပြီး ပြီးလျှင်ပြီးရောဆိုပြီး လွှဲမပေးလိုက်ကြပါနဲ့။ အရင်ဆုံး အတည်ပြုပြီး တကယ့် ကာယကံရှင်အစစ်အမှန်ဖြစ်တာသေခြာပြီဆိုတော့မှသာ လွှဲပေးကြပါ။

ကျွန်တော်ဆိုရင် ဘယ်လောက်ယုံကြည်ရပါတယ်၊ ဘယ်လောက်ထိတောင်ရင်းနှီးပါတယ်ဆိုတဲ့သူမျိုးမဆို ငွေရေးကြေးရေး အကူအညီတောင်းလာခဲ့ရင်၊ အရင်ဆုံး ကိုယ်သိထားတဲ့ ကာယကံရှင်ကိုယ်တိုင်ဟုတ်မဟုတ်ဆိုတာကို အရင်အတည်ပြုပါတယ်။ ဘယ်လိုအတည်ပြုလဲဆိုရင် ဖုန်းဆက်မေးပြီးအတည်ပြုပါတယ်။ ကိုယ်နဲ ့စကားပြောနေကျအသံ ဟုတ်မဟုတ်ဆိုတာမျိုးရယ်၊ နောက်ဆုံး လိုအပ်ရင် အခုပို ့စ်ထဲကလို Video call ခေါ်ပြီး၊ ရုပ်မြင်ရတော့မှသာ တကယ်ပဲဟ ဒါဆိုရပြီဆိုပြီး၊ အတည်ပြုပြီမှသာ လွှဲပေးပါတယ်။ ဖုန်းလည်းမပြောရ၊ ရုပ်လည်းမမြင်ရရင်တော့ လုံးဝ၊ လုံးဝမှ လွှဲမပေးကြပါနဲ့ဆိုတာပါပဲ။

အကယ်၍ ကိုယ့်အကောင့် အခိုးခံရပြီး ကိုယ့်အကောင့်ထဲကလူတွေဆီကနေ ငွေတွေလိမ်တောင်းတာမျိုးခံရတယ်ဆိုရင် နီးစပ်ရာရဲစခန်းမှာအမှုဖွင့်ဖြစ်အောင်ဖွင့်ပါ၊ မဖွင့်ပဲမနေပါနဲ့။ ကိုယ့်နာမည်၊ ကိုယ့်ပုံ၊ ကိုယ့် ကိုယ်ကျင့်သိက္ခာတွေကို အလွဲသုံးစားလုပ်ပြီးကျူးလွန်သွားတာပါ။ အမှုတော့မဖွင့်တော့ပါဘူးဆိုပြီး ငွေအလိမ်ခံရတဲ့သူတွေကို ကိုယ့်အိပ်ထဲကထုတ်ပြီး လိုက်ဆပ်ရင် ကိုယ့်ပိုက်ဆံတွေကုန်ပါမယ်၊ ကိုယ်လုပ်တာမှမဟုတ်တာ အကောင့်ခိုးတဲ့သူလိမ်ပြီးယူသွားတာပဲ မဆပ်နိုင်ပါဘူးဆိုပြီး မဆပ်ပဲထားပြန်ရင်လည်း ကိုယ့်ဂုဏ်သိက္ခာပါ ထိခိုက်ကျဆင်းစေပါတယ်။

ကိုယ်က ပြန်လိုက်ဆပ်ပေးလိုက်တဲ့သူတွေကတော့ သူတို့ပိုက်ဆံပြန်ရသွားလို ့ပျော်သွားနိုင်ပေမယ့်၊ ကိုယ်က မဆပ်ပဲနေမိရင်၊ အဲ့ဒီလူတွေက ကိုယ့်နောက်ကွယ်မှာ ကိုယ့်ကို ကောင်းကောင်းကြီးမေတ္တာပို့ပြီး ပြောဆိုနေကြမှာအသေအခြာပါ၊ ဒါကြောင့် အမှုဖွင့်ဖြစ်အောင်သာဖွင့်ကြပါ။ Wave Money ကနေလွှဲခိုင်းတာ၊ Bank Account ကလည်း တကယ့် Real user info နဲ ့ဖွင့်ထားတာမဟုတ်ပဲ Fake နဲ့လုပ်ထားတာ တရားခံကိုလိုက်လို ့လွယ်မှာမဟုတ်ဘူးဆိုပြီးပစ်မထားလိုက်ပါနဲ့၊ အခုနောက်ပိုင်း အခုလိုအမှုတွေအတွက်၊ အဲ့ဒီအပိုင်းတွေကို သေခြာလေးလုပ်ထားနေပြီဖြစ်လို့ တရားခံကိုဖမ်းမိဖို့လွယ်ကူနေပါပြီ၊ အမှုသာ ဖွင့်ဖြစ်အောင်ဖွင့်ကြပါ။

ကဲ... ဒီလောက်ပါပဲဗျာ... ကျွန်တော်ခေါင်းစဉ်တပ်ထားသလိုပဲ၊ အွန်လိုင်းပေါ်မှာ မည်သူ့ကိုမျှ အလွယ်တကူမယုံကြည်ကြပါနဲ့လို့ပဲ နောက်ဆုံးအနေနဲ့ပြောချင်ပါတယ်။

SS ထဲက Post link => https://www.facebook.com/AMMHMA/posts/2541284259219394

Aung Kyaw Soe ( 23.1.2019 - 1:47 PM )
မူရင်းပို့ စ်-