Online Service Center Myanmar -->

My Blog

Latest blog




-     
  
Covid-19 ကာလလည်းဖြစ်၊ ကိုယ်တိုင်က အိမ်ထဲကအိမ်ပြင်လည်းမထွက်ဖြစ်၊ ဒါပေမယ့် Boost တွေတော့ အိမ်မှာနေရင်းပဲလုပ်ဖြစ်နေတယ်၊ လုပ်ရတာတွေကအဆင်မပြေဘူး၊ လိုအပ်ချက်တွေကများနေတယ်၊ ဘာညာတွေဖြစ်နေကြတယ်ဆိုရင်တော့ အိမ်မှာပဲနေရင်း Facebook Business Help Team က Marketing Expert တွေရဲ့ အကူအညီနဲ့ Error တွေဖြေရှင်းတာ၊ ကြော်ငြာတွေကို ဘယ်လိုကြော်ငြာရမလည်းဆိုတဲ့ အကြံဉာဏ်တွေ၊ အကြံပြုချက်တွေ၊ လမ်းညွှန်ချက်တွေကို တိုက်ရိုက် LIVE Phone Call နဲ့ ဖုန်းပြောပြီး အခမဲ့ ရယူနိုင်ကြပါတယ်။

Facebook Advertising သင်တန်းတက်ထားသူပဲဖြစ်ဖြစ်၊ မတက်ထားသူပဲဖြစ်ဖြစ်၊ လိုအပ်တဲ့ အကူအညီနဲ့ အကြံဉာဏ်တွေကို အခမဲ့ရယူလို့ရပါတယ်။

#ဘယ်လိုရယူရမှာလဲ?

အောက်မှာပေးထားတဲ့ Link ကိုဝင်ရောက်ပြီး ဖုန်းပြောလို့အဆင်ပြေနိုင်မည့် ရက်နဲ့ အချိန်ကိုရွေးချယ်ပေးထားရမှာပါ။

Get free advertising guidance from a Facebook Marketing Expert.

https://bit.ly/OSCMyanmarFreeAdvertisingGuidance

#ဘာတွေလိုအပ်လဲ?

ကိုယ်ရွေးထားတဲ့အချိန်မှာ Facebook Business Help Team က Marketing Expert ကိုယ်တိုင် ကိုယ့်ကိုဆက်သွယ်လာမှာဖြစ်လို့ အဲ့ဒီအချိန် ကိုယ်သုံးနေကျဖြစ်တဲ့ Computer( Desktop or Laptop ) သို့မဟုတ် Mobile Phone ကို လိုင်းဖွင့်ထားပြီး အသင့်စောင့်နေပေးဖို့က အရေးအကြီးဆုံးလိုအပ်ချက်ပါ။

နောက်ပြီး ကိုယ့်ရဲ့ Ad Account ID Number ကို ရယူထား( သိထား ) ဖို့ လိုပါတယ်။

မသိဘူးဆိုရင် Fb.com/ads/manager ကနေ ဝင်ရောက်ကြည့်ရှုနိုင်သလို၊ Mobile app ဖြစ်တဲ့ Facebook Ads Manager ထဲကနေလည်း ဝင်ရောက်ကြည့်ရှုပြီး မှတ်သားထားဖို့လိုပါမယ်။

#ဘာတွေမေးလို့ရပြီးဘယ်လိုအကူအညီမျိုးတွေရနိုင်လဲ?

မြန်မာပြည်မှာ လက်ရှိသင်ကြားပေးနေတဲ့ ရမ်းရွှီး၊ ရမ်းဖြီးနေတဲ့ အချို့သော Facebook Advertising သင်တန်းတွေမှာ သင်ခဲ့၊ သိခဲ့၊ တတ်ခဲ့တာတွေထက် ပိုမိုသိရှိနိုင်တာတွေရှိပါမယ်။

ကိုယ့်ဘက်က သိရှိချင်တဲ့ ကဏ္ဍတွေ၊ မေးချင်တဲ့အကြောင်းအရာတွေကို ကြိုတင်စဉ်းစားထားတာပဲဖြစ်ဖြစ်၊ ချရေးပြီးတော့ပဲဖြစ်ဖြစ် သူတို့နဲ့ တိုက်ရိုက်ဖုန်းပြောချိန်မှာ မေးမြန်းသိရှိနိုင်မှာပါ။

#ဘယ်လိုအကြံဉာဏ်တွေရရှိနိုင်မှာလဲ?

လက်ရှိ မြန်မာပြည်မှာ ပွထနေတဲ့ Digital Marketing သင်တန်းတွေက သင်ချင်သလိုသင်ပေးလိုက်တာတွေကြောင့် Boost( Advertising )ကို လုပ်ချင်သလိုလုပ်နေကြတာမျိုးတွေများပါတယ်၊ အဲ့လိုလုပ်ရင်း Policy Error, Payment Error တက်မှုတွေ၊ လွဲမှားနေတဲ့ ကြော်ငြာပုံ ကြော်ငြာနည်းတွေကြောင့် ရလာဒ်ကောင်း မရတာတွေအတွက် အကောင်းဆုံးအကြံပြုချက်တွေနဲ့ လမ်းညွှန်ထောက်ပြမှုတွကိုရရှိစေမှာပါ။

#ပိုက်ဆံပေးရသေးလား?

တကျပ်၊ တပြားမှပေးစရာမလိုတဲ့ အခမဲ့ #Free #Service ပါ၊ Digital Marketing သင်တန်းတက်နေရင်တောင် သင်တန်းကြေးပေးနေရပါဦးမယ်၊ ဒီဟာကတော့ တကယ့်ကျွမ်းကျင်တဲ့ Marketing Expert နဲ့ သင်ယူမှတ်သားရမှာဖြစ်လို့ ဒီလိုအခွင့်အရေးမျိုးကို လက်မလွှတ်သင့်ပါဘူး။

ကဲ.... အခုပဲ Facebook Marketing ကျွမ်းကျင်သူထံမှအခမဲ့ကြော်ငြာလမ်းညွှန်ကိုရယူလိုက်ပါ။

အခမဲ့ကြော်ငြာလမ်းညွှန် အတွက် ဒီ https://bit.ly/OSCMyanmarFreeAdvertisingGuidance မှာ ဝင်ရောက်ပြီး ဖုန်းခေါ်ဆိုဖို့ အချိန်နဲ့ နေ့ရက်ကို သတ်မှတ်ပေးထားလိုက်ပါ။

အားလုံးပဲ အဆင်ပြေကြပါစေ။

ချစ်ခြင်းအားဖြင့်...

Aung Kyaw Soe ( 13.7.2020 - 4:34 PM )
 
-     
  


-     
  
လူမှုကွန်ရက် Facebook မှာကြော်ငြာနေတာတွေကို ရပ်ဆိုင်းဖို့ ကုမ္ပဏီအများအပြားက ဆုံးဖြတ်ခဲ့ပြီး သပိတ်မှောက်နေကြတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေအဖို့ စိုးရိမ်မှုတွေရှိလာကြပါတယ်။
Facebook ကိုသပိတ်မှောက်နေတဲ့ ကုမ္ပဏီတွေထဲမှာ STARBUCKS ၊ COCA-COLA ၊ HERSHEY'S ၊ HONDA နဲ့ UNILEVER တို့လိုမျိုးကုမ္ပဏီကြီးတွေလည်းပါဝင်နေပါတယ်။
 
အခုလို ကုမ္ပဏီတွေအများအပြားက သပိတ်မှောက်နေတာကြောင့် Facebook ကုမ္ပဏီရဲ့ ရှယ်ယာတွေဟာလည်း ထိုးကျနေပါတယ်။
 
လူမှုကွန်ရက် Facebook ပေါ်မှာအမုန်းစကားနဲ့ သတင်းအမှားအချက်အလက်တွေ ပျံ့နှံ့နေတာကို Facebook ကုမ္ပဏီက ထိထိရောက်မတားဆီးဘူးလို့ဆိုပြီး ကုမ္ပဏီတွေအများအပြားက Facebook ကိုသပိတ်မှောက်နေကြတာပါ။
 
Facebook ကုမ္ပဏီကတော့ ဒီလိုသပိတ်မှောက်နေတာတွေကို ထိန်းချုပ်နိုင်ဖို့ အမုန်းစကားနဲ့ နိုင်ငံရေးသမားတွေရဲ့ အငြင်းပွားဖွယ် ပို့စ်တွေကို တားဆီးသွားမယ်လို့ ကတိပေးထားပါတယ်။
 
မြန်မာနိုင်ငံနဲ့ ဆိုင်ရာ အမုန်းစကားတွေ ထိန်းချုပ်ရာမှာတော့ တကယ်ထိရောက်တဲ့ ဆောင်ရွက်မှု မရှိပဲ အလွဲတွေ ဖြစ်ပေါ်နေတာကိုပဲ တွေ့ကြရပါတယ်။ ဦး-ဝီxx ၏ အမည်ကို ရေးရုံဖြင့် အကောင့်ပိတ်ခံရတာ၊ ကုလxx ဆိုတဲ့စကားလုံးရေးရုံဖြင့် အကောင့်ကျသွားတာမျိုးတွေပဲ လုပ်ဆောင်ပြနိုင်တာ တွေ့ရပါတယ်။ 
 
အထူးသဖြင့် မတရားသော အဖွဲ့အစည်းများက အုံနဲ့ကျင်းနဲ့ ကွန်မန့်ခြင်း၊ တိုက်ခိုက်ခြင်း နဲ့ ရီပို့ထုခြင်းများကြောင့် အကျိုးပြု Pageများ၊ အကောင့်များ ပျက်သွားကြရသည်ကိုလည်း တွေ့နေရပါသည်။
 
ဆက်စပ်သတင်းများ - 
 
 
-     
  




-     
  
 Facebook မှာ Page တခု ဖွင့်ပြီး စီးပွားရေးလုပ်ပြီဆိုတာနဲ့ အဲ့ဒီ Page က ကိုယ့်ဆိုင်၊ ကိုယ့်ရုံး၊ ကိုယ့်အလုပ်ရုံ၊ ကိုယ့်စက်ရုံ၊ နောက်ဆုံး အဲ့ဒီ Page ဟာ ကိုယ့် Image တခုပါပဲ။

ကိုယ့် Page ရဲ့ အသွင်အပြင်နဲ့ Page ထဲမှာ ထည့်သွင်းထားတဲ့အချက်အလက်တွေက မပြည့်မစုံနဲ့ဆိုရင် အခြားသူတွေအမြင်မှာ မြင်တွေ့ရ၊ သိရတာ အဆင်မပြေနိုင်ပါဘူး။ 

ဒါကြောင့် မိမိတို့ရဲ့ Business Page တွေကို လူမြင်ကောင်းအောင်၊ အချက်အလက်ပြည့်စုံအောင်၊ မြင်တာနဲ့ ဝင်ကြည့်တာနဲ့ လူအထင်ကြီးသွားစေအောင်လုပ်ထားဖို့ လိုအပ်ပါတယ်။

ဒီလို လုပ်ထားဖို့အတွက်က ကိုယ်တိုင်ကျွမ်းကျင်စွာလုပ်တတ်ရင် တပြားမှ ကုန်ကျခြင်းမရှိပဲ လုပ်ဆောင်လို့ရနိုင်ပါတယ်။

ကိုယ်တိုင်က ဘာဆိုဘာမှမသိလို့ မလုပ်တတ်ဘူးဆိုရင်လည်း စိတ်မပူပါနဲ့ Online Service Center Myanmar ကနေ အဲ့ဒီ အဆင်မပြေမှုကို ဖြေရှင်းပေးဖို့အသင့်ရှိနေပါတယ်။

_____________________________

Page Settings Service

Facebook Page ကို အဆင့်မြင့်မြင့် Settings ချပေးခြင်း၊ Facebook မှာ လုပ်ငန်းသုံး၊ Personal သုံး Page တွေတော့ဖွင့်ထားပြီး Settings ကောင်းကောင်းမချတတ်သူများ၊ Page တစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေနဲ့ မပြည့်မစုံဖြစ်နေတာမျိုးတွေအတွက် စိတ်ညစ်နေရသူများအတွက် OSC-Myanmar မှ အကောင်းဆုံး Page Settings Service ကို ပေးနေပြီပဲဖြစ်ပါတယ်။

Page တစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ အချက်အလက်တွေကို ဖြည့်မထားဘူး။ Settings ကောင်းကောင်းချမထားဘူးဆိုရင် အဲ့ဒီ Page ဟာ အ၀တ်မပါတဲ့ လူတစ်ယောက်ကို မြင်နေရသလို ဖြစ်နေပါလိမ့်မယ်။

ဆက်လက်ဖတ်ရှုရန် => http://bit.ly/FacebookPageSettingsService

Pag Settings Service => https://m.facebook.com/story.php?story_fbid=810558792485290&id=594235617450943

Page မရှိပါက အသစ်ဖွင့်ပေးခြင်း( Page ဖွင့်ထားပြီးသားရှိပါက ရှိသည့် Page ကိုလည်းပြုလုပ်ပေးပါတယ် )။

Page Settings တွေပြည့်စုံအောင်ထည့်။

Page အသုံးမပြုတတ်ရင် သုံးတတ်အောင်သင်ပေး။

အဲ့ဒီလိုအရာတွေ အကုန် ပါပြီးသား Page Settings Service fees က $50 ယူပါတယ်။

Page က ဖွင့်ရတာလွယ်တယ်၊ Free အနေနဲ့ အများကြီးဖွင့်လို့ရတယ်၊ Settings အပြည့်အစုံဖြည့်တာပဲ နည်းနည်းခက်တာ၊ ကိုယ့်ဘာသာ Page ဖွင့်ပြီး Settings ချတတ်ရင် တပြားမှ မကုန်ပါဘူး၊ ကိုယ်တိုင်မလုပ်တတ်ဘူးဆိုမှသာ Service အပ်နိုင်ပါတယ်။


မူရင်းတင်ထားသည့်နေရာ - 
-     
  

Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com