Domain Name နဲ့ကိုယ့် Phone Number ကို Call Forwarding လုပ်ကြမယ်

Domain Name နဲ့ကိုယ့် Phone Number ကို Call Forwarding လုပ်ကြမယ်


"ကိုယ့်နာမည်လေးနဲ့Domain Name တစ်ခုလုပ်ပြီး ကိုယ့် Phone Number ကို Call Forwarding လုပ်ကြမယ်(Free နော်)"

ပို့စ်ခေါင်းစဉ်ဖတ်ပြီး စိတ်တော့ဝင်စားသွားကြတယ်မလား.. :D
ဒါလေးကို သိပြီးနှင့်တဲ့သူတွေ ရှိကောင်းရှိလိမ့်မယ်ထင်ပါတယ်။
( ရှိချင်မှလည်း ရှိပါလိမ့်မယ် မြန်မာပြည်မှာပြောတာ :P)

ဒီလိုဗျာ ကျွန်တော့်နာမည်က Aung Kyaw Soe ဆိုပါတော့
ကျွန်တော့်နာမည်တော့သိပြီး ကျွန်တော့်ဖုန်းတော့မသိဘူး
ဒါဆိုရင် ဘာလုပ်ရမလည်း ကျွန်တော့်ဖုန်းကိုသိဖို့အတွက်
ကျွန်တော့်ကို တိုက်ရိုက်မေးတာ သို့မဟုတ် နီးစပ်ရာလူဆီမှာ
Aung Kyaw Soe ရဲ့ဖုန်းကို သိလား မင်းဆီမှာ သူ့နံပါတ်ရှိလား
ရှိရင် ငါ့ကိုပေးစမ်းပါကွာလို့လုပ်ရမှာမလား။ :D

အခု ကျွန်တော်ပြောမယ့်နည်းလေးက ကိုယ့်နာမည်ကိုသိတာနဲ့
ကိုယ့်ဖုန်းနံပါတ်ကို ကိုယ့်ဆီလည်းလာမမေး အခြားသူတွေဆီမှာလဲ
လိုက်မမေးပဲ အလိုလျောက်သိပြီ်း ကိုယ့်ဆီကို ဖုန်းတိုက်ရိုက်ခေါ်လို့
ရအောင်လုပ်တဲ့နည်းလေးပါပဲ။

ကျွန်တော်က ဒီလိုပြောလိုက်လို့ မင်းဟာက ဟုတ်ကောဟုတ်ရဲ့လား
မင်းဖုန်းနံပါတ်ကိုမသိပဲ နာမည်သိရုံနဲ့မင်းဖုန်းကို ဖုန်းခေါ်လို့ရမယ်
ဆိုတာက နည်းနည်းတော့များနေသလိုပဲကွာလို့များ ပြောချင်ကြ
မလားမသိဘူး.. :D
 
ဟုတ်ကဲ့ဗျ မများပါဘူး တကယ်ပြောတာပါ မယုံရင် လူကြီးမင်းတို့ရဲ့
Mobile ထဲက Mobile Browser ကို ဖွင့်လိုက်ပါ Address bar ထဲမှာ
ကျွန်တော့်နာမည်နဲ့ Domain Name လေး aungkyawsoe.cc.cc လို့ ရိုက်ပြီး Go or Enter လုပ်ကြည့်လိုက်ပါ ကျွန်တော့်နံပါတ်ကို
အရန်သင့် ဖုန်းခေါ်လို့ရသွားတာကို မျက်ဝါးထင်ထင် မြင်တွေ့ရပါ
လိမ့်မယ်။ ;)
 
Wow.... မိုက်လှချည်းလား အဲ့ဒီလိုလေး ဘယ်လို လုပ်ရတာလဲ...?
ငါတို့လည်း ငါတို့နာမည်လေးနဲ့လုပ်ထားချင်တယ်ဆိုရင်တော့
လုပ်ရတာလည်းလွယ်တယ် ပိုက်ဆံလည်း တစ်ပြားမှပေးစရာမလို
ကဲ... ဒီတော့အခုပဲ စလုပ်လိုက်ကြရအောင်လား.... :D
 
ကဲ အောက်က ပေးထားတဲ့ Link လေးမှာ ဝင်လုပ်လိုက်ပါ လုပ်ရတာဘာမှမခက်ပါဘူး မိမိနာမည်ဆိုတဲ့နေရာမှာ မိမိလုပ်ငန်းနာမည် တို့ဘာတို့လည်းသုံးလို့ရပါတယ်။

makes your phone number memorable. http://detail-cc.cc/id=64845
ဒါလေးလုပ်ထားရင် ဘာကောင်းလည်းဆိုတော့ ဒီလို Domain Name လေးနဲ့ Mobile Browser ထဲမှာ ရိုက်ထည့်လိုက်တာနဲ့
အဲ့ဒီလူရဲ့ဖုန်းနံပါတ်ကို သိရတယ်ဆိုတာကို သိထားတဲ့သူတိုင်း
မိမိ ဖုန်းနံပါတ်ကို မသိတဲ့သူ ( သို့မဟုတ် ) ယခင်ကသိပြီးတော့
နောက်ပိုင်း ဖုန်းပြောင်းလိုက်လို့ ဖုန်းပျောက်သွားလို့ Contact Number ပျောက်သွားတယ်ဆိုတဲ့သူတွေ မိမိ နာမည် Domain
Name လေး ရိုက်ထည့်ပြီး မိမိဖုန်းကို တိုက်ရိုက်ဆက်သွယ်
လာလို့ရတာပေါ့။ :D



You can make a call by typing 'aungKyawSoe.cc.cc' in the address bar on mobile phone. It works automatically on mobile phone.
http://detail-cc.cc/id=64845 Call Forwarding
Memorable phone numbers are known as ' Gold numbers’. Memorable numbers are great for business or personal use.
http://detail-cc.cc/id=64845 transforms your forgettable number into a memorable domain. You can make a call by typing the URL in the address bar on mobile phone.
makes your phone number memorable. http://detail-cc.cc/id=64845

_____________________________________________
သတိပြုရန်// မိန်းကလေးများအနေနဲ့တော့ ဒီနည်းလေးကို လိုက်မလုပ်ကြပါနဲ့လို့ သတိပေးချင်ပါတယ်။
ဘာလို့လည်းဆိုတော့ ဒီနည်းလေးကို လိုက်လုပ်ခဲ့မယ်ဆိုရင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ခံစားရနိုင်လို့ပါပဲ။

#ကျောင်းကျိုးက ဘာလည်းဆိုတော့ ဂေါ်မစွံတဲ့သူတွေ ဆိုရင် ကိုယ့်ကို ဖွန်ချင်တဲ့သူက အဲ့လို ကိုယ့်နာမည်လေးရိုက်ထည့်လိုက်ရင် ကိုယ့်နံပါတ်ကို သိသွားပြီး ကိုယ့်ကို ဖွန်လာကြောင်လို့ရသွားလို့ပါပဲ။

#ဆိုးကျိုးက မသမာသူတွေ ကိုယ့်ကို မလိုမုန်းထားနေသူတွေသာ
ကိုယ့်ဖုန်းနံပါတ်ကို ရသွားခဲ့မယ်ဆိုရင် မကောင်းတဲ့ Page, Group, Website တွေပေါ်မှာ ကိုယ့်နံပါတ်ရောက်သွားပြီး ကိုယ့်အတွက် အရှက်ရစရာတွေ စိတ်ရှုပ်စရာတွေဖြစ်လာနိုင်လို့ပါ။

ဒီတော့ အခုလို ကိုယ့် နာမည် Domain Name လေးနဲ့ကိုယ့်ဖုန်းနံပါတ်ကို Call Forwarding လုပ်မယ်ဆိုရင် သေခြာလေး စဉ်းစားပြီး လုပ်သင့်မလုပ်သင့် ဆုံးဖြတ်သင့်ပါကြောင်းကိုတော့
ကြိုတင်ပြီး သတိပေးပါရစေဗျာ။ :D

_____________________________________________
Aung Kyaw Soe ( 14.7.2017 - 12:20 AM )