Online Service Center Myanmar -->

My Blog

Latest blog


29.5.2019 ေန ့က Android Developers Blog ေပၚမွာ "Building a safer Google Play for kids" ဆိုပြီး ပို့စ်တခုတက်လာပါတယ်။ ရေးသားထားသူကတော့ Google Play ရဲ့Product Manager တဦးဖြစ်တဲ့ Kanika Sachdeva က ေရးသားထားတာပါ။

https://play.google.com
သူရေးထားတဲ့အကြောင်းအရာရဲ့အစမှာတော့ Google Play အနေနဲ့ကလေးသူငယ်များနဲ့သူတို့ရဲ့မိသားစုဝင်များအတွက် အန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရစေမယ့်အရာတွေကို အကောင်းဆုံးဖန်တီးပြီး Support ပေးခဲ့တယ်လို ့ဆိုထားပါတယ်။

Play Store အတွင်းမှာ ကလေးသူငယ်တွေသာ မြင်တွေ့သင့်တဲ့ App တွေ၊ ကြော်ငြာတွေကိုသာ စိစစ်ပြီးတော့မှသာပြသဖို့လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ နောက်ထပ် မကြာမီလပိုင်းအတွင်းမှာ ကလေးသူငယ်တွေက Mobile App တခုကို Install သွင်းတော့မယ်ဆိုရင် မိဘကိုအရင် Alerts ပေးတဲ့နည်းပညာအသစ်တခုကို ထပ်မံထည့်သွင်းပေးသွားမယ်လို့လည်းဆိုပြန်ပါတယ်။ အဲ့ဒါလေးကိုထည့်သွင်းပေးလိုက်ရင်တော့ ဟိုးယခင်တုန်းကလို $ နဲ့ဝယ်ရတဲ့ App တွေကိုသွင်းမိတာတွေ၊ မသင့်တော်တဲ့ App တွေကိုသွင်းမိတာတွေကနေ ကင်းဝေးသွားစေနိုင်မှာပါ။

နောက်ပြီး App developers တွေကိုလည်း Google Play အနေနဲ့ကလေးသူငယ်တွေနဲ့သူတို့ရဲ့မိသားစုဝင်တွေအတွက် ပိုမို Safe ဖြစ်စေမယ့်အရာတွေဖန်တီးလုပ်ဆောင်ရာမှာပါဝင်ဖို့လည်းပြောထားပါသေးတယ်။ အဲ့ဒီအတွက် Google Play ရဲ့နဂိုစည်းမျဉ်းစည်းကမ်းတွေကို စတင်ပြောင်းလဲနေပြီဖြစ်လို့မဖြစ်မနေလိုက်နာပေးကြဖို့ပါပြောထားပါသေးတယ်။

လာမယ့် 1.9.2019 နေ့မှာ စတင်ပြီး မည်သည့် App developers မဆို သူတို့ရဲ ့စည်းမျဉ်း၊ စည်းကမ်းအသစ်တွေကိုလိုက်နာပြီး လုပ်ဆောင်ကြရမှာဖြစ်တယ်လို ့ကြေညာထားပါတယ်။ ကိုယ်ရေးထားတဲ့ App တွေကို Play Store မှာတင်တဲ့အခါ Target audience and Content section တွေမှာ အတိအကျပစ်မှတ်ထားတာတွေ၊ App နဲ့ပတ်သက်တဲ့ Information တွေပြည့်စုံစွာထည့်သွင်းပေးတာတွေကို မဖြစ်မနေလုပ်ပေးရမယ်လို့ပြောထားပါတယ်။

ကိုယ်ရေးထားတဲ့ App ဟာ ကလေးသူငယ်တွေသုံးစွဲခွင့်ရှိလား၊ မရှိဘူးလား၊ ဆိုတာကို အစကတည်းက Audience Target သတ်မှတ်ပေးရမှာပဲဖြစ်ပါတယ်။ ထို့အတူပဲ App နဲ့ပတ်သက်တဲ့အကြောင်းအရာအသေးစိတ်ကို ပွင့်လင်းမြင်သာစွာ၊ ရှင်းလင်းစွာ၊ ဖော်ပြမထားဘူူးဆိုရင် အဲ့ဒီ App ကို Play Store ပေါ်ကနေ ပယ်ဖျက်သွားမှာပဲဖြစ်ပါတယ်။ အရင်တုန်းကလို App ကို မသုံး သုံးချင်လာအောင်ဆွယ်ဆောင်တဲ့ Fake information တွေကို စိစစ်သွားတော့မှာဖြစ်လို့ App တခုကို တင်ထားပြီး ပေါက်ပန်းလေးဆယ်ရေးပြထားလို့တော့မရတော့ပါဘူး။

ဒီနေရာမှာ တခုတွေးမိသွားတာက အဲ့ဒီလို ကလေးသူငယ်တွေအတွက် အသက်အရွယ်ကိုကန် ့သတ်လိုက်တာတွေ၊ သီးခြားဖယ်ထုတ်ပြသလိုက်တာမျိုးတွေလုပ်လိုက်တော့ နောက်ဆို Play Store ပေါ်မှာ 18+ App တွေကို ကို အသက်ကြီးတဲ့သူတွေအားလုံး မြင်တွေ ့သုံးစွဲခွင့်တွေရတော့မှာလားဆိုတာကတော့ စောင့်ကြည့်သွားရတော့မှာပေါ့လေ။
Aung Kyaw Soe ( 30.5.2019 - 3:35 PM )

#Google , #GooglePlay , #PlayStore #SafeForKids
မူရင်းပို့စ် =>





Hacker ဆို ဆံပင်​ရှည်​ရှည်​နဲ့ စုတ်​တီးစုတ်​ပြတ်​ပုံစံလို့ယူဆထားတဲ့သရုပ်​​ဆောင်အ​ကြောင်​းရယ်​၊ မြန်​မာပြည်​က Top Hacker Group က ဒါ​တွေပါဆိုပြီး Hacker Group Name ( ၅ ) ခု​လောက်​ချပြပြီး ဘုမသိဘမသိနဲ့ ရမ်​းဖြီးထားတာ​လေး​တွေ့​တော့ ဒါ​လေးကို ​ရေးချင်​စိတ်​​ပေါက်​သွားလို့ ချ​ရေးလိုက်​တာ၊ မင်​းကဆရာကြီးလား​တော့လာမ​မေးနဲ့ ​စောင်​တလွဲ​တွေကိုမြင်​လို့ အဲ့ဒီ​စောင်​တလွဲ​တွေကို ​သောက်​​ဖောင်​းထိုင်​ထုတယ်​လို့ပဲသ​ဘောထား​ပေးလိုက်​ရင်​ရပြီ။

၁။ Hacker ဆိုတာ ဆံပင်​ရှည်​ရှည်​နဲ့ စုတ်​တီးစုတ်​ပြတ်​ပုံစံလို့​ပြောထားသူ၊ ထင်​​နေသူ​တွေအတွက်​။
Hacker ဆို ဆံပင်​ရှည်​ရှည်​စုတ်​ဖွားနဲ့ စုတ်​တီးစုတ်​ပြတ်​ပုံစံလို့သိထားတဲ့​စောက်​ပိန်​းကျပ်​မပြည်​့ကို အကုန်​ဝိုင်​းဖုတ်​ထားလို့ Hacker ဆိုတာ ပုံစံအမျိုးမျိုးနဲ့ အလွှာအမျိုးထဲမှာရှိတယ်​ဆိုတာသိ​လောက်​ပါပြီ ဒါ​ကြောင်​့ နံပါတ်​( ၁ ) ကို​ကျော်​လိုက်​ပြီ။

၂။ Myanmar ပြည်​တွင်​းက Top Hacker Group ​တွေက ဒါ​တွေပါဆိုပြီး ဘုမသိဘမသိ ဘူမသိကိုးမသိ​ပြော​နေသူ​တွေအတွက်​။

အောက်​မှာ List လုပ်​​ပေးထားတယ်​၊ နံပါတ်​ 1 က Role Number one လို့သ​​ဘောထားပြီးကြည့်​၊ အားလုံးသိတဲ့ #UGMH ဆိုတာ 11 မှာပဲရှိတယ်​၊ အဲ့ဒါဆို သူ့အထက်​က Team ​တွေက စီနီယာပိုကျတယ်​ဆိုတာ သ​ဘော​ပေါက်​ကြမှာပါ။

1. YEHG ( YGN Ethical Hacker Group )
2. BHG ( Blink Hacker Group )
3. MHU ( Myanmar Hacker Unite4m )
4. MCA ( Myanmar Cyber Army )
5.MCDA ( Myanmar Cyber Defend Army )
6. BMH ( Brotherhood of Myanmar Hacker )
7. BHA ( Black Hacker Area )
8. MNH ( Myanmar Noob Hacker )
9. GHT ( Gray Hat Teenager )
10. MHW ( Myanmar Hacker Warriors )
11. UGMH ( Union of Underground Myanmar Hacker )


အ​ပေါ်က 1 က​နေ 11 အထိ နံပါတ်​ထဲအဖွဲ့​တွေကိုသိတဲ့သူ​တွေ ​တော်​​တော်​​တော့နည်​း​နေ​လောက်​ပြီလို့ထင်​တယ်​၊ ကိုယ်​​တွေ​တော့ Myanmar Hacker Group or Myanmar Hacker Team ဆိုရင်​ 2007 တုန်​းက #YEHG ကနေ စသိခဲ့တယ်​၊ 2008 - 2009 ​လောက်​မှာ #BHG ကိုစသိပြီး 2010- 2011 မှာ #MHU ကို စသိခဲ့တယ်​။

အဲ့ဒီတုန်​းက Skill အကြမ်​းဆုံးအဖွဲ့ကိုပြပါဆိုရင်​ BHG, နဲ့ MHU ပဲ Skill အကြမ်​းဆုံးလို့​ပြောလို့ရတယ်​။ အဲ့ဒီက​နေ ကျန်​တဲ့ Hacker Group ​တွေကိုသိခဲ့တယ်​၊ အားလုံးသိတဲ့ #UGMH ဆိုတာက​တော့ အ​ပေါ်မှာ​ပေးထားတဲ့ 1 to 10 Team ​တွေထဲ Member အချို့က​နေ 2015- 2016 မှာ စတင်​ဖွဲ့စည်​းလိုက်​တဲ့ #UG အဖွဲ့လို့​ပြောလို့ရတယ်​။

အ​ပေါ်က Hacker Group ​တွေအပြင်​ အခြား Group ​တွေ ရှိ​ကောင်​းရှိလိမ်​့မယ်​၊ ဒါ​ပေမယ်​့ ​ဘောင်​ဝင်​ တန်​းဝင်​ Hacker Team က​တော့ လက်​ရှိ 1 to 11 Team ပဲ ​တွေ့ဖူးတယ်​။

ဒီ​နေရာမှာ Comment ​လေးတခု​တွေ့မိလိုက်​​သေးတယ်​ သူက ဘာ​ပြောထားလည်​းဆို​တော့ Myanmar Hacker ဆိုရင်​ #M4L နဲ့ #9MC ကိုပဲသိတယ်​တဲ့..... သူ့ Comment ကိုမြင်​​တော့ ဟားတိုက်​ပြီး၊ သ​ရော်​ပြီး၊ ​လှောင်​​ပြောင်​ပြီး​တော့ အားရပါးရကိုရယ်​မိတယ်​။

ဘာတဲ့ M4L, နဲ့ 9MC, တဲ့လား.... အဲ့ဒီ Team ၂ ခုက Hacker Group စာရင်​းသွင်​းလို့မရတဲ့ ​အောက်​တန်​းစား​ခွေးသူခိုး​တွေနဲ့စုဖွဲ့ထားတဲ့ Facebook Account Recovery ဆွဲတဲ့ အဆင်​့ပဲရှိတယ်​။ ​ဘောင်​လည်​းမဝင်​ တန်​းလည်​းမဝင်​တဲ့ ​စောက်​ရှက်​မရှိ Hacker အမည်​ခံတဲ့ Hack Cat အဆင်​့ပဲရှိတယ်​။
Hacking Skill 0% ပဲရှိတဲ့သူ​တွေဖြစ်​လို့ Hacker or Hacker Group, Hacker Team, ​တွေစာရင်​းမှာထည်​့လို့မရဘူး။

ဒါ​ပေမယ်​့... မြန်​မာပြည်​မှာက ​စောက်​ရှက်​မရှိ Anonymous Mask တပ်​၊ Hacking Skill ဘာမှမရှိပဲ Hacker လို့ခံယူ​နေတဲ့ ​အော်​​နေတဲ့ Facebook Account သူခိုး​တွေ​ကြောင်​့ Hacker လို့ဆိုလိုက်​တာနဲ့ ရွံမုန်​းစရာ၊ ​ခွေးသူ​တောင်​းစား၊ ​အောက်​တန်​းစား၊ ​တွေလို့ ယူဆခံ သတ်​မှတ်​ခံ​နေရပြီ။

တကယ္​​ေတာ့ #Hacker စစ်​စစ်​​တွေနဲ့ မြန်​မာပြည်​က ​အောက်​တန်​းစား၊ ​ခွေးသူခိုး၊ သူ​တောင်​းစား၊ Facebook account ခိုး​ပြီး Hacker လို့​အော်​​နေသူ​တွေနဲ့က Role ချင်​း လားလားမှ မတူပါဘူး။ ကျွန်​​တော်​​ပြော​နေကျလို သူခိုးချင်​းတူရင်​​တောင်​ Role ချင်​းက​တော့ လားလားမှမတူပါဘူး။
အဲ့ဒါ​လေး​တွေ​တော့ သိထား​စေချင်​ပါတယ်​။

မြန်​မာပြည်​က #Anonymous Mask တပ်​ Facebook account ​လောက်​ထိုင်​ခိုးပြီး #Hacker လို့ခံယူ​နေသူ​တွေ ​စောက်​ရှက်​ရှိရင်​ ရှက်​တတ်​ကြ​စေဖို့ရယ်​၊ Hacker ​တွေအ​ကြောင်း၊ Myanmar ပြည်​က Hacker Group ​တွေအ​ကြောင်​း ဘာမှမသိပဲ ဘုမသိဘမသိနဲ့ ရမ်​းဖြီး​နေကြသူ​တွေ နည်​းနည်​း​လောက်​ဖြစ်​ဖြစ်​ ရှက်​တတ်​သွား​အောင်​ ​သောက်​​ဖောင်​းထု​ပေးလိုက်​ပါတယ်​။

Hack-Mirror တို Hack-DB တို့လို့ Mirror ဆိုက်​​တွေလစ်​ကုန်​လို့ Record ​ပေါင်​းများစွာ​ပျောက်​ကွယ်​သွားပြီ။ ဒါ​ပေမယ်​့ Zone-H လို Mirror ဘိုး​အေဆိုက်​​တွေကျန်​​နေ​သေးလို့ Record ​တွေ ​တော်​​တော်​များများ​တော့ ကျန်​​နေပါ​သေးတယ်​။

Myanmar Hacker ​တွေ ကမ္ဘာမှာ ​Hacking Space တခုရှိခဲ့တယ်​၊ ရှိ​နေတယ်​ဆိုတာ​တော့ Google ​ခေါက်​ကြည်​့ရင်​ သိနိုင်​ပါတယ်​။

​တော်​ပါပြီ ဒီ​လောက်​ပဲ​ရေး​တော့မယ်​၊ ဖုန်​းနဲ့ထိုင်​ရိုက်​​နေရတာ လက်​​ညောင်​းတယ်​။ ဂွက်​....! ဒါပဲ...

Post by: Aung Kyaw Soe

မူရင်းပို့စ် => 




Device Type Unknown နဲ့တွေ့တိုင်း အသဲအသန်လာမေးတတ်ကြသူများအတွက် ဒါလေးကိုရေးပေးလိုက်တာပါ။ Account Settings => Security and Login ထဲကိုဝင်လိုက်တာနဲ့ အပေါ်ဆုံးမှာတွေ့ရတဲ့ Where your login အောက်မှာ ကိုယ်နေတာကရန်ကုန်ပေမယ့်၊ Mandalay, Myanmar. လို့ပြနေတာတွေမန္တလေးပေမယ့် Yangon, Myanmar. လို့ပြနေတာတွေ။
မြန်မာပြည်ကသုံးနေပေမယ့်၊ US ( United State ) လို့ပြနေတာတွေ။
က ဘာကြောင့်လဲ၊ ဘယ်လိုဖြစ်လို့လဲဆိုရင်....




သုံးနေတဲ့ ဆင်းကတ်ပေါ်မူတည်ပြီး အဲ့ဒါက ပြောင်းတတ်တယ်။

ဥပမာ ...
MPT တို့ Ooredoo တို့ဆိုရင် Yangon, Myanmar. လို့ အများဆုံး ပြတတ်တယ်။


Telenor ဆိုရင် Mandalay, Myanmar. လို့အများဆုံး ပြတတ်တယ်။


Mytel ဆိုရင် US ( United State ) ဆိုပြီးပြတတ်တယ်။
အဲ့ဒီလို ပုံသေပြလားဆိုတော့ ပုံသေလို့ပြောလို့မရသေးဘူး။ အဲ့ဒီ ဆက်သွယ်ရေး အော်ပရေတာတွေက ဆာဗာချိန်းရင်တော့ သူချိန်းတဲ့ မြို့နာမည်ပေါ်နေမှာပဲ။

နောက်ပြီး ကိုယ်က VPN သုံးမိတဲ့အခါမျိုးမှာလည်း ကိုယ်နေတဲ့နေရာမဟုတ်တဲ့အခြား Location တခုခုကိုပြတတ်ပါတယ်။

ကိုယ်က မသင်္ကာရင် ကိုယ်ဝင်ထားတာတွေနဲ့ကိုက်ညီမှုရှိတယ် မရှိဘူးဆိုတာပဲ သေခြာ စစ်ဖို့လိုတယ်။

တော်တော်များများဆို လာလာပြကြတယ်၊ အစ်ကိုရေ Device Type Unknown ဆိုပြီးပြနေတယ်၊
ဘယ်လိုလုပ်ရမလဲ၊ Password ချိန်းရမှာလား၊ သူများဝင်တာလား၊ အကောင့်ခိုးခံနေရပြီလား၊ ဆိုပြီး လားလား လားပေါင်းများစွာနဲ့မေးတတ်ကြပါတယ်။


သေခြာစစ်ကြည့်ရင် သိနိုင်ပါတယ်။ အဲ့လိုပြတာတွေက ကိုယ့်ဖုန်းထဲကနေ သုံးနေရင်ကိုပြတတ်ပါတယ်။
အများဆုံးပြတာတွေက Messenger, Page Manager, Ads Manager, တွေသုံးတဲ့သူတွေရဲ့အကောင့်တွေမှာ အပြများတတ်ပါတယ်။


အပေါ်ဆုံးမွာ Device Type Unknown ပြနေရင် မပူပါနဲ့အဲ့ဒီမှာ Active Now ဆိုပြီးပြနေရင် အဲ့ဒါက လက်ရှိဝင်ထားတဲ့ Device ပါပဲ။ 

ဒါဆို အောက်နားလေးတွေမှာပြတာဆိုရင်ရော ဆိုရင်...
Device Type Unknown လို့ ပြပေမယ့် အဲ့ဒီနောက်မှာ Yangon, Myanmar. တို့ Mandalay, Myanmar. တို့ဆိုပြီး ပါ ပါတယ်။ လိုက်ထောက်ကြည့်ပြီး IP နံပါတ်လေးလေးတွေကို တိုက်စစ်ကြည့်ပါ။ Device Type Unknownမှာတွေ့ရတဲ့ IP နဲ့ ကိုယ့် Device မှာ ပြထားတဲ့ IP နဲ့တူညီနေရင် ကိစ္စမရှိပါဘူး။

နောက်ပြီးတော့ Device Type Unknown ဆိုတာလေးတွေရဲ့အောက်နားမှာ Facebook App, Messenger, Page Manager, Ads Manager, ဆိုပြီးလည်း ကပ်ပြီးပြထားတတ်ပါတယ်။

ကိုယ်ဝင်တာဟုတ်မဟုတ် တိုက်စစ်တတ်ဖို့ပဲလိုပါတယ်။ နောက်ဆုံး Device Type Unknown ဆိုပြီးပြထားတာမှာ Login ၀င်တဲ့ Date and Time လေးတွေပါ ပါပါတယ်။ သေခြာစစ်ကြည့်လိုက်ရင် ကိုယ်ဝင်တာလား သူများဝင်တာလားဆိုတာ ရှင်းရှင်းကြီးသိရပါတယ်။ 

အကုန်တိုက်စစ်ကြည့်လို့မှ ကိုယ်ဝင်သုံးတဲ့အချိန်၊ ကိုယ်ဝင်သုံးနေကျအရာ၊ ကိုယ့်သုံးနေတဲ့ Network IP,  ကိုယ်ဝင်သုံးနေကျ Device တွေထဲကမဟုတ်ဘူးဆိုရင်တော့ Access ဖြစ်နေတဲ့ Login Device တွေကို Log Out လုပ်၊ Password အမြန်ချိန်းပြီး Security ပိုင်းတွေကို Check ပြန်လုပ် ( Security ပိုင်းကိုစစ်ဆေးပြီးမြှင့်သင့်တာမြှင့်လုပ် )ဖို့လိုပါတယ်။
ကဲ… ဒီလောက်ဆိုရင် Unknown Device တွေနဲ့ပတ်သက်ပြီး သိသွားကြမယ်ထင်ပါတယ်။
အကောင့် Security ပိုင်းဘာမှမလုပ်ထားရသေးရင် ဒီပို့=> FacebookAccount Hack လုပ်( ခိုးယူခြင်း )မခံရအောင်ကာကွယ်ပါ ထဲမှာဝင်ရောက်ဖတ်ရှုပြီးလိုက်လုပ်ထားလိုက်ပါ။

အခြားသိလိုသည်များရှိပါက m.me/aungkyawsoe.sb နှင့် 
 m.me/OSCMyanmar.mm တို့ကိုနှိပ်ပြီးမေးမြန်းလို့ရပါတယ်။


Aung Kyaw Soe ( 11.4.2019 – 3:21 PM )


Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com