Page Like များအောင် ဂျင်းထည့်နေသည့် Fake Page တွေများစွာရှိနေပါတယ်။ အဲ့ဒီ Page တွေဟာ Like များစေရန် ခါတော်မီဖွင့်ပြီး Like သူတောင်းစားလုပ်လေ့ရှိကြပါတယ်။
တကယ့် Real Page တွေကို လိုက်တုပပြီး လုပ်ထားလေ့ရှိကြတာကြောင့် ခပ်ပိန်းပိန်း လူတွေ နဲ့ ငပိန်းစစ်စစ်တွေက အမြဲတမ်း ဂျင်းထည့်ခံရလေ့ရှိပါတယ်။
ဘာကြောင့် ဂျင်းထည့်ခံရလည်းဆိုရင် ( ၂ ) ချက်ရှိပါတယ်။
၁။ မစူးစမ်း မလေ့လာတဲ့အတွက်။
ဘာလေးရမယ်။ ညာလေးရမယ်။ ဆိုတာနဲ့ မစူးစမ်း၊ မလေ့လာတော့ပဲ Like, Comment, Share, လုပ်လိုက်ကြတာတွေကြောင့်ပါ။ ဂျင်းထည့်နေတဲ့ Fake Page ဟုတ်လား မဟုတ်လား ဆိုတာကို သေခြာ မစစ်ဆေးတဲ့အတွက် အဲ့ဒီလို ငပိန်းတွေက အမြဲဂျင်းမိတာ ထိပ်ဆုံးကပါပဲ။
၂။ ဦးဏှောက်မရှိတဲ့အတွက်။
ကံစမ်းမဲတို့၊ ဘာလုပ်ပေးရင် i Phone ရမယ်။ Phone bill ရမယ်။ ဆိုတာမျိုးတွေ တွေ့တာနဲ့ စဉ်းစားတွေးတောတတ်တဲ့ ဦးဏှောက်မရှိတဲ့သူတွေလို ဂျင်း Page (ဂျင်းထည့်သူ)က ခိုင်းတဲ့အတိုင်း ပျော်ပျော်ကြီး လိုက်လုပ်ပေးတတ်ကြလို့ပါပဲ။ တကယ်ဆိုရင် ဦးဏှောက်လေးသုံးပြီး ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကို ဝေဖန်ပိုင်းခြား၊ သုံးသပ်ကြည့်သင့်ပါတယ်။ ဒါမှလည်း ဂျင်း Page တွေက ခိုင်းသလို Like, Comment, Share, Mention, တွေ အလွယ်မလုပ်မိတော့ပဲ ဂျင်း Page တွေဆိုတာကို သိကြမှာမို့ပါ။
ကဲ.... အပေါ်မှာပြောထားတာဖတ်ပြီးပြီဆိုရင် ဂျင်းလိုက်ထည့်နေတဲ့ Sacm Page or Fake Page တွေကို Report ဝိုင်းလုပ်ပေးကြရအောင် အောင်က အဆင့်လေးတွေအတိုင်း လိုက် လုပ်ပေးကြပါဦး။
[[ Fake Page or Scam Page တွေကို Report လုပ်နည်း ]]
1. Report လုပ်မည့် Page Timeline ကိုဝင်လိုက်ပါ။
2. ညာဘက်အပေါ်ထောင့်မှ အစက်လေး 3 စက်ကိုနှိပ်ပြီး ပေါ်လာတဲ့ထဲက Report ကို နှိပ်ပါ။
3. It's a scam ကို နှိပ်ပါ။
4. This Page is fake ကို နှိပ်ပါ။
5. Mark this Page as a scam ကိုနှိပ်ပါ။
2. ညာဘက်အပေါ်ထောင့်မှ အစက်လေး 3 စက်ကိုနှိပ်ပြီး ပေါ်လာတဲ့ထဲက Report ကို နှိပ်ပါ။ |
3. It's a scam ကို နှိပ်ပါ။ |
4. This Page is fake ကို နှိပ်ပါ။ |
5. Mark this Page as a scam ကိုနှိပ်ပါ။ |
အထက်ပါအတိုင်း ဂျင်းထည့်နေသည့် Fake Page အတုအယောင်များကို တွေ့တိုင်း Report လုပ်ပေးကြပါ။
Report လုပ်ရန် နမူနာ ဂျင်း Page များ
------------------------------------------------
မြင့်မြတ် Page အတု =>
Myint Myat
https://www.facebook.com/Myint-Myat-364551220719765/
Myint Myat _မြင့်မြတ်
https://www.facebook.com/Myint-Myat-_%E1%80%BB%E1%80%99%E1…/
Myint Myat Fan Family
https://www.facebook.com/Myint-Myat-Fan-Family-20491060886…/
ေနတုိး Page အတု => https://www.facebook.com/Nay-Toe-%E1%80%B1%E1%80%94%E1%80%…/
ဂျင်းထည့်နေတဲ့ Page တွေကတော့ အများကြီးပဲ။ လက်ရှိ အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး ဂျင်းထည့်နေတဲ့ Page တွေကိုတော့ ဒီ Key Words "iphone 8 အလုံး ၁၀၀" နဲ့ သာ ရှာကြည့်တော့.... 😄
ကိုယ့် အသိ၊ မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ Facebook သုံးနေတဲ့ မိသားစုဝင်တွေထဲမှာ ခဏတိုင်း ဂျင်းထည့်ခံနေရသူတွေရှိနေတယ်ဆိုရင်.... သို့မဟုတ်.... Fake Page or Scam Page တွေရဲ့ ဂျင်းထည့်ခြင်းတွေကနေ ကြိုတင်ကာကွယ်ထားဖို့ အားလုံးသိရအောင် ပြန်လည်ပြီး #Share လုပ္ေပးလုိက္ၾကပါဦး။
သူတောင်းစားများရဲ့ ဂျင်းထည့်ခံရခြင်းမှ ကင်းဝေးကြပါစေ.....။
Aung KyawSoe ( 24.3.2018 - 4:30 PM )
မူရင်းပို့စ် =>
0 comments:
Post a Comment
မှတ်ချက်(Comment)ပေးသွားလိုတာရှိပါကပေးသွားနိုင်ပါတယ်။ နောက်ထပ် ရေးသားပေးလိုသည့်အကြောင်းအရာများကိုလည်းပြောခဲ့နိုင်ပါတယ်။