Online Service Center Myanmar: Tutorial -->

Tutorial

My Blog

Latest blog



-     
  
Unicode တော့ပြောင်းသုံးနေပြီ၊ Zawgyi font နဲ့တင်ထားတာတွေကို Auto convert လုပ်ပေးတဲ့ MUA Web Unicode Converter ဆိုတဲ့ Addon Extension လည်းထည့်ထားတယ်။ Facebook နဲ့ Website အတွက်တော့အဆင်ပြေတယ်။ ဒါပေမယ့် တချို့ Website တွေထဲက ခေါင်းစဉ်တွေ၊ Browser Tab bar မှာပေါ်တဲ့မြန်မာစာတွေ၊ နောက်ဆုံး Google translate မှာ ဘာသာပြန်ရင် ယူနီကုတ်ပြောင်းထားပေမယ့် အမှန်မပြတာမျိုးဖြစ်နေခဲ့တယ်ဆိုရင်တော့ အောက်ပါအတိုင်းလေး Browser ထဲက Settings မှာ ပြင်ဆင်လိုက်ပါ။ 


1. ပထမဆုံး Mozilla Browser ကိုဖွင့်ပါ။

2. Browser ထဲက address bar ထဲမှာ about:preferences လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

3. Language and Appearance အောက်က Fonts and Colors ရဲ့နောက်က Advanced ကိုနှိပ်ပါ။

4. ယခုပုံထဲမှာပြထားသလို Settings ချပြီး Save လုပ်ပါ။

ပြီးသွားလျှင် အပေါ်မှာပြောထားသလို မြန်မာစာမမှန်တာတွေ မှန်သွားမသွားကို ပြန်စစ်ကြည့်လိုက်ပါ။

___________________________
ယူနီကုဒ်မပြောင်းရသေးပါက https://www.osc-myanmar.com/p/devicecheck.html ကိုဝင်ပြီး Check လုပ်ရင်း အောက်နားက
7. How to use Myanmar Unicode font for Windows10 and Mozilla Firefox( ဝင်းဒိုးကွန်ပြူတာနှင့် Browser များအတွက် ယူနီကုဒ်ထည့်သွင်းနည်း။).
https://www.osc-myanmar.com/2019/08/How-to-use-Myanmar-Unicode-font-for-Windows10-and-Mozilla-Firefox.html
မှာ လမ်းညွန်ပြထားတဲ့အတိုင်းလုပ်ဆောင်ပါ။ အဲ့ဒီထဲမှာ Unicode ပြောင်းလဲအသုံးပြုမည့်သူအတွက် Font နဲ့ Keyboard ကို အလိုလျောက် ထည့်သွင်းပေးမည့် All in one installer ဖိုင် ပါဝင်ပါတယ်။
___________________________

အားလုံးပဲ အဆင်ပြေကြပါစေ။
Aung Kyaw Soe ( 29.10.2019 - 5:26 PM )
-     
  




-     
  

ဘယ်ဘာသာစကားကိုမဆို မြန်မာလို Translate လုပ်ပြီးဖတ်ချင်လား?
ယူနီကုဒ်ကိုအသုံးပြုထားသူတိုင်း ဒီလို Translate လုပ်ဖတ်လို့ရနေပါပြီ။ ဖတ်မရသေးဘူးဆို Facebook Settings ထဲမှာ နည်းနည်းလေးကလိပေးဖို့ပဲလိုပါမယ်။

[[ Mobile Phone ( Facebook app ) မှာဆိုရင် ]] -

Settings => Translation for Posts ထဲကိုဝင်ပြီး Language Settings မှာ အောက်ပါအတိုင်းပြင်ပါ။

1. Language you'd like to have posts translated into မှာ - Burmese ( မြန်မာဘာသာ ) တခုကိုပဲ အမှန်ခြစ်ပြီး Save ပါ။

2. Languages you don't want to be offered translations for မှာ - Burmese ( မြန်မာဘာသာ ) တခုကိုပဲရွေးပြီး Save ပါ။

3. Languages you don't want automatically translated မှာ - ဘာမှမရွေးပဲထားပါ(ရွေးထားတာရှိရင်ဖျက်ပြီး Save ပါ)။

4. A feature that lets you post multiple language versions of a status မှာ - On ဖြစ်နေရင် Turned off လုပ်ပြီး Save ပါ။

____________________________

[[ PC ( Desktop Browser ) မှာဆိုရင် ]] -

Settings => Language and Region Settings ထဲကိုဝင်လိုက်ပါ။

1. Facebook language ကိုဖွင့်ပါ။
Show Facebook in this language. မှာ - English ( US ) ပဲရွေးပေးထားပါ။

2. Posts from friends and Pages ကိုဖွင့်ပါ။
Language you'd like to have posts translated into( You'll have the option to translate posts into this language.) မှာ - Burmese ( မြန်မာဘာသာ ) ကိုပဲရွေးထားပါ။

Languages you don't want to be offered translations for( You won't see an option to translate posts in these languages. ) မှာ - Burmese ( မြန်မာဘာသာ ) ကိုပဲရွေးထားပါ။

Languages you don't want automatically translated( Posts in these languages won't be translated unless you choose to show a translation. ) မှာ - ဘာမှမရွေးပဲထားပါ(ရွေးထားတာရှိရင်ဖျက်ပါ)။

3. Multilingual posts ကိုဖွင့်ပါ။
Write posts in more than one language မှာ - အမှန်ခြစ်ဖြုတ်ပြီး Save ပါ( Turned off လုပ်ပါ )။
____________________________

ပြီးသွားပြီဆိုရင် Translate ရ မရကို လိုက်ကြည့်ပါ။ မရသေးရင် Facebook account ကို ခဏ Log Out ထွက်ပြီး Login ပြန်ဝင်လိုက်ပါ။ အဲ့ဒါဆို Translation ရနေပါလိမ့်မယ်။

အားလုံးပဲအဆင်ပြေကြပါစေ။

Aung Kyaw Soe ( 17.10.2019 - 10:53 PM )

-     
  




-     
  

Android ဖုန်းတွေအတွက် Gboard ထည့်သွင်းအသုံးပြုနည်း
Keyboard သွင်းပြီး မြန်မာစာလက်ကွက်မပါလာဘူး။ Voice typing နဲ့စာရေးချင်တာရေးမရဖြစ်နေတယ်ဆိုတဲ့သူတွေအတွက် ဒီ Video လေးကို လုပ်ထားပေးလိုက်တာပါ။
Screen record ဖမ်းရင်း စကားပြောပေးထားတာဆိုတော့ အသံက နည်းနည်းတော့တိုးတယ်။ လုပ်ပြထားတဲ့ပုံလေးပဲကြည့်ပီး လိုက်လုပ်ကြည့်လိုက်ကြပါ။
အဆင်ပြေကြပါစေ။

YouTube => https://youtu.be/ZgCzq0Xu4hI


-     
  




-     
  
Facebook မြန်မာနိုင်ငံမှာနေထိုင်သူတွေအတွက် Auto convert လုပ်ပေးထားလို့ Unicode နဲ့ရေးရေး၊ Zawgyi နဲ့ရေးရေး၊ အမှန်မြင်ရပါတယ်။ မမှန်ဘူးဖြစ်နေရင်....
Facebook app, Messenger app, တွေကို Update လုပ်ကြည့်ပြီး ပြန်သုံးကြည့်ပါ။
App တွေကို Update လုပ်ပြီးတာတောင်မရသေးဘူးဆိုရင်...
Facebook ကို Login and Log Out ကို ၂ ခါ ၃ ခါ လုပ်ကြည့်ပြီးပြန်သုံးကြည့်ပါ။

________________

Facebook ထဲမှာတော့ Auto Convert ရနေပြီး Messenger ပဲ Auto convert မရတာဆိုရင် ဒီလိုလုပ်ပါ။
ဖုန်းထဲက Settings => App => Messenger ထဲကို အဆင့်ဆင့် ဝင်ပြီး Clear cache နဲ့ Clear data လုပ်ပါ။
ပြီးရင် Messenger ကို မဖွင့်ပဲ Facebook App ကိုဖွင့်ပြီး Message ကိုဖွင့်လိုက်ပါ။ Messenger ကို အလိုလျောက်ချိတ်ပေးသွားပြီး Auto Convert ရသွားပါလိမ့်မယ်။

သတိပြုရန်// လက်ရှိ ရောက်နေတာက မြန်မာပြည် Location ထဲမှာမဟုတ်ရင် Auto convert က မရဘူး။ မြန်မာနိုင်ငံမှာနေတဲ့သူတွေပဲရမယ်။ ပြည်ပဆို အနီးဆုံး ထိုင်း၊ မလေး၊ စင်္ကာပူ၊ တွေမှာလည်းမရဘူး။ မြန်မာပြည်တွင်း တခုပဲ Auto convert ရပါမယ်။


-     
  




-     
  
လက်ရှိမှာ PC အသုံးပြုသူထက် Mobile Phone အသုံးပြုသူအရေအတွက်က ပိုမိုများနေလို့ Unicode ပြောင်းသုံးကြမည့် Mobile Phone သမားတွေအတွက် ဒီ Post ကိုရေးပေးလိုက်တာပါ။ အားလုံးပဲ အဆင်ပြေလွယ်ကူစွာနဲ့ Unicode ကို ပြောင်းလဲအသုံးပြုနိုင်ကြပါစေ။

ကဲ... စလိုက်ကြရအောင်...

မိမိတို့သုံးနေတဲ့ဖုန်းထဲက Browser ကိုသိကြတယ်မလား...?

သိတယ်ဆိုရင် Browser ကိုဖွင့်  Address bar or Search box ထဲမှာ 
MyanmarUnicodeSupport.blogspot. com ကို ( တဆက်ထဲ ) ရိုက်ထည့်ပြီး Go  or Enter ကိုနှိပ်ပြီးဖွင့်။

Myanmar Unicode Support  ဝဘ်ဆိုက်ထဲကိုရောက်သွားပြီဆိုရင်....

iOS အတွက်ဆို - 
"How to add Unicode font and ttKeyboard for iPhone, iPad"  ဆိုတဲ့ခေါင်းစဉ်နဲ့ Post ကိုရှာဖွင့်ပြီး လမ်းညွှန်ချက်အတိုင်းလုပ်။

လက်ရှိ ( 20.9.2019 နေ့ )မှာ Apple က  iOS 13 ကို Update အနေနဲ့ထုတ်ပေးလိုက်ပါပြီ။ Keyboard အနေနဲ့ Build in Burmese Keyboard ဆိုပြီး မြန်မာကီးဘုတ်ထည့်ပေးလာပါတယ်။

ကီးဘုတ်အသစ်ကိုသုံးရန် Settings => General => Keyboard => Keyboards => Add New Keyboards မှာ Burmese ကိုရွေးပေးလိုက်ပါ။

iOS 13 မှာ Unicode ပြောင်းရန် Setting => General => Language & Region => Preferred Language Order ထဲကိုအဆင့်ဆင့်ဝင်ပြီး အောက်ဘက်က မြန်မာစာ ( Burmese ) ထဲကိုဝင်ပါ။ Standard ( Recommended ) ကိုရှာပြီး ရွေးပေးလိုက်ပါ။ Reboot ကျပီး ပြန်တက်လာရင် နောက်တစ်ခေါက် Restart ချပေးလိုက်ပါ။ အဲ့ဒါဆို Unicode ပြောင်းသွားပါပီ။

Fonts
  • Custom fonts are available from the App Store for use in your favorite apps
  • Font management in Settings


Language support
  • Support for 38 new keyboard languages
  • Predictive input in Cantonese, Dutch, Hindi (Devanagari), Hindi (Latin), Najdi Arabic, Swedish, and Vietnamese keyboards
  • Separate emoji and globe keys make it easier to quickly switch between languages and select emoji on iPhone X and later
  • Automatic language detection for dictation
  • Bilingual dictionary support in Thai and English and Vietnamese and English


နောက်ထပ် ဘာ Features အသစ်တွေထပ်ပါလာလည်းသိချင်ရင်တော့
အသေးစိတ် About iOS 13 Updates => https://support.apple.com/en-us/HT210393   မှာဝင်ရောက်ကြည့်ရှုလိုက်ပါ။


Android အတွက်ဆို -
"How to add Gboard and TT keyboard for Android" ဆိုတဲ့ခေါင်းစဉ်နဲ့ Post ကိုရှာဖွင့်ပြီး လမ်းညွှန်ချက်အတိုင်းလုပ်ပါ။


Keyboard ကတော့ဟုတ်ပါပြီ Font ဘယ်လိုသွင်းရမှာလဲ ( Font Settings ကဘယ်လိုလုပ်ရမှာလဲ ) ဆိုရင် -
"How to add Unicode font for Android"  ဆိုတဲ့ခေါင်းစဉ်နဲ့ Post ကိုရှာဖွင့်ပြီး မည်သည့်ဖုန်းအမျိုးအစားအတွက်  Font Settings ကို မည်သို့ပြုလုပ်သည်ဆိုတာကို ကြည့်ရှုပြီး လိုက်ပါလုပ်ဆောင်လို့ရပါတယ်။ Android ဖုန်းတွေအတွက်ရော iOS အတွက်ပါ ပါဝင်ပါတယ်။


Unicode တော့ထည့်ပြီးပြီ SMS ( Phone Message ) တွေ၊ Phone Contacts တွေမှာက မြန်မာစာမမှန်ဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်ရမလဲ...?  ဆိုရင်တော့ "Android SMS and Utility ရယူရန်"  ဆိုတဲ့ခေါင်းစဉ်နဲ့ Post ကိုရှာဖွင့်ပြီး ပေးထားတဲ့ App ကို Download ပြုလုပ်ပြီး Zawgyi နဲ့ပို့ထားတဲ့ SMS နဲ့ Zawgyi နဲ့မှတ်ထားတဲ့ Phone Contacts တွေကို အဲ့ဒီ App လေးအကူအညီနဲ့ အမှန်မြင်နိုင်ပါပြီ။ ( အကုန်လုံး Unicode သုံးလာကြပြီဆိုရင်တော့ မလိုတော့ဘူးပေါ့။ :D )


ဒီပို့စ်ထဲမှာ အကုန်ထည့်ပေးထားတာမဟုတ်ဘူးလို့လာပြောမှာစိုးလို့ တခါထဲပြောပေးလိုက်ပါ့မယ်ဗျ။ လက်ရှိ Post ထဲက Post ခေါင်းစဉ်လေးတွေမှာတော့ Link တွေချိတ်ပေးထားလို့ တိုက်ရိုက်နှိပ်ပြီးဝင်ကြည့်လို့ရပါတယ်။ Facebook မှာက Myanmar Unicode Support  ( www.MyanmarUnicodeSupport.blogspot. com ) Website ကို Spam, Phishing ဝဘ်ဆိုက်လို့ထင်ပြီး ဘန်းထားတုန်းမို့ Website link ကို တိုက်ရိုက် Share လုပ်မရသေးလို့ ဒါလေးက Myanmar Unicode Support  Website ကို ဘယ်လိုဝင်ရလဲ သိရအောင် ပရိုမိုးရှင်းလုပ်ပေးတဲ့သဘောပါပဲ။ :D


အဆင်မပြေတာများရှိပါက ....


m.me/MyanmarUnicodeSupport

m.me/aungkyawsoe.sb

တို့ကိုနှိပ်ပြီး မေးမြန်းစုံစမ်းပြီး အကူအညီတောင်းခံနိုင်ပါတယ်။

အားလုံးပဲ အဆင်ပြေကြပါစေ။

Aung Kyaw Soe ( 20.9.2019 - 1:27 PM )

-     
  




-     
  
ဒီရက်ပိုင်းထဲမှာ Facebook user တော်တော်များများမှာဖြစ်ပေါ်နေတဲ့ပြဿနာလေးကတော့ Comment ပေးမရတဲ့ပြဿနာလေးပါပဲ။ Comment ပေးလိုက်တာနဲ့ Error ( အနီစက် icon နဲ့ Error message ) ပြပြီး မန့်မရတဲ့အနေအထားဖြစ်သွားတဲ့အခါ တော်တော်များများက Facebook account ကဘာဖြစ်တာလည်းမသိဘူး Comment တွေပေးမရဘူး။ အကောင့်ပျက်တော့မှာလား၊ Lock ကျတော့မှာလား၊ Hack ခံနေရတာလားဆိုပြီး လာလာမေးကြပါတယ်။

တကယ်တော့အဲ့ဒီလိုဖြစ်တာဟာ အကြောင်း( ၂ ) ခုရှိပါတယ်။ တခုက Facebook policy တခုခုကိုချိုးဖောက်မိထားတာကြောင့်ဖြစ်ပြီး၊ နောက်တခုကတော့ Facebook ဆာဗာ or Mobile App ကြောင့်ဖြစ်တာပါ။ ဒါကြောင့် ဘယ်ဟာကြောင့်ပဲဖြစ်ဖြစ် ဖြေရှင်းလို့ရအောင် ဖြေရှင်းနည်းလေးကို‌ ရေးပေးလိုက်ပါတယ်။ သေခြာဖတ်ကြည့်ပြီး လိုက်လုပ်ကြည့်လိုက်ပါဦး။

1. Facebook Policy တခုခုကိုချိုးဖောက်မိလို့ Temporary blocked မိခဲ့ရင် ဘာလုပ်ရမလဲ...?

Temporary blocked ဖြစ်ခဲ့ရင် Status Post တွေတင်မရ၊ Like, Comment, Share, တွေလုပ်မရ၊ Messenger မှာ စကားပြောလို့မရ၊ ဖြစ်တတ်ပါတယ်။ အဲ့လိုဖြစ်ခဲ့ရင် အနည်းဆုံး ၂၄ နာရီ၊ ၇၂ နာရီ၊ ၁ ပတ်၊ ၂ ပတ်၊ ကနေ ရက် ၃၀ လောက်အထိ Temporary Blocked မိတတ်ပါတယ်။ အဲ့လိုဖြစ်ခဲ့ရင် သူ့သတ်မှတ်ရက်ပြည့်တော့မှပဲ လုပ်လို့မရတာတွေ ပြန်လုပ်လို့ရပါတယ်။ သတ်မှတ်ချိန်မပြည့်ခင် ဖြေရှင်းလို့ရတဲ့နည်းလမ်းရောမရှိဘူးလားဆိုရင် ရှိတော့ရှိပါတယ်။ ဒါပေမယ် 100% အဆင်ပြေချင်မှပြေပါတယ်။

ဘယ်လိုဖြေရှင်းလို့ရနိုင်လဲ...?

အရင်ဆုံး ကိုဖြစ်နေတာလေးတွေကို SS ရိုက်ပြီး Facebook Menu ထဲက Help & Support ထဲကိုဝင်၊ အထဲရောက်ရင် Report a Problem ဆိုတာကိုနှိပ် Facebook က ဖုန်းကိုလှုပ်ပြီး Shake ခိုင်းနေတာလေးတွေ့ပါမယ်။ မ Shake ပဲ အဲ့ဒီအောက်နားက Report a Problem ဆိုတာလေးကိုထပ်နှိပ်ပေးရပါမယ်။

နောက်တဆင့်မှာ Where is the problem? ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရွေးချယ်စရာခေါင်းစဉ်တွေအများကြီးတွေ့ပါလိမ့်မယ်။ ကိုယ်က ဘယ်ဟာနဲ့ပတ်သက်ပြီး Report တင်ချင်တာလည်းဆိုတာကိုရွေးချယ်ရမှာပါ။ ဥပမာ ကိုယ်က Status တင်မရဘူးဆို Status Update ကိုရွေးချယ်ပေးရမှာဖြစ်ပြီး၊ Photo, Video, Message, တွေနဲ့ပတ်သက်ပြီး Error တက်နေရင် သက်ဆိုင်ရာခေါင်းစဉ်ကိုပဲရွေးချယ်ပေးရမှာပါ။

နမူနာအနေနဲ့ Status Update ကိုရွေးလိုက်တယ်ဆိုပါစို့ နောက်တဆင့်မှာ What Happened? ဆိုတာလေးအောက်မှာ စာရေးထည့်ဖို့နဲ့ Screenshot ထည့်ဖို့လေး ပါ ပါတယ်။ ကိုယ်ဖြစ်နေတာကိုရေးပြီး SS လေးထည့်ပြီး Send လုပ်ပေးထားလိုက်ရုံပါပဲ။ အဲ့ဒါဆို အနည်းဆုံး ၂၄ နာရီ၊ ၇၂ နာရီ၊ ၁ ပတ်၊ ၂ ပတ်၊ ကနေ ရက် ၃၀ လောက်အထိ Temporary Blocked မိနေခဲ့တယ်ဆိုရင်တောင် ခနလေးနဲ့ပြန်ရသွားတတ်ပါတယ်။

2. ကိုယ်က Facebook Policy တခုမှမချိုးဖောက်မိ(အမှားမလုပ်မိ)ပဲ Facebook ဆာဗာ or Mobile App ကြောင့် Temporary Blocked ပုံစံမျိုးဖြစ်နေခဲ့တယ်ဆိုရင်...?

ကိုယ်က Facebook ကချမှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်း၊ မူဝါဒတွေကို လုံးဝမှချိုးဖောက်ထားခြင်းမရှိပဲ Status Post တွေတင်မရ၊ Like, Comment, Share, တွေလုပ်မရ၊ Messenger မှာ စကားပြောလို့မရ၊ ဖြစ်နေခဲ့တယ်ဆိုရင်တော့ ဖေ့ဘွတ်ဆာဗာနဲ့ မိုလ်ဘိုင်းအပ် တွေကြောင့်ဖြစ်တာမျိုးရှိတတ်ပါတယ်။

အဲ့လိုဖြစ်နေရင် ဘယ်လိုဖြေရှင်းလို့ရနိုင်လဲ...?

ကိုသုံးနေတဲ့ Facebook app, Messenger app, Other Facebook နဲ့ပတ်သက်တဲ့ App တွေကို Update ဖြစ်မဖြစ်အရင်စစ်ကြည့်ပြီး Update မြှင့်ဖို့လိုပါမယ်။ ဘာကြောင့်လည်းဆိုတော့ Version အသစ်ထွက်လာချိန် Update မလုပ်မိရင် ကိုယ်သုံးနေတဲ့ App က Out of Date ြဖစ်ပြီး ဆာဗာကနေ ကိုယ်သုံးနေတဲ့ Device ကနေ Support လုပ်မပေးနိုင်တော့တဲ့အခါ Error လေးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် Update လုပ်ပြီး ပြန်သုံးကြည့်ပါ။

Update တော့လုပ်ထားတယ်၊ အဆင်မပြေသေးဘူး၊ Error တက်နေတုန်းပဲဆိုရင် Login နဲ့ Log Out ကို ၂ ခါ၊ ၃ ခါ၊ လောက်လုပ်ကြည့်ပါ။

အဲ့ဒါမှအဆင်မပြေသေးဘူးဆိုရင်တော့...

iOS Device ဆို App ကိုဖျက် အသစ်ပြန်ဒေါင်းထည့်ပြီးပြန်သုံးကြည့်ပါ။
Android Device ဆို Settings => App => Facebook ထဲကိုဝင်ပြီး Clear cache နဲ့ Clear data လုပ်ပြီး ပြန်ဝင်သုံးကြည့်ပါ။

သတိပြုရန်// ဒီနေရာမှာ App ကိုဖျက်တာတို့၊ Clear data တို့မလုပ်ခင်မှာ တခုသတိထားရမှာက

နံပါတ်( ၁ ) Facebook Password ကိုမေ့နေလို့မရပါဘူး။

နံပါတ်( ၂ ) Two-Factor ( Login Approved ) Code ခံထားတယ်ဆို Backup Code ( Recovery Code ) ကိုအရင်ယူထားဖို့လိုပါတယ်။

ဘယ်ကဝင်ယူရမှန်းမသိဘူးဆိုရင်...

Facebook ထဲက Settings => Security and login => Use Two-Factor authentication ထဲဝင် အောက်နားကိုဆင်းပြီး Backup Code ( Recovery Code ) ဆိုတာလေးကိုနှိပ်ပီး Code 10 လုံးကို SS ရိုက်ပြီးတော့ဖြစ်စေ၊ ချရေးပြီးတော့ဖြစ်စေ၊ ယူထားလိုက်လို့ရပါတယ်။

ကဲ.... Facebook password ကိုလည်းမှတ်မိတယ်။ Backup Code ( Recovery Code ) လည်းယူထားပြီးပြီဆိုရင်တော့ လက်ရှိတက်နေတဲ့ Error လေးကို ဖြေရှင်းကြည့်လိုက်ပါဦး။

အားလုံးပဲ အဆင်ပြေကြပါစေ။

Aung Kyaw Soe ( 17.9.2019 - 4:55 PM )
-     
  



-     
  
 1.10.2019 နေ့ဟာဆိုရင် မြန်မာပြည်မှာ အကြီးမားဆုံး၊ အကျယ်ပြန့်ဆုံး၊ အပြောင်းအလဲတစ်ခုဖြစ်ပေါ်မည့်နေ့လို့ပြောမယ်ဆိုရင်ပြောလို့ရမယ့်နေ့တနေ့ဖြစ်လာမှာပါ။ ဘာလို့လည်းဆိုတော့ အဲ့ဒီနေ့ဟာ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၊ လူပေါင်းစုံက နိုင်ငံတကာစံနှုန်းနဲ့ကိုက်ညီပြီး၊ မြန်မာစာစံစနစ်ဖြစ်တဲ့ယူနီကုတ်ဖောင့်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြောင်းလဲသုံးစွဲကြမယ့်နေ့တနေ့ဖြစ်လို့ပါပဲ။

ဒီလိုအပြောင်းအလဲမှာ တထောင့်တနေရာကနေအကူအညီဖြစ်အောင် ဒီပို့စ်လေးကိုရေးပေးလိုက်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်လို Zawgyi User ကနေ Unicode User အဖြစ်ပြောင်းလဲအသုံးပြုတော့မယ့်သူအတွက် အနည်းငယ်အထောက်အကူဖြစ်စေမယ်လို့တော့ထင်ပါတယ်။

ဒီပို့စ်က Windows 10 ထဲကနေ Mozilla Firefox Browser ကိုအသုံးပြုရာမှာ မြန်မာစာယူနီကုတ်စနစ်နဲ့ အဆင်ပြေလွယ်ကူစွာအသုံးပြုနိုင်စေဖို့ကိုရည်ရွယ်ပါတယ်။

အရင်ဆုံး ဒါလေးတွေကို Download ပြုလုပ်လိုက်ပါ။

1. Download Font and Keyboard Installer File

Installer File ရယူရန်


 Font နှင့် Keyboard ၂ မျိုးစလုံးပါဝင်ပြီးဖြစ်ပါတယ်။
(Installer ဖြင့်အဆင်မပြေပါက Zip file ကိုရယူနိုင်ပါတယ်)

    Download All-in-One Installer

DownloadGif_5 

    Download All-in-One Zip
 download_Zip_File

    Download User Manual ( PDF File )

 DownloadGif_12

2. Download Font Only Installer 
  မှန်ကန်သော Font ကို အလိုလျောက် ထည့်သွင်းပေးမည့် Installer ဖိုင်

DownloadGif_5 

အပေါ်က ( ၂ ) ဖိုင်လုံးကို Download ပြုလုပ်ပြီးပါက Install သွင်းပေးလိုက်ပါ။ Install ပြုလုပ်ပြီးပြီဆိုပါက Mozilla Firefox Browser ကိုဖွင့်ပြီး Browser ထဲက Font Settings မှာ Pyidaungsu Font ကိုထည့်သွင်းပေးရမှာပဲဖြစ်ပါတယ်။


Mozilla Firefox Browser  ကိုဖွင့်ပြီးပါက အထက်ပါပုံထဲကအတိုင်းတွေ့ရင် 1 နဲ့မျှားပြထားတဲ့ Tools ကိုဖြစ်စေ၊ 2 နဲ့ မျှားပြထားတဲ့ ညာဘက်အပေါ်ထောင့်က Menu လိုင်းစင်း ၃ ခုကိုဖြစ်စေ၊ ကိုနှိပ်ပြီး အထဲက Options ထဲကိုဝင်လိုက်ပါ။ အထဲကိုရောက်ပြီဆိုလျှင် Language and Appearance ကိုရှာပါ။ တွေ့ပြီဆိုပါက Fonts and Colors အောက်က Default Font မှာ Pyidaungsu Font ကိုပြောင်းပေးရမှာဖြစ်လို့ အဲ့ဒီနောက်က Advanced ဆိုတာလေးကိုနှိပ်ပြီးဝင်လိုက်ပါ။



အဆင့်ဆင့်ဝင်နည်း အလွယ်ဆိုရင် Browser ကိုဖွင့် Tools => Options => Language and Appearance =>
Language and Appearance =>
Advanced ဆိုပြီးအဆင့်ဆင့်ဝင်ပါ။


အထက်ကပုံထဲက အနီရောင်ဘောင်ကွပ်ပြထားထဲကအတိုင်း Font Settings ချပါ။ ( ဖောင့်ကိုရွေးချယ်ပါ။ ) ပုံထဲကအတိုင်း Pyidaungsu Font ကို Select လုပ်ပြီးပါက အောက်နားက အနီရောင်နဲ့ဝိုင်းပြထားတဲ့ Allow pages to choose their own fonts, instead of your selections above မှာ အမှန်ခြစ်ဖြုတ်ပြီး OK လုပ်ပေးလိုက်လို့ရပါပြီ။ ပြီးလျှင် Mozilla ထဲကနေ Facebook, Website, တွေထဲမှာ ယူနီကုတ်ဖောင့်နဲ့ ရေးလို့ဖတ်လို့ရသွားပြီပဲဖြစ်ပါတယ်။ ( အောက်က Photo ကိုကြည့်ပါ။ )



အထက်ပါအတိုင်း ယူနီကုတ်နဲ့စာရေးလို့ဖတ်လို့ရသွားပြီဆို Mozilla Firefox Browser မှာ Font Settings ချတာအဆင်ပြေပြေနဲ့ပြီးဆုံးသွားပါပြီ။ ဒီနေရာမှာတခုလုပ်ဖို့တော့ကျန်နေပါသေးတယ်။ အဲ့ဒါကဘာလည်းဆိုတော့ ယူနီကုတ်နဲ့ရေးထားတာတွေကိုဖတ်လို့အဆင်ပြေနေပေမယ့် ဇော်ဂျီကနေ ယူနီကုတ်ကိုမပြောင်းလာသေးတဲ့သူ‌တွေရေးတဲ့စာနဲ့ ယခင် ဇော်ဂျီဖောင့်နဲ့ပဲရေးထားတဲ့ Facebook နဲ့ အခြားသော Website ထဲကစာတွေကိုဖတ်လို့ရဖို့အတွက်တခုလုပ်ရဦးမှာပါ။  

Facebook က မြန်မာနိုင်မှာတွင်းမှာနေထိုင်တဲ့သူတွေအတွက် Mobile App တွေဖြစ်တဲ့ Facebook App, Messenger App, တွေမှာပဲ ယူနီကုတ်နဲ့ရေးရေး၊ ဇော်ဂျီနဲ့ရေးရေး Auto Convert လုပ်ပေးလို့အဆင်ပြေနေပေမယ့် Desktop User တွေ အချို့အတွက်ကတော့ Auto Convert မလုပ်ပေးထားသေးပါဘူး။ ဒါကြောင့် Mozilla Firefox Browser မှာ MUA Web Unicode Converter ဆိုတဲ့ Addon Extension လေးထည့်ပေးဖို့လိုပါမယ်။


အထက်ပါနေရာကိုသွားပြီး  Add to Firefox ကို နှိပ်လိုက်ရင် ပြီးပါပြီ။ Mozilla Firefox Browser ရဲ့ Addons အ​နေနဲ့ သုံးရမှာပါ။ Desktop နဲ့ Mobile နှစ်ခုလုံးမှာ ရပါတယ်။ Mozilla Firefox Browser မှာ install လုပ်ထားရင် ​ဇော်ဂျီနဲ့​ရေးထားတဲ့ စာ​တွေကို browser မှာ အလိုအ​လျောက် ယူနီကုဒ်​ပြောင်း​ပေးသွားမှာပဲဖြစ်ပါတယ်။ Facebook မှာရော၊ အခြားသော Web Page တွေမှာပါ ဇော်ဂျီ၊ ယူနီ၊ ကြိုက်တာနဲ့ရေးထားပါစေ အဆင်ပြေစွာနဲ့ဖတ်ရှုနိုင်ပြီပဲဖြစ်ပါတယ်။

 ကဲ... ဒီလောက်ဆိုရင် အဆင်ပြေသွားကြပြီလို့ထင်ပါတယ်။ ဒီပို့စ်ကိုရေးနေချိန် ယူနီကုတ်ကိုပြောင်းသုံးတာ ၂၄ နာရီကျော်ကျော်လေးပဲရှိပါသေးတယ်။ စာတွေအများကြီးကို မြန်မြန်မရိုက်နိုင်သေးလို့ ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်ဗျာ အားလုံးပဲအဆင်ပြေကြပါစေ။

အဆင်မပြေမှုများရှိပါက Myanmar Unicode Support ဆိုတဲ့ Facebook Page Message ကနေ မေးမြန်းစုံစမ်းပြီးအကူညီတောင်းခံနိုင်ပါတယ်။

https://myanmarunicodesupport.blogspot.com


MyanmarUniCodesupport.blogspot.com ဆိုပြီးလည်း Unicode ကိုပြောင်းသုံးကြမယ့်သူတွေအတွက် အထောက်အကူဖြစ်စေမယ့် Website လေးလည်းလုပ်ထားပါတယ်။ အဲ့ဒီထဲမှာ လိုအပ်တဲ့ Font file များ၊ Keyboard File များ၊ Download ပြုလုပ်နိုင်သလို၊ Android Phone, iOS, Windows, များမှာ Font နဲ့ Keyboard ထည့်သွင်းနည်းများ၊ စာရိုက်နည်းများနဲ့ အခြား User Guide များကို လွယ်ကူစွာ လေ့လာဖတ်ရှု၊ ရယူနိုင်ဖို့ပြုလုပ်ပေးထားပါသေးတယ်။ ဝင်ရောက်လေ့လာပြီး အခြားသူတွေကိုလည်းပြန်လည်မျှဝေပေးလိုက်ပါဦး။

ကိုယ့် Device ( Phone or Computer ) ထဲမှာ ယူနီကုတ်ဖောင့်ရှိ၊ မရှိနဲ့ အလုပ် လုပ်၊ မလုပ်ကို ဒီနေရာမှာ စစ်ဆေးကြည့်လိုက်ပါဦး၊



လေးစာစွာဖြင့်...

Aung Kyaw Soe  ( 30.8.2019 - 9:26 PM )



-     
  


 

ဒီနေ့တစ်ယောက်က အကူအညီလာတောင်းလို့ Fake Page, Scam Page, တွေကို Report ပြုလုပ်နည်းလေးတွေကို အသစ်ထပ်ပြီး ရေးပေးလိုက်ပါတယ်။
Fake Page, Scam Page, တွေ အလုပ်ခံရဆုံးက Cele တွေ၊ သတင်းဌာနတွေနဲ့ Personal Attack လုပ်ခံရသူတွေများပါတယ်။

တကယ်လို့ကိုယ် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ့်အသိမိတ်ဆွေတစ်ယောက်ကိုသော်လည်းကောင်း၊ သို့မဟုတ် ကိုယ့်စီးပွားရေးနဲ ့သက်ဆိုင်တဲ့ Page ဖြစ်ဖြစ်၊ ကိုယ်သိထားတဲ့ Official မဟုတ်တဲ့ Page အတုတွေကိုတွေ့ရင်ဖြစ်ဖြစ်၊ ဒီနည်းလေးတွေနဲ့Report လုပ်ချင်တယ်ဆိုရင် လုပ်ပေးလိုက်လို့ရပါတယ်။
ကဲ... စလိုက်ကြရအောင်....
Fake Page ပြုလုပ်ခံရသူ ကာယကံရှင်ကိုယ်တိုင်တင်နည်း။
----------------------------------------------

Computer ( Laptop or Desktop ) နဲ့သုံးသူများအတွက် -
Report ပထမနည်း ( Harassment )
1. အရင်ဆုံး Report လုပ်မည့် Page Timeline ထဲကိုဝင်ပြီး Share လေးနောက်က အစက်လေး ၃ စက်ကိုနှိပ်ပါ။
2. ပေါ်လာတဲ့ထဲက Harassment ကိုနှိပ်ပြီး Send ကိုနှိပ်ပါ။
3. Submit to Facebook for Review ကိုနှိပ်ပေးလိုက်ရင် မှိန်သွားပြီး အမှန်ခြစ်လေးပေါ်လာရင် Done ကိုနှိပ်ပေးလိုက်ပါ။
ဒါဆို ကိုယ့်ပုံစံ အတုလုပ်ထားပြီး နှောင့်ယှက်နေတဲ့ Fake Page ကို Report လုပ်တဲ့ ပထမနည်းလေးပြီးသွားပါပြီ။
---------------

Report ဒုတိယနည်း ( Fraud or Scam )
1. အရင်ဆုံး Report လုပ်မည့် Page Timeline ထဲကိုဝင်ပြီး Share လေးနောက်က အစက်လေး ၃ စက်ကိုနှိပ်ပါ။
2. ပေါ်လာတဲ့ထဲက Fraud or Scam ကိုနှိပ်ပါ။
3. Copying information about me or my business. ကိုနှိပ်ပြီး Send ကိုနှိပ်ပါ။
5. Done ကို နှိပ်ပြီးရင် Report တင်နည်းနောက်တစ်ခုပြီးပါပြီ။
အပေါ်ကနည်း ၂ ခုလုံးပြီးသွားလျှင် အခုတင်လိုက်တဲ့ Report ဒုတိယနည်း ( Fraud or Scam ) အတိုင်းဝင်ပြီး Copying information about me or my business. အစား Fake Page ဆိုတာနဲ့ထပ်တင်ပါ။
အဲ့ဒါဆိုရင် ကာယကံရှင်အနေနဲ့က Report ပြုလုပ်နည်း ( ၃ ) နည်းနဲ့Report ပြုလုပ်ပြီးသွားပါပြီ။
________________________________

Mobile Phone နဲ့အသုံးပြုသူများအတွက် - 

Report ပထမနည်း ( Harassment )
1. အရင်ဆုံး Report လုပ်မည့် Page Timeline ထဲကိုဝင်ပြီး Message လေးနောက်က အစက်လေး ၃ စက်ကိုနှိပ်ပါ။
2. ပေါ်လာတဲ့ထဲက Harassment ကိုနှိပ်ပြီး Send ကိုနှိပ်ပါ။
3. Submit to Facebook for Review ကိုနှိပ်ပေးလိုက်ရင် မှိန်သွားပြီး အမှန်ခြစ်လေးပေါ်လာရင် Done ကိုနှိပ်ပေးလိုက်ပါ။
ဒါဆို ကိုယ့်ပုံစံ အတုလုပ်ထားပြီး နှောင့်ယှက်နေတဲ့ Fake Page ကို Report လုပ်တဲ့ ပထမနည်းလေးပြီးသွားပါပြီ။
----------------

Report ဒုတိယနည်း ( Fraud or Scam )

1. အရင်ဆုံး Report လုပ်မည့် Page Timeline ထဲကိုဝင်ပြီး Message လေးနောက်က အစက်လေး ၃ စက်ကိုနှိပ်ပါ။
2. ပေါ်လာတဲ့ထဲက Fraud or Scam ကိုနှိပ်ပါ။
3. Copying information about me or my business. ကိုနှိပ်ပြီး Send ကိုနှိပ်ပါ။
5. Done ကို နှိပ်ပြီးရင် Report တင်နည်းနောက်တစ်ခုပြီးပါပြီ။
အပေါ်ကနည်း ၂ ခုလုံးပြီးသွားလျှင် အခုတင်လိုက်တဲ့ Report ဒုတိယနည်း ( Fraud or Scam ) အတိုင်းဝင်ပြီး Copying information about me or my business. အစား Fake Page ဆိုတာနဲ့ထပ်တင်ပါ။
အဲ့ဒါဆိုရင် ကာယကံရှင်အနေနဲ့က Report ပြုလုပ်နည်း ( ၃ ) နည်းနဲ့Report ပြုလုပ်ပြီးသွားပါပြီ။

_____________________________
အောက်ကဟာလေးက Fake Page ပြုလုပ်ခံရသူမဟုတ်ပဲ အခြားသူတွေက ကူညီပြီး Report တင်ပေးတဲ့နည်းလေးတွေပါ။
--------------------------------------------------

Computer ( Laptop or Desktop ) နဲ့သုံးသူများအတွက် -
Report ပထမနည်း ( Pretending to be another business or person )
1. အရင်ဆုံး Report လုပ်မည့် Page Timeline ထဲကိုဝင်ပြီး Share လေးနောက်က အစက်လေး ၃ စက်ကိုနှိပ်ပါ။
2. ပေါ်လာတဲ့ထဲက Give feedback or report this Page ကိုနှိပ်ပါ။
3. Send ကိုနှိပ်ပါ။
4. Which business or person is this Page pretending to be?
ဆိုတဲ့ခေါင်းစဉ်လေးအောက်မှာ Enter Facebook Page name ဆိုပြီး Search box လေးတစ်ခုတွေ့ရပါမယ်။ အဲ့ဒီထဲမှာ Account အစစ်ရဲ့ Official Page Name or Page link ကိုထည့်လိုက်ပါ။ Official Page ပေါ်လာရင် Select လုပ်ပြီး Send ကို နှိပ်ပေးလိုက်ပါ။
5. Done ကို နှိပ်ပြီးရင် Report တင်နည်းတစ်ခုပြီးပါပြီ။

----------
Report ဒုတိယနည်း ( Fraud or Scam )
1. အရင်ဆုံး Report လုပ်မည့် Page Timeline ထဲကိုဝင်ပြီး Share လေးနောက်က အစက်လေး ၃ စက်ကိုနှိပ်ပါ။
2. ပေါ်လာတဲ့ထဲက Fraud or Scam ကိုနှိပ်ပါ။
3. Fake Page ကိုနှိပ်ပြီး Send ကိုနှိပ်ပါ။
5. Done ကို နှိပ်ပြီးရင် Report တင်နည်းနောက်တစ်ခုပြီးပါပြီ။

_________________________________

Mobile Phone နဲ့အသုံးပြုသူများအတွက် -
 
Report ပထမနည်း ( Pretending to be another business or person )
1. အရင်ဆုံး Report လုပ်မည့် Page Timeline ထဲကိုဝင်ပြီး Message နောက်က အစက်လေး ၃ စက်ကိုနှိပ်ပါ။
2. ပေါ်လာတဲ့ထဲက Give feedback or report this Page ကိုနှိပ်ပါ။
3. Fake Account ကိုနှိပ်ပါ။
4. Which business or person is this Page pretending to be?
ဆိုတဲ့ခေါင်းစဉ်လေးအောက်မှာ Enter Facebook Page name ဆိုပြီး Search box လေးတစ်ခုတွေ့ရပါမယ်။ အဲ့ဒီထဲမှာ Account အစစ်ရဲ့ Official Page Name or Page link ကိုထည့်လိုက်ပါ။ Official Page ပေါ်လာရင် Select လုပ်ပြီး Send ကို နှိပ်ပေးလိုက်ပါ။
5. Done ကို နှိပ်ပြီးရင် Report တင်နည်းတစ်ခုပြီးပါပြီ။

----------
1. အရင်ဆုံး Report လုပ်မည့် Page Timeline ထဲကိုဝင်ပြီး Message နောက်က အစက်လေး ၃ စက်ကိုနှိပ်ပါ။
2. ပေါ်လာတဲ့ထဲက Fraud or Scam ကိုနှိပ်ပါ။
3. Fake Page ကိုနှိပ်ပြီး Send ကိုနှိပ်ပါ။
5. Done ကို နှိပ်ပြီးရင် Report တင်နည်းနောက်တစ်ခုပြီးပါပြီ။
_________________________

အပေါ်နည်းလေးတွေအတိုင်း Report လုပ်ပေးလိုက်ရင် Fake Page, Scam Page, တွေကို Facebook team ကနေ စစ်ဆေးပြီးဖျက်ပေးသွားပါလိမ့်မယ်။
နမူနာအနေနဲ့ Fake Page ပြုလုပ်ခံထားရသူရဲ့အချက်အလက်လေးတွေကိုထည့်ပေးလိုက်ပါတယ်။

Fake Page ျပဳလုပ္ခံထားရသူ -
Official Account -
Erica May Sue Maung ( https://www.facebook.com/maysue.maung )
Official Page -
May Sue Maung
https://www.facebook.com/May-Sue-Maung-595338630883270
ဒါက Fake Page -
Erica May Sue Maung
https://www.facebook.com/Erica-May-Sue-Maung-917771015099430/

ကဲ... အပေါ်က ပေးထားတဲ့ Fake Page ကို Report ထုပေးပြီး၊ ဒီနည်းလေးတွေကို လိုအပ်လာရင်သုံးဖို့ Save ထားလိုက်နိုင်ပါတယ်ဗျာ။

Aung Kyaw Soe ( 10.1.2019 - 10:30 PM )





ဒါကတော့ Online Shopping Page တွေမှာရှိတဲ့ Shop section လေးထဲမှာ မိမိရောင်းချမည့် ပစ္စည်းအသစ်ကို ဘယ်လိုထည့်သွင်းလဲဆိုတာကို နမူနာ လုပ်ပြပေးထားတာပါ။

1. Amazon.com
2. Ebay.com
3. Walmart.com
4. Etsy.com
5. Target.com
6. Aliexpress.com
7. Costco.com
8. Kohls.com
9. Wish.com
10. Sears.com


တို့လိုမျိုး Online shopping websites တွေကို သိရှိထားသူတွေ၊ ဝင်ရောက်ကြည့်ရှုထားသူတွေဆိုရင်တော့ Facebook Page မှာပါတဲ့ Shop လေးက ဘာလေးလဲ၊ ဘယ်လိုလုပ်ရတာလည်း၊ ဘယ်လိုအသုံးချရတလည်း၊ ဆိုတာကို သိရှိထားကြပြီးသားဖြစ်မှာပါ။ မြန်မာပြည်ကလူတွေ တော်တော်များများကတော့ Online Shopping ဆိုရင် Facebook page တွေလောက်ပဲသိကြတာများပါတယ်။

မြန်မာပြည်ကလူတွေနဲ့အနီးစပ်ဆုံးကိုပြပါဆိုရင် Shop.com.mm ကိုပဲပြရမှာပါပဲ။ အဲ့ဒီကို ဝင်ကြည့်လိုက်ရင် အခု Shop ဆိုတာလေးရဲ ့အလုပ်လုပ်ပုံကို သိရှိသွားပါလိမ့်မယ်။ သူကတော့ သီးသန့်Shop Website အနေနဲ ့ပြုလုပ်ထားတာပါ။ အခု Facebook က Shop ဆိုတာလေးကတော့ ကိုယ်ပိုင် E-commerce online shop Website ထောင်နေဖို့မလိုပဲ၊ Facebook page ထဲမှာတင်ပဲ Shop ကို အသုံးပြုလို့ရအောင်လုပ်ထားပေးတာပါ။ အသုံးချတတ်သူ အွန်လိုင်းရှော့ပင်းသမားတွေအတွက်ကတော့ တွက်ခြေကိုက်ပြီး အသုံးအင်မတန်ကျတဲ့အရာလေးပါ။

သင့်အနေနဲ့ Online Shopping လုပ်နေပြီဆိုရင်၊ Facebook မှာ Page ဖွင့်ပြီး စျေးရောင်းနေပြီဆိုရင်၊ ဒီ Shop ဆိုတာလေးကို ပစ်ထားလို့မရပါဘူး။ မဖြစ်မနေ အသုံးပြုသင့်တာလေးပါ။ ဒါကြောင့် Shop လေးထဲမှာ Products လေးတွေကို ဘယ်လိုထည့်သွင်းရလည်းဆိုတာကို နမူနာအနေနဲ့လုပ်ပြပေးထားပါတယ်။

နမူနာအနေနဲ့လုပ်ပြထားပေးတဲ့ ဒီ "ေခတ္ဇာမဏီ အထည္ဆုိင္" Page က OSC-Myanmar ကနေ Page Settings Service ယူထားတဲ့ Page လေးတွေထဲက တစ်ခုပါ။
အားလုံးပဲ လိုက်လုပ်ကြည့်လို့အဆင်ပြေကြမယ်ထင်ပါတယ်။


Credit Music: Món th?t cu?n c?i b?p
Applied: Andorra, United Arab Emirates, Afghanistan, Antigua and Barbuda, Anguilla and 198 more





Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com