Facebook Account Name ကို Real Name ပဲအသုံးပြုပါ

Facebook Account Name ကို Real Name ပဲအသုံးပြုပါ



"Facebook User Account ရဲ့Profile Name ကို Real Name ကိုပဲအသုံးပြုကြပါ"
ဘာကြောင့် နာမည်အစစ်အမှန် ( သင့်ရဲ့ID card ထဲကအမည်။ )ကို အသုံးပြုခိုင်းတာလည်းဆိုတော့ Facebook ကနေ လူစင်စစ်တစ်ယောက်ရဲ့Account အတွက် သတ်မှတ်ထားတဲ့စံနှုန်းတွေကြောင့်ပါ။ အဲ့ဒါကြောင့် ပေါက်တတ်ကရ နာမည်( Fake name ) တွေကိုအသုံးခွင့်ပေးပဲ၊ တကယ့်နာမည်အစစ်အမှန်( Real name ) ကိုသာ အသုံးပြုကြဖို့နဲ့ ဘယ်လိုအမည်နာမမျိုးတွေကို အသုံးခွင့်မပေးဘူးဆိုတာကို ဖော်ပြပေးထားပါတယ်။


ပေါက်တတ်ကရနာမည်တွေပေးထားရင်ဘာဖြစ်လဲ...?
ပေါက်တတ်ကရနာမည်တွေပေးထားရင် အမြင်ကတ်တဲ့လူတစ်ယောက်ယောက်က Fake name နဲ့ Report လုပ်သွားတာနဲ့ကိုယ့်အကောင့်က Lock ကျသွားနိုင်ပါတယ်။ ( ကျဖို့လည်းရာခိုင်နှုန်းများပါတယ်။ ) ဒါတင်ပဲလားဆိုတော့ ကိုယ့်အကောင့်တစ်ခုခုဖြစ်လို့ ID တင်ပြီးပြန်ယူတဲ့အခါမှာ ပေါက်ကရနာမည်ပေးထားလို့တိုင်ပတ်နိုင်ပါသေးတယ်။

Facebook Account တစ်ခုကို ရေရှည်အသုံးပြုဖို့ဘာလိုအပ်လဲ...?
အဓိကလိုအပ်တာကတော့ User Account အတွက် ( ၃ )ချက်ပါ၊ အဲ့ဒီအချက် ( ၃ )ချက်ကိုဖြည့်ထားခဲ့မယ်ဆိုရင်၊ ကိုယ့် Account တစ်ခုခုဖြစ်တဲ့အခါမှာလည်း ပြန်ယူရတာအဆင်ပြေလွယ်ကူစေပါတယ်။ အခုဆိုရင် Facebook team ကနေ ဒီအချက်တွေနဲ့တိုက်စစ်ပြီး၊ ကိုက်ညီမှုရှိတယ်ဆိုတော့မှ Confirm လုပ်ပေးပါတယ်။

သူတို့တိုက်စစ်တာက...

1. Name.
2. Date of Birth.
3. Photo.


ဆိုတဲ့ ( ၃ ) ခုနဲ့တိုက်စစ်ပါတယ်။ ဒါကြောင့်မို့လို့ အောက်ပါအချက်လေးတွေကိုမဖြစ်မနေဖြည့်စွက်ထားဖို့လိုပါမယ်။ ( အကောင့်စဖွင့်တုန်းက အမှန်တွေဖြည့်ထားတာမဟုတ်ဘူးဆိုရင်၊ အခုချက်ချင်းပဲ အမှန်တွေပြောင်းလဲပစ်လိုက်ပါ။ )

1. နာမည်အစစ်အမှန်အသုံးပြုပါ။ ( Using real name )
2. မှတ်ပုံတင်ထဲကမွေးနေ့မွေးရက်ကိုအသုံးပြုပါ။ ( Using real date of birth )
3. ကိုယ့်ဓာတ်ပုံအစစ်အမှန်ကိုတင်သုံးပါ။ ( Using real user photo )

အဲ့ဒီ ( ၃ ) ချက်တင်ပဲလားဆိုတော့ Facebook က ပြဌာန်းထားတဲ့၊ ချမှတ်ထားတဲ့ Privacy and Policies တွေကိုလိုက်နာပြီး၊ ကိုယ့် Facebook Security ပိုင်းလေးတွေကိုပါ အလေးထားခဲ့မယ်ဆိုရင် Facebook ဆိုတာကြီးရှိနေသ၍ အဲ့ဒီ Facebook account လည်း တည်ရှိနေပြီး၊ အသုံးပြုလို့ရနေဦးမှာပါပဲ။



တကယ့်စစ်မှန်တဲ့အကြောင်းအရာတစ်ခုပြောပြရရင် Fake Name အသုံးပြုထားတဲ့ Facebook Account ပိုင်ရှင်ကို တော်တော်များများက လူရာသိပ်မသွင်းချင်ကြပါဘူး။ ဒါကြောင့် လူရာအသွင်းခံချင်ရင် ပေါက်တတ်ကရနာမည်တွေမပေးပဲ နာမည်အစစ်အမှန်နဲ့ လူလူသူသူသာ အသုံးပြုကြပါလို့တိုက်တွန်းချင်ပါတယ်။

နောက်ပြီးတော့ အရေးကြီးပြီး၊ လူသိနည်းတာလေးတစ်ခုကို ပြောပြပြီး၊ သတိပေးချင်ပါတယ်။

အဲ့ဒါကဘာလဲဆိုတော့...
User Account နဲ့ စီးပွားရေးလုပ်နေတာတွေ၊ လုပ်ငန်းတွေ၊ အသင်းအဖွဲ့တွေ၊ နာမည်တွေနဲ့ Facebook account တွေဖွင့်ထားကြတာကိုပါပဲ။ အဲ့ဒါကို Facebook က ခွင့်ပြုပေးမထားပါဘူး။

Profiles are for individual use only. You can create a Page for a business, organization or idea.


"ပရိုဖိုင်များသည် တစ်ဦးချင်းစီသီးသန့် အသုံးပြုရန်အတွက်သာဖြစ်သည်။ စီးပွားရေး၊အဖွဲ့အစည်း သို့မဟုတ် အကြံဉာဏ်များအတွက် စာမျက်တစ်ခု သင်ဖန်တီးနိုင်ပါသည်။"

လို့ပြောထားပါတယ်။ ပြောချင်တာက အဲ့လိုအရာမျိုးတွေအတွက် User Account အနေနဲ့ဖွင့်သုံးတာမျိုးမဟုတ်ပဲ၊ Page အနေနဲ့ဖွင့်ပြီးအသုံးပြုကြဖို့ကိုပြောထားတာပါ။ Facebook.com ကိုဝင်လိုက်တာနဲ့အောက်ပါအတိုင်းပြောထားပါတယ်။



"ကျော်ကြားသူတစ်ယောက်၊ ဂီတအဖွဲ့တစ်ဖွဲ့သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုအတွက် စာမျက်နှာတစ်ခုဖန်တီးရန်" 

ဒါကြောင့် Account နဲ့သုံးသင့်တာလား Page နဲ့သုံးသင့်တဲ့ဟာလားဆိုတာကတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ပြီးတော့သာ လုပ်‌ဆောင်ကြပါ။ Facebook account တစ်ခုဖွင့်ပြီး အဲ့ဒီအကောင့်ထဲမှာ Page ပေါင်းများစွာဖွင့်လို့ရပါတယ်။

ကဲ... လေကြောရှည်တာဒီလောက်ပါပဲ၊ အောက်မှာ Facebook က လူစင်စစ်တွေအတွက် Account Name ကို ဘယ်လိုပဲလက်ခံတယ်ဆိုတာပြောပေးထားပါတယ်။ ယူနီကုတ်နဲ့ရော ဇော်ဂျီနဲ့ပါထည့်ပေးထားပါတယ်။ E လိုကတော့ မထည့်ပေးတော့ဘူး။ Link ထည့်ပေးထားတယ် ကိုယ့်ဘာသာဝင်ဖတ်ကြတော့။


___ZawGyi Font Version___

Facebook တွင် မည်သို့သောနာမည်များကို ခွင့်ပြုထားသနည်း။

Facebook သည် လူတိုင်း၏နေ့စဉ်ဘဝတွင် အသုံးပြုလျက်ရှိသော နာမည်များရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ သင်နှင့် ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းအား ဟန်ဆောင်မှုများ၊လိမ်လည်မှုများနှင့် ငွေကြေးဟန်ဆောင်လိမ်လည်မှုများမှ ကာကွယ်ပေးနေသော အကူအညီများနှင့် သင်ဆက်သွယ်နေရကြောင်းကို အမြဲတမ်းသိထားပေးပါ။

သင်၏အမည်တွင် အောက်ပါအချက်များ မပါဝင်ရပါ -
သင်္ကေတများ၊ နံပါတ်များ၊ သုံးနေကျမဟုတ်သော စာလုံးကြီးများ၊ အကြိမ်ကြိမ်ပြန်သုံးစာလုံးများ (သို့) ပုဒ်ဖြတ်ပုဒ်ရပ် ဘာသာစကားအမျိုးမျိုးမှ စာလုံးများ
- ဘွဲ့ဂုဏ်ပုဒ်ပြ စာလုံးတိုင်း (ဥပမာ- သက်မွေးလုပ်ငန်းအမည်၊ ဘာသာရေးဘွဲ့အမည်)
အမည်နေရာတွင် စာလုံများ (သို့) စကားစုများ
- စိတ်အနှောင့်အယှက်ဖြစ်စေသော (သို့) အရိပ်အမြွက်ပြ စာလုံးတိုင်း
သိထားသင့်သည့် အခြားအကြောင်းအရများ -
သင်၏ပရိုဖိုင်မှ အမည်သည် သင့်သူငယ်ချင်းများ သင့်ကို နေ့တိုင်းခေါ်ဆိုနေသော အမည်ဖြစ်ရပါမည်။ ကျွန်ုပ်တို့၏ID စာရင်းမှ ID တစ်ခု သို့မဟုတ် စာရွက်စာတမ်းများတွင် ပါဝင်သော အမည်ဖြစ်ရန်လည်း လိုအပ်ပါသည်။

သင်၏နာမည်အစစ်အမှန်အား ပြောင်းလဲထားပါက နာမည်ပြောင်များကို ပထမ သို့မဟုတ် အလယ် နာမည်အဖြစ် အသုံးပြုနိုင်ပါသည်(ဥပမာ Robert အစား Bob)
သင်၏အကောင့်တွင် အခြားနာမည်တစ်ခုအား စာရင်းသွင်းထားနိုင်ပါသည် (ဥပမာ-မျိုးရိုးအမည်၊နာမည်ပြောင်၊ပညာရှင်အမည်)
ပရိုဖိုင်များသည် တစ်ဦးချင်းစီသီးသန့် အသုံးပြုရန်အတွက်သာဖြစ်သည်။ စီးပွားရေး၊အဖွဲ့အစည်း သို့မဟုတ် အကြံဉာဏ်များအတွက် စာမျက်တစ်ခု သင်ဖန်တီးနိုင်ပါသည်။
တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်အဖြစ်ဟန်ဆောင်ခြင်းအား ခွင့်မပြုပါ။

မှတ်ချက် - သင်၏အမည်သည် ကျွန်ုပ်တို့၏ စံနှုန်းများနှင့်ကိုက်ညီသော်လည်း ပြောင်းလဲရန် ပြဿနာတတ်နေပါက မည်သို့ဖြစ်ရကြောင်းကို အဖြေရှာပါ။

___Unicode Font Version___
Facebook တွသ် မည်သို့သောနာမည်များကို ခွင့်ပြုထားသနည်း။

Facebook သည် လူတိုင်း၏နေ့စဥ်ဘဝတွင် အသုံးပြုလျက်ရှိသော နာမည်များရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ သင်နှင့် ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းအား ဟန်ဆောင်မှုများ၊လိမ်လည်မှုများနှင့် ငွေကြေးဟန်ဆောင်လိမ်လည်မှုများမှ ကာကွယ်ပေးနေသော အကူအညီများနှင့် သင်ဆက်သွယ်နေရကြောင်းကို အမြဲတမ်းသိထားပေးပါ။

သင်၏အမည်တွင် အောက်ပါအချက်များ မပါဝင်ရပါ -
သင်္ကေတများ၊ နံပါတ်များ၊ သုံးနေကျမဟုတ်သော စာလုံးကြီးများ၊ အကြိမ်ကြိမ်ပြန်သုံးစာလုံးများ (သို့) ပုဒ်ဖြတ်ပုဒ်ရပ်ဘာသာစကားအမျိုးမျိုးမှ စာလုံးများ
- ဘွဲ့ဂုဏ်ပုဒ်ပြ စာလုံးတိုင်း (ဥပမာ- သက်မွေးလုပ်ငန်းအမည်၊ ဘာသာရေးဘွဲ့အမည်)
အမည်နေရာတွင် စာလုံများ (သို့) စကားစုများ
- စိတ်အနှောင့်အယှက်ဖြစ်စေသော (သို့) အရိပ်အမြွက်ပြ စာလုံးတိုင်း
သိထားသငျ့သညျ့ အခွားအကွောငျးအရမာြား-
သင်၏ပရိုဖိုင်မှ အမည်သည် သင့်သူငယ်ချင်းများ သင့်ကို နေ့တိုင်းခေါ်ဆိုနေသော အမည်ဖြစ်ရပါမည်။ ကျွန်ုပ်တို့၏ID စာရင်းမှ ID တစ်ခု သို့မဟုတ် စာရွက်စာတမ်းများတွင် ပါဝင်သော အမည်ဖြစ်ရန်လည်း လိုအပ်ပါသည်။

သင်၏နာမည်အစစ်အမှန်အား ပြောင်းလဲထားပါက နာမည်ပြောင်များကို ပထမ သို့မဟုတ် အလယ် နာမည်အဖြစ် အသုံးပြုနိုင်ပါသည်(ဥပမာ Robert အစား Bob)
သင်၏အကောင့်တွင် အခြားနာမည်တစ်ခုအား စာရင်းသွင်းထားနိုင်ပါသည် (ဥပမာ-မျိုးရိုးအမည်၊နာမည်ပြောင်၊ပညာရှင်အမည်)
ပရိုဖိုင်များသည် တစ်ဦးချင်းစီသီးသန့် အသုံးပြုရန်အတွက်သာဖြစ်သည်။ စီးပွားရေး၊အဖွဲ့အစည် သို့မဟုတ် အကြံဥာဏ်များအတွက် စာမျက်တစ်ခု သင်ဖန်တီးနိုင်ပါသည်။

တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်အဖြစ်ဟန်ဆောင်ခြင်းအား ခွင့်မပြုပါ။
မှတ်ချက် - သင်၏အမည်သည် ကျွန်ုပ်တို့၏ စံနှုန်းများနှင့်ကိုက်ညီသော်လည်း ပြောင်းလဲရန် ပြဿနာတတ်နေပါက မည်သို့ဖြစ်ရကြောင်းကို အဖြေရှာပါ။

အသေးစိတ်ဖတ်ရှုလိုလျှင်(ရည်ညွှန်းလင့်များ၊ အကျယ်တဝင့်ချိတ်ဆက်ပေးထားမှုများ၊ ကိုသိရှိလိုလျှင် ) => fb.com/help/112146705538576

Aung Kyaw Soe ( 24.1.2019 - 8:50 PM )
မူရင်းပို့စ် -