မိမိ Facebook ကို Security Checkup လုပ်ဖို့  - Online Service Center Myanmar

Thursday, February 9, 2017

မိမိ Facebook ကို Security Checkup လုပ်ဖို့ 




ဒီ တစ်ရက် နှစ်ရက် (7.2.2017 or 8.2.2017) အတွင်းမှာ အပေါ်မှာပြထားတဲ့အတိုင်းလေး တော်တော်များများဆီမှာ မြင်တွေ့ နေရပြီထင်ပါတယ် တစ်ချို့ ကလည်းလာမေးကြပါတယ် အစ်ကိုရေ Facebook မှာ အဲ့ဒီလိုကြီးပေါ်နေတယ် အဲ့ဒါ ဘာဖြစ်လို့ လည်း Account များ မလုံခြုံတော့လို့ လား Facebook က အဲ့ဒါကြောင့် သတိပေးတာလားဆိုပြီး လာမေးကြတယ်။

တကယ်တော့ အဲ့ဒီမှာပြထားတဲ့စာလေးကို သေခြာဖတ်မကြည့်မိကြတဲ့အတွက် ဘာမှန်းမသိပဲစိုးရိမ်ကုန်ကြတာပါ အမှန်တကယ်က Facebook Team က “Facebook ပေါ်မှာ လုံလုံခြုံခြုံရှိနေဖို့ အတွက် ကျွန်တော်တို့ အမြဲတမ်းလုပ်ဆောင်ပေးနေပါတယ် ဒါကြောင့် သင့် Account ကို လုံခြုံအောင် ဘယ်လိုတွေ လုပ်ဆောင်လို့ ရတယ်(လုပ်ဆောင်ရမယ်) ဆိုတာတွေကို သိထားစေချင်ပါတယ်” ဆိုပြီးပြောထားတာပါ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး Security Checkup လုပ်နိုင်ဖို့  Link တွေပါ ချိတ်ပေးထားပါတယ်။


မျှားပြထားတဲ့နေရာကို Click နှိပ်ပါ။
ကဲ... ပထမဆုံးအနေနဲ့  အပေါ်မှာပြထားတဲ့ အတိုင်း မြင်တွေ့ လာရပြီဆိုရင် အမှုမဲ့ အမှတ်မဲ့အနေနဲ့  ကျော်မသွားပဲ သူပြထားတဲ့အတိုင်း လိုက်လုပ်ကြည့်ဖို့ လိုပါမယ် ဒါမှလည်း မိမိတို့  Facebook Account လေးတွေကို လုံလုံခြုံခြုံနဲ့ သုံးစွဲနိုင်မှာ အခု ပထမဆုံး အပေါ်ဆုံးက ပုံအတိုင်းမြင်တွေ့  လာရပြီဆိုရင် Get Started ဆိုတာလေးကို နှိပ်ပေးလိုက်ပါ အောက်ပါ ပုံအတိုင်း Pop Up box လေး တက်လာပါလိမ့်မယ်။

1. Log Out of Unused Apps



Review Logins ဆိုတာလေးကို Click နှိပ်ပါ။


အထက်ပါအတိုင်း မြင်တွေ့ လာရပြီဆိုပါလျှင် Review Logins ဆိုတာလေးကို နှိပ်လိုက်ပါ အဲ့ဒီမှာ မိမိ Account ကို Login ၀င်ထားတဲ့ Log လေးတွေကိုမြင်ရမှာပါ ( ဒါကတော့ သူက အလွယ်လုပ်ပေးထားတာပါ အတူတူပေမယ့် ကျွန်တော်ကတော့ Account Settings => Security => Where You're Logged In ထဲကိုဝင်ပြီး အဲ့ဒီထဲကနေ လိုက်ဖျက်ထုတ်ရတာကို ပိုသဘောကျပါတယ် အဲ့ဒီထဲမှာဆို Computer နဲ့ ကြည့်ရင် Location: Yangon ဘာညာ ပေါ်ကိုထောက်ကြည့်လိုက်ရင် IP တွေပြူနေအောင် ထွက်လာလို့ ပါ ဖုန်းနဲ့ ကြည့်လို့ မရဘူးလားဆိုရင်ရပါတယ် အဲ့ဒီပေါ်ကို ဖိလိုက်တာနဲ့  မိမိ အကောင့်ကို ၀င်ထားတဲ့ IP Log ကို မြင်တွေ့ ရပါတယ် ) အောက်ပါ ပုံကိုကြည့်လိုက်ပါ မိမိ Account ထဲကိုဝင်ထားတဲ့ Log လေးတွေကို မြင်တွေ့ ရပါမယ်။


စိတ်ချရအောင် Log Out of All လုပ်ပေးလိုက်ပါ။


အထက်ပါ ပုံထဲကအတိုင်း မြင်တွေ့ လာရရင် သိတဲ့ Log ကို ချန်ထားချင်ရင် အမှန်ခြစ်ဖြုတ်ပြီး မသိတဲ့ Log ကို အမှန်ခြစ်ပေးပြီး Log Out of All လုပ်ပေးလိုက်ပါ ကိုယ်က ကိုယ့် Facebook Password ကို မှတ်မိတယ်ဆိုရင်တော့(တော်တော်များများက ကိုယ့် Password တောင် ကိုယ်မမှတ်မိတဲ့သူတွေများနေလို့  မှတ်မိရင်လို့ ပြောတာ တော်ကြာမမှတ်မိပဲ Log Out of All လုပ်လိုက်ရင် ဒုက္ခတွေ ရောက်နေကြမှာစိုးလို့  :D ) စိတ်ချရအောင် Log Out of All လုပ်ပေးလိုက် တာကတော့ အကောင်းဆုံးပါပဲ။
( ဒါက ဘာအတွက်လုပ်ရတာလည်းဆိုတော့ ကိုယ့် Facebook Account ကို အခြားတစ်ယောက်ယောက်က ၀င်သုံးနေရင် ဒါမှမဟုတ် ကိုယ်က သူများဖုန်းတွေ ကွန်ပြူတာတွေထဲမှာ ၀င်သုံးခဲ့ဘူးပြီး မထွက်ခဲ့မိတာမျိုးတွေကို အလိုလျောက် Log Out ထွက်သွားအောင် ပြုလုပ်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ )

2. Get Login Alerts



Manage Your Alerts ဆိုတာလေးကို Click နှိပ်ပေးပါ။


ဒါကတော့ နောက်တစ်ခုပါ အထက်ပါပုံထဲကအတိုင်း Manage Your Alerts ဆိုတာလေးကို Click နှိပ်ပေးလိုက်ပါ အဲ့ဒါဆိုရင် အောက်ပါအတိုင်း မြင်တွေ့ ရပါလိမ့်မယ်။


Turn On Alerts ဖြစ်နေလျှင် Turn Off Alerts ဖြစ်အောင်လုပ်ပါ။


အထက်ပါပုံကို မြင်တွေ့ ကြမှာပါ ဒီနေရာမှာ လုပ်စရာက ၃ ခုရှိပါတယ် ပထမတစ်ခုကတော့ Turn On Alerts ဖြစ်နေလျှင် Turn Off Alerts ဖြစ်အောင်လုပ်ဖို့ လိုပါမယ် ကျွန်တော်က On ထားပြီးသားမို့  Off ဆိုပြီး ပြနေတာပါ On မထားရသေးတဲ့သူတွေဆီမှာဆိုရင် Turn On Alerts ဆိုပြီး ပြနေပါလိမ့်မယ် အဲ့လို ပြနေရင် အဲ့ဒါလေးကို Click နှိပ်ပေးလိုက်ပါ နောက်တစ်ခုက Get notifications နဲ့  Email login alerts ဆိုတာလေး ၂ ခုမှာ အမှန်ခြစ်လေးတွေ ပေါ်အောင်ခြစ်ပေးပါ(ပုံထဲမှာခြစ်ပြထားပါတယ်)။
( ဒါက ဘာအတွက်လုပ်ရတာလည်းဆိုတော့ Get notifications ကို အမှန်ခြစ်ပေးထားတဲ့အတွက် မိမိ Facebook Account ကို မိမိ အသုံးပြုနေစဉ်အချိန်မှာ အခြား တစ်နေရာရာကနေ တစ်ယောက်ယောက်က Login ၀င်လိုက်တာနဲ့  Noti မှာ ဘယ်နေရာ၊ ဘယ် Devices ကနေ လှမ်းဝင်နေတယ်ဆိုပြီး သတိပေးစာ တက်လာမှာပါ Email login alerts မှာ အမှန်ခြစ်ပေးထားတဲ့အတွက် မိမိ အကောင့်ကို အခြား တစ်နေရာကနေ Login ၀င်တယ်ဆိုရင် Email ပေးပို့ ပြီး အသိပေးသွားမှာပါ ကိုယ်က အဲ့ဒီ Email ထဲကနေ ကိုယ် ၀င်တာ ဟုတ်တယ်မဟုတ်ဘူးဆိုတာကို သူပို့ လာတဲ့ မေးလ်ထဲက Secure Your Account ဆိုတာလေးကနေ ၀င်ရောက်ပြီး အတည်ပြုပေးလို့ ရပါတယ်။ )

3. Protect Your Password



Read Password Tips ဆိုတာလေးကို Click နှိပ်ပေးလိုက်ပါ။


အပေါ်က ပုံအတိုင်း မြင်တွေ့ လာရပြီဆိုပါလျှင် Read Password Tips ဆိုတာလေးကို Click နှိပ်ပေးလိုက်ပါ ဒါဆိုရင် အောက်ပါအတိုင်း မြင်တွေ့ ရပါလိမ့်မယ်။


Password ချိန်းလိုပါက Change Password ကို နှိပ်ပြီးချိန်းပါ။


အပေါ်ကအတိုင်းမြင်တွေ့ ရပြီဆိုရင်တော့ သင့်ရဲ့ Password နဲ့ ပတ်သက်တာကိုပြောပေးထားခြင်းဖြစ် ပါတယ် ဘာတွေပြောထားတာလည်းဆိုတော့ “Password ခနခန ပြောင်းနေတာထက် အကောင်းဆုံး အဆင့်မြင့်မြင့် Password တစ်ခုကိုပေးထားအကောင်းဆုံးပါပဲ၊ Online ပေါ်က မည့်သည့်နေရာမဆို Facebook Password အတိုင်းမပေးမိပါစေနဲ့  Facebook Password ကိုအသုံးမပြုမိပါစေနဲ့ ( Phishing Website တွေ ၀င်မိရင်မိမိ Facebook ပါ Hacked လုပ်ခံရနိုင်လို့ )၊ မိမိရဲ့  Facebook Password ကို အခြား မည်သူ့ ကိုမှပေးမသုံးပါနဲ့ ( ချစ်သူ၊ သူငယ်ချင်း မိတ်ဆွေတွေကိုလည်းပေးမသုံးဖို့ ပြောထားတာပါ) မိမိ Password ကို မိမိ တစ်ယောက်ထဲပဲ သိထားဖို့ လိုပါတယ်၊ Password ပြုလုပ်တဲ့အခါမှာ အလွယ်တကူမပေးမိပါစေနဲ့ ( မိမိနာမည်၊ ချစ်သူနာမည်၊ မိဘအမည်၊ မွေးနေ့ မွေးရက်၊ ဖုန်းနံပါတ်၊ ဂဏန်းအက္ခရာများကို အစဉ်အလိုက် ဥပမာ 123456 ပေးတာ၊ ခန့် မှန်းရလွယ်ကူနိုင်တဲ့ Password မျိုးမပြုလုပ်ပါနဲ့ )” ဆိုပြီးပြောထားပါတယ်။
ဒါကြောင့် မိမိ Password ကို ဘယ်လိုပေးထားလည်းဆိုတာ ပြန်စဉ်းစားပါ အပေါ်မှာပြောထားတဲ့အရာတွေ ထဲကလို အလွယ်တကူပေးထားမိလား ပေးထားမိတယ်ဆိုရင်တော့ အင်မတန်မှ အဆင့်မြင့်ပြီး ခန့် မှန်းရ ခက်တဲ့ Password ကိုပေးဖို့ အတွက် Change Password ကို နှိပ်ပြီး ၀င်ရောက်ပြီး လက်ရှိ Password ကို ပြောင်းလဲလိုက်ပါ။

ကဲ... ဒီလောက်ဆိုရင် ဒီရက်ပိုင်းထဲမှာ မြင်တွေ့ နေရတဲ့ အရာလေးကဘာလဲ...? ဘာလုပ်ရတာလဲ..? ဆိုပြီး လာမေးထားကြတဲ့သူတွေ အဲ့ဒါကို မြင်ပြီး ဘာမှန်းမသိဖြစ်နေတဲ့သူတွေ ဒါလေးကိုဖတ်ပြီး သိရှိသွားကြပြီထင်ပါတယ် ဒါကြောင့်... ဒါလေးကိုဖတ်ပြီး သိရှိသွားကြပြီဆိုရင် ပြန်လည်ပြီးတော့ Share လုပ်ပေးကြဖို့ မမေ့ပါနဲ့ ဦး။ ^_^ 


Aung Kyaw Soe ( 8.2.2017 - 3:18 PM )
( မိမိတို့  Facebook Account တွေကို လုံလုံခြုံခြုံအသုံးပြုနိုင်ဖို့  Security Checkup လုပ်တာတွေ Security မြှင့်တင်တာ ပြုလုပ်ချင်တယ်ဆိုပါလျှင် OSC-Myanmar ကနေ Security Services တွေကို ၀န်ဆောင်မှုပေးနေပါတယ်။ )
Website => www.osc-myanmar.com
Share This

No comments:

Post a Comment

Contact Us

Contact Form

Name

Email *

Message *