Facebook Vs Your Name

Facebook Vs Your Name




Facebook အသုံးပြုနေရင် ကိုယ့် Friend List ထဲကနေ လူတွေလျော့သွားတယ်
ဘယ်သူတွေတော့ ပျောက်သွားတယ် ဘယ်သူတွေငါ့ကို Block လုပ်သွားလည်း
Unfriend လုပ်သွားလည်းဆိုပြီး တွေးမိတဲ့သူတွေ တော်တော်လေးများမယ်ထင်တယ်
အဲ့ဒီအကြောင်းရင်းက ဘာလည်းဆိုတာကို ကျွန်တော်သိတယ် သိလို့လည်း
အစောကြီးကတည်းက အားလုံးကို သတိပေးခဲ့ပါတယ် အဲ့ဒါကဘာလည်းဆိုတော့
Fake Name တွေ အသုံးမပြုကြပါနဲ့ Real Name တွေသာအသုံးပြုကြပါ
ဖေ့ဘွတ်ကတာတွေကိုတွေ့ရှိသွားရင် Fake Profile လို့ယူဆရင် Account
တွေကို ပိတ်သွားနိုင်လို့ပါပဲ Real Name မသုံးထားရင်
Report အတင်ခံရတဲ့အခါ အကောင့်ကျလွယ်ပါတယ် ဒါကြောင့်နာမည်အစစ်
အမှန်တွေနဲ့သာ အသုံးပြုသင့်ပါတယ်။

နာမည်ကို မြန်မာလိုပေးထားရင်ရော ရလားဆိုရင် ရပါတယ် ဒါပေမယ့်
#မောင်ဘယ်သူဘယ်ဝါ တို့ #မဘယ်သူဘယ်ဝါ တို့ဆိုပြီး ကိုယ့်နာမည်
အစစ်အမှန်ကိုပေးထားလို့ရပါတယ် ဒါကိုဖေ့ဘွတ်ကလက်ခံပေးပါတယ်
နာမည်ကို အချွန်အတက်တွေနဲ့ပေးထားတာတွေ မြန်မာလိုလည်း
ပေါက်တတ်ကရနာမည်တွေ အင်္ဂလိပ်လိုလည်းပေါက်တတ်ကရနာမည်တွေ
ပေးထားမယ်ဆိုရင်တော့ နာမည်အတုအယောင်တွေစာရင်းဝင်နေဦးမှာပါ
ဒါဆိုရင် အကောင့်ပိတ်ခံရဖို့Lock ချခံရဖို့ များပါတယ် အဲ့လိုဖြစ်ရင်
အကောင့်ပျက်လားဆိုတော့ မပျက်ပါဘူး ID တင်ပြီး ပြန်ယူလို့ရပါတယ်
ID တင်ပြီးမယူတတ်ဘူးဆိုရင်တော့ အဲ့ဒီအကောင့်ကို သုံးလို့မရ
တော့ပါဘူးပေါ့။



ဒါဆိုဘယ်လိုလုပ်ရလည်းဆိုရင် နာမည်အစစ်အမှန်ကိုသာအသုံးပြုပါ
လက်ရှိသုံးနေတဲ့ နာမည်အတုအယောင်တွေကို ဆက်ပြီးအသုံးပြု
ချင်သေးတယ်ဆိုရင် ကိုယ့်အကောင့်ထဲက About ထဲမွာ Birth Date ကုိ
အပြည့်အစုံအမှန်အတိုင်းဖြည့်ပြီး Only Me လုပ်ထားနိုင်ပါတယ်
အခြားသူတွေ မြင်ရပေမယ့် Name Lock ကျလို့ပဲဖြစ်ဖြစ် Disabled က်လို ့
ပဲဖြစ်ဖြစ် ID တင်ပြီး ပြန်တောင်းတဲ့အခါ Facebookk Help Center ကလူတွေ
ကတော့ ဝင်ရောက်ကြည့်ရှုစစ်ဆေးရင် မြင်တွေ့နိုင်ပါတယ်ဒါကြောင့်
မွေးနေ့မွေးရက်တွေကို အတိအကျဖြည့်ထားပါ။

ခုနောက်ပိုင်းမှာ ဖေ့ဘွတ်က Policies တွေများစွာတိုးချဲ့ထားပါတယ်
သူတို့ချမှတ်ထားတဲ့ မူဝါဒါတွေကို ချိုးဖောက်ခဲ့တာတွေ့ရှိသွားရင်
အခြားတစ်ယောက်ယောက်က Report လုပ်လို့သူတို့သိရှိသွားရင်
အပြစ်ပေးအရေးယူတာတွေ ကို ပြင်းပြင်းထန်ထန်ပြုလုပ်လာပါတယ်
နောက်ပြီး ဖေ့ဘွတ် Community Operations Team မှာလည်း
မြန်မာတွေကို ခန့်အပ်ထားတဲ့အတွက် ဟိုအရင်လို Fake Name တွေ
Fake Account တွေနဲ့သိပ်ပြီး ယွလို့မရကြတော့ဘူးဆိုတာသိထားပါ
ဒါကြောင့် Facebook ဆုိတဲ့ Social Network ကိုအသုံးပြုမယ်ဆိုရင်
သူတို ့ရဲ ့ Policy( အုပ်ချုပ်ရေးမူဝါဒ ) တွေအောက်မှာပဲ သူတို့ချမှတ်ထားတဲ့
စည်းကမ်းတွေ နည်းလမ်းတွေအတိုင်း အသုံးပြုတာသာ အသင့်တော်ဆုံး
ဆိုတာ သိထားသင့်ပါကြောင်း အားလုံးကိုလေးစားခင်မင်စွာဖြင့်
အသိပေးအပ်ပါသည်။

Wall Status Post Facebook Vs Your Name ( မူရင်းတင်ထားတဲ့နေရာ )


ဒီ Post ကိုလည်း မဖြစ်မနေဖတ်ကြည့်ပေးပါ  => Name Lock ကျပြီး Facebook Account တွေ ID တောင်းနေပြီး သုံးမရဖြစ်တာ ဘာကြောင့်လဲ..? ID ကို ဘယ်လိုတင်ပေးရမလဲ....?
( ကျွန်တော်ရေးသားထားတဲ့အကြောင်းအရာလေးက အခြားသူတစ်ယောက်ယောက်အတွက်
အကျိုးရှိသွားစေမယ်ဆိုရင်ကိုပဲ ကျေနပ်မိပါတယ် )  ^_^
Aung Kyaw Soe 21.8.2015 ( 1:10 AM )

https://www.facebook.com/policies/