Online Service Center Myanmar -->

My Blog

Latest blog

 


-     
  
မပိန်းကြပါနဲ့...
အကောင့်တခုက အလွယ်တကူ Hack လုပ်လို့မရပါဘူး။

သုံးနေတဲ့သူရဲ့

Password ကို အလွယ်ပေးမှု။

တွေ့ကရာ Link ဝင်ကြည့်တတ်မှု။

တွေ့ကရာ App တွေ ဒေါင်းသုံးတတ်မှု။

အယုံလွယ်တတ်မှု။

Account Security ပိုင်း ဘာဆိုဘာမှ လုပ်မထားမှု။

တွေ့ကြောင့်ပဲ အကောင့်က အခိုးခံရနိုင်တာပါ။

နောက်တခုတော့ရှိသေးတယ် အဲ့ဒါကတော့ ကိုယ့်အကောင့်ကိုဖွင့်ထားတဲ့ User name နဲ့ Password ကို သိနေတဲ့သူ သို့မဟုတ် ကိုယ့်အကောင့်ကိုဖွင့်ပေးထားတဲ့သူ လက်ချက် ကြောင့်လည်း ခိုးယူခံရတတ်ပါတယ်။

ဒီအတိုင်းတော့ အကောင့်တခုကို အလွယ်တကူခိုးလို့မရနိုင်ဘူး၊ နောက်ဆုံး ကုန်ကုန်ပြောရရင် "ကိုယ်စီးတဲ့မြင်းကို အထီးလား? အမလား? သိအောင်လုပ်မထားတဲ့သူတွေ" ပဲ အကောင့်တွေ Hack လုပ်ခံကြရတာပါ။

ဒါကြောင့် Facebook ထဲမှာ ၁၀၀ ဖိုး ( ၃ ) ပိုဒ် Post ဖတ်နေ၊ Share နေ၊ ကြမယ့်အစား ကိုယ်သုံးနေတဲ့ Facebook အကောင့်နဲ့ပတ်သက်တာလေးတွေကိုတော့ နည်းနည်းလေးလောက်ဖြစ်ဖြစ် သိအောင်လုပ်ထားဖို့လိုပါတယ်။
__________________________

Account Hack ခံရမှာကြောက်နေသူများအတွက် $10 တန် Account Security လုပ်နည်းနဲ့၊ Security Knowledge လေးတွေကို Free တင်ပေးထားပါတယ်။

ဖတ်ပါ၊ မှတ်ပါ၊ လိုက်နာပါ၊ လုပ်ဆောင်ပါ။
https://www.facebook.com/photo.php?fbid=1605181202977970&set=a.933643813465049&type=3

___

Facebook Account လုံခြုံဖို့ ( Hack လုပ်မခံရဖို့ ) မဖြစ်မနေသိထား၊ လုပ်ထားသင့်တဲ့အရာလေးတွေပါ။

https://www.facebook.com/aungkyawsoe.sb/posts/1454842658011826

___

"Facebook Account Hack လုပ်( ခိုးယူခြင်း )မခံရအောင်ကာကွယ်ပါ"

https://www.facebook.com/aungkyawsoe.sb/posts/1000973386732091

___

Account ဘာလို့ Hack ခံရတာလဲ?

https://www.facebook.com/aungkyawsoe.sb/posts/1421213894708036

___

OTP( One Time Password )တောင်းပြီး Account hack ခံရခြင်းမှကင်းဝေးစေဖို့ or လူတိုင်းမအကြစေဖို့

https://www.facebook.com/aungkyawsoe.sb/posts/1514364828726275

___

Bank card and Bank Account တွေနဲ့ Online Payment အသုံးပြုသူများ သတိထားနိုင်ရန်

https://www.facebook.com/aungkyawsoe.sb/posts/1462716733891085

___

ကိုယ့်ရဲ့ Facebook Page လေးတွေ Hack လုပ်မခံရစေဖို့

https://www.facebook.com/aungkyawsoe.sb/posts/1592432500919507

___

အပေါ်ကလို ပို့စ်တွေနဲ့ အခြား ဗဟုသုတရစေမယ့် Post တွေကို အောက်က Link ထဲမှာ အကုန်ဝင်ဖတ်လို့ရတယ်။

https://www.osc-myanmar.com/p/sitemap.html

ခဏခဏ လက်ညောင်းအောင်ရေးပြီး Sharing လုပ်ပေးနေလည်း အရေထူလူသားတွေက ဂရုကိုမစိုက်ကြဘူး၊ အကောင့်တွေ Hack လုပ်ခံကြရတော့မှာသာ အဖေကယ်ပါ၊ အမေကယ်ပါတွေဖြစ်ကုန်ကြတာ၊ တကယ်လည်း စိတ်ပျက်မိပါတယ်။ 😕
 
-     
  


-     
  
တနေ့တနေ့ Facebook ပေါ်မှာ အနီနဲ့ အစိမ်းအတွက်ရန်တွေဖြစ်ကြ၊ Cele ရူးသူတွေရဲ့ ကျပ်မပြည့်တဲ့ပုံစံတွေကြောင့်စိတ်ညစ်ရ၊ ၁ ကျပ်ဖိုးလောက်သုံးပြီး ဘီလျံနာကြီးလိုလိုကြွားလုံးထုတ်တာတွေမြင်ရ၊ စော်မရှိ ဘဲမရှိလို့ လင်တရူး မယားတရူးပြီး အားနေဈေးဗန်းခင်းနေကြသူတွေကိုမြင်ရ၊ ဘုရားလည်းမသိ တရားလည်းမသိ ဆရာတော်လည်းမသိ အကုန်ပတ်ဆဲနေကြသူတွေကိုမြင်ရ၊ အရှက်အကြောက်မရှိတော့တဲ့ ဟိုဖော်ဒီဖော်နဲ့ အကုန်ပေါ်တာတွေကိုမြင်ရ၊ တာမျိုးတွေကစလို့ အာရုံတွေနောက်နေကြပြီ စိတ်တွေညစ်နေရပြီဆိုရင်တော့ ‌ဖြေရှင်းနည်းလေးရှိပါတယ်။

အဲ့ဒါလေးအတွက် ဖြေရှင်းရတာ အရမ်းလွယ်တယ်ဗျ၊ တခါဖြေရှင်းလိုက်ရုံနဲ့ နောက်ဘယ်တော့မှ အဲ့ဒါမျိုးထပ်ပြီး စိတ်ညစ်စရာမလိုတော့ဘူး။

#ဘယ်လိုဖြေရှင်းရမလဲ?

ဒီ 👉 fb.com/help/delete_account 👈 လေးကို နှိပ်လိုက်၊ ပြီးရင် Delete Account ဆိုတာလေးကိုသာရှာနှိပ်လိုက်ဗျာ။

နှိပ်ပြီးသွားရင် Facebook Password ရိုက်ထည့်ခိုင်းပါလိမ့်မယ်၊ ပြီးတာနဲ့ Log Out အလိုလျောက်ထွက်သွားမယ်၊ ပြန်မ၀င်နဲ့နော် ရက် ၃၀ တိတိ ပြည့်အောင်စောင့်လိုက်၊ ရက် ၃၀ ပြည့်ပြီး ပြီဆိုတာနဲ့ 100% ပြေလည်သွားပြီဗျာ၊ နောက်နောင် အဲ့ဒါမျိုးလုံး၀မှ မဖြစ်တော့ဘူး။ 😃 😃 😃

အဓိက အချက်ကိုတော့သတိပြုပေးပါ// ရက် ၃၀ ကျော်သွားရင်တော့ ကျွန်တော့်ကို ကျေးဇူးတင်ပါတယ်မပြောချင်ရင်နေပါ လုံး၀ လုံး၀မှ လာမဆဲဖို့တော့လိုပါတယ်။ အာ့လေးတစ်ခုက အရမ်းအရေးကြီးတယ်။ 😛 😛 😛

အားလုံးပဲအဆင်ပြေကြပါစေ...

ချစ်ခြင်းအားဖြင့်...

Aung Kyaw Soe ( 14.8.2020 - 9:26 AM )
 
-     
  


 


-     
  
မြန်မာပြည်က Facebook သုံးစွဲသူ 100 မှာ 35 ယောက်လောက်က Online Shopping သမားတွေလို့ပြောရမှာပါ။ အသက်ကြီး၊ ငယ်၊ ကျား၊ မ၊ မရွေး အကုန်လုံးက Online ပေါ်မှာ တပိုင်တနိုင်အနေနဲ့ရော အသေးစား၊ အလတ်စား၊ အကြီးစား၊ ဈေးရောင်းနေကြပါပြီ။

ဒီလိုအချိန် 2020 ခုနှစ်ရဲ့ နှစ်ဝက်ကာလမှာ အစိုးရဘက်ကနေ OS သမားတွေကို တရားဝင်မှတ်ပုံတင်ဖို့နဲ့ ကိုယ်ပိုင် Website တွေလုပ်ကြရမယ်ဆိုပြီး ထုတ်ပြန်ကြေညာချက်တွေထွက်လာတော့ OS သမားတွေ ခေါင်းခြောက်ကုန်ကြပါတယ်။ မြန်မာပြည်မှာ Online အသုံးပြုသူ 100% မှာ 25% လောက်ကသာ Website တွေကို ဝင်ရောက်အသုံးပြုကြတာကြောင့်ပါပဲ၊ ပြောရမယ်ဆိုရင် Online လို့ပြောလိုက်ရင် #Facebook လောက်ပဲ သိကြသူကများပါတယ်။

အခြားနိုင်ငံတွေမှာ #Amazon, #eBay, တို့လို့ E-commerce Website တွေကနေဈေးဝယ်နေကြတာ အထူးအဆန်းမဟုတ်တော့ပေမယ့် မြန်မာပြည်ကလူတွေအတွက်ကတော့ Online ကနေ ဈေးဝယ်ယူတာမျိုးတွေမှာတော့ Facebook ပေါ်က Online Shopping သမားတွေဆီကနေပဲ ဝယ်ယူဖြစ်ကြတာများပါတယ်၊ ပြောရမယ်ဆိုရင် E-commerce Website တွေထဲကိုဝင်ရောက်ပြီးဝယ်ယူတာမျိုးတွေ အတော်ကိုရှားပါးနေတုန်းပါ၊ ဒါကြောင့်လည်း OS သမားတွေ ခေါင်းခြောက်ကုန်ကြတာပါ။

OS သမားတွေကို နောက်ထပ် ခေါင်းခြောက်၊ ခေါင်းခဲစေတာကတော့ Website ပြုလုပ်ရာမှာ ကုန်ကျမယ့် ကုန်ကျစရိတ်ပါပဲ၊ အကြီးစား OS သမားတွေအတွက် သိပ်မသိသာပေမယ့် အသေးစား OS သမားတွေအတွက်ကတော့ မြန်မာပြည်မှာ Website ကိုသိပ်ဝင်မကြည့်ကြတဲ့အနေအထားမှာ Website လုပ်ရမယ်ဆိုတော့ အပိုကုန်ပေါက်ပဲလို့တွေးကြသလို၊ သူတို့အတွက် မနည်းတဲ့ကုန်ကျစရိတ်ဖြစ်နေလို့ပါပဲ။

Website တခုကိုရေးဆွဲပေးတဲ့ကုမ္ပဏီတွေအလိုက် ဈေးနှုန်းတွေမတူကြပေမယ့် ကုန်ကျစရိတ်တွေကတော့ သက်သာလှတယ်မဟုတ်ဘူးလို့ပြောရမှာပါ။ Website Startup အတွက်တင် အနည်းဆုံး သိန်းဂဏန်း၊ သိန်းဆယ်ဂဏန်း၊ ကနေ E-commerce Website က ကြီးရင်ကြီးသလို သိန်း ရာနဲ့ချီပြီးကုန်ကျစေနိုင်ပါတယ်။

အဲ့လို Website တခု စရေးဆွဲပြီးလွှင့်တင်လိုက်ပြီဆိုတာနဲ့ပြီးမသွား‌ေသးပါဘူး၊ #ကုန်ကျစရိတ်က ၁ရက်၊ ၁လ၊ ၁နှစ်၊ တိုးတိုးလာသလို #လစဉ်ကြေး#နှစ်စဉ်ကြေး#ထိန်းသိမ်းခ၊ Data များလာရင် များလာသလို #Hosting ကြေးတွေက တိုးတိုးလာနေမှာပါ၊ ဒါတင်မကပါဘူး Website မှာ Content တွေတင်ဖို့လူလည်းလိုအပ်ပါတယ်၊ ကိုယ်တိုင်တင်ရင်တင်၊ မတင်ချင်ရင်တော့ သီးသန့်လူငှားပြီးတင်ရမှာပါ၊ အဲ့လို Website ကိုင်ဖို့လူ ၁ ယောက်ခေါ်ခန့်မယ်ဆိုရင် လစာက အနည်းဆုံး ၅သိန်း ကနေ၊ ၁၀ သိန်းကျော်အထိ ရှိပါတယ်၊ ကံကောင်းရင်တော့ ကိုယ်တွေလို ပေါချောင်ကောင်း #Service ပေးနေတဲ့သူတွေနဲ့တွေ့ရင်တော့ ကုန်ကျစရိတ်သက်သာစေမှာပေါ့။ 😁

#Advertising စာပိုဒ်။

ကဲ... ဟိုးအပေါ်ကနေ ဒီနားအထိ စိတ်ဝင်တစားနဲ့ဖတ်လာပေးလို့ကျေးဇူးပါ၊ အခုကစပြီး #ကြော်ငြာ ဝင်ပြီနော်။ 😊

ဒီကြော်ငြာကြောင့် အသိ Website ရေးဆွဲပေးနေတဲ့သူတွေရဲ့ အငြိုငြင်တော့ခံရနိုင်ပါသေးတယ်။ 😁

ဒါကတော့ Online Shop ကို မှတ်ပုံတင်ပြီး Website လည်းမဖြစ်မနေလုပ်ရမယ်ဆိုတာသိထားပြီး၊ #ကုန်ကျစရိတ်နည်းနည်းလေးနဲ့ Website လုပ်ချင်ကြတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်၊ အဲ့ဒါကတော့ #၁နှစ်လုံးစာမှ၂သောင်းကျပ်ဝန်းကျင်ပဲကုန်ကျမယ့်အကြောင်း လေးပါပဲ၊ OSC-Myanmar ( Online Service Center Myanmar ) အနေနဲ့ အဲ့လို OS သမားတွေအတွက် ၁ နှစ်လုံးစာ မှ ကုန်ကျစရိတ် ၂ သောင်းဝန်းကျင်ပဲကုန်ကျမယ့် Website လေးတွေကို ပြုလုပ်ပေးနေပါတယ် ဆိုတာပါပဲ။

#စိတ်ဝင်စားတယ်ဆိုရင်...

LIVE Chat Message - m.me/OSCMyanmar.mm

LIVE Chat Message - m.me/aungkyawsoe.sb

Mobile - 09421157911, 09794426154, 09253351244

တို့ကနေ ဆက်သွယ်၊ စုံစမ်း၊ မေးမြန်းပြီး ဝန်ဆောင်မှုများကို ရယူနိုင်ကြပါတယ်။

#Website #WebsiteService #OnlineShop #OnlineShopping #Ecommerce #ecommercewebsite

-     
  

Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com