Facebook Messenger Spam Virus and Phishing Alert ⚠️⚠️⚠️

Facebook Messenger Spam Virus and Phishing Alert ⚠️⚠️⚠️



အားလုံးပဲ သတိထားနိုင်အောင်လို့ပါ။ ဒီလိုမျိုး Message ထဲကို ပို ့လာရင် အလွယ်တကူ ယုံကြည်ပြီး ဖွင့်မကြည့်လိုက်မိဖို့လိုပါတယ်။ Facebook Link နဲ့ Facebook Post ပုံစံ လုပ်ထားတော့ အမှတ်တမဲ့ခံရနိုင်ပါတယ်။ အရင်လို Spam သီးသန့် Phishing သီးသန့်မဟုတ်ပဲ Spam နဲ့Phishing ( 2 ) မျိုးလုံး အလုပ်လုပ်နေတာတွေ့ရတယ်။ အဓိက ကတော့ Mobile နဲ့အသုံးပြုတဲ့ User တွေကိုTarget ထားတာဖြစ်ဖို့များပါတယ်။

အဲ့ဒီ ဗီဒီယိုဖိုင်ကို ဖွင့်ကြည့်မိလိုက်တာပဲဖြစ်ဖြစ် အဲ့ဒီ ဗီဒီယိုဖိုင်လိုလို လုပ်ထားတဲ့ Website Link ကိုဖွင့်ကြည့်မိတာပဲဖြစ်ဖြစ် ကိုယ့် Facebook Account လေး ကနေ Spam Post တွေ Spam Message တွေကို ကိုယ်က မပို့ပါပဲ အလိုလျောက်လိုက်ပို ့နေတာတွေ ဖြစ်မယ်။ ပြီးရင် Phishing နဲ့ပါတွဲထားလို့ အမှတ်တမဲ့ Facebook ထဲကို Login ပြန်ဝင်ခိုင်းနေတယ်ဆိုပြီး ဝင်လိုက်မိရင် ကိုယ့် Facebook Account လေးပါ ပါသွားနိုင်ပါတယ်။

ကိုယ့် အကောင့်တင် ပါနိုင်တာလားဆိုတော့ မဟုတ်ဘူး ကိုယ့်အကောင့်ကနေ အလိုလျောက် လိုက်ပို ့ထားတဲ့ Spam Message တွေ ကိုယ်မသိပဲ တင်ထားတဲ့ Spam Post တွေကို ဝင်ကြည့်မိတဲ့သူတွေရဲ ့ Account တွေလည်း
Spammer ဖြစ်ပြီး Phishing ပါထပ်မိပြီး Hack လုပ်ခံရမှာပါ။ ဒါကြောင့် လုံးဝမှ ဝင်မကြည့်ဖို့ ဖွင့်မကြည့်ဖို့လိုပါတယ်။

ကျွန်တော့်ဆီ ဝင်လာတဲ့ Spam and Phishing Link ကို ဝင်ကြည့်လိုက်တော့ ဒီအောက်က တစ်ယောက်ဆီကဖြစ်နေတယ်။

Kendry D Frens
id=100010254852145
https://www.facebook.com/kendry.garcia.trinidad

အဲ့ဒီ Message ထဲကို အလိုလျောက် လိုက်ပို့နေတဲ့ ဗီဒီယိုဖိုင်ဆိုတဲ့ Link နမူနာက ဒီလိုလေး....
https://www.facebook.com/kendry.garcia.tr…/…/590065428011947

အဲ့ဒီလို Post Link ကို ဝင်ကြည့်တော့ ဒီလို ခေါင်းစဉ်တွေ နဲ့ Post ကို တွေ့ရတယ်။ ထူးခြားတာက Post ထဲမှာ စာချည်းပဲ သက်သက်တင်ထားပြီး Website Link ကို Comment တွေမှာပဲ လိုက်ထည့်ထားတာတွေ့ရတယ်။

Is this your family ?😯😯 The person of the video 😱😱😱
Are you in the comment video ?
You've seen this person from the video ? 😯😯😱😱😱
😱I was surprised what it does in this video ? 😱
Are you in the comment video ? 😱😱😱😂😂

Comment တွေမှာ လိုက်ထည့်ထားတဲ့ Website link တွေကတော့ အောက်ကအတိုင်းပဲ။ ( ⚠️⚠️⚠️ အောက်က Link တွေကို လုံးဝမှ ဝင်မကြည့်ပါနဲ့ ⚠️⚠️⚠️)
⚠️⚠️⚠️ Don't Click and Open That link ⚠️⚠️⚠️

https://rgeh89j7ty6jtyt.weebly.com/youtube-video
https://gjrfmrtryyrmrtmr.weebly.com/youtube-video.html
https://xcbxcvhncgxmgmfgmfg.weebly.com/youtube-video.html
https://fhfgjfgjkghmgmgy.weebly.com/
https://lnk.sk/qvBL
https://lnk.sk/pRU5
http://pagina21pagina21.blogspot.com/…/12/youtube-video.html

Link တွေကတော့ weebly နဲ့ရော Blogspot နဲ့ရောပဲ... အဲ့ဒီလင့်တွေကို ဝင်လိုက်မိတာနဲ့ အောက်က Link ကို ခေါ်သွားပြီး Access Token ( ကိုယ့် အကောင့်ကို ဝင်တဲ့ User Name & Password နဲ့အတူတူပဲ ) ကို ခိုးတော့တာပဲ။

http://videosviews.royaltyapp26.com/app/facebook.com/…
http://videosviews.royaltyapp26.com/
http://videosviews.royaltyapp26.com/app/
http://videosviews.royaltyapp26.com/?toke=0#
http://videosviews.royaltyapp26.com/?toke=1#
http://videosviews.royaltyapp26.com/?toke=2#
http://videosviews.royaltyapp26.com/?toke=3#
http://videosviews.royaltyapp26.com/?toke=4#toke=4

Access Token ကို ခိုးသွားတာက မြန်မှ မြန်မယ် စုစုပေါင်း toke=0# ကနေ toke=4#toke=4 ကို ရောက်ဖို့ အဆင့် ( ၆ ) ဆင့်လောက်လုပ်သွားတာ စက္ကန် ့ပိုင်းလေးအတွင်းပဲ။ ပြီးသွားတာနဲ့ Facebook ကို Login ဝင်တဲ့ Page အတု ( Phishing Page ) နေရာကိုရောက်သွားတယ်။ အဲ့ဒီမှာ Login ဝင်လိုက်မိတဲ့သူ Account ကတော့ အခိုးခံရပြီလို့သာမှတ်လိုက်တော့ပဲ။

ဘာမှ မသိနားမလည်တဲ့သူဆိုရင် ၁ မိနစ်အတွင်းမှာတင် Spam လဲမိ Phishing လဲမိပဲ။ Link ကို ဝင်ဝင်ချင်း Loading.... လေးသွားနေတုန်း
Spam မိသွားပြီး။ Loading.... လဲပြီးသွားရော ကိုယ်သုံးနေတဲ့ အကောင့်က အလိုလျောက် Log Out ဖြစ်သွားပြီး Facebook ကို Login ဝင်တဲ့နေရာကိုရောက်ပြီး Login ပြန်ဝင်ခိုင်းနေတော့ အမှတ်တမဲ့ ပြန်ဝင်လိုက်မိမှာသေခြာတယ်။ အဲ့ဒီမှာတင် Phishing ပါမိသွားတော့ အားလုံးပြီးပြည့်စုံ ( သေပြီပဲဆရာပဲဖြစ် ) သွားတာပေါ့။ :D
 
ဒါကြောင့်.... အခု လို Video File ပဲဖြစ်ဖြစ် Zip File ပဲဖြစ်ဖြစ် Word File ပဲဖြစ်ဖြစ် Message ကနေ ဖွင့်မကြည့်ကြပါနဲ့ သတိထားကြပါလို့ သတိပေးချင်ပါတယ်။

ကိုယ်တွေတောင် အမှတ်တမဲ့ စကားပြောနေရင်းတက်လာလို့ ဖွင့်ကြည့်မိသွားတယ်။ တော်ရုံဆို ဘယ်သူ ဘာ Link ပဲလာပေးပေး ဝင်မကြည့်ဖြစ်ဘူး အခုဟာက Facebook Link နဲ့ ဝင်လာတော့ ယုံပြီးဖွင့်ကြည့်မိတာ။

ကံကောင်းတာက အဲ့ဒါက Mobile သမားတွေကို အဓိက Target ထားတာဖြစ်မယ်။ ကိုယ်တွေက Desktop နဲ့ ဝင်လိုက်တာဆိုတော့ မထိလိုက်ဘူး။ Spam ပဲဆိုတာ သိတော့ အကုန်လိုက်စစ်ကြည့်တယ်။ ဘာ Log မှ ဝင်မလာဘူး ကိုယ်တွေအကောင့်ကလည်း Security ပိုင်းဆိုင်ရာက အကုန် ရသလောက်လုပ်ထားတာဆိုတော့ ပိုပြီး အေးဆေးဖြစ်သွားတာ။ :D


ကိုယ့်အကောင့်လေးကို အလွယ်တကူ ခိုးယူမခံရချင်ဘူးဆိုရင်......
Facebook Account Settings ထဲက Security and Login ထဲကိုဝင်ပြီး Setting Up Extra Security အောက်မှာ ရှိတဲ့ စာလေး ၃ ကြောင်းမှာ off ဖြစ်နေတာကို On ဖြစ်သွားအောင်လုပ်ထားလိုက်ပါ။ အဲ့ဒါဆို ကိုယ့်အကောင့်လေး 99% လောက်တော့ Safe ဖြစ်နေပါလိမ့်မယ်။
( Account Settings => Security and Login => Setting Up Extra Security အောက်က ၃ ခုလုံး On ဖြစ်အောင်လုပ်ထားပါ။ )

သို့မဟုတ်
https://www.facebook.com/OSCMyanmar.mm/posts/764414797099690
အဲဒီမှာ မေးခွန်း ( ၆ ) ခု မေးထားတယ်။ အဲ့ဒီမေးခွန်းတွေကို ဖတ်ကြည့်ပြီး Yes မဖြစ်သေးရင် Yes ဖြစ်အောင်လုပ်ထားလိုက်ပါ အဲ့ဒါဆို ကိုယ့် Account လေး အလွယ်တကူ ခိုးယူခံရခြင်းမှ ကင်းဝေးပါလိမ့်မယ်။

Spam Website တွေနဲ့ Phishing Link တွေကိုလည်း Report လုပ်ပေးကြပါဦး။
Webbly အတွက် => https://www.weebly.com/contact
Blogspot အတွက် => https://support.google.com/blogger/answer/42577?hl=en
အပေါ်က လင့်တွေမှာ ဝင်ရောက်ပြီး Spam Website link တွေကိုထည့်ပြီး Report လုပ်ပေးလို့ရပါတယ်။

Aung Kyaw Soe ( 26.12.2017 - 9: 43 PM )
#AKS , #AKS_Sharing #OSCMyanmar




__________________________________________________
OSC-Myanmar အနေနဲ့ အခကြေးငွေဆိုတာထက်
အကူအညီလိုအပ်နေသူတွေကို တန်ဖိုးနည်းနည်းနဲ့
အကောင်းဆုံး Service ပေးနိုင်ဖို့ကိုပဲ အမြဲတမ်း
ရှေ့တန်းတင်ထား တွေးထားတယ်ဆိုတာ
အားလုံးကို သိစေချင်ပါတယ်ဗျာ။ ^_^ ^_^ ^_^
နည်းပညာပိုင်းမှာ ဆရာမကျပေမယ့် OSC-Myanmar
Admin Team အနေနဲ့ ဝန်ဆောင်မှုတွေကို
အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ဝန်ဆောင်မှုပေးနေပါတယ်။
__________________________________________________
#ကိုယ်​တိုင်​_Boost_ပြုလုပ်​လိုသူများအတွက်​.......
Online Shopping လုပ်​​နေလို့ Boost ကို ကိုယ်​တိုင်​ပြုလုပ်​ချင်​တယ်​ဆိုသူများအတွက်​ Boost ပြုလုပ်​နည်​းများကို ​စျေးနှုန်​းချိုသာစွာဖြင်​့ အ​ကောင်​းဆုံး သင်​ကြားပြသ​ပေး​နေပါပြီ။

#Boost_ပြုလုပ်​ရင်​း_Error_တက်​​နေသူများအတွက်​........
Boost ​တွေ Run လို့မရ​တော့ဘူး Error ​တွေ တက်​​နေတယ်​။ Bank Card ​တွေလဲပြုတ်​​နေပြီ ကတ်​အပိတ်​ခံရတာလားမသိဘူး ဘဏ်​ကတ်​အသစ်​ပဲ ပြန်​​လျှောက်​ရမလားမသိဘူး။ Page Like ကအများကြီးပဲ Boost Run လို့မရ​တော့ဘူးဆိုပြီး စိတ်​ညစ်​​နေသူများအတွက်​ Error fix ​ပေးတဲ့ Service လည်​း​ပေး​နေပါတယ်​။

#Boost_Service_အပ်​ချင်​သူများအတွက်​.....
Boost ပြုလုပ်​ချင်​တယ်​ ကိုယ်​တိုင်​​တော့ မလုပ်​​တော့ဘူး Service ပဲ အပ်​ချင်​ပါတယ် ဆိုတဲ့သူများအတွက်​လည်​း Boost ပြုလုပ်​​ပေး​နေပါတယ်​။ စီးပွား​ရေးလုပ်​ငန်​းများ၊ ထုတ်​ကုန်​များကို လူအများအပြားဆီကို တခဏအတွင်​း​ရောက်​ရှိဖို့ Boost Service ပြုလုပ်​​ပေး​နေပါတယ်​။
ဒါ​ကြောင်​့ ဘာအတွက်​ပဲဖြစ်​ဖြစ်​ လိုအပ်​ပါက ဆက်​သွယ်​နိုင်​ပါသည်​။

#Boost_Service အပ်ချင်တယ်။
#Boost_Training ( Boost ပြုလုပ်နည်းသင်တန်း ) တက်ချင်တယ်။
#Boost_Error ​တွေလည်​း ရှင်​းချင်​တယ်​။
ဆိုပါလျှင်.... အောက်ပါ ဆက်သွယ်ရန်များမှာ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

Online Service Center Myanmar
------------------------------------------------
- Aung Kyaw Soe
- m.me/CityHunter.mm
Viber - ‎‎‎09421157911
- ‎‎‎09794426154
- ‎‎‎09253351244
- m.me/OSC-Myanmar.mm
- punkboystar@gmail.com
- www.facebook.com/OSCMyanmar.mm
- www.OSC-Myanmar.com
Viber Public Chat - www.viber.com/OSC-Myanmar

__________________________________________________
ကိုယ်ဖတ်လို့သိသွားပြီဆိုရင်လည်း ကိုယ့်အသိမိတ်ဆွေ
သိရှိသွားအောင် ပြန်လည်ပြီး #Share လုပ်ပေးလိုက်ကြပါဦး။