Online Service Center Myanmar -->

My Blog

Latest blog



Cyber Crime တွေနဲ့ပတ်သက်လာရင် မြန်မာပြည်က ခံရတဲ့သူတော်တော်များများက သဘောတွေအရမ်းကောင်းကြတယ်။ အညှာတွေအရမ်းလွယ်ကြတယ်။ အရင်လိုပြန်အဆင်ပြေသွားရင်ပြီးတာပါပဲဆိုပြီး ကိုယ်ခံစားခဲ့ရတာတွေကို လျစ်လျူရှုပစ်လိုက်တတ်ကြတယ်။

အဲ့လိုတွေကြောင့်လည်း ကျူးလွန်သူတွေက သူတို့ကိုဘာမှလုပ်လို့မရပါဘူး။ သူတို့ကိုမဖမ်းနိုင်မဆီးနိုင်ပါဘူးလို ့ကြွေးကြော်ပြီး ဇောင်းထချင်သလိုနေကြတော့တာပဲ။

ဟုတ်တော့လည်းဟုတ်ပါတယ်။ အစောပိုင်းကာလတွေတုန်းက Cyber Crime တွေနဲ့ပတ်သက်ပြီး ရဲစခန်းတွေမှာအမှုသွားဖွင့်ရင် အမှုကိုလက်မခံတဲ့အပြင် လာဖွင့်တဲ့သူကိုတောင်အပြစ်တင်ပြီးပြန်လွှတ်တာမျိုးတွေထိရှိခဲ့သလို။ အမှုကိုလက်ခံဖွင့်ပေးလိုက်ရင်တောင် အဲ့ဒီအမှုက ဟိုမရောက်ဒီမရောက်နဲ ့ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားခဲ့ကြတာများတယ်။ 

တချို့တွေကျတော့လည်း အမှုတော့ဖွင့်ချင်ပါလျှက်၊ ရုံးရောက်ဂတ်ရောက်ဖြစ်မှာမလိုလားသူတွေ၊ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းဖြစ်ပြီး၊ တရားခံတွေကိုထိထိရောက်ရောက် အရေးယူအပြစ်ပေးနိုင်မှာမဟုတ်ပါဘူးလေလို့တွေးပြီး အမှုဖွင့်မယ့်ကိစ္စကို ခေါင်းထဲကတောင်ထုတ်ပစ်လိုက်တဲ့သူတွေအထိရှိတယ်။

Actor တယောက်ဆိုရင် ငါညီရာ အစ်ကိုအနေနဲ့က တကယ်ထိထိရောက်ရောက်အရေးယူအပြစ်ပေးနိုင်မယ်ဆိုရင် အမှုဖွင့်ချင်တယ်။ ဖွင့်ပြီးတော့မှ ဘာမှဆက်ဖြစ်မလာရင် အလကားပဲဖြစ်သွားနိုင်တာမို့မဖွင့်တော့ပါဘူး။ လက်ရှိမြန်မာပြည်မှာက ဒီလိုအရေးကိစ္စတွေမှာ အားနည်းတာကို ငါ့ညီလည်းသိတာပဲကွာ ဆိုပြီးပြောခဲ့ဖူးသေးတယ်။




ကဲ... အခုဆိုရင် Cyber Crime တွေနဲ ့ပတ်သက်လာရင် ပြည်ထဲရေးဘက်ကထိထိရောက်ရောက်ဖြစ်အောင်ကိုင်တွယ်ပေးနေပြီလို ့ပြောလာပြီ။ နစ်နာသူတွေအနေနဲ့မဖြစ်မနေအမှုဖွင့်ကြပါ။ ခင်ဗျားတို့တွေက ကိုယ်တိုင်နစ်နာပြီးတော့မှအမှုမဖွင့်ကြရင် ပြည်ထဲရေးဘက်က ဘာမှဝင်လုပ်ပေးလို ့၊ ဝင်ကူညီပေးလို့မရပါဘူး။

တချို့ဆိုရင်ပြောကြတယ် Cyber Crime မို့ Cyber Crime နဲ့ပတ်သက်တဲ့ဆီကို တိုက်ရိုက်ဆက်သွယ်ပြီး အကူအညီတောင်းလို ့ရမလားဆိုပြီးမေးကြတယ်။ အဲ့လိုမရပါဘူး။ နီးစပ်ရာနယ်မြေစခန်းမှာအမှုဖွင့်ပြီးတော့မှ Cyber Crime( နည်းပညာမှုခင်းဌာန ) က ဝင်ပါလို့( ဝင်ကိုင်တွယ်လို့) ရတာပါ။

ဒါကြောင့်မို ့ကိုယ်အမှန်တကယ်နစ်နာခဲ့ရတာတွေအတွက် ရသမျှသက်သေတွေစုဆောင်းပြီး နီးစပ်ရာနယ်မြေစခန်း( ကိုယ်နေထိုင်တဲ့နေရာက နီးစပ်ရာရဲစခန်း )မှာ အမှုဖွင့်ဖြစ်အောင်ဖွင့်ကြပါလို့တိုက်တွန်းချင်ပါတယ်။


အခုရက်ပိုင်းထဲ Disabled ကျတဲ့သူ​တွေများ​နေတယ်​။ ​တွေ့လိုက်​ရင်​  Ineligible Disabled ​တွေများတယ်​။ Facebook က သတ်​မှန်​ထားတဲ့စံနှုန်း​တွေကို မလိုက်​နာတဲ့အ​ကောင့်မျိုး​တွေလို့ယူဆပြီးပိတ်​ပစ်​တာ။ အဲ့ဒီ Disabled အတွက်​အယူခံဝင်​လို့မရဘူးလားဆို​တော့ သူ့အတွက်​ Channel က ၂ ခု​တောင်​ရှိတယ်​။ ဒါ​ပေမယ့် ပြန်​ရလားဆို​တော့ မရတာ​တွေကများတယ်​။

ပြန်​ရနိုင်​တဲ့ Disabled ​တွေက....

Someone i know ​ကြောင့်ကျတဲ့ Disabled ဆို အ​ကောင့်ပိုင်​ရှင်​အစစ်​အမှန်​ကပြန်​​လျှောက်​ရင်​ 100% ပြန်​ရတယ်​။

Security Disabled လည်း 100% အယူခံဝင်ရင်ပြန်ရတယ်။
Policy Disabled ​တွေကျ​တော့ အများကြီးရှိတယ်​။ သူတို့ဘယ်​​လောက်​ထိ ချိုး​ဖောက်​ထားလည်း၊ ကျူးလွန်​ထားလည်း​ပေါ်မူတည်​ပြီး ရိုးရိုးသာမန် ​ Disabled ကနေ ရာသက်ပန်​ Disabled အထိ ချခံရတတ်တယ်​။

စုစု​ပေါင်း Disabled channel 7 ခု 8 ခု ​လောက်​ရှိ​ပေမယ့် သူ့ သက်​ဆိုင်​ရာချန်​နယ်​က​နေပဲတင်​ရပါတယ်​။ ဒါ​ကြောင့် Login Screen က လမ်းညွှန်​ချက်​အတိုင်းပဲ လုပ်​​ဆောင်​ပါလို့ ​ပြောထားတာပါ။ ​တွေ့ကရာ Disabled channel ​တွေက​နေ ​လျှောက်​တင်​​နေရင်​ ရိုးရိုးသာမန်​ Disabled က​နေ ရာသက်​ပန်​ Disabled အဖြစ်​ အသွင်​ပြောင်းသွားတတ်​ပါတယ်​။ ​ ပြောချင်​တာက ​တွေ့ကရာ Disabled channel ​တွေက​နေ ​လျှောက်​တင်​ရင်​ ပိုဆိုသွားတတ်​တယ်​ဆိုတာကို မ​မေ့ဖို့ပါ။

လက်​ရှိ ကျတဲ့ Disabled မျိုးက 18+ Video ​တွေကို timeline, Group, Page, Messenger, ​တွေထဲမှာတင်​မိရင်​ဖြစ်​ဖြစ်​၊ Branded ပစ္စည်းနဲ့ Copyright ငြိနိုင်​တဲ့ Movie, Music video, ​တွေကို တင်​တဲ့အခါမှာ ကျတဲ့ Disabled မျိုးပါ။ ပြန်​ရနိုင်​​ချေက 100% မှာ 10% ​လောက်​ပဲရှိပါတယ်​။

ပြန်​မရတာများတယ်​။ 😁😁😁
For disabled user များအတွက်​... အား​ဆေး... 😜😜😜

မူရင်းပို့စ် =>




ဒီနေ့အစ်မတယောက်နဲ့ Facebook Account အခိုးခံရတာတွေနဲ့ပတ်သက်ပြီးပြောဖြစ်တာလေးတွေထဲကနေ အခြားသူတွေကိုသိစေချင်တာလေးရှိလို့ဒီ Post လေးကိုရေးလိုက်တာပါ။ လူတိုင်းက ကိုယ့် Facebook Account တော့ အခိုးခံရတာကြောက်ကြတယ်။ ဒါပေမယ့် ကိုယ့် Account Security ပိုင်းကိုအလေးထားကြလားဆိုတော့ မထားကြကြဘူး။ ဒါကြောင့်လည်း မကြာခဏဆိုသလို Account တွေ Hack ( ခိုးယူ )ခံနေရတာပါ။

ကိုယ့် Facebook Account မခံရဖို့အတွက် လုပ်ဆောင်ရမယ့်အချက်က အလွယ်ပြောမယ်ဆိုရင် ( 2 ) ချက်ပဲရှိတယ်။

အဓိက လိုအပ်တာက အဲ့ဒီ ( ၂ ) ချက်ပဲရှိတယ်။ 

အဲ့ဒါကဘာလည်းဆိုတော့ Security ပိုင်းအလေးထားဖို့( Security မြှင့်ထားဖို့)နဲ့ Security Knowledge ရှိထားဖို့ကအဓိကပဲ။

1. ကိုယ့်အကောင့်ကို Security မြှင့်ထားဖို့လိုတယ်။

2. တွေ့ကရာ Link, တွေ့ကရာ App တွေကို လျှောက်မနှိပ်၊ လျှောက်မဝင်၊ လျှောက်မသုံးဖို့လိုတယ်။

အဲ့ဒါဆို ကိုယ့်အကောင့်ကို ဘယ်သူမှ ခိုးလို့မရတော့ဘူး။
ဘယ်သူလာပေးတဲ့ Link လေးမို့ဝင်ကြည့်(နှိပ်ကြည့်)လိုက်မိတာပါ။
ဘယ်သူကပေးတဲ့ App လေးမို့ကူးယူပြီးသုံးကြည့်လိုက်မိတာပါ။
ဆိုလို့ကတော့ အဲ့ဒီလိုလူမျိုးတွေရဲ့အကောင့်တွေက Security Settings တွေကို 99% ဖြစ်အောင်လုပ်ထားလည်း အခိုးခံနေရဦးမှာပါပဲ။

Facebook Account တခုကို Security Settings ချတာက ခက်လား၊ အချိန်ကြာလား၊ ဆိုတော့ ခက်လည်းမခက်ဘူး။ ကြာလည်းမကြာဘူး။ ၅ မိနစ်လောက်လေးအတွင်းမှာတင် အကုန်လုပ်လို့ပြီးတယ်။
ဘယ်လိုလုပ်ရမှန်းမသိလို့မလုပ်တာပါဆိုရင်တော့ အောက်က Website Link လေးထဲမှာဝင်ဖတ်ကြည့် မလုပ်တတ်တဲ့သူပါလုပ်တတ်သွားအောင် အသေးစိတ်ရေးပေးထားတယ်။

www.osc-myanmar.blogspot.com/2018/06/facebook-account-hack.html

အဲ့ဒီထဲက ၃ ချက်ကိုလုပ်ထားရင် 99% ကိုယ့်အကောင့် Safe ဖြစ်ပြီ။
1% ကတော့ Security Knowledge ရှိဖို့လိုတယ်။

အဲ့ဒီ ၂ ခုပေါင်းလိုက်ရင် ကိုယ့်အကောင့်က 100% Safe ဖြစ်ပြီ။

ဒီနေရာမှာ တခုပြောချင်တာက စာဖတ်ဖို့မပျင်းကြပါနဲ့၊ လိုက်လုပ်ဖို့မပျင်းကြပါနဲ့ဆိုတာပါပဲ။ ဘာမဟုတ်တဲ့ အဖီးလ်တလိုင်းပို့စ်တွေ၊ အရည်မရအဖတ်မရပို့စ်တွေကျတော့ မျက်စိအညောင်းခံ၊ အချိန်ကုန်ခံဖတ်ပြီး Security Knowledge Sharing လုပ်ထားတာမျိုးတွေကျ ကိုယ်နဲ့ပဲမဆိုင်သလိုလို၊ စာတွေများလို့မျက်စိညောင်းမှာစိုးလို့မဖတ်တာလိုလိုနဲ့ကျော်ခွသွားကြတယ်။

တချို့ဆို Security Knowledge Sharing Post ကို Like, Comment, Share, တွေတော့လုပ်ပါရဲ့ဖတ်လည်းမဖတ်၊ လိုက်လည်းမလုပ်တဲ့သူတွေ ကျွန်တော့်အကောင့်ထဲမှာတင်အများကြီးရှိသေးတယ်။ တခုခုဖြစ်ပြီဆိုတော့မှ အဖေကယ်ပါအမေကယ်ပါဆိုပြီးဖြစ်ကုန်ကြတယ်။ အပြောမတတ်တော့ဆဲသလိုဆိုတဲ့အတိုင်းပဲ ကိုယ်တွေကစေတနာနဲ့ပြောတာ စိတ်ဆိုးလည်းမတတ်နိုင်ဘူး။

2018 ထဲက အကောင့်သူခိုးတွေဇောင်းထနေချိန်၊ ဒီဇိုင်နာအကောင့်တွေ ဆက်တိုက်ဆိုသလိုခိုးခံနေရတော့ ဒီဇိုင်နာအစ်မတယောက်က Message ကနေလာပြောတယ်။ မောင်လေးရေ အစ်မအကောင့်ထဲက ဒီဇိုင်နာတွေရဲ့အကောင့်တွေ တယောက်ပြီးတယောက်ဆက်တိုက်အခိုးခံနေရတယ်။ အစ်မအကောင့်လေး အခိုးမခံရအောင် Safe ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုပြီးလာမေးတော့ အပေါ်မှာပေးထားတဲ့ Link လေးပေးပြီး အဲ့ဒီအတိုင်းလေးလုပ်ထားလိုက်ပါဗျ အဲ့ဒါဆို Safe ဖြစ်ပါပြီဆိုပြီးပြောလိုက်တယ်။ မကြာဘူး နောက် ၁ ပတ်လောက်နေတော့ အကောင့်တခုနဲ့လာပြောတယ် မောင်လေးရေ အစ်မအကောင့် Hack ခံလိုက်ရပြီတဲ့ဆိုတော့ ဟာ... အစ်မကို ဟိုတရက်ကပဲ Security မြှင့်နည်းပေးလိုက်တယ်လေ မလုပ်ထားဘူးလားဆိုတော့ ဟုတ်တယ်မောင်လေး အစ်မ လည်း အေးအေးဆေးဆေးနောက်မှလုပ်မယ်ဆိုပြီး Save ပဲ Save ထားလိုက်တာ မလုပ်လိုက်ရဘူးတဲ့။ အဲ့ဒီတော့ ကိုယ်တွေလည်း ဂရုဏာဒေါသောနဲ့အခိုးခံရတာ နည်းတောင်နည်းသေးတယ်လို့ပြောချင်ပေမယ့် မပြောဖြစ်လိုက်ပါဘူး။ စိတ်ထဲကနေတော့ ကိုယ်တွေက နည်းပေးလိုက်ပါလျှက်နဲ့မလုပ်တာ သူ့ထိုက်နဲ့သူ့ကံပဲပေါ့လို့ပဲတွေးပေးလိုက်တော့တယ်။

ဒါကြောင့် မပျင်းပါနဲ့၊ နောက်မှလုပ်မယ်ဆိုပြီးမလုပ်ကြပါနဲ့အခုချက်ချင်းလုပ်ထားကြပါလို့ပဲပြောချင်ပါတယ်။

ဘယ်လိုလူမျိုးတွေရဲ့ Facebook Account တွေ အခိုးခံရတာအများဆုံးလည်း၊ ဘယ်လိုတွေကြောင့်အခိုးခံရတာလည်းဆိုရင်။

တွေ့ကရာ Link လျှောက်နှိပ်တတ်ရင် ပါမှာပဲ။
တွေ့ကရာ Website Login လျှောက်ဝင်တတ်ရင်လည်းပါမှာပဲ။
တွေ့ကရာ App လျှောက်သုံးတတ်ရင်လည်းပါမှာပဲ။
နောက်ဆုံး Account Security ပိုင်း လုပ်မထားတာနဲ့ အကောင့်ကို ခိုးချင်တဲ့သူက Target ထားတဲ့အချိန်နဲ့တိုက်သွားရင်လည်း ပါမှာပဲ။

အကောင့်တခုက ခိုးချင်တယ်ဆို အဲ့ဒီအကောင့်ပိုင်ရှင်ဝင်သုံးနေတဲ့ Email, Phone Number, Password ဘာမှ သိဖို့မလိုဘူး။ သူ့အကောင့်ကိုသိထားရင်ပဲ ရပြီ။ Security က ဘာမှလုပ်မထားဘူးဆို i can't login နဲ့ အလွတ် ID အတု မေးလ်အသစ်နဲ့လှမ်းချိတ်ပြီးခိုးလိုက်ရုံပဲ။

နောက်တမျိုးက ကျတော့ Phishing နဲ့ SE ထိုးပြီးထောင်ဖမ်းတယ်။ Phishing ကျတော့ Website link နဲ ့လာတာရှိတယ်၊ Mobile App နဲ့လာတာရှိတယ်။ တွေ့ကရာ Link နှိပ်ကြည့်တတ်သူ၊ ဝင်ကြည့်တတ်သူ၊ တွေ့ကရာ Mobile App တွေလျှောက်သုံးတတ်သူတွေဆို Phishing မိပြီပဲ။ မိဖို့က 100% လောက်ရှိတယ်။

အခုနောက်ပိုင်း i Can't login နဲ့ခိုးတာက အရင်လိုသိပ်မလွယ်တော့ Phishing တွေနဲ့ SE ထိုးတယ်။ ထောင်ဖမ်းတယ်။ SE ထိုးတာ မမိဖို့ဆိုရင် Online ပေါ်မှာ ဘယ်သူ့ကိုမှမယုံဖို့လိုမယ်။ ကိုယ့်အိမ်က မိသားစုဝင်ပဲဖြစ်ဖြစ်၊ ကိုယ့်ချစ်သူ၊ ကိုယ့်သူငယ်ချင်းပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုမှ မယုံကြည်တာအကောင်းဆုံးပဲ။

Security လည်းမြှင့်ပြီး Secure ဖြစ်အောင်လုပ်ထားမယ်၊ SE မမိအောင်၊ Phishing တွေနဲ့မမိအောင်ရှောင်တတ်မယ်ဆိုရင် ကိုယ့် Facebook Account 100% Safe ဖြစ်စေလိမ့်မယ်။
ဒီလောက်ပဲ တော်သေးပြီ။ ဒီ Post ကိုဖတ်ဖူးပြီး( ဖတ်မိပြီးသွားပြီး ) တော့မှ ကိုယ့် Facebook Account အခိုးခံရတယ်ဆိုလို့ကတော့ အဲ့ဒီလူကို ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ကိုယ့်ဘာသာခံပေတော့လို့ပဲပြောချင်တော့တယ်။

Aung Kyaw Soe ( 14.6.2019 - 8:11 PM )

#Facebook #Account #Hack #Security #FacebookSecurity #SecurityKnowledge #Knowledge #FacebookAccountHack #FacebookAccountSecurity #FacebookAccount #FacebookAccountSecurityKnowledge

မူရင်းပို့စ် => 




Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com