-->
Face App မှ မဟုတ်ပါဘူး။ Mobile app တော်တော်များများဟာ ရေးသားထားတဲ့ App dev. တွေရဲ့ သုံးစွဲသူ User တွေဆီကနေ ဘယ်လိုအကျိုးအမြတ်တွေရယူဖို့ထိကြိုးစားထားတယ်ဆိုတဲ့အပေါ်မူတည်ပြီး နည်းပညာနဲ့ဝန်ဆောင်မှုပေးရင်း အချက်အလက်တွေပြန်လည်ရယူကြတာများပါတယ်။ User data တွေစုဆောင်းပြီးပြန်လည်ရောင်းချတာ၊ ကြော်ငြာတွေပြပြီးပိုက်ဆံရှာတာ၊ Rat, Trojan, ရိုးရိုး Malware, ad Malware တွေ Virus အမျိုးမျိုးထည့်သွင်းတာ၊ နောက်ဆုံး Phishing app ဖန်တီးပြီး User data တွေ ထိုင်ခိုးတာအထိပါလုပ်တတ်ကြပါတယ်။
Facebook က Official News တွေထုတ်ပြန်ပေးတဲ့ News Room မှာ ကိုယ်တွေ့တဲ့သတင်း or အကြောင်းအရာ ဟုတ်၊ မဟုတ် ဆိုတာကို စစ်ဆေးကြည့်လိုက်ရင် Fake news or Real news လားဆိုတာ သိသွားပါလိမ့်မယ်။
ဒီလိုအကြောင်းအရာမျိုးတွေဆိုရင် Facebook ရဲ့ Official page ကနေ တရားဝင်ထုတ်ပြန်ထားပါလိမ့်မယ်။ Facebook official page ကနေတောင် ထုတ်ပြန်မထားဘူးဆိုရင် Fake News ဆိုတာ သိသွားပါလိမ့်မယ်။
ဇူကာဘတ်က ပြောထားတာဆိုရင် သေခြာတာက သူ့အကောင့်မှာသေခြာပေါက်တင်ထားမှာပါ။ သူ့အကောင့်မှာတောင်တင်မထားတဲ့အကြောင့်အရာဆိုရင် Fake news ဆိုတာ သိသွားပါလိမ့်မယ်။
Google search box ထဲမှာ Facebook နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုရိုက်ရှာကြည့်ပြီး ကိုယ့်ဆီရောက်လာတဲ့အချက်အလက်က မှန် မမှန်ဆိုတာ စစ်ဆေးကြည့်လိုက်ရင် Fake news ဟုတ်၊ မဟုတ်ဆိုတာ သိသွားပါလိမ့်မယ်။