Facebook မှ Member Since အကြောင်းသိကောင်းစရာ

Facebook မှ Member Since အကြောင်းသိကောင်းစရာ





"Facebook မှထပ်တိုးပေးလိုက်သည့် Member Since က Privacy နှင့် Security ကို အားနည်းချက် ဖြစ်စေနိုင်"

ဒီနေ့ ညီငယ်လေးတစ်ယောက်က Message box ကနေ
စာမေးချင်လို့ ဆိုပြီး SS လေး တစ်ခုပြပြီး လာမေးတယ်
အစ်ကို အဲ့ဒီထပ်တိုးလာတာလေးက ဘာလေးလဲ ဒီညနေမှတွေ့လို့ လို့
လာပြောတယ် သူလာပြတာလေးကြည့်လိုက်တော့ Member since ....
ဆိုတာလေး သွားတွေ့တယ် သတိထားမိနေတာတော့ ကြာပြီ
လူတိုင်းဆီမှာမပေါ်သေးပေမယ့် တော်တော်များများ ဆီမှာ ပေါ်နေတာကြာပြီ 

ဒါနဲ့ အဲ့ဒါကိုမေးတာပဲဆိုပြီး
တန်းသိလိုက်လို့ အဲ့ဒီမှာ ဘာပြန်ဖြေလိုက်မိလည်း ဆိုတော့....

"အဲ့ဒါ Security အလေးမထားတဲ့သူတွေ ရဲ့အကောင့်တွေ
အလွယ်တကူနဲ့အခိုးခံရအောင် ထည့်ပေးလိုက်တာ" လို့ ဖြေပေးလိုက်မိတယ်။


ကျွန်တော်အဲ့လိုပြောရတဲ့အကြောင်းရင်းကို Recovery Test လုပ်ဖူးသူ
တော်တော်များများသိကြမယ်ထင်ပါတယ် Member Since .. ဆိုပြီး
Facebook Account စဖွင့်တဲ့ ရက်၊ လ၊ နှစ်တွေ ပြူနေအောင်ပြထား
လိုက်တဲ့အတွက် info ခက်ခက်ခဲခဲ လိုက်နေစရာမလိုပဲ ဖေ့ဘွတ်ကျေးဇူးနဲ့
info ထဲက လိုချင်တဲ့ အဓိက အချက်ကို အတိအကျရသွားတာကြောင့်ပါပဲ။

Facebook က နေ့တိုင်း အပြောင်းအလဲတွေလုပ်နေတာ
ကိုယ်တွေနိုင်ငံမှာ အသုံးပြုခွင့်မရသေးတဲ့အရာမျိုးတွေတောင်မှ အများကြီး
Testing တွေအမြဲတမ်းလုပ်တယ် လူကြိုက်များရင်
အများသုံးလို့ရအောင် ချပြပေးတယ် လူကြိုက်နည်းရင်
ချမပြတော့ဘူး ပြန်ရုတ်သိမ်းသွားတယ် အဲ့ဒါက ဖေ့ဘွတ်ရဲ ့အကျင့်။


တစ်နေ့ထက်တစ်နေ့ တစ်လထက်တစ်လ တစ်နှစ်ထက် တစ်နှစ်
သူမတူအောင် အမြဲတမ်း ပြုပြင် ပြောင်းလဲပြီး သုံးစွဲသူတွေ
ကြိုက်နှစ်သက်စေနိုင်မယ့် အရာတွေနဲ့ဆွဲဆောင်နိုင်နေလို့လည်း
Facebook လို Social Network ကို လူသုံးများနေတာပဲလေ
ဒါကတော့ မထူးခြားပါဘူး။

ထူးခြားသွားတာက ခုလို အရာမျိုးကို ထည့်သွင်းပေးလိုက်တာကတော့
သာမန် Facebook အသုံးပြုသူ User တွေအတွက် မကောင်းလှပါဘူး
Privacy အလိုလျောက် ကျိုးပေါက်သွားသလို Security ပိုင်း ဆိုင်ရာ
အနေနဲ့ပါ အားနည်းချက်တစ်ခုဖြစ်သွားစေပါတယ် ဒါကို အသုံးချပြီး
မသမာသူတွေရဲ့လက်တွင်း Security အလေးမထားသူ Security ဆို
ဘာဆိုဘာမှ မသိသူ နားမလည်သူတွေရဲ့ Facebook Account
Hacked လုပ်ခံရပြီး သက်ဆင်းရဖွယ်ရှိနေပါတယ်။

ဒီတော့ ဒါလေးထပ်တိုးထည့်ပေးလိုက်တဲ့ Facebook ကို အပြစ်သွား
တင်နေလို့တော့မရဘူး သူက ကဏ္ဍပေါင်းစုံနဲ့ လူပေါင်းစုံကို ဆွဲဆောင်ဖို့
ထည့်သွင်းတာဖြစ်လို့ Facebook အသုံးပြုနေတဲ့ User တိုင်းတွင်သာ
မိမိတို့ Account များရဲ့ Privacy တွေ Security တွေကို အလေးထား
လုပ်ဆောင်ပြီး သုံးစွဲကြဖို့သာ လိုအပ်ပါတယ်။

ကိုယ်က Security ကို အလေးမထားဘူးဆိုရင် တစ်နေ့မဟုတ်တစ်နေ့
တစ်ကွေ့မဟုတ် တစ်ကွေ့ ကိုယ့်အတွက်မကောင်းတဲ့ ရလာဒ်တွေ
ထွက်ပေါ်လာစေနိုင်ပါတယ် ဒါကြောင့် မိမိတို့ Facebook Account
တွေရဲ့ Security ပိုင်းတွေကို မိမိတို့ဘာသာ လုံခြုံအောင် လုပ်ထားကြပါ
လို့ တိုက်တွန်း အသိပေးရင် သတိပေးလိုက်ပါတယ်။

Aung Kyaw Soe ( 5.1.2017 - 7:36 PM )