Facebook Account တွေ ID ဘာကြောင့်တောင်းလဲ..?

Facebook Account တွေ ID ဘာကြောင့်တောင်းလဲ..?




"Name Lock ကျပြီး Facebook Account တွေ ID တောင်းနေပြီး သုံးမရဖြစ်တာ ဘာကြောင့်လဲ..? ID ကို ဘယ်လိုတင်ပေးရမလဲ....? "

ပြောရရင်တော့ အဲ့ဒီလို ဖြစ်ရတာဟာ သုံးစွဲတဲ့ User တွေက ချမှတ်ထားတဲ့ Facebook ရဲ့စည်းကမ်းတွေကို မလိုက်နာလို့ဖြစ်ရတာများပါတယ်။ သူတို့( Facebook ) က ဘယ်လိုအမည်နာမမျိုးတွေကို လက်ခံတယ်ဆိုတာကို Facebook Name Policy ( https://www.facebook.com/help/112146705538576?helpref=uf_permalink ) မှာ ပြဌာန်းထားပြီးသားပါ။ ဒါကို မလိုက်နာကြလို့( မသိကြလို့) Facebook Account တွေ Locked ဖြစ်ပြီး Identity Confirm ( ID တင်ဖို့ ) လုပ်ခိုင်းပါတယ်။

အဲ့ဒါတွေနဲ့ပတ်သက်ပြီး Facebook Vs Your Name ( https://www.facebook.com/notes/aung-kyaw-soe/facebook-vs-your-name/532740613548265 ) ဆိုတဲ့ Note ေလး ရေးဘူးပါတယ်။ ဗဟုသုတရအောင် ဝင်ပြီးဖတ်ကြည့်နိုင်ပါတယ်။

ကိုယ့် သုံးစွဲထားတဲ့အမည်က Real Name ( မိမွေးတိုင်းဖမွေးတိုင်း နာမည်အစစ်

အမှန် ) ဟုတ်တယ် မဟုတ်ဘူးဆိုတာကို ကိုယ့်ဘာသာ ပြန်သုံးသပ်ကြည့်ပါ

Real Name မဟုတ်ရင် ချိန်းလို ့ရရင် ချိန်းထားဖို ့လိုပါမယ် ချိန်းလို ့မရပဲ ရက် ၆၀ စောင့်ခိုင်းနေတာမျိုး ဖြစ်နေရင် ရက် ၆၀ ပြည့်လည်း ချိန်းလို ့မရပါဘူး

အဲ့ဒါကို မစောင့်ပဲ ၁ ပတ်အတွင်း အလိုလျောက် ချိန်းသွားအောင် လုပ်လို ့

ရပါတယ် အဲ့ဒါကလည်း ID တင်ပြီး ချိန်းရတာပါ။


အဲ့ဒီလို ချိန်းလို ့ရတဲ့အချိန်မှာ ချိန်းမထားရင် ကိုယ့်အမည်နာမည်က Fake Name

ဖြစ်နေခဲ့ရင် ဖေ့ဘွတ် ဆာဗာက စစ်လို ့တွေ ့သွားရင်ဖြစ်ဖြစ် တစ်ယောက်

ယောက်က အမြင်ကတ်လို ့ Report လာထုရင် ဖြစ်ဖြစ် Locked ဖြစ်သွားရင်

ID တင်ပြီး Account ကိုပြန်လည်အသုံးပြုခွင့်ရဖို ့တောင်းခံရတာ အင်မတန်မှ

အလုပ်ရှုပ်စေပါတယ် ID တင်ပြီး ပြန်တောင်းတာက မြန်ရင် ၁ ရက် ၂ ရက်ကနေ

၁ ပတ်အတွင်း ပြန်ရပါတယ် ကြာရင် ၁ ပတ်ကနေ ၁ လလောက်ထိ ကြာတတ်

ပါတယ် အဲ့ဒါကတော့ ကိုယ့် Account ထဲမှာ ထည့်သွင်းထားတဲ့ information

တွေနဲ ့ ကိုယ်တင်ပေးလိုက်တဲ့ ID Card ထဲမှာပါတဲ့ information တွေပေါ်မှာ

မူတည်ပါတယ် Facebook Team က Locked ဖြစ်နေတဲ့ Account ထဲက

အချက်အလက်တွေရယ် တင်ပေးလိုက်တဲ့ ID Card ထဲက အချက်အလက်တွေ

ရယ်ကို တိုက်ဆိုင် စစ်ဆေးပြီးသူတို ့လက်ခံတယ်( တူညီမှုရှိတယ် ) ဆိုပါမှ

အဲ့ဒီအကောင့်ကို အမြန်ဆုံးပြန်ဖွင့်ပေးပြီး ပြန်လည်အသုံးပြုခွင့်ပေးမှာပါ။


ခုနောက်ပိုင်း ID တင်တဲ့သူတွေက ပေါက်ကရလုပ်လွန်းလို ့ Facebook Team နဲ ့

အဲ့ဒီမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာတွေက အသေရစ်တာတွေလုပ်လာ

ပါတယ် ID တင်ပေးလိုက်ပေမယ့် အဲ့ဒီ ID တစ်ခုနဲ ့တင် အကောင့်ကို ပြန်ဖွင့်

မပေးနိုင်ပါဘူး နောက်ထပ် အမျိုးအစား မတူတဲ့ ID ထပ်တင်ပေးပါဦး ဆိုပြီး

ရစ်တတ်ပါတယ် အဲ့ဒါဆိုရင် ကိုယ်က ပထမ တင်ပေးထားတဲ့ ID Card နဲ ့

မတူညီတဲ့ ID အမျိုးအစားကို ထပ်တင်ပေးရမှာပဲဖြစ်ပါတယ် အဲ့ဒါကလည်း

သူတို ့ အဲ့ဒီလို Review and Reply Mail ပြန်ပို ့လာတဲ့ထဲမှာပါတဲ့ Link ကနေ

ဝင်ပြီးတင်ရမှာပါ။


ဒီနေရာမှာ အရေးကြီးတာက Facebook ကို စတင်ဖွင့်ခဲ့တဲ့ Email ပါပဲ

(ဖုန်းနံပါတ်နဲ ့ကတော့ အခုမှဖွင့်ကြတာပါ ယခင်ကတော့ Email နဲ ့ပဲဖွင့်ပါတယ်)

တော်တော်များများက Facebook ကို အဲ့ဒီ Email နဲ ့သုံးနေပြီး အဲ့ဒီ Gmail

ကိုဝင်တဲ့ Password ကျတော့ မသိကြတော့တာများပါတယ်( Gmail ကို အသုံးများလို ့ Gmail နဲ ့ပဲပြောပါမယ် ) Facebook ရဲ ့အသက်ဟာ Gmail လို ့

ပြောရင် မမှားပါဘူး အဲ့ဒါတောင် Gmail ကို Security ပိုင်းတွေသေခြာလုပ်ပြီး

လုံခြုံအောင်လုပ်ဖို ့ နေနေသာသာ Gmail ကို မေ့ပါမေ့ထားလိုက်ကြပါတယ်။


အဲ့ဒီမှာ ဘာတွေဖြစ်လည်းဆိုတော့ Gmail နဲ ့ဖွင့်ထားတဲ့ Facebook ကိုတော့

သုံးနေပြီး Gmail ကို ပစ်ထားလိုက်တဲ့အတွက် Security ဘာမှ မခံထားတဲ့

Gmail ကို အကောင့်ခိုးတဲ့သူတွေက Recovery Test လုပ်ပြီး Hack လုပ်

သွားသလို Gmail သူတို ့ဆီပါသွားတာနဲ ့ Facebook Account ကို အလွယ်

တကယ် Password Reset လုပ်ပြီး ကောက်သိမ်းသွားပါတော့တယ် ဒါကတော့

Security ပိုင်း အလေးမထားတဲ့သူတွေ Gmail နဲ ့ဖွင့်ထားတဲ့ Facebook ကိုသုံး

နေပြီးတော့ Gmail ကို အလေးမထားပဲ ပစ်ထားတဲ့သူတွေ ခံရတဲ့အကွက်ပါ။


ID တင်ပေးလိုက်တဲ့အခါမှာ Gmail ထဲကို Facebook Team ကနေ စာပို ့ပါတယ်

တင်ပေးလိုက်တဲ့ ID ကို လက်ခံတယ် လက်မခံဘူး ဘာတွေဆက်လုပ်ရမယ်

ဆိုတာတွေကို ပြန်ပြောထားသလို Support inbox Link ပေးထားပြီး အဲ့ဒီ

လင့်ကနေဝင်ရောက်ပြီး ရှေ ့ဆက်လုပ်ရမယ့်ဆောင်ရမှာတွေကို လုပ်ဆောင်ပါ

ဆိုပြီးပြောထားပါတယ် ဒီလို အခြေအနေမှာ Gmail ကို ပစ်ထားသူတွေ

Gmail Password ကို မမှတ်မိသူတွေအတွက် ဒုက္ခရောက်ကုန်ပါတော့တယ်။


ဘာလို ့လည်းဆိုတော့ ID တော့ တင်ပေးလိုက်တယ် Facebook Team ကနေ

ပြန်ပို ့လာတဲ့ Reply Mail ထဲမှာဘာတွေပြောထားပြီး သူတို ့ဝင်ပြီး လုပ်ခိုင်းတဲ့

Support inbox Link ကလည်း ဘာမှန်းမသိရတော့ တော်တော် တိုင်ပတ်ကုန်

ပါတယ် ဒီနေရာမှာ တင်ပေးလိုက်တဲ့ ID ကို လက်ခံပြီး Reply ပြန်လာတဲ့ Mail က

အကောင့်ကို ပြန်လည်အသုံးပြုလို ့ရပါပြီလို ့ပြောထားတာဆိုရင်တော့ ကံကောင်း

တယ်ပြောရမှာပေါ့ ဒါဆို Gmail Password မသိလည်းဘာမှမဖြစ်တော့ဘူး။


သို ့ပေမယ့် အဲ့ဒီလို အကောင့်ပြန်ရပြီဆိုတာနဲ ့ လုပ်သင့်တာကတော့ ယခင်

Login ဝင်နေကျ Password မမှတ်မိတော့တဲ့ Gmail လိပ်စာနေရာမှာ Email or

Mobile Number အသစ်တစ်ခုခုနဲ ့ ပြန်ချိန်းပစ်ဖို ့လိုပါလိမ့်မယ် Email ထည့်

တာက ပိုကောင်းပါတယ် ဖုန်းနံပါတ်နဲ ့ထည့်တဲ့အခါမှာ ပြဿနာတက်တာလေးတွေ

ရှိတတ်ပါတယ် အဲ့ဒါကတော့ Facebook Account ကို ၁ ခုထက် ပိုပြီးသုံးတဲ့

သူတွေမှာ ဖြစ်တတ်တာများပါတယ် ဖုန်းထဲမှာ ဟိုအကောင့်လေးဝင်လိုက်

ဒီအကောင့်လေးဝင်လိုက်လုပ်ပြီး Messenger နဲ ့ပါချိတ်သုံးတဲ့အခါမှာ

ဖုန်းနံပါတ်ထည့်ပြီး Confirm လုပ်လိုက်တဲ့အခါ ဟိုဘက်အကောင့်ထဲက

ဖုန်းကို ဒီဘက်အကောင့်ရဲ ့ Messenger ထဲမှာ ထည့်မိသလို ဖြစ်သွားပြီး

ဟိုဘက်အကောင့်ထဲကနေ ဖုန်းနံပါတ်က အလိုလျောက် ပြုတ်သွားတတ်လို ့ပါ။


အဲ့ဒီလို ပြုတ်သွားတဲ့အခါမှာ အဲ့ဒီဖုန်းနံပါတ်နဲ ့ ဟိုဘက်အကောင့်ကို ဝင်လို ့

မရတာမျိုးတို ့ Password Reset လုပ်ချင်ပေမယ့် ဖုန်းနံပါတ်က အဲ့ဒီအကောင့်

နဲ ့ Access မဖြစ်တော့လို ့ Reset ချမရတာမျိုးတွေ အကြောင်းမျိုးစုံကြောင့်

Lock ကျပြီး ID တင်ဖို ့ကြိုးစားတဲ့အခါတွေမှာ အဆင်မပြေတာမျိုးတွေတို ့ဖြစ်

တတ်ပါတယ် ဒါကြောင့် ဖုန်းနံပါတ်နဲ ့အကောင့်ဖွင့်သုံးရင် အဲ့ဒီနံပါတ်ကို

ဟိုအကောင့်ထဲထည့်လိုက် ဒီအကောင့်ထဲထည့်လိုက်မလုပ်ပါနဲ ့ Gmail လည်း

အဲ့လိုပါပဲ ဒီအကောင့်ထဲကမေးလ်ကို အခြားအကောင့်တစ်ခုထဲမှာ သွားမ

ထည့်ပါနဲ ့ ဖုန်းနံပါတ်လိုပါပဲ အဲ့ဒီအကောင့်ထဲကနေပြုတ်သွားတတ်ပါတယ်

အဲ့လို ပြုတ်သွားရင် ပြန်ချိတ်နိုင်ဖို ့ Facebook Team က စီစဉ်ပေးထားပေမယ့်

လုပ်ရမှာ ရှုပ်ထွေးပြီး အဲ့ဒီအကောင့်ကို ပြန်ချိတ်မယ် မချိတ်ဘူးဆိုတာကတော့

100% မသေခြာပါဘူး။


ဒါကြောင့် အားလုံးကို မှာချင်တာက....


Gmail နဲ ့ Facebook အကောင့်ဖွင့်သုံးနေသူတွေ Gmail Password ကို

မမေ့ကြပါနဲ ့ မေ့နေရင် Gmail ကို Recovery ပြန်လုပ်လို ့ရလား လုပ်ကြည့်ပါ

လုပ်လို ့အဆင်မပြေရင် Gmail အသစ်တစ်ခုဖွင့် အဲ့ဒီ အကောင့်ထဲမှာထည့်ပြီး

Confirm လုပ်ထားပါ ဒါမှ အကောင့် တစ်စုံတစ်ခုခုကြောင့် Lock ကျတဲ့အခါ

Facebook ကပို ့လာတဲ့ Reply Mail ကိုဖတ်ပြီး ရှေ ့ဆက်လုပ်ဖို ့ အဆင်ပြေမှာပါ။


ဖုန်းနဲ ့ဖွင့်ထားသူတွေလည်း ID တင်တဲ့အခါမှာ ဖုန်းထဲကို Text Message နဲ ့

Support inbox link ကို ပို ့ပေးတတ်ပါတယ် အဲ့ဒီ လင့်ကနေဝင်ပြီး ရှေ ့ဆက်

ဘာတွေလုပ်ရမလဲ အကောင့်ပြန်ရနေပြီလား မရသေးဘူးလားဆိုတာကို

သိရှိနိုင်ပါတယ် ဒါကြောင့် အဲ့ဒီအကောင့်ထဲမှာ အဲ့ဒီနံပါတ် Access ဖြစ်နေလား

မဖြစ်တော့ဘူးလားဆိုတာကို အမြဲတမ်းသတိထားကြည့်နေဖို ့လိုပါမယ်။


ကဲ... စာလည်းရှည်နေပြီ ဖတ်တဲ့သူတွေလည်း ပျင်းနေလောက်ပြီ

ကျွန်တော်က စာရေးရမှာသာပျင်းတာ ရေးမိလိုက်ရင်လည်း ခုလို အရှည်ကြီး

တွေကြီးပဲ ရေးတတ်လို ့ပါ။ :D


ID တင်နည်းမသိဘူး မတင်တတ်ဘူးလို ့တော့ မလုပ်ကြနဲ ့ဗျ ID တင်ရတာက

အရမ်းလွယ်ပါတယ် အပေါ်က ပြောထားတဲ့အကြောင်းအရာတွေဖတ်ရင်တောင်

ID ဘယ်လိုတင်ရလည်း ဆိုတာ သိကြပါမှာ Online ပေါ်မှာလည်း ID တင်နည်း

တွေကို Sharing လုပ်ထားတာတွေအများကြီးရှိပါတယ် ဘယ်မှာလည်းလို ့တော့

လာမမေးကြနဲ ့ဗျ Google.com ကြီးဆီမှာ အကုန်ရှိတယ် သူ ့ကိုမေးလို ့ရတယ်။

ဥပမာ တင်နည်းသိချင်တယ်ဆိုရင် Google မှာ  How to confirm identity on Facebook ဒီလို ရိုက်ရှာလိုက် ( လင့်ကနေလည်းဝင်ကြည့် http://www.google.com.mm/#q=How+to+confirm+identity+on+Facebook )

အဲ့ဒီမှာ Post တွေဖတ်ချင်လား Photo နဲ ့တင်ထားတာတွေကြည့်ချင်လား Video လေးတွေနဲ့လုပ်ပြထားတာကိုကြည့်ချင်လား စိတ်ကြိုက် လိုက်ကြည့်လို့ရတယ်။ ဥပမာ ကိုယ်က Video လေးနဲ့လုပ်ပြထားတာတွေကို ကြည့်ချင်တယ်လေ့လာချင်တယ်ဆိုရင်
 Videos ဆိုတာလေးကို နှိပ်ကြည့်ရုံပဲ ( နမူနာလင့် => http://www.google.com.mm/#q=How+to+confirm+identity+on+Facebook&tbm=vid )
ဒါဆိုဘယ်လို တင်ရမလည်းသိသွားကြမှာပါ မခက်ပါဘူ နည်းနည်းလေး

လျှောက်ကြည့် လိုက်မှတ် လုပ်လိုက်ရင် နားလည်သွား သိသွားပါလိမ့်မယ်။


Facebook Help Team ကလည်း ID ဘယ်လို တင်ရလည်းဆိုတာ
How do I upload my ID to Facebook?( https://www.facebook.com/help/153265828135764 ) မှာပြောထားပေးပါတယ်။


ID ဆိုတာ ဘာလည်း

ဘယ်လို ID အမျိုးအစားတွေတင်ပေးလို့ရလည်းဆိုတာကတော့ ဒီနေရာ
What types of ID does Facebook accept? ( https://www.facebook.com/help/159096464162185?helpref=faq_content ) မှာ ပြထား ပြောထားပေးပါတယ်။

ကဲ... နောက်ဆုံး နိဂုံးချုပ်အနေနဲ့ပြောမယ်ဗျာ ဒါကိုသေခြာမှတ်ထားလိုက်

1. Lock ကျပြီး ID တင်ခိုင်းနေပီဆိုရင် ပထမဆုံးလုပ်ရမှာက ID Card ကို Scan ဖတ်ပါ သို ့မဟုတ် ဖုန်းနဲ ့အနီးကပ် ရိုက်ပါ ဘယ်လို ရိုက်ရမလည်းဆိုရင်...


ကတ်ရဲ ့ ရှေ ့ဖက် - ၁ ပုံ

နောက်ကျောဖက် - ၁ ပုံ

ကတ်ကို မျက်နှာနားမှာ ကပ်ကိုင်ထားပြီး - ၁ ပုံ

စုစုပေါင်း ၃ ပုံလိုပါမယ်။


2. Facebook ကို ပုံမှန် ဝင်နေကျအတိုင်းဝင်လိုက်ပါ ID Card ကို Upload တင်တဲ့နေရာလေးကို ရောက်ပါမယ် Name Lock ကျနေတယ်ဆိုရင် နာမည် ရိုက်ထည့်ဖို ့နေရာလေးပါ ပေးထားပါလိမ့်မယ် အဲ့ဒီမှာ မှတ်ပုံတင်ထဲက နာမည်ကို ရိုက်ထည့်ပါ ဥပမာ မှတ်ပုံတင်ထဲက နာမည်က အောင်ကျော်စိုး ဆိုလျှင်


First Name မှာ Aung လို ့ရိုက်ပါ

Last Name မှာ Kyaw Soe လို ့ရိုက်ပါ


ပြီးလျှင် ID Card ၃ ပုံကို Upload တင်ပြီး Send ကိုနှိပ်ပါ။


3. တစ်ရက် နှစ်ရက်အတွင်း Email or Mobile Phone ကို Reply Email or Text Message နဲ ့အတူ Support inbox Link ထည့်ပေးလိုက်ပါမယ် အဲ့ဒါကိုဝင်ဖတ်ပါ

အကောင့်ပြန်ရပြီလား ဘာတွေထပ်လုပ်ခိုင်းလည်း ကြည့်ပါ အခြား ID အမျိုးအစား

ထပ်တင်ခိုင်နေရင် အဲ့ဒီနေရာမှာ တစ်ခါထဲတင်ပြီး Reply လုပ်ဖို ့ ဘောက်လေး

ပေးထားတဲ့အထဲမှာ မိမိ တတ်သလောက်မှတ်သလောက် ဘုရားစာလေးတွေ ရေးထည့်ပေးလိုက်ပါ။ ( နောက်တာ တကယ်မလုပ်ရဘူးနော် :P )


4. သူတို ့ပို ့လာတဲ့ Support inbox link ကနေပဲ သူတို ့နဲ ့စာပေးစာယူ ပြုလုပ်ပါ

ဒါဆို အကောင့်ပြန်ရပြီး မရဘူး ဆိုတာလည်း အဲ့ဒီထဲကို သူတို ့ပြန်ပို ့ပေးလာမှာ

မို ့ အဲ့ဒီထဲကနေပဲ စောင့်ဖတ်ပါ ပြန်ရပြီ ပြောလာလျှင် ပြန်ဝင်သုံးတော့ပေါ့

မရသေးဘူးဆိုရင်တော့ ဖေ့ဘွတ်နဲ ့ စာပေးစာယူ မပြတ်လုပ်ပါ( တစ်ခါ ID တင်ပေးပြီးတိုင်း ၁ ပတ်ပြန်စောင့်ကြည့်ပါ မထူးခြားမှ ပြန်တင်ပါ ID တင်ထားပြီးလျှင်ဖြစ်ဖြစ် မလုပ်တတ် လုပ်တတ်နဲ ့ လုပ်ထားလို ့ Log Out ပဲပေါ်နေလျှင် Support inbox link ကနေပဲ ဝင်ပြီး စာပေးစာယူလုပ်ပါ )


ကဲ..... စာကတော့ တော်တော့ကို ရှည်သွားပြီ အောက်ကတော့ ဒီနေ ့

အကောင့်ထဲမှာ 5000 ပြည့်နေလို ့ Lock ကျနေတဲ့ အကောင့်တွေကို

Unfriend လုပ်ပစ်ထားတာ အကောင့် 44 ခုတယ်ရှိတယ် နည်းတာမဟုတ်ဘူး တစ်ချို ့ Lock ကျတာမဟုတ်ပဲ ခနတဖြုတ် D ထားတယ်ဆိုရင်လည်း

ပြန်တက်လာရင် ပြန်ပြောပေးပါ ပြန်အပ်ပေးပါ့မယ်။ :D


1.အဖြူရောင် အရူးမလေး

2.Kyae Sin Thway

3.Winma Mya

4.Moe San

5.Maung Maung Myint

6.Mg Nuke

7.Naing Phyo Lwin

8.Pant Khine

9.Xix Xix

10.ယဉ်ယဉ်လေး ရူးနေတာနော်

11.Yuzana Lwin

12.Yuza Saif

13.Loe Thu

14.Đăw Kĥąînĝ Zîñ

15.Ohnmar Lwin

16.Chelsea Angel

17.Elízâbetĥ Eaînț Eaînț

18.Waiyan Htun

19.Lòvê Ÿòú Țĥêm

20.Taofek Hacky

21.Thit San Khant

22.အရံ လူ

23.ဇော် မင်း ထက်

24.ွ ွ ွ

25.Ko Kaung Htet Soe

26.Sandar Myiny

27.Poe Poe

28.Poe Poe

29.Hnin Oo Wai

30.Aung Moe Myint

31.Fei Kash

32.ကျန်မာရေးရာ အဖြာဖြာ

33.Khant San D Tin

34.Myint Phue Wai

35.Ĉüddłÿ Kïssëŝ

36.Chaw Tharaphi Htay

37.Ta Khit San

38.Cyn Thia Shwe

39.Nàññ Htétz Nàdí Hlàíñg

40.Waizin Nwe

41.Jasmine Eveyln

42.Chit Su Su Hlaing

43.Kyal Zin Lay

44.ကျော် မြတ် သူ


ကဲ.... အပေါ်က နာမည် စာရင်းတွေကို ကြည့်ပြီးရင် နားလည်ကြမယ်

ထင်ပါတယ် တစ်ချို ့အကောင့်တွေက Fake Name တွေဖြစ်နေလို ့

Lock ကျ ကုန်တာ များပါတယ် အဲ့ဒီအကောင့်တွေ ပျက်သွားလားဆိုရင်တော့

မပျက်ပါဘူး ID တင်ပေးလိုက်ရင် ပြန်ပြီး အသုံးပြုလို ့ရသွားမှာပါ။


Facebook က လက်မခံတာတွေက နာမည်အရင်းမဟုတ်ပဲ အပိုထည့်ထားတဲ့


ယောက်ကျားလေးဆိုရင်...

ဦး၊ ကို၊ မောင်

Oo၊ U၊ Ko၊ Mg


မိန်းကလေးဆိုရင်....

ဒေါ်၊ မ

Daw၊ Ma


မိမိ အမည်အရင်းရဲ ့ ရှေ ့တွေ နောက်တွေမှာ အဲ့ဒီလို အပိုတွေပါနေရင်

Fake Name စာရင်းဝင်ပါတယ် ဒါတင်မကပါဘူး နာမည်အရင်းမှာလည်း

အချွန်အတက်တွေနဲ ့သုံးလို ့မရပါဘူး ကျွန်တော်ဆိုရင် Aung Kyaw Soe

ဆိုတာကို အချွန်အတက်လေးတွေနဲ ့Åüñg Kÿáw Sôë ဆိုပြီးတော့လည်း

သုံးဘူးပါတယ် အဲ့ဒါမျိုးလည်း မရပါဘူး Fake Name စာရင်းဝင်ပါတယ်

#ဘာကောင်လေး #ညာကောင်လေး #ဘာကောင်မလေး #ညာကောင်မလေး

ဆိုပြီး ပေါက်တတ်ကရ နာမည်တွေပေးထားရင် ပိုပြီးဆိုးပါတယ်

ဒါကြောင့် Fake Name အသုံးပြုချင်းကြောင့် Lock ကျပြီး ID တင်ရတဲ့ ဒုက္ခကနေ

ကင်းဝေးရအောင်လို ့ လျှာရှည်ပြီး ရေးသားလိုက်ရပါတယ်ဗျာ။


( ကျွန်တော်ရေးပေးထားတာလေးတွေကိုဖတ်ပြီး အသိပညာ ဗဟုသုတ တိုးပွားသွားတယ် တစ်စုံတစ်ယောက်ယောက်အတွက် အကျိုးရှိသွားစေတယ်

ဆိုရင်ပဲ ခုလို ရေးရကျိုးနပ်စေပါတယ် ^_^ )


လေးစားစွာဖြင့်.....
Aung Kyaw Soe ( 25.11.2016 - 6:55 PM )
Ps. SS တွေကိုသေခြာကြည့်ပေးပါ Lock ကျလို ့ Unfriend လုပ်ထားသူတွေကို

အနီရောင်ဘောင်ကွပ်ပြထားပြီး Name Lock ကျ နိုင်တဲ့ အကောင့်တွေကိုတော့

ခရမ်းရောင်နဲ ့ဘောင်ကွပ်ပြထားပါတယ် မိမိတို ့အကောင့်လေးတွေ ဘောင်ကွပ်

ထားတဲ့ထဲမှာပါနေရင်တော့ Locked ဖြစ်နိုင်တယ်ဆိုတာကို သတိပေးထားမှန်း

သိကြစေချင်ပါတယ် ကျွန်တော့်အကောင့်ထဲမှာ Fake Name တွေအရမ်းများ

ပါတယ် အဲ့ဒါတွေအကုန် SS လိုက်ရိုက်နေရင် လူ 5000 မှာ 4000 လောက်က

Fake Name တွေဖြစ်နေလို ့ မလွယ်ပါဘူး Unfriend လုပ်ဖြစ်သူတွေအနီးက Fake Name နဲ ့အကောင့်တွေကိုပဲ SS တွဲပြပေးလိုက်တာပါ။ :D