Phishing မိပြီး Account အခိုးမခံရအောင် - Online Service Center Myanmar
Friday, January 20, 2017
Phishing မိပြီး Account အခိုးမခံရအောင်
"Phishing(Website အတု App အတုတွေ) မိပြီး Account အခိုးမခံရအောင်"
နည်းပညာလောကမှာတော့ ငါးမျှားတယ်လို့ ခေါ်ပါတယ် Website Page အတုတွေ
ဥပမာပေါ့ Facebook, Gmail တို့ ကိုဝင်တဲ့ Login Page အတုတွေပြုလုပ်ပြီး
သူတို့  Target ထားတဲ့သူတွေဆီကို ဒီ Website လေးထဲကို ၀င်ကြည့်ပါ
ဒီ Website ထဲမှာတော့ မင်းအကြောင်း ဘာတွေတင်ထားတယ် ဆိုတာမျိုး
ဒါမှမဟုတ် ဒီ Link လေးကို ၀င်ကြည့်ပါလား ဘယ်လို အကြောင်းအရာလေးတွေ
ရှိတယ် လို့ ပြောပြီး စိတ်ဝင်စားစရာတွေပြောဆိုပြီး(ငါးစာနဲ့ မျှား) ဆွဲဆောင်ပါတယ်
ကိုယ်က စိတ်ဝင်စားလို့  အဲ့ဒီ Website ထဲကို ၀င်လိုက်ရင် Login ၀င်ခိုင်းပါတယ်
Facebook Login Page ကို ရောက်သွားတာမျိုးပေါ့ ကြုံဖူးကြမှာပါ။
အဲ့ဒီလို Login ၀င်လိုက်တဲ့အခါမှာ Facebook ထဲကို မရောက်သွားဘူးလား
ဆိုတော့ ရောက်သွားပါတယ် ဒါပေမယ့် စောစောက Login ၀င်ချိန်မှာ
ရိုက်ထည့်လိုက်တဲ့ Email & Password ကတော့ တစ်ဖက်က ငါးများတဲ့
သူဆီကို ရောက်သွားပါတယ် ဟိုဘက်က အဲ့ဒီ Email & Password ၀င်လာရင်
ချက်ချင်းတော့ မိမိ Account ၀င်ပြီး သိမ်းချင်မှ သိမ်းပါလိမ့်မယ် အဲ့ဒီ Log ဖိုင်ကို
ဝင်ကြည့်တဲ့အခါမှာ တွေ့ တာနဲ့ တန်းဝင်ပြီး သိမ်းပစ်လိုက်နိုင်ပါတယ်။
Website တင်လားဆိုတော့ မဟုတ်ပါဘူး Mobile ခေတ်ကို ရောက်လာတော့
Mobile App တွေနဲ့  Phishing တွေ ရေးပြီး ဖြန့် ပါတယ် Facebook App
Version အသစ်လေးပါတို့  Facebook Account တွေအများကြီးဝင်သုံးလို့ 
ရတယ်ဆိုတာမျိုးတွေ ဖုန်းဘေလ် 0 ကျပ်နဲ့  သုံးလို့ ရတယ်ဆိုတာတွေ
Color(အရောင်တွေနဲ့ ) Facebook လေးတွေ သုံးချင်ကြရင်ဆိုပြီး
လူစိတ်ဝင်စားမယ့် အကြောင်းအရာလေးတွေ ပြောပြီးဖြန့် ပါတယ်
ဘာမှ မသိနားမလည်သူတွေက ၀င်ရောက်ပြီးအသုံးပြုတဲ့အခါမှာတော့
အပေါ်မှာပြောထားသလိုပဲ ထည့်လိုက်တဲ့ User Name & Password က
Facebook Server ဆီကို ရောက်သွားသလို နောက်တစ်ဖက်ဖြစ်တဲ့
Phishing Server ဆီမှာလည်း Log ၀င်ရောက်သွားပါတယ်။
ဒါကြောင့် Facebook ပေါ်မှာ ဘယ်သူလာပေးတဲ့ Website Link ပဲဖြစ်ဖြစ်
ဝင်မကြည့်ကြဖို့ လိုပါမယ် Phishing Login Page မဟုတ်ရင်တောင်
အဲ့ဒီလို Link တွေကို လျှောက်နှိပ်တာက အရမ်း အန္တရာယ်များပါတယ်
ဥပမာ Facebook ထဲမှာ တွေ့ ဖူးကြမှာပေါ့ Sex Video ဖိုင်တွေနဲ့ 
ဘယ်နေရာမှာ ဘယ်လို ဖြစ်တာ ဘယ်သူက ဘယ်သူနဲ့ ဘယ်လို
ဆိုပြီး စိတ်ဝင်စားစရာကောင်းအောင် မြင်ရတဲ့ပုံကလည်း 18+ ပုံနဲ့ 
Group တွေ ထဲမှာ မကြာခနဆိုသလို တွေ့ ရတတ်ပါတယ် အမှန်တော့
အဲ့ဒီဟာတွေက Fake info တွေနဲ့  Fake Link တွေပါ ကိုယ်က
စိတ်ဝင်စားလို့ ဆိုပြီး Click နှိပ်ကြည့်မိတယ် ၀င်ကြည့်မိလိုက်တယ်
ဆိုရင်ပဲ ကိုယ်မြင်တုန်းက ပုံထဲက အတိုင်း ဘာဗီဒီယိုမှ မတွေ့ ရပါဘူး
ကိုယ့်ရဲ့  Facebook Access Token( Facebook ကိုဝင်တဲ့
Email & Password နဲ့ အတူတူပါပဲ )ကို ကိုယ်မသိပဲ ခိုးယူခံလိုက်ရပါတယ်။
အဲ့လို Access Token ခိုးယူခံလိုက်ရရင် ဘာဖြစ်နိုင်လည်းဆိုတော့
မိမိ Account ကနေ မိမိလည်း မတင်ပါပဲ Share မလုပ်ပါပဲ စောစောက
ဝင်ကြည့်ခဲ့တဲ့ Post အတိုင်း အလိုလျောက် Group တွေထဲမှာ လိုက်တင်
လိုက် Share လုပ်နေတတ်ပါတယ် ကိုယ်ကတော့ မသိပဲ အခြားသူတွေပဲ
မြင်တွေ့ နေရတော့ အင်မတန်မှ ရှက်စရာကောင်းတဲ့အဖြစ် ဖြစ်သွားတတ်ပါတယ်
အဲ့ဒါ ဘာဖြစ်တာလည်းဆိုတော့ Spam Virus မိသွားတာပါ။
နောက်ပြီးတော့ လက်ရှိခေတ်မှာ Mobile ဖုန်းတွေနဲ့ အသုံးပြုတာ
တွင်ကျယ်လာတဲ့အခါမှာ အဲ့ဒီလို အရာတွေက Mobile Phone အသုံးပြုသူတွေ
ဘက်လှည့်လာပါတယ် စိတ်ဝင်စားစရာကောင်းမယ့် App တွေ စိတ်ဝင်စားစရာ
ကောင်းတဲ့ Social App , Game App အတုအယောင်တွေ ပြုလုပ်ပြီးတော့
Share လုပ်ပါတော့တယ် ဒါကြောင့်မို့ ဘယ်သူက ဘယ်လောက်ကောင်းပါတယ်
ဘာတွေ ဘယ်လိုကောင်းပါတယ်ဆိုပြီးပြောထားပြောထား အဲ့ဒီ Mobile App ကိုလဲ
လုံးဝမှမသုံးမိဖို့ လိုပါတယ် Facebook App မျိုးတွေကအစ Apple Store တို့ 
Play Store တို့ မှာသွားရောက်ပြီး Official App ကို ရှာဖွေပြီးတော့သာ
သုံးစွဲကြပါလို့ တိုက်တွန်းချင်ပါတယ်။
အောက်ကဟာကတော့ Facebook Security Team က တင်ပေးထားတဲ့စာလေးတွေပါ
-------------------------------------------------------------------------------------------------------------------------
တခါတလေမှာ သံသယ ရှိစဖွယ် အီးမေးလ် ဒါမှ မဟုတ် မက်စေ့ တိုလေးတွေကို ဖေ့ဘွတ်ကနေ ပို့တာပါဆိုပြီး သင့်ရဲ့ပတ်စ်ဝေါ့ ကို လှမ်းတောင်းတာမျိုး ကြုံရတတ်ပါတယ်။ ဖေ့ဘွတ်က ဘယ်တော့မှ အဲ့လိုမျိုး ပတ်စ်ဝေါ့တွေ လှမ်းတောင်းလေ့မရှိပါဘူး။ အောက်မှာ ဖော်ပြထားတဲ့အချက်တွေကတော့ အဲ့လို ကိုယ့် အကောင့်ကို ခိုးဖို့ ရည်ရွယ်ချက်နဲ့ ပို့တဲ့ မက်စေ့တိုတွေက သံသယရှိစဖွယ် မက်စေ့တွေမှန်း ဘယ်လိုသိနိုင်မလဲ ဆိုတာ ဖော်ပြထားပါတယ်။
https://www.facebook.com/…/how-to-keep-your-accou…/phishing/
-------------------------------------------------------------------------------------------------------------------------
မိမိတို့  Facebook Account တွေ Hack ခံထားရလို့ or Hack ခံရမှာ
ကြောက်လို့  ကြိုတင် ကာကွယ်ထားချင်လို့ ပဲဖြစ်ဖြစ် ကျွန်တော်များ
OSC-Myanmar မှ အကောင်းဆုံး ၀န်ဆောင်မှုပေးနေပါတယ်။
Hacked လုပ်ပြီး PA(Personal Attack) လုပ်ပြီး အရှက်ခွဲခံနေရသူများကိုတော့
အခမဲ့ အကူအညီပေးသွားမည်ဖြစ်ပြီး အခြား Hack လုပ်ခံထားရသူများရဲ့ 
Account များကို Recovery လုပ်ပြီး ပြန်လည်ရယူချင်လို့ ပဲဖြစ်ဖြစ်
မိမိလည်းအသုံးမပြုချင်တော့ဘူး Hacked(ခိုးယူသွား)သူလည်း အသုံးပြုလို့ 
မရတော့အောင် ပြုလုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့  Security Team မှ
အကောင်းဆုံးနဲ့  အသက်သာဆုံးနှုန်းဖြင့် ၀န်ဆောင်မှုပေးနေပါတယ်။
Hacked လုပ် မခံရသေးတဲ့ Account ပိုင်ရှင်များအနေနဲ့ လည်း
Security မြှင့်ချင်လျှင် မြှင့်ပေးပါတယ် အကောင့်ကို Security Checked
လုပ်ပေးတယ် မသင်္ကာစရာ Web App, Game App, Other App Log
တွေရှင်းပေးတယ် ကိုယ်ဝင်တာမဟုတ်ပဲ အခြားဆီတွေက ၀င်ထားတဲ့
Device, IP, Location Log တွေကို ရှင်းပေးတယ် Security မြှင့်ပေးတယ်
Security နဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေ ဆောင်ရန် ရှောင်ရန်တွေ သင်ပေးတယ်
Hack လုပ်မခံရအောင် Security အဆင့်တွေမြှင့်ပြီး ဘာတွေကို ဂရုပြုရမလဲ
သတိထားရမလည်းဆိုတာတွေကို သင်ပေးတယ် ဘာတွေဆောင်ပြီး
ဘာတွေရှောင်ရမလည်းဆိုတာတွေ ပြောပေးတယ်။
မိမိတို့  OSC-Myanmar အနေနဲ့  ၀န်ဆောင်မှုကို အသက်သာသုံး နှုန်းဖြင့်
ဝန်ဆောင်ပေးပါတယ် ငွေကြေး အနည်းငယ်လေး ကုန်ကျမှာကို မြင်မနေပါနဲ့ 
Account Hacked လုပ်ခံရပြီး PA(Personal Attack) တွေလုပ်ခံရပြီး
အရှက်တကွဲ အကျိုးနည်းတွေဖြစ်တော့မှ အဖေကယ်ပါ အမေကယ်ပါတွေနဲ့ 
Security မြှင့်တာမှာ ကုန်ကျတာနဲ့  မကာမိတဲ့အဖြစ်မျိုးတွေ ဖြစ်ပါမယ်
ဒါကြောင့် မိမိတို့  Account များကို Security မြှင့်ပြီး သုံးကြပါလို့ တိုက်တွန်း
ချင်ပါတယ် ကိုယ်တိုင်ကိုယ်ကျ Security မြှင့်တတ်ရင် မြှင့်ပြီးသုံးကြပါ
အကယ်၍ ကိုယ်တိုင်က ဘာမှမသိဘူး အဲ့ဒီ ၀န်ဆောင်မှုကို ယူချင်တယ်
ဆိုရင်ဖြင့် OCS-Myanmar ကို သတိရလိုက်ပါခင်ဗျာ။ ^_^
Aung Kyaw Soe ( Founder - Online Services Center )
Video By : Facebook Security Team
Facebook Page => www.facebook.com/OSCMyanmar.mm
Website => www.osc-myanmar.com
#FacebookBoostServices #WebsiteServices #DomainNameServices #SecurityServices #FacebookAccountSecurity #FacebookSecurity #OnlineServices #Facebookboost #Facebook #Domain #DomainName #SocialAccountSecurity #Security #SocialAccount #Social #Myanmar #Online #FacebookPage #Blogger #BloggerWebsite #OSC #OSCMyanmar #OSC_Myanmar #OnlineServicesCenter #OnlineServicesCenterMyanamr #Online_Services_Center
Share This
No comments:
Post a Comment
Contact Us
Contact Form
Name
Email *
Message *