အခုဆိုရင် Facebook Account တွေကိုခိုးယူပြီး၊ ခြိမ်းခြောက်၊ ငွေညှစ်တာအပြင်၊ Personal Attack ပြုလုပ်တာတွေကို နေ့စဉ်နဲ့အမျှ မြင်တွေ့၊ ကြား၊ သိ၊ နေကြမယ်ထင်ပါတယ်။
Account တွေ ဘာကြောင့်ခိုးယူခံနေရလည်းဆိုရင် သုံးစွဲနေတဲ့ ကာယကံရှင်တွေရဲ့ Security ပိုင်း အလေးမထားမှုတွေကြောင့် ခိုးယူခံရတာတွေချည်းပါပဲ။ နည်းပညာပိုင်းမှာ Knowledge မရှိတာရယ်၊ နည်းပညာဆိုရင် သူတို့နဲ့မဆိုင်ဘူး၊ သူတို့မသိဘူး၊ မတတ်ဘူး၊ မလုပ်တတ်ဘူး၊ ဆိုပြီး ဘူးပဲခံကြတဲ့သူတွေများနေလို့ပါ။
တကယ်ဆိုရင် Security ပိုင်းလေးကိုဝင်လုပ်ရတာ ဘာမှ မခက်ပါဘူး။ အပျင်းကြီးတာရယ်၊ IT ပိုင်း မသိဘူး၊ လိုက်မမှီဘူး၊ ဆိုပြီး မသိချင်ယောင်ဆောင်နေတာတွေရယ်ကြောင့်သာ ကိုယ်စီးတဲ့မြင်းကို အထီးလား၊ အမလားမသိတော့ပဲ အခုလို အောက်တန်းစား ခွေးသူခိုးတွေရဲ့ အလွယ်တကူ ခိုးယူခြင်းကို ခံကြရပါတယ်။ မြန်မာပြည်မှာ Facebook အသုံးပြုသူ 100% မှာ 90% လောက်က Account Security ပိုင်းဆိုင်ရာကို အလေးမထားကြတာများပါတယ်။
အဲ့ဒီလို ကိုယ့် Facebook Account Security ပိုင်းကို အလေးမထားတဲ့သူတွေများတဲ့အတွက် အောက်တန်းစား ခွေးသူခိုး မိမဆုံးမ ဖမဆုံးမ အကောင့်လိုက်ခိုးပြီးလုပ်စားနေတဲ့ ခွေးသူခိုးတွေအတွက်တော့ စားပေါက်ချောင်ပြီး ပွဲတော်ကြီးတွေနဲ့ ကြုံနေသလိုဖြစ်နေပါတယ်။
အစပိုင်းကတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အနုပညာရှင်တွေကို Target ထားပြီး လုပ်စားနေကြတာဖြစ်ပေမယ့် အခုဆိုရင် ခွေးရူးတွေလိုပဲ မဲမဲမြင်ရာအကုန်လိုက်ဆွဲနေကြပါပြီ။ ကိုယ်က Cele မှ မဟုတ်တာ၊ စီးပွားရေးလုပ်ငန်းရှင်မှ မဟုတ်တာ ငါ့ Account ကို Hack မှာ မဟုတ်ပါဘူးလို့ မတွေးကြပါနဲ့ အောက်တန်းစားခွေးသူခိုးတွေက တွေ့သမျှအကောင့်တွေကို အကုန်လိုက်ခိုးပြီး ငွေညှစ်နေကြတာပါ။ သတိထားကြပါ။
အကောင့်တွေ ခိုးယူခံရပြီး ငွေညှစ်တဲ့အခါ အနည်းဆုံး ၃သိန်း ကနေ သိန်း ၅၀ အထိ ငွေညှစ်ကြပါတယ်။ ၃သိန်း၊ ၅သိန်း၊ ၇သိန်း၊ ၁၀သိန်း၊ သိန်း ၂၀၊ သိန်း ၅၀၊ ဆိုပြီး အစားစားညှစ်ကြတယ်။ ကိုယ့်အကောင့်ပါသွားပြီး ငွေလာညှစ်ရင် တစ်ပြားမှ မပေးကြပါနဲ့ နီးစပ်ရာ အသိမိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုဝင်တွေကိုပြောပြီး အခြားနည်းတွေနဲ့ဖြေရှင်းပါ။ လိုအပ်ရင် နီးစပ်ရာ ရဲစခန်းတွေမှာ အမှုဖွင့်ပါ။ သူတို့တောင်းတဲ့ ငွေကိုတော့ လုံးဝ လုံးဝမှ မပေးကြပါနဲ့။
ဒီနေရာမှာ ဦးရဲကြီးတွေ ကဏ္ဍ ပါလာပါပြီ။ အခုလို အကောင့်ခိုးပြီး ငွေညှစ်ခံရတာတွေ၊ personal Attack လုပ်ခံရတာမျိုးတွေကို ရဲစခန်းတွေမှာ အမှုသွားဖွင့်ရင် ရဲတွေအနေနဲ့ အမှုကို ဘာနဲ့လက်ခံပြီး ဖွင့်ပေးရမှန်းမသိဘူးလို့ပြောပြီး ဒီတိုင်းပြန်လွှတ်တာတွေရှိသလို အမှုလာဖွင့်တဲ့ နစ်နာသူ ပြည်သူတွေကိုတောင် ကိုယ်အလို့၊ ကိုယ်အသုံးမကျလို့ ကိုယ်ခံရတာ ခံပေါ့ဆိုပြီး အပြစ်တောင် ပြန်တင်လိုက်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ အဲ့လိုတွေကြောင့် "ကူညီပါရစေ" ဆိုတဲ့ဆောင်ပုဒ်ကို နဖူးစည်းတပ်ထားတဲ့ ဦးရဲကြီးတို့အပေါ်မှာ ပြည်သူတွေက ယုံကြည်အားကိုးလိုစိတ်ပျောက်ဆုံးပြီး အပြစ်တောင်မြင်သွားစေပါတယ်။
အွန်လိုင်းရာဇဝတ်မှု( Cyber Crime ) တွေနဲ့ပတ်သက်တဲ့အမှုတွေဆိုရင် ဦးရဲကြီးတို့မှာ နည်းပညာပိုင်းမှာ အားနည်းတာအပြင်၊ ဥပဒေရေးရာဘက်မှာ ဗဟုသုတနည်းတဲ့အတွက် အမှုကိုလက်ခံပြီး စစ်ဆေးအရေးယူမှုတွေလုပ်ရမှာကို ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ ငြင်းလွှတ်တာတွေ၊ လက်ရှောင်တာတွေ၊ မသိကျိုးကျွံပြုတာတွေ လုပ်ပစ်လိုက်ကြတာများပါတယ်။ အများဆုံးကတော့ Cyber Law က အတည်မပြုရသေးဘူး၊ ပြင်ဆင်နေဆဲမို့ စစ်ဆေးအရေးယူလို့မရသေးဘူးဆိုပြီး။ ဘူးခံနေကြတာများပါတယ်။
တကယ်တော့ Cyber Law က ယခင်ကတည်းက ပြဌာန်းထားပြီးသားပါ။ ပြန်လည်ပြင်ဆင်နေပြီး အတည်မပြုရသေးတာက မူကြမ်းပဲရှိပါသေးတယ်။ မူကြမ်းကိုအတည်ပြုလက်ခံပြီးမှ နဂိုမူရင်း ပြဌာန်းထားပြီး တည်ဆဲဖြစ်နေတဲ့ Cyber Law ကို ပြင်ဆင်ဖြည့်စွက်ပြီး ပြောင်းလဲအတည်ပြုရမှာပါ။ ရှင်းရှင်းပြောရရင် လက်ရှိအချိန်မှာ နဂိုပြဌာန်းထားတဲ့ Cyber Law က တည်ဆဲဥပဒေဖြစ်လို့ အဲ့ဒီဟာနဲ့ပဲ အရေးယူ အပြစ်ပေးနေလို့ရပါတယ်။
နောက်ဆုံး Cyber Law နဲ့ အရေးယူအပြစ်မပေးပဲ ခိုးမှု၊ ခြိမ်းခြောက်မှု၊ အသရေဖျက်မှု၊ Blackmail လုပ်မှု၊ တွေနဲ့တင် အရေးယူအပြစ်ပေးလို့ရပါတယ်။ ဥပဒေရေးရာဘက်မှာ ကျွမ်းကျင်သူတွေဆိုရင် အခြားသော ပုဒ်မများစွာကိုထပ်တိုးပြီး စွဲချက်တင်လို့တောင်ရပါတယ်။
ဖမ်းဆီးအရေးယူချင်ပေမယ့် နည်းပညာဘက်မှာ အားနည်းလို့ဆိုရင် နည်းပညာပိုင်းဆိုင်ရာမှာ အကူအညီပေးပါ့မယ်။ တကယ်ဆိုရင် ၂၀၀၀ ခုနှစ်အလွန် Internet Cafe တွေခေတ်က Proxy တွေနဲ့ ကျော်ခွပြီးအသုံးပြုနေတဲ့ Blogger တွေကိုတောင် ခြေရာခံပြီး ဖမ်းနိုင်ခဲ့သေးတာပဲ။ အခုဆိုရင် နည်းပညာပိုင်းဆိုင်ရာတွေက အရင်ထက်တောင်ပိုတိုးတက်လာလို့ အရင်ထက်တောင် မြန်မြန်ဆန်ဆန်နဲ့ ဖမ်းမိပါတယ်။ ဦးရဲကြီးတို့
သာ ဖမ်းဆီးအရေးယူဖို့ ဆန္ဒရှိပြီး တကယ် အလုပ်လုပ်ကြမယ်ဆိုရင်ပေါ့။
အခုဆိုရင် Anonymous မျက်နှာဖုံးတွေတပ်ပြီး သူတို့ကိုယ်သူတို့ Hacker လို့ခံယူပြီး တတ်ကျွမ်းထားတဲ့နည်းပညာကို အလွဲသုံးစားလုပ်ေနကြတဲ့ အောက်တန်းစား၊ ၀ဲစား၊ ခွေးသူခိုးတွေကြောင့် တကယ့် Hacker တွေတောင် လူမုန်းများလာပြီး သိက္ခာကျနေရပြီ။ အခု Facebook Account တွေလိုက်ခိုးနေတဲ့သူတွေက Hacker တွေမဟုတ်ပါဘူး။ Recovery test, I Can't Login, Phishing, တွေလောက်နဲ့ အကောင့်လိုက်ခိုးနေကြတဲ့ ဟက်ကြောင် Recovery သမား အောက်တန်းစားတွေပါ။ သူတို့တွေကို အထင်မကြီးပါနဲ့ အထင်ကြီးစရာ တစ်စက်မှမရှိတဲ့ အောက်တန်းကျတဲ့ မိမစစ်၊ ဖမစစ်၊ မိမဆုံးမ၊ ဖမဆုံးမ ကလေကချေ အောက်တန်းစားတွေပါ။
ကဲ.... ဒီေလာက္ပါပဲ။
မြန်မာပြည်က ဦးရဲကြီးတို့ကိုမေးချင်တာက အခုလို ပြည်သူတွေကို လူဒုက္ခ၊ စိတ်ဒုက္ခ ရောက်အောင်လုပ်နေကြတဲ့ အောက်တန်းစား ခွေးဝဲစား အကောင့်တွေလိုက်ခိုးပြီး ငွေညှစ်နေသူတွေကို ဘာမှမလုပ်ပဲ အလှထိုင်ကြည့်နေရတာကို ပျော်နေတာလားလို့..... 😒😒😒
အဲ့ဒီခွေးသူခိုးတွေကို အရေးယူအပြစ်ပေးနိုင်ဖို့ အားလုံးမှာ ဆန္ဒရှိတယ်ဆိုရင် ဦးရဲကြီးတွေ အဲ့ဒီသူခိုးတွေကိုအမြန်ဖမ်းအောင် ဝိုင်းဝန်းတောင်းဆိုပြီး ဖိအားပေးလိုက်ကြရအောင်လားဗျာ။
အားလုံးသိရှိသွားအောင် #Sahre ေလး လုပ္ေပးၾကပါဦး။
Aung KyawSoe ( 15.7.2018 - 6:40 AM )
မူရင်းပို့စ် =>
0 comments:
Post a Comment
မှတ်ချက်(Comment)ပေးသွားလိုတာရှိပါကပေးသွားနိုင်ပါတယ်။ နောက်ထပ် ရေးသားပေးလိုသည့်အကြောင်းအရာများကိုလည်းပြောခဲ့နိုင်ပါတယ်။