Online Service Center Myanmar: Tutorial -->

Tutorial

My Blog

Latest blog

ဒါလေးကတော့ Online Shop Page ရှိသူတွေအတွက် အသုံးတည့်မည့်နည်းလေးပါ။ ကိုယ့် Page မှာ ရောင်းချမည့်ပစ္စည်း or ထုတ်ကုန်ပစ္စည်းအသစ်တစ်ခုတင်ပြီဆိုရင် Shop ထဲမှာ ထည့်သွင်းထားတဲ့ Products တွေကို အဲ့ဒီ Post မှာပါ တွဲပြီး မြင်ရအောင် Tag တွဲထားတဲ့သဘောပါ။ အဲ့ဒါမျိုးလုပ်ဖို့ဆိုရင်တော့ အရင်ဆုံး Page က Shop ထဲမှာ နဂိုကတည်းက ထည့်သွင်းထားတဲ့အရာလေးတွေတော့ရှိနေဖို့လိုပါတယ်။

တော်တော်များများ Online Shop Page တွေက တင်ထားတဲ့ Post တွေကိုတွေ့ဖူးကြမှာပါ။ Photo အကြီးကြီးနဲ့ပစ္စည်းတစ်ခုကိုပြထားပြီး၊ အဲ့ဒီအောက်မှာ Photo သေးသေးလေးတွေနဲ့ အခြားပစ္စည်းလေးတွေကိုပါတွဲပြီးပြထားတာမျိုးလေးတွေကို။

အခုဟာက အဲ့လိုလေးတွေ ပြဖို့အတွက် မလုပ်တတ်သူတွေရှိနေကြလို့၊ ဘယ်လို လုပ်ရတာလည်း လာလာမေးတတ်ကြလို့ဒါလေးကို တင်ပေးလိုက်တာပါ။ ကြည့်ပြီးလိုက်လုပ်ကြည့်လိုက်ကြပါ။ အဆင်ပြေကြပါစေ။

နမူနာ လုပ်​ပြထားတဲ့ Page ​လေးက​တော့ OSC-Myanmar က​နေ Page Settings Service ယူထားတဲ့ ​ခေတ်​ဇာမဏီ အထည်​ဆိုင်​ Page ​လေးနဲ့ နမူနာ လုပ်​​ပြ​ပေးထားပါတယ်​။ 😊😊😊

Video ၾကည့္ရန္ -

ဒီ​နေ့ မ သိမ့်သိမ့်သူ က လာ​ပြောတယ်​။ သူ့ပုံ​တွေနဲ့ အ​ကောင့်တုလုပ်​ထားတာ Friend 5000 ​လောက်​နဲ့ Follower ကလည်း သူ့ထက်​​တောင်​များတယ်​ဆိုပြီး Profile link လာ​ပေးတယ်​။ ကိုယ်​က ဝင်​ကြည့်လို့မရ​တော့ D ပဲထားတာလား၊ ကိုယ်​​တွေကို Block ပဲထားတာလားမသိဘူး။ ကြည့်မရတာနဲ့ Profile link သူများကို​ပေးပြီး ဝင်​ကြည့်ခိုင်​း​တော့ မြင်​ရတယ်​တဲ့....။

ကိုယ်​​တွေ စဉ်းစားလို့မရတာက ကိုယ်​​တွေအ​ကောင့်ကို Block ထားတာဘာ​ကြောင့်လည်းဆိုတာကိုပဲ။ ကိုယ်​ကဖြင့်သူ့ကို သိ​တောင်​ မသိတာကို Block ထားတယ်​တဲ့။ 😄😄😄

ခန့်မှန်းကြည့်လိုက်​​တော့ အ​ကောင့်တုဖွင့်ထားတဲ့သူက ကိုယ်​​တွေကိုသိတဲ့ အ​ကောင့်သူခိုးလူ​ဟောင်းအုပ်​စုထဲကဖြစ်​မယ်​။ IA( Instant Articles ) နဲ့ လုပ်​စား​နေသူ​တွေထဲက ဖြစ်​လိမ့်မယ်​လို့ ခန့်မှန်းမိတယ်​။ ဒါ​ကြောင့်လည်း သူ့အ​ကောင့်တုကို Report လာထုမှာစိုးလို့ ကာယကံရှင်​နဲ့ ကိုယ်​​တွေအ​ကောင့်ကို Block လာလုပ်​ထားတာဖြစ်​လိမ့်မယ်​။ 😄😄😄

ကဲ... ကျွန်​​တော်​နဲ့ ကာယကံရှင်​ ၂ ဦးကိုသာ Block လုပ်​လို့ရမှာပါ။ ကျန်​တဲ့သူ​တွေကို​တော့ သူ Block ထားမှာမဟုတ်​တဲ့အတွက်​ သူများပုံ​တွေနဲ့ လုပ်​စား​နေတဲ့ အ​ကောင့်တုကို Report ​လေး ဝိုင်းလုပ်​​ပေးလိုက်​ကြပါဦး။

အဓိက က‌တော့ မ #သိမ့်သိမ့်သူ အ​ကောင့်ထဲက Friend ​ေတွက ပိုပြီး ကူညီ​ပေးဖို့လိုပါတယ်။

Someone i know ရယ်​ Fake account ရယ်​ ၂ နည်းနဲ့ Report လုပ်​​ပေးကြပါ။

မလုပ်​တတ်​ဘူး။ မလုပ်​ပါနဲ့ လုပ်​တတ်​​အောင်​ တင်​နည်းစာ​ရော Video နဲ့ပါ လုပ်​​ပေးထားပါတယ်​။ 😁😁😁

Video File ကြည့်ရန် -

Someone i know & Fake account Report ပြုလုပ်နည်း။

ကိုယ့် Friend List ထဲက အသိ တစ်ယောက်ယောက်ရဲ့Name နဲ့သို့မဟုတ် Photo နဲ့ or ( ၂ ) မျိုးလုံးနဲ့ Account တုတွေ့ပြီဆိုရင် ဒီလို Report လုပ်ပါ။

1. အရင်ဆုံး Report လုပ်မည့် Account Timeline ထဲကိုဝင်ပြီး Message နောက်က အစက်လေး ၃ စက်ကိုနှိပ်ပါ။

2. ပေါ်လာတဲ့ထဲက Give feedback or report this profile ကိုနှိပ်ပါ။

3. Pretending to Be Someone ကိုနှိပ်ပြီး အောက်နားက A Friend ကိုရွေးပြီး Send ပါ။

4. Which Friend? ဆိုတဲ့ box လေးတက်လာရင် Search box ထဲမှာ အဲ့ဒီ Friend ရဲ့ Account Name ကို ရိုက်ထည့်ပြီး ကိုယ် ကူညီပေးချင်တဲ့ Friend Account Name လေးပေါ်လာရင် နာမည်ကို Select ပေးပြီး Next ကိုနှိပ်ပါ။

5. Report Profile ကို နှိပ်ပါ။ ( Popup box လေးတက်လာပါမယ် ခနစောင့်ပါ။ )

6. I believe that this goes against Facebook's Community Standards နောက်က အကွက်လေးမှာ အမှန်ခြစ်ပြီး Report ကိုနှိပ်ပါ။

7. Done ကိုနှိပ်ပါ။

ပြီးလျှင် Fake Account ဆိုတာနဲ့ထပ်တင်ပေးလိုက်ပါ။

1. အရင်ဆုံး Report လုပ်မည့် Account Timeline ထဲကိုဝင်ပြီး Message နောက်က အစက်လေး ၃ စက်ကိုနှိပ်ပါ။

2. ပေါ်လာတဲ့အထဲက Give feedback or report this profile ကိုနှိပ်ပါ။

3. Fake Account ကိုနှိပ်ပါ။

4. Report Profile ကို နှိပ်ပါ။ ( Popup box လေးတက်လာပါမယ် ခနစောင့်ပါ။ )

5. I believe that this goes against Facebook's Community Standards နောက်က အကွက်လေးမှာ အမှန်ခြစ်ပြီး Report ကိုနှိပ်ပါ။

6. Done ကိုကိုနှိပ်ပါ။

အထက်​​ဖော်​ပြပါ ( ၂ ) နည်းလုံးနဲ့ မဖြစ်​မ​နေ ထု​ပေးပါ။

Report ထုရမည့်အကောင့် ၂ ခုက ဒီမှာ....
Fake Account 1. https://www.facebook.com/profile.php?id=100027447430864
Fake Account 2. https://www.facebook.com/profile.php?id=100029761597693
Fake account 1 က အဓိကပဲ ​နောက်​တစ်​ခုက ခနနဲ့ ကျမှာ... 😁

Facebook News Feed လေးပွတ်နေရင်းရဲ့Video တွေ Auto Play နေပြီး Phone Bill တွေ အရမ်းကုန်တာပဲတို့၊ Video ထဲမှာ မတော်တရော်အသံတွေထည့်ထားလို ့လူကြားသူကြားထဲမှာ အရှက်တကွဲတွေဖြစ်တာတို့၊ နောက်ဆုံး Background Music အသံကြီးက ဝုန်းဒိုင်းတွေကြဲကုန်လို့ ကိုယ်တိုင်လည်းလန့်ဖျန့်တာမျိုးတွေ၊ ကိုယ့်ဘေးနားမှာရှိတဲ့ ပတ်ဝန်းကျင်ကလူတွေကို အားနာမိရတာမျိုးတွေဖြစ်နေခဲ့ရင် ဒီလိုလေး လုပ်ထားလိုက်ပါ။

1. အရင္ဆုံး Facebook Account Settings ထဲကိုသြားပါ။
2. Media and Contacts ဆိုတာလေးကိုရှာပြီးဝင်လိုက်ပါ။
3. အထဲကိုရောက်ပြီဆိုရင် Autoplay ဆိုတာလေးကိုနှိပ်လိုက်ပါ။
4. Never Autoplay Videos ဆိုတာလေးကိုရွေးချယ်ပေးလိုက်ပါ။

နံပါတ် ( 4 ) နေရာမှာ အောက်ပါအတိုင်း ( ၃ ) မျိုးတွေ့ပါလိမ့်မယ်။

1. On Mobile Data and Wi-Fi Connections.
ဖုန်းက အင်တာနက်လိုင်းနဲ့ပဲဖြစ်ဖြစ်၊ WiFi နဲ့ချိတ်သုံးရင်ပဲဖြစ်ဖြစ် အလိုလျောက်ပွင့်နေစေမယ်။

2. On Wi-Fi Connections Only.
WiFi နဲ့သုံးပြီဆိုတော့မှသာ ပွင့်စေမယ်။

3. Never Autoplay Videos.
လုံးဝမှကို မပွင့်အောင်ထားမယ်။

ဆိုပြီးတွေ့ပါလိမ့်မယ်။ Never Autoplay Videos. ဆိုတာကိုသာရွေးပေးထားလိုက်ပါ။ အပေါ်ဆုံး အပိုဒ်ထဲမှာပြောထားတဲ့ ကြုံတွေ ့ရတဲ့သောကတွေကနေ ကင်းဝေးသွားစေပါလိမ့်မယ်။

အခုလို ဗဟုသုတရစရာ Video လေးတွေကို YouTube မှာ အမြဲလိုလိုတင်သွားပေးဖို့ရှိပါတယ်။ ဒါကြောင့် Youtube Channel လေးဖြစ်တဲ့ => youtube.com/aungkyawsoe56 ကိုဝင်ရောက်ပြီး Subscribed လေးကို နှိပ်ထားပေးလိုက်ရင် အသစ်တင်တိုင်း Email ထဲအထိ အသိပေး၊ အကြောင်းပေးသွားမှာပါ။

ဒီရက်ပိုင်းထဲ Facebook ရဲ့အပြောင်းအလဲတစ်ခုကြောင့် English နဲ့ရေးထားတာတွေက Myanmar လိုတွေဖြစ်၊ မြန်မာလိုတွေရေးထားတာက English လိုတွေဖြစ်နေပြီး၊ တစ်ချို့တွေမှာ တော်တော်လေးကို ဒုက္ခရောက်နေကြတယ်ဆိုပါတယ်။ တော်တေ်ာများများက ဖုန်းထဲက Font များ ပျောက်သွားပျက်သွားလို့လား၊ Font Settings များ ပြန်လုပ်ရမလားဆိုပြီး တောင်ကလိ မြောက်ကလိ ကလိကြပေမယ့် မြန်မာစာမမှန်ပဲ ဒုက္ခရောက်မြဲရောက်နေကြပါတယ်။ ( Unicode နဲ ့သုံးတဲ့သူတွေအတွက်တော့မှန်ပါတယ်။ မြန်မာပြည်မှက Zawgyi User က ပိုများလို ့သာ တော်တော်များများမှာ မမှန်ဘူးဖြစ်တာပါ။ )

အဲ့ဒီ Post or စာကြောင်းလေးတွေအောက်မှာ Rate this translation တုိ ့See original ဆိုပြီးပါ ပါတယ်။ အခြားနိုင်ငံတွေက Page တွေမှာ တင်ထားတဲ့ English လို အကြောင်းအရာတွေက Myanmar လိုတွေ Auto Translate လုပ်ပေးလိုက်တဲ့အတွက် အင်္ဂလိပ်စာ အားနည်းတဲ့သူတွေအတွက် အကျိုးအကြောင်းကို အလွယ်တကူ သိရှိသွားစေနိုင်လို့ကောင်းတယ်လို့ပြောလို့ရပါတယ်။ တကယ်လို့ကိုယ်က မူရင်းရေးထားတဲ့အတိုင်းလေးကို ဖတ်ချင်တယ်ဆိုရင်တော့ See original လေးကိုနှိပ်ပြီး မူရင်းအတိုင်းလေး ဖတ်ရှုလို့ရပါတယ်။

အခုပြောပြမှာကတော့ အဲ့လို Auto Translation ဖြစ်နေတာကို သဘောမကျသူတွေ ( ဖောင့်မမှန်လို့ သဘောမကျတဲ့သူများတာပါ။ ) အတွက် ယခင်လို အဆင်ပြေပြေလေး ပြန်လည်ပြီးဖတ်ရှုချင်တယ်ဆိုရင် Language Settings ထဲဝင်ပြီး Burmese ဖြစ်နေတာကို English ပြောင်းပေးရုံပါပဲ။ တော်တော်များများက ဘယ်လို ဘယ်လိုလုပ်ပါဆိုပြီး ပြောပြပေမယ့် မသိဘူး။ ပုံလေးနဲ့လုပ်ပြပေးပါ ပြောတတ်ကြလို့ စာနဲ့ရော Video လေးနဲ ့ပါလုပ်ပေးလိုက်ပါတယ်။

အရင္ဆုံး Facebook Account Settings => Language ထဲကိုဝင်ရပါမယ်။

Language Settings ထဲကိုရောက်ပြီဆိုရင်.....

1. What language do you want stories to be translated into?.

2. Which languages do you understand?.

3. Which languages do you not want automatically translated?.

ဆိုပြီး ၃ ခုတွေ့ပါမယ်။ ဒါက Mobile Phone နဲ့အသုံးပြုသူများတဲ့အတွက် Mobile View နဲ့တွေ့ရမယ့်ပုံစံပဲပြောပြထားတာပါ။ ကွန်ပြူတာနဲ့ဆိုရင်တော့ တွေ့ရမယ့်ပုံစံမတူပါဘူး။

အိုကေ..... လုပ်ရမှာက လွယ်လွယ်လေးပါ။ 1 နဲ့ 3 ထဲဝင်ပြီး English ကိုရွေးပြီး Save လုပ်ပေးလိုက်ရုံပါပဲ။

1. What language do you want stories to be translated into?.

3. Which languages do you not want automatically translated?.

၂ ခုလုံးထဲမွာ English ကိုရွေးပြီး Save လုပ်ပြီး ပြန်ထွက်ကြည့်လိုက်ပါ။ အဲ့ဒါဆို မြင်ရတာအဆင်မပြေဖြစ်နေတဲ့ Auto Translation လုပ်တာမျိုးရှိတော့မှာမဟုတ်ပါဘူး။

အဆင်ပြေကြပါစေ....။ ( လိုင်းကောင်းရင် HD လေး နှိပ်ကြည့်ပါ။

Aung Kyaw Soe ( 28.8.2018 - 8:05 PM )

မူရင်းပို့ စ် =>

ဒီဟာကတော့ လာလာအမေးဆုံး မေးခွန်းဖြစ်နေလို့ပါ။
Facebook​ App ထဲက အလိုလျောက်ပြန်ပြန်ထွက်နေရင် အရင်ဆုံး Version Update လုပ်ကြည့်ပါ။

တစ်ချို့ရှိပါတယ်။ Version ဘယ်ကနေ Update ဝင်လုပ်ရမှန်းမသိဘူးဆိုတဲ့သူတွေ။ Android ဖုန်း ကိုင်ဆောင်သူတွေအနေနဲ့ဖုန်းထဲမှာ Google Play​ နဲ့ Play Store​ ဆိုတဲ့ နာမည်နဲ့ App ကိုလိုက်ရှာကြည့်ပါ။ ရှာလို့မတွေ့ရင် Download ပြုလုပ်ပြီး ထည့်ထားဖို့လိုပါမယ်။ Android အသုံးပြုနေတာဆို အဲ့ဒါက မဖြစ်မနေလိုပါတယ်။

Google Play or Play Store ဆိုတဲ့ App ကို ရှာတွေ့ပြီဆိုဝင်လိုက်ပါ။ ဝင်ပြီး Facebook ဆိုပြီး ရိုက်ရှာလိုက်ပါ။ Update လုပ်ခိုင်းနေရင်လုပ်လိုက်ပါ။ Install လို့ပြနေခဲ့ရင်တော့ ဖုန်းထဲမှာ Facebook App ကို Device install အနေနဲ့သွင်းမထားရသေးလို့ပါ။ Update or Install ကို နှိပ်လိုက်တဲ့အချိန်မှာ User Name & Password တောင်းနေရင် ကိုယ့်မှာရှိတဲ့ Gmail နဲ့ Password ကို ရိုက်ထည့်ပြီး Login ဝင်ပေးလိုက်ဖို့လိုပါမယ်။

Version Update လုပ်ကြည့်လို့မှ မရရင် App ထဲဝင်ပြီး Clear Cache, Clear Data လုပ်ကြည့်ပါ။ တစ်ခုသတိပြုရမှာက Clear Cache နဲ့ Clear Data ကို လုပ်မယ်ဆိုရင် Facebook ကို Login ဝင်တဲ့ User Name & Password တော့ မေ့မနေဖို့လိုပါတယ်။

Clear Cache နဲ့ Clear Data ကို ဘယ်ကနေ ဘယ်လိုဝင်လုပ်ရမလဲဆိုရင်......
ဖုန်းထဲက Settings => App => Facebook ဆိုပြီး အဆင့်ဆင့်ဝင်လိုက်ပါ။

အထဲကိုရောက်ပြီဆိုရင်...
အရင္ဆုံး Clear Cache ဆိုတာကိုရှာပြီး နှိပ်ပါ။
ပြီးလျှင် Clear Data ဆိုတာကို ထပ်နှိပ်ပါ။

တစ်ခါတလေ ( တစ်ချို့ဖုန်းတွေမှာ ) Settings => App => Facebook ထဲကိုဝင်လိုက်ပေမယ့် Clear Cache နဲ့ Clear Data ကို အလွယ်တကူမတွေ့ရတာမျိုးရှိတတ်ပါတယ်။

အဲ့လိုဖြစ်နေခဲ့ရင် Settings => App => Facebook ဆိုပြီး အဆင့်ဆင့်ဝင်ပြီး Storage ဆိုတာထဲမှာဝင်ကြည့်ပါ။ Clear Cache နဲ့ Clear Data ကို တွေ့ရပါလိမ့်မယ်။ ၂ ခုလုံးလုပ်ပြီး ပြန်ဝင်သုံးကြည့်လိုက်ပါ။

iOS ဆိုရင်....
Apple Store ထဲမှာဝင်ရောက်ပြီး Update လုပ်ကြည့်ပါ။ မရဘူးဆိုရင် Facebook App ကိုဖျက်ပြီး ပြန် Install သွင်းကြည့်ပါ။ ( User Name & Password တော့ မေ့နေလို့မရဘူးနော်။ )

အဲ့လိုလုပ်ပြီးတာမှ အဆင်မပြေဘူးဆိုရင်....
Facebook ဆာဗာက တစ်ခုခုပြင်ဆင်နေတာကြောင့်ဖြစ်နိုင်ပြီး။
နောက်တစ်ခုဖြစ်နိုင်တာက App Version နဲ့ OS Version မကိုက်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။
အားလုံးပဲ အဆင်ပြေကြပါစေ။

Aung Kyaw Soe​ ( 14.8.2018 - 12:50 PM )

မူရင်းပို့စ် =>

How to Upload Youtube Video for Blogger Website ( Youtube က Video ကို Blog Website မှာ တင်မယ်။ )

1. အရင်ဆုံး Gmail ကို Login ဝင်လိုက်။
Login ဝင်ပြီးပြီဆို Youtube.com ကိုဖွင့်လိုက်ပါ။
Youtube ထဲကိုရောက်ပြီဆိုရင် ညာဘက်အပေါ်ထောင့်နားမှာရှိတဲ့
မိမိ Gmail Account ရဲ့  Profile icon လေးကိုနှိပ်လိုက်ပါ။
ပေါ်လာတဲ့ထဲမှ Creator Studio ဆိုတာလေးကိုနှိပ်လိုက်ပါ။
ဘယ်ဘက်ခြမ်းမှာရှိတဲ့ Menu တွေထဲမှ VIDEO MANAGER ဆိုတာကိုနှိပ်လိုက်ပါ။
မိမိတင်ထားတဲ့ Video တွေကိုတွေ့ပါလိမ့်မယ်။ ( ဒီတိုင်းခနထားလိုက်ပါ။ )

2. Website ထဲမှာတင်ထားတာက ဘယ် Video ကနောက်ဆုံးတင်ထားတာလဲဝင်ကြည့်ပါ။
New Tab ကိုခေါ်ပြီး blogger.com လို့ရိုက်ဝင်လိုက်ပါ။
Gmail ဝင်ထားတာဖြစ်လို့အလိုလျောက်ဝင်သွားတာမျိုးလည်းဖြစ်ပါလိမ့်မယ်။
မဝင်လျှင် မိမိဘာသာ Gmail & Password ရိုက်ဝင်ပါ။
Blogger.com ထဲဝင်လိုက်တာနဲ့ All Posts နေရာကိုရောက်သွားရင်
မိမိ နောက်ဆုံးတင်ထားခဲ့တဲ့ ဗီဒီယိုဖိုင်ကဘယ်ဗီဒီယိုလည်းဆိုတာကြည့်ပါ။

3. Youtube.com ထဲကိုပြန်သွားပါ။
Website ထဲနဲ့ Youtube က ဗီဒီယိုကို တိုက်စစ်ပြီးပြီဖြစ်လို့ ဘယ်ဗီဒီယိုက နောက်ဆုံးတင်ထားလဲဆိုတာတွေ့ပါလိမ့်မယ်။
အဲ့ဒီအပေါ်နားက မတင်ရသေးတဲ့ ဗီဒီယိုဖိုင်ကို Open link new tab နဲ့ဖွင့်လိုက်ပါ။
New Tab နဲ့ပွင့်လာတဲ့အခါမှာ Video URL ဆိုတဲ့နောက်က
နမူနာ : https://youtu.be/onrDD5cv1-A ဆိုတဲ့ ဗီဒီယိုဖိုင် Link ကို Copy ယူပီး New Tab တစ်ခုခေါ်ပြီး ထည့်ဖွင့်လိုက်ပါ။
Video Play နေစဉ် အဆင်ပြေတဲ့နေရာလေးကို Print Screen ဖမ်းပါ ( SS ရိုက်ပါ။ )

4. Laptop or Desktop မှာ Print Screen ဖမ်းနည်း။ ( SS ရိုက်နည်း )
Laptop or Desktop က ကီးဘုတ်ထဲမှာ PrtSc or Prt Sc Sysrq ဆိုပြီး ပါပါတယ်။ အဲ့ဒါလေးကိုနှိပ်လိုက်ပါ။
ပြီးရင် Paint လေးကိုဖွင့်လိုက်ပါ။ Paint ကို ဘယ်မှာသွားဖွင့်ရမှန်းမသိရင် Windows မှာ Search box လေး ပါပါတယ်။
Search box ထဲမှာ Paint ဆိုပြီး ရိုက်ထည့်လိုက်ပါ။ Paint လေးပွင့်လာပြီဆိုရင် ကီးဘုတ်က Ctrl + V ( Ctrl ကိုနှိပ်ထားပြီး V ) ကိုနှိပ်ပါ။
အဲ့ဒါဆို Paint ထဲမှာ စောစောက SS လေးကို Paste ချလိုက်တာကို မြင်တွေ့ရမှာပါ။ အဲ့ဒီလို မြင်တွေ့ရပြီဆိုရင် လိုချင်တဲ့နေရာလေးကို
Select ပေးပြီး Crop လုပ်ပေးရမှာပါ။ ( Select ပေးထားပြီး Right Click ကိုနှိပ်ပြီး ပေါ်လာတဲ့အထဲက Crop ကို ရွေးပေးရမှာ။ )
ပြီးသွားရင် အဲ့ဒီ Paint လေးကို X လေးနှိပ်ပြီး ပိတ်ပစ်လိုက်ပါ။ ဘယ်နားမှာ Save မလည်းမေးရင် File Name လေး ပေးပြီး ကြိုက်တဲ့နေရာမှာ Save လိုက်ပါ။

5. Blog Website ထဲမှာ အသင့်ပြင်မယ်။
Blogger Website ထဲကိုဝင်လိုက်ပြီး New Post ကို နှိပ်ပါ။
Post Title နေရာမှာ Video Title ကို ထည့်လိုက်ပါ။ ပြီးလျှင် အောက်က အသင့်ပြင်ထားတဲ့ Code နဲ့စာလေးတွေကိုကူးယူလိုက်ပါ။

Code အနေဖြင့်ထည့်ရန်။ ( အောက်က မျဉ်းလိုင်းထဲမှ Code နဲ့စာတွေကိုအကုန်ကူးပါ။ )

ဒီနေရာမှာ Youtube မှ Video Code ကိုထည့်ပါ။ <= ( ယခုစာကိုဖျက်ပြီးထည့်ပါ။ )
ဒီနေရာမှာ ဗီဒီယိုဖိုင်ခေါင်းစဉ်ထည့်။ <= ( ယခုစာကိုဖျက်ပြီးထည့်ပါ။ )
ဒီနေရာမှာ ဗီဒီယိုဖိုင် SS Photo ထည်(Upload ပေးရန်) <= ( ယခုစာကိုဖျက်ပြီး Upload ပါ။ )
Video များကို ဆက်လက်ကြည့်ရှု့လိုပါက
San Lin Htet & May Thu Htun ကို
See First (or) Follow လုပ်ထားလိုက်ပါနော် ❤️👍🏻

Please Like & Share For More Video❤️🙏🏻🤗

HD နှိပ်ကြည့်နိုင်တယ်နော် ❤️🙏🏻🤗👍🏻

အပေါ်ကစာလေးတွေကို Copy ယူပြီးပြီဆိုရင် Blogger Website ထဲက New Post နေရာကိုပြန်သွားပါ။
HTML ဆိုတာကို နှိပ်ပြီး Copy ကူးလာတဲ့စာလေးတွေကိုထည့်ပေးလိုက်ပါ။ ပြင်ပြီးထည့်ပေးရမယ့်နေရာက
အပေါ်ဆုံးက စာ ၃ ကြောင်းပဲနေရာမှာပဲပြင်ထည့်ရမှာပါ။ ( မိမိစိတ်ကြိုက်စာတွေကို ပြောင်းလဲထည့်သွင်းလို့ရပါတယ်။ )

6. Youtube ထဲက Post တင်မယ့် Video File နေရာကိုပြန်သွားပါ။
Youtube ထဲကိုပြန်သွားပြီး စောစောက SS ရိုက်တဲ့နေရာက Post တင်မယ့် ဗီဒီယိုဖိုင်နေရာလေးမှာ
အဲ့ဒီ Video File ကို Share ပြုလုပ်လို့ရတဲ့ SHARE ဆိုတဲ့ခလုတ်လေးတွေ့ပါမယ် Click နှိပ်လိုက်ပါ။
Share a link ဆိုတဲ့အောက်နားမှာ < > ပုံလေးနဲ့ Embed ဆိုတာလေးရှိပါတယ်။ အဲ့ဒါလေးကိုနှိပ်လိုက်ပါ။
Embed Video ဆိုပြီး အောက်နားမှာ Video Code လေးပေးထားပါမယ်။ Copy ယူလိုက်ပါ။
ယူပြီးရင် Website ထဲက Post တင်ဖို့ပြင်နေတဲ့နေရာကိုပြန်လာပြီး အပေါ်ဆုံးက စာကြောင်းကိုဖျက်ပြီး
Video File Code ကိုထည့်ပါ။ Video Code ထဲက Video Size ကို ချိန်းရပါမယ်။ Width မှာ 100% လို့ပြောင်းပြီး Height မှာ 400 လို့ပြင်ရေးပါ။

ပြီးလျှင် Video File Title ကို Video Code လေးအောက်က စာကြောင်းကိုဖျက်ပြီးထည့်ပါ။
အားလုံးပြီးသွားလျှင် Compose လေးကိုနှိပ်ပြီး စာလေးတွေအဆင်ပြေမပြေ ပြန်ကြည့်ပါ။
အဆင်ပြေပြီဆိုလျှင် အဲ့ဒီစာလေးတွေကို Copy ယူပြီး ညာဘက်ဘေးနားက Search Description လေးကိုနှိပ်ပြီး
ပေါ်လာတဲ့ Box လေးထဲမှာ ထည့်ပေးလိုက်ပါ။ ပြီးလျှင် Video File နဲ့ပတ်သက်တဲ့ SS(Screen Shot) လေးကို
Upload ထည့်ပေးရပါမယ်။ Video File Code အောက်က Video Tittle လေးရဲ့အောက်ကစာကိုဖျက်ပြီး အဲ့ဒီနေရာမှာ
Upload ပေးရမှာပါ။ SS Photo ကို ဘယ်ကနေထည့်ရမလဲဆိုရင် New Post Body အပေါ်နားမှာ Tools လေးတွေ
ပါ ပါတယ်။ အဲ့ဒီ Tools လေးတွေထဲက Photo ပုံလေးကိုနှိပ်လိုက်ရင် Popup box လေးတက်လာပါမယ်။
Choose Files ဆိုတာလေးကို နှိပ်ပြီး စောစောက ရိုက်ပြီး Save ထားတဲ့ SS Photo လေးကို Upload ပေးရမှာပါ။

SS Photo လေး Upload loading... လေးပြီးသွားလို့ပေါ်လာပြီဆိုတာနဲ့ Select လေးလုပ်ပြီး Add Selected ဆိုတာလေးကိုနှိပ်ပေးရမှာပါ။
ဒီနေရာမှာ Post Body ထဲက စာတွေ ပုံတွေကို နေရာချတာ၊ စာလုံးအကြီးအသေးပြောင်းတာ၊ ကာလာတွေချယ်တာတွေကအစ၊
Tools တွေပါဝင်လို့ စိတ်ကြိုက်ကလိနိုင်ပါတယ်။

7. Labels ( Post Tag အမှတ်အသားလေးတွေ ) မဖြစ်မနေထည့်ဖို့လိုပါတယ်။
ညာဘက်ခြမ်းက Labels ဆိုတာလေးကိုနှိပ်လိုက်ပါ။ အဲ့ဒီထဲမှာ အခုတင်ပေးလိုက်တဲ့ Video ဖိုင်လေးနဲ့ပတ်သက်တဲ့
Labels( အမှတ်အသား ) လေးတွေရှိရင် Click နှိပ်ပြီး ထည့်လို့ရသလို မရှိဘူးဆိုရင် အသစ်ရိုက်ထည့်ပြီး Done လိုက်လို့ရပါတယ်။
အဲလို တစ်ခါထည့်ထားလိုက်ရင် နောက်ဆို အဲ့ဒီ Labels လေးက Record ဝင်သွားပြီမို့လို့နောက်တစ်ခေါက် ဗီဒီယိုတင်ရင်
အသင့် Click နှိပ်ပြီး ထည့်ရုံပါပဲ။ အခုနေရာမှာ Labels လေးတွေကို စုံအောင်ထည့်ပြီးသွားပြီဆိုရင် အဲ့ဒါလေးတွေကို Copy ယူလိုက်ပါ။
အောက်နားက Search Description ဆိုတာလေးကို နှိပ်ဖွင့်ပြီး စောစောက ထည့်ထားတဲ့စာလေးတွေအောက်နားကနေ , လေးခံ Space လေး တစ်ချက်ပုတ်ပြီး
ထည့်ပေးလိုက်ပါ။ အားလုံးပြီးသွားပြီဆို Publish ဆိုတာလေးကိုနှိပ်ပေးလိုက်ရင် Video File လေး Blogger Website လေးထဲမှာ
တင်ပြီးသွားပါပြီ။

8. တင်ပြီးသား Video File လေးတွေကို Edit လုပ်ချင်တယ်ဆိုရင်။
Blogger.com ထဲကိုဝင်ပြီး All Posts နေရာလေးကိုသွားလိုက်ပါ။
မိမိ Edit လုပ်လိုတဲ့ Post Title လေးပေါ်မှာ မောက်လေးတင်လိုက်တာနဲ့ အဲ့ဒီအောက်မှာ
Edit | View | Share | Delete ဆိုပြီးတွေ့ပါလိမ့်မယ်။ Edit လုပ်ချင်ရင် Edit လေးကိုနှိပ်ပြီး
ဝင်ရောက် စိတ်ကြိုက် Edit လုပ်လို့ရပါတယ်။

အောက်မှာ Video ဖိုင်လေး 3 File ထည့်ပေးထားပါတယ်။  Video Tutorial လေးပါ။ ၁ ဖိုင်ထဲမဟုတ်ပဲ ၃ ဖိုင်ဖြစ်နေလို့စိတ်တော့မကောင်းပါဘူး။ :D
1. Youtube Video Upload To Blogger Website(Part-1)

Video Link => https://youtu.be/wqPgiDeww3U

2. Youtube Video Upload To Blogger Website(Part-2)

Video Link =>  https://youtu.be/xpDJdbdXUio

3. Youtube Video Upload To Blogger Website(Part-3)

Video Link => https://youtu.be/3RrgZWQVIaI

ဒါက အသေးစိတ်ရေးပေးထားလို့စာကရှည်ပြီး တော်တော်ရှုပ်တာပဲလို့ထင်ရတာပါ။
တကယ်လက်တွေ့လုပ်ဖြစ်သွားရင် အရမ်းလွယ်တာကိုတွေ့ရပါလိမ့်မယ်။
စမ်းပြီးတင်ကြည့်ပါ တင်နေကျဖြစ်သွားရင် ဘာလေးတွေကိုဘယ်လို လုပ်ရတယ်ဆိုတာကို
အသေးစိတ်သိရှိသွားပြီး အခု Video ထဲကထက်တောင် ပိုပြီး မြန်မြန်ဆန်ဆန် ပို့စ်တင်နိုင်ပါလိမ့်မယ်။
အားလုံးပဲ အဆင်ပြေကြပါစေ။
Aung Kyaw Soe ( 19.6.2018 - 6:30 PM )

ဒါကိုရေးမယ် ရေးမယ်နဲ့ဟိုအကြောင်းပေါ်လာလိုက် ဒီအကြောင်းပေါ်လာလိုက်ဖြစ်နေတာနဲ့မရေးဖြစ်ပဲရှိနေတာတော်တော်ကြာပြီ။ ယခင်ရေးထားတာတွေရှိပေမယ့်လည်း သိတဲ့သူနည်း၊ ဖတ်တဲ့သူနည်းတဲ့အတွက် အသေးစိတ်ထပ်ရေးပြီး မဖြစ်မနေ Security ပိုင်းလေးတွေကို အလေးထားပြီးလုပ်ဆောင်ကြဖို့တိုက်တွန်းရင်း မျှဝေပေးလိုက်ပါတယ်။

လက်ရှိအချိန်မှာ Facebook Account တွေကို ခိုးယူပြီး ငွေညှစ်နေသူတွေက ဘယ်လိုနည်းတွေနဲ့ခိုးယူနေကြလဲဆိုရင် Recovery Test လုပ်ပြီးI Can't Login ဖောင်ဖြည့်ပြီးSE ထိုးပြီး Phishing App, Phishing Website တွေနဲ့ထောင်ဖမ်းခြင်း၊ ဆိုတဲ့ နည်းတွေထဲက တစ်နည်းမဟုတ် တစ်နည်းကိုသုံးပြီး ခိုးယူကြတာများပါတယ်။ အဲ့ဒီလို ခိုးယူမှုတွေရန်ကနေ ကာကွယ်ဖို့ဆိုရင် အောက်ပါအချက်လေးတွေကို မဖြစ်မနေလုပ်ဆောင်ထားဖို့လိုပါမယ်။

Account Hack ( Recovery လုပ်ပြီးခိုးယူ ) ခံရခြင်းမှကင်းဝေးအောင် လုပ်ထားသင့်တာလေးတွေ.....

မိမိတို့ Facebook အကောင့်ကို Security မြှင့်ထားချင်တယ်ဆိုရင်
ဒါမျိုးလေးလုပ်ထားပါ။

Facebook မှာ Security ပိုင်းအနေနဲ့မဖြစ်မနေလုပ်ထားသင့်တာလေးပါ။ မလုပ်တတ်ဘူး။ အရမ်းခက်တယ်၊ နည်းပညာအကြောင်းဘာမှမသိဘူးဆိုပြီး ဘူးပဲခံမနေပါနဲ့မွေးကတည်းက ဘယ်သူမှ ဘာမှတတ်မလာပါဘူး။ နည်းနည်းလေးအချိန်ပေးပြီး သေခြာဖတ်ပြီး လိုက်လုပ်ကြည့်ပေးပါ။

Security Settings ထဲကို ဝင်ပြီး အောက်ပါတို့ကို လုပ်ထားပါ။

၁။ Login Alerts ကို On ထားပါ။

၂။ မိမိဖုန်းနဲ့ အသက်သွင်းထားပြီး Two-Factor Authentication ( Login Approvals ) ကို on ထားပါ။

၃။ Your Trusted Contacts မှာ ကိုယ့်မိသားစုဝင် (or) အရင်းနှီးဆုံး စိတ်ချရဆုံး သူငယ်ချင်း အနည်းဆုံး ၃ ယောက်ကနေ ၅ ယောက် ထည့်ထားပါ။

၄။ Recognized Devices ကို မကြာခန ဆိုသလို ဝင်ရောက်စစ်ဆေးပါ
ကိုယ်မသိတဲ့ Log ကိုတွေ့လျှင် Remove လုပ်ပစ်ပါ။

၅။ Where You're Logged In ထဲကို မကြာခန စစ်ဆေးပါ ကိုယ်မသိတဲ့ Device တွေ IP တွေ Location တွေ နဲ့ဝင်ထားတာတွေ့လျှင် Password ချိန်းပြီး Sign Out All လုပ်ပစ်ပါ။

အဲ့ဒီ ( ၅ ) ချက်ကို လိုက်နာပြီး လိုက်လံလုပ်ဆောင်ထားရင် သင့်အကောင့် 99% Safe ဖြစ်စေပါလိမ့်မယ် အကောင့် Hack ( Recovery လုပ် ခိုးယူ ) ခံရခြင်းမှ
ကင်းဝေးစေပါလိမ့်မယ်။

အပေါ်မှာပြောထားတာတွေကို တစ်ခုမှမသိဘူး။ ဘယ်မှာဝင်ပြီး ဘယ်လိုလုပ်ရမှန်းမသိဘူးဆိုရင် အောက်မှာ အသေးစိတ်ရေးပေးထားပါတယ်။ အသေးစိတ်သေခြာလေးဖတ်ပြီး သေခြာလေးလိုက်လုပ်ကြည့်လိုက်ပါ။ အရမ်းလွယ်တယ်၊ ဘာမှမခက်ဘူးဆိုတာ သိသွားပါလိမ့်မယ်။

ကဲ.... အရင်ဆုံး Security and Login ထဲကို အရင်သွားလိုက်ပါ။

ဘယ်လိုသွားရမလဲဆိုတော့.....

Facebook ထဲက Account Settings => Security and Login
( မသွားတတ်ရင် ဒီလင့် http://bit.ly/SecurityandLogin ကိုနှိပ်။ )

အိုကေ Security and Login နေရာကိုရောက်ပြီဆိုရင် အောက်နားကို နည်းနည်းလေးဆင်းကြည့်လိုက် Setting Up Extra Security ဆိုတာလေးတွေ့လိမ့်မယ်။

အဲ့ဒီအောက်မှာ ....

1. Get alerts about unrecognized logins.

2. Use two-factor authentication.

3. Choose 3 to 5 friends to contact if you get locked out.

ဆိုပြီး ( ၃ ) ခုတွေ့မယ်။

အဲ့ဒါလေးမှာ On လို့ပြမနေပဲ off တွေချည်းပဲပြနေတယ်ဆိုရင် သင့်အကောင့်ရဲ့ Security ပိုင်းက တော်တော်လေးကိုဆိုးရွားနေပြီး ခိုးခံရနိုင်ခြေ 99% လောက်ဖြစ်သွားပါပြီ။ အဲ့ဒါလေး ( ၃ ) ခုလုံးကို On ဖြစ်နေအောင်လုပ်ဖို့လိုပါတယ်။

1. Get alerts about unrecognized logins.

ကဲ.... အရင်ဆုံး Get alerts about unrecognized logins ထဲဝင်ပြီး Login Alerts လေးတွေကို On လိုက်ကြရအောင်။

ဘယ်လိုသွားရမလဲဆိုရင်....
Account Settings => Security and Login => Get alerts about unrecognized logins.
( မသွားတတ်ရင် ဒီလင့် => http://bit.ly/Getalertsaboutunrecognizedlogins ကိုနှိပ်။ )

အထဲကိုရောက်ပြီဆိုရင် ဒါမျိုးလေးတွေတွေ့လိမ့်မယ်။

1. Notifications.

2. Messenger.

3. Email.

အထက်က ခေါင်းစဉ်လေးတွေအောက်မှာ.....

1. Get notifications.

2. Don't get notifications.

ဆိုပြီး ၂ ခုစီရှိတယ်။ Get notifications ဆိုတာလေးတွေချည်းပဲ လိုက် Select ပေးပြီး Save ကိုနှိပ်ပေးလိုက်ရင်ရပြီ။

ဒါလေးတွေကို On ထားပေးလိုက်တဲ့အတွက် ကိုယ့် Account ထဲကို ဝင်နေကျမဟုတ်တဲ့ Device, IP, Location တွေကနေ Login ဝင်လိုက်တာနဲ့Alerts လေးတွေကို Noti မှာရော၊ Messenger မှာရော၊ Email ထဲကိုပါ တစ်ပြိုင်ထဲပို့ပေးမှာဖြစ်လို့ ကိုယ့်အကောင့်ထဲကို ကိုယ်မဟုတ်ပဲ အခြားသူက ဝင်ခဲ့တယ်ဆိုရင် အမြန်ဆုံး Safe ဖြစ်အောင် ပြန်လုပ်နိုင်ပါလိမ့်မယ်။

2. Use two-factor authentication.

အခု ဒုတိယတစ်ခုအနေနဲ့ Two-Factor Authentication လေးကို On မယ်။

ဘယ်လိုသွားရမလဲဆိုရင်....
Account Settings => Security and Login => Two-Factor Authentication.
( မသွားတတ်ရင် ဒီလင့် => http://bit.ly/Two-FactorAuthentication ကိုနှိပ်။ )

အထဲကိုရောက်သွားပြီဆိုရင် ကိုယ့်အကောင့်ထဲမှာ ဖုန်းနံပါတ်ချိတ်ထားတယ်ဆိုရင် Get Start ဆိုတာလေးကိုနှိပ်လိုက်။ အဲ့ဒီမှာ ဖုန်းနံပါတ်ကို Code ပို့မလားမေးမယ်။ ပို့မယ်ဆိုပြီးနှိပ်ပေးလိုက်။ Code ထည့်ဖို့ Box လေးတစ်ခုပေါ်လာမယ်။ ခနစောင့်လိုက် ဖုန်းထဲကို Text Message ၁ စောင် ဝင်လာမယ်။ အဲ့ဒီထဲမှာ Code Number လေးပါလာမယ်။ အဲ့ဒီ Code နံပါတ်လေးကိုထည့်ပြီး Finish ဆိုတာလေးကိုနှိပ်ပေးလိုက်ရင်ရပြီ။

ဒါလေးကိုလုပ်ထားလိုက်တဲ့အတွက် ကိုယ့် Account User Name နဲ့ Password ကို အခြားသူတစ်ယောက်က ရသွားခဲ့ရင်တောင် ကိုယ့် အကောင့်ထဲကို အလွယ်တကူဝင်လို့ရမှာမဟုတ်ပါဘူး။ အဲ့ဒီ ဖုန်းနံပါတ်ကို ကိုင်ဆောင်ထားတဲ့သူပဲ Login Approval Code ရရှိမှာဖြစ်လို့တစ်ယောက်ထဲပဲ ဝင်လို့ရပါလိမ့်မယ်။

ဒီနေရာမှာ Get Code လေးကိုနှိပ်ပြီး သူပြလာတဲ့ Code 10 မျိုးကို SS ရိုက်ပြီးဖြစ်ဖြစ်၊ စာအုပ်ထဲမှာ ရေးမှတ်ထားတာဖြစ်ဖြစ် လုပ်ထားလိုက်ပါ။ ကိုယ့်အကောင့်ထဲက ဖုန်းနံပါတ်ပြုတ်သွားတာမျိုးဖြစ်ခဲ့ရင် အဲ့ဒီ Code လေးတွေနဲ့ပြန်ဝင်လို့ရတာမို့ပါ။

3. Choose 3 to 5 friends to contact if you get locked out.

အခု တတိယအနေနဲ့ Trusted Contacts ထဲမှာ ကိုယ်အယုံကြည်ရဆုံး၊ စိတ်အချရဆုံး၊ အလွယ်တကူဆက်သွယ်ပြီးပြောဆိုလို့ရတဲ့ ကိုယ့် Friend list ထဲက 5 ယောက်ကိုထည့်ဖို့လုပ်ပါမယ်။

ဘယ်လိုသွားရမလဲဆိုရင်....
Account Settings => Security and Login => Choose 3 to 5 friends to contact if you get locked out.
( မသွားတတ်ရင် ဒီလင့် => http://bit.ly/Choose3to5friendstocontactifyougetlockedout ကိုနှိပ်။ )

အထဲကိုရောက်ပြီဆိုရင် Friend Name တွေကို ရိုက်ထည့်ဖို့ box လေး တစ်ခုရှိနေမယ်။ အဲ့ဒီထဲမှာ ကိုယ့် Friend list ထဲမှာရှိတဲ့ မိသားစုဝင်ထဲက၊ အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက၊ ယုံကြည်စိတ်ချရတဲ့သူ 5 ယောက်ကိုထည့်ပြီး Save လုပ်ထားလိုက်ပါ။

ဒါလေးကိုထည့်ထားတဲ့အတွက် ကိုယ့် Facebook Account တစ်ခုခုဖြစ်ခဲ့ရင် အဲ့ဒီ 5 ယောက်ထဲက 3 ယောက်ရဲ့အကူအညီနဲ့ ကိုယ့်အကောင့်လေးကို Access ပြန်ရအောင်လုပ်လို့ရပါတယ်။ Lock ကျလို့ဖြစ်ဖြစ်၊ Hacked လုပ်ခံရလို့ပဲဖြစ်ဖြစ်၊ Login ဝင်ရာမှာ အဆင်မပြေဖြစ်နေရင်ဖြစ်ဖြစ် ဒီနေရာမှာထည့်ထားသူတွေအကူအညီကို ယူလို့ရပါမယ်။

အပေါ်က ၃ ခုကတော့ မဖြစ်မနေလုပ်ထားသင့်တာလေးမို့ပါ။ နောက်ထပ် ကျန်ပါသေးတယ်။ အဲ့ဒါလေးတွေကိုလည်း မေ့ထားလို့တော့မရပါဘူး။

အဲ့ဒါက‌တော့ ....

4. Where You're Logged In.

ဒါလေးကတော့ Security and Login ထဲကို ဝင်ဝင်ချင်းမှာတွေ့ရတာလေးပါ။ Device, IP, Location တွေကိုစစ်လို့ရတာလေးပါ။

ဘယ်လိုသွားရမလဲဆိုရင်.... Account Settings => Security and Login => Where You're Logged In.
( မသွားတတ်ရင် ဒီလင့် => http://bit.ly/WhereYoureLoggedIn ကိုနှိပ်။ )

Security and Login ထဲကို ဝင်ဝင်ချင်းမှာ ကိုယ့်အကောင့်ကို ဝင်သုံးနေတဲ့ Device Name တွေ Location တွေကို မြင်တွေ့ရမှာပါ။ အကုန်လုံးကိုကြည့်ချင်ရင် အောက်နားက See More... or See All ဆိုတာလေးကို နှိပ်လိုက်ရင် Access ဖြစ်နေတဲ့ Device, IP, Location တွေကို မြင်တွေ့ရပါလိမ့်မယ်။ ကိုယ်သုံးနေတဲ့ i Phone or Android Phone ရဲ့ Brand Name, Model လေးတွေကို စစ်ကြည့်ပါ။ ကိုယ်သုံးနေတဲ့ Device Name မဟုတ်ဘူး။ ကိုယ်မသိတဲ့ Device, IP, Location ဖြစ်နေခဲ့မယ်ဆိုရင်တော့ Log Out or Log Out All လုပ်ပစ်ပြီး Password ချိန်းပစ်တာ၊ Security Check လုပ်ပြီး။ Security ကိုအမြင့်ဆုံးမြှင့်ထားလိုက်ဖို့လိုပါမယ်။

တစ်ခါတလေကျရင် Device Name တော့တူနေပြီး Location က ကိုယ်နေတဲ့မြို့မဟုတ်ပဲ အခြားမြို့ တွေကိုပြနေရင်တော့ အဲ့ဒီ Yangon, Myanmar. ဆိုတဲ့ ဟာလေးတွေအပေါ်မှာ လိုက်ထောက်ကြည့်လိုက်ပါ။ IP Number လေးတွေပေါ်လာတာတွေ့ရပါလိမ့်မယ်။ တိုက်စစ်ကြည့်လိုက်ရင် ကိုယ့် IP ဟုတ်မဟုတ်သိရပါလိမ့်မယ်။ မဟုတ်ဘူးဆိုအပေါ်မှာပြောထားသလိုလုပ်ပစ်လိုက်ပါ။

ဒီ Where You're Logged In ဆိုတဲ့နေရာလေးမှာ မကြာခန ဝင်ဝင်စစ်ကြည့်သင့်ပါတယ်။ ဒါမှ ကိုယ့်အကောင့်ထဲကို အခြားသူခိုးဝင်နေတာမျိုးတွေရှိရင် သိရှိပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်လို့ရနိုင်တာမို့ပါ။

အပေါ်ကဟာလေးတွေကိုလုပ်ထားပြီးသားဖြစ်သွားပြီဆိုရင်....
ကိုယ့်အကောင့်လေး Safe ဖြစ်ဖို့အတွက် ဆောင်ရန် ရှောင်ရန် Knowledge လေးတွေသိရှိသွားအောင်နဲ့ သင့် Facebook Account Safe ဖြစ်မဖြစ် ဒီနေရာလေးကိုသွားပြီး မေးခွန်းလေးတွေဖြေပြီး စစ်ဆေးကြည့်လိုက်ပါ။ => http://bit.ly/YesorNoSecurityQuestions

စာကလည်း တော်တော်ကို ရှည်နေပြီ။ စာများပြီး စာတွေရှည်၊ လျှာတွေရှည်ထားရင် ဘယ်သူမှ မဖတ်ချင်ကြဘူးဆိုတာသိပါတယ်။ မီးခရုလား၊ သားပတ်ကျိလား၊ ဒီနေ့ ဖင်ပူတယ် ခေါင်းပူတယ် နေမကောင်းဘူးဆိုတဲ့ အဖီးလ် တစ်လိုင်းပို့စ်တွေလောက်တောင် စိတ်ဝင်စားမှုမထားကြတာလည်းသိတယ်။ သို့ပေမယ့် ဒီ Post လေးကိုတော့ မဖြစ်မနေဖတ်ပြီး ကိုယ့်အကောင့်လေးတွေကို ခွေးသူခိုး အောက်တန်းစားတွေလက်ထဲ အလွယ်တကူမပါသွားကြစေဖို့၊ ပါသွားပြီးငွေညှစ်ခံရပြီး လူဒုက္ခ စိတ်ဒုက္ခမရောက်ကြစေဖို့ သေခြာလေးဖတ်ပေးပါ၊ သေခြာလေးလိုက်လုပ်ထားပေးပါ၊ လို့တော့ တောင်းဆိုချင်ပါတယ်။

ကိုယ်ကိုယ်တိုင်လည်းဖတ်ပြီး ကိုယ့်မိသားစုဝင်၊ အသိမိတ်ဆွေတွေကိုလည်း Security ပိုင်းလေးတွေကိုလုပ်ရတာဘာမှမခက်ဘူး။ လုပ်ဖြစ်အောင်လုပ်ထားပါလို့ တိုက်တွန်းလို့ရအောင် ဒီ Post လေးကို Sharing လေးလုပ်ပေးလိုက်ကြပါဦးဗျာ။

အားလုံးပဲ အဆင်ပြေကြပါစေ.....
Aung Kyaw Soe ( 25.5.2018 - 10:20 PM )

မူရင်းပို့စ် -

အကောင့်အခိုးခံထားရပြီး ငွေညှစ်ခံနေရသူတွေ၊ PA အလုပ်ခံနေရသူတွေရှိနေပါတယ်။ အဲ့ဒါကြောင့် Hack ခံထားရကြောင်းကို Facebook Team ဆီကို ဝိုင်းဝန်းပြီး Report လုပ်ပြီး ကူညီပေးလိုက်ကြပါဦး။ ( အခြားသူတွေရဲ့အကောင့်တွေ ခိုးခံရတယ်ဆိုလည်း ဒီနည်းအတိုင်း Report လုပ်ပြီး ကူညီပေးလို့ရပါတယ်။ )

Hack ခံထားရတဲ့ အကောင့်တစ်ခုကို Report လုပ်ပြီးကူညီဖို့အတွက်
အရင်ဆုံး အဲ့ဒီအကောင့် Profile ( Timeline ) ကိုသွားပါ => https://www.facebook.com/welove.hanthi999queen

Profile ကို ရောက်ပြီဆိုတာနဲ့အောက်ပါ အတိုင်း အဆင့် ( ၅ ) သာ လုပ်ဆောင်ဖို့လိုပါတယ်။

1. Message နောက်နားမှ More ( အစက်လေး 3 စက် ) ကိုနှိပ်ပါ။
2. Give Feedback or Report This Profile ကိုနှိပ်ပါ။
3. I want to help ကို နှိပ်ပါ။
4. အောက်မှာ ထပ်ပေါ်လာတဲ့အထဲက Hacked ကိုထပ်နှိပ်ပြီး Send ကို နှိပ်လိုက်ပါ။
5. Done ကုိႏွိပ္ပါ။

Hack ခံထားရတဲ့ အကောင့်ကို Report တင်ခြင်း ပြီးဆုံးသွားပါပြီ။

အောက်ကနည်းကတော့ အပေါ်ကနည်းနဲ့အတူတူပါပဲ Phone ( ဟန်းဆက် )or OS ချင်း ( Android or iOS ) ကွာခြားတဲ့အခါမှာ
မြင်ရတဲ့ပုံစံက ကွာခြားတတ်လို့ အပေါ်ကအတိုင်းမပေါ်ပဲ အောက်ကအတိုင်းပေါ်လျှင် အောက်ကအတိုင်း Report လုပ်ပေးပါ။

Hack ခံထားရတဲ့ အကောင့်တစ်ခုကို Report လုပ်ပြီးကူညီဖို့အတွက်
အရင်ဆုံး အဲ့ဒီအကောင့် Profile ( Timeline ) ကိုသွားပါ => https://www.facebook.com/welove.hanthi999queen

Profile ကို ရောက်ပြီဆိုတာနဲ့အောက်ပါ အတိုင်း အဆင့် ( ၅ ) သာ လုပ်ဆောင်ဖို့လိုပါတယ်။

1. Message နောက်နားမှ More ( အစက်လေး 3 စက် ) ကိုနှိပ်ပါ။
2. Report ကိုနှိပ်ပါ။
3. I want to help (Account Name) ကို နှိပ်ပါ။
4. I think someone else is using his account
5. Done ကိုနှိပ်ပါ။

Hack ခံထားရတဲ့ အကောင့်ကို Report တင်ခြင်း ပြီးဆုံးသွားပါပြီ။

အားလုံး ဝိုင်းဝန်းပြီး Report လုပ်ပေးခဲ့မယ်ဆိုရင်...
Account Hack ထားရကြောင်း Facebook Team က အမြန်သိရှိသွားစေတာမို့
အကောင့်ပြန်လည်ရရှိအောင် Recovery ပြန်လုပ်တဲ့အခါမှာလည်း အထောက်အကူဖြစ်စေပါတယ်။
တတ်နိုင်သလောက် Recovery လုပ်ပေးချင်ပေမယ့် ဘာ Data မှ မရှိတဲ့အတွက် Report လုပ်ပီးပဲ ကူညီပေးလိုက်ပါတယ်ဗျ။ ဒီနည်းလေးအတိုင်းပဲ ဝိုင်းဝန်းပြီး Report လုပ်ပေးလိုက်ကြပါဦး။

Edit လုပ် ထပ်ဖြည့်// အောက်တန်းစားခွေးသူခိုးတွေအနေနဲ့ အကောင့်ကို D ( Deactivate ) လုပ်လိုက် ပြန်ဖွင့်လိုက်တော့ လုပ်နေမှာသေခြာပါတယ်။ အကောင့်ပြန်တက်လာပြီဆိုတာနဲ့ Report လုပ်ဖို့တော့မမေ့ပါနဲ့။

Han Thi - မော်ဒယ်လ် ( 10.5.2018 နေ့ Hack ခံရ )
ID=100000521570224
https://www.facebook.com/welove.hanthi999queen
လက်ရှိတော့ ဒီတစ်ယောက် Account ခိုးယူခံထားရပြီး။ ငွေညစ်ခံနေရလို့ ဝိုင်းဝန်းကူညီပေးလိုက်ကြပါဦး။

Ps : Hack ခံထားရတဲ့ အကောင့်တွေ့တိုင်းသာ ဒီနည်းလေးအတိုင်းကူညီပေးလိုက်ကြပါ။

[[ ကြည်ကြည်လင်လင်လေး ကြည့်ချင်လျှင် HD ကို နှိပ်ပြီး ကြည့်ပါ။ ]]

မူရင်းပို့စ် =>

Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

• Pyay Road, Hlaing Twonship, Yangon, Myanmar.
• 09421157911
• mr.aungkyawsoe.hgc@gmail.com
• www.osc-myanmar.com