Facebook Account တစ်ခု ID တင်ထားဖို့ လို/ မလို..?

Facebook Account တစ်ခု ID တင်ထားဖို့ လို/ မလို..?



မကြာခဏ လာလာမေးကြတယ်။ လက်ရှိသုံးနေတဲ့ Facebook Account လေးကို ID တင်ချင်လို့ပါ။ ဘယ်ကနေဘယ်လို တင်ရတာလဲ..? အစ်ကိုတင်ပေးလို့ရော ရလားဆိုပြီးလာလာပြောကြလွန်းလို ့ဒါလေးကိုရေးပေးလိုက်တာပါ။

ID တင်တယ်ဆိုတာက လိုအပ်မှ တင်ရတာပါ မလိုအပ်ရင် တင်စရာမလိုပါ။
ID တင်ရတာကို ဥပမာပေးပြီးပြောရရင်....

လူတစ်ယောက် ပြစ်မှုကျူးလွန်လို့ ရဲစခန်းမှာ အာမခံနဲ့ပြန်လွတ်အောင် လုပ်ရတဲ့သဘောပါ။
Facebook မွာ Facebook Terms and Policies ဆိုပြီး ပြဌာန်းထားတာတွေရှိပါတယ်။ သူတို့ရဲ ့ပေါ်လစီမူဝါဒါတွေကို ချိုးဖောက်ခဲ့ရင် မလိုက်နာခဲ့ရင် အသုံးပြုနေတဲ့ Account ကို သုံးစွဲခွင့်တွေကနေ ပိတ်( Lock ချ ) တာမျိုးနဲ့ အပြစ်ပေးတတ်ပါတယ်။

အဲ့ဒီလို အပြစ်ပေးခံရရင် ကျူးလွန်ထားတဲ့ ချိုးဖောက်ထားတဲ့ ပြစ်မှုပေါ်
မူတည်ပြီး အပြစ်ပေးအရေးယူတာမျိုးတွေရှိပါတယ်။ သူတို့ရဲ့စည်းကမ်းတွေ လိုက်နာရမည့်အချက်တွေကို အနည်းငယ်လေးပဲ ချိုးဖောက်ခဲ့တယ်ဆိုရင် သာမန် Lock ချတာမျိုးနဲ့ပဲ အပြစ်ပေးအရေးယူတတ်ပြီး လိုတာထက်ပိုပြီး ချိုးဖောက်မိရင်တော့ သာမန် Disabled Lock မျိုး ချပစ်တတ်ပါတယ်။ အတော်လေးကို ဆိုးရွားတဲ့ ပြစ်မှုမျိုးတွေကို ကျူးလွန်မိရင်တော့ ရာသက်ပန် Disabled ( အကောင့်ကို ရာသက်ပန်ပြန်သုံးခွင့်မပေးတော့တာ၊ Remove လုပ်ပစ်လိုက်တာ ) မျိုးနဲ့ အပြစ်ပေးတတ်ပါတယ်။

မြန်မာပြည်က Facebook သုံးစွဲနေသူ တော်တော်များများဆီမှာ လွှဲမှားနေတဲ့ အယူအဆအမှားရှိနေတာကို မြင်တွေ့ရတယ်။ အဲ့ဒါက ဘာလဲဆိုတော့ Account တစ်ခုကို ID တင်ထားလိုက်ရင် မာသွားပြီ Lock မကျတော့ဘူး။ Report အထုမခံရတော့ဘူး။ Hack လုပ်မခံရတော့ဘူးလို့ လွှဲမှားစွာ ထင်မြင်ယူဆနေကြတာပါပဲ။ တကယ်တော့ ID တင်ထားတဲ့အကောင့်ပဲဖြစ်ဖြစ် Blue Mark ရထားတဲ့အကောင့်ပဲဖြစ်ဖြစ် Facebook က ချမှတ်ပေးထားတဲ့ လိုက်နာရမည့် စမ်းကမ်းတွေ၊ မူဝါဒတွေကို မလိုက်နာပဲ ချိုးဖောက်ခဲ့ရင် ရာသက်ပန် အဲ့ဒီ Account ကို ပြန်လည်အသုံးပြုလို ့မရတော့အောင် Disabled ပြုလုပ်ပြီး အပိတ်ခံရနိုင်ပါတယ်။

ဒါဆို အကောင့်တစ်ခုရေရှည်သုံးဖို့ဘာတွေလိုအပ်မလဲ ဘာလုပ်ရမလဲဆိုရင်...? 

1. Using Real Name ( မိမိနာမည်အရင်းကိုသုံးစွဲပါ။ )
2. Using Real date of birth ( မွေးနေ့မွေးရက် အမှန်ကိုသုံးစွဲပါ။ )
3. Using Real Photo ( မိမိရဲ့ဓာတ်ပုံကိုတင်သုံးပါ။ )
4. Using or Accessing Facebook Terms and Policies. ( စည်းကမ်းများ၊ မူဝါဒါများကိုလိုက်နာပါ။ )

အဲ့ဒီ ( ၄ ) ချက်ကိုသာ လိုက်နာနိုင်ရင် ဘာ ID မှ တင်ဖို့မလိုပဲ မိမိတို့ Facebook Account တွေကို ရေရှည်အသုံးပြုသွားလို့ ရပါလိမ့်မယ်။

အကောင့် ခိုးယူ ( Hack ပြုလုပ် ) ခံရတာမျိုးကတော့ မိမိတို့ Account ကို မိမိတို့ဘာသာ Security မြှင့်ထားခြင်း မမြှင့်ထားခြင်းနဲ့ လူတိုင်းအပေါ်မှာ အယုံလွယ်ခြင်၊ မလွယ်ခြင်းနဲ ့သာသက်ဆိုင်ပါကြောင်းပြောကြားရင် ID တင်ဖို့လိုမလိုဆိုတာလေးကို Sharing လုပ်ပေးလိုက်ပါတယ်ဗျာ။
ပေါ်လစီတွေနဲ့ပတ်သက်ပြီး လေ့လာချင်ရင် => fb.com/policies?ref=pf

Aung Kyaw Soe ( 8.1.2018 - 6:35 PM )

#AKS , #AKS_Sharing , #Facebook #FacebookAccountID , #FacebookTermsandPolicies