Online Service Center Myanmar: Sharing -->

Sharing

My Blog

Latest blog




-     
  
မကြာခဏ အကူအညီလာလာတောင်းတတ်ကြလို့ပါ၊ ကိုယ့်ရဲ့ Account နဲ့၊ ကိုယ့်ရဲ့ Page က Blue Mark ရနိုင်တဲ့စာရင်းမှာပါတယ်၊ ရသင့်တယ်လို့ယူဆရင် ပိုက်ဆံတပြားတကျပ်မှမကုန်ကြတာမို့ လျှောက်ကြည့်ကြပါ။
 
 တခုတော့ပြောချင်ပါတယ် အဲ့ဒါကတော့ Facebook က သတ်မှတ်ထားတဲ့စာရင်းထဲမှာမပါဝင်ဘူးဆိုရင်တော့ အားအားယားယားဝင်မလျှောက်ပါနဲ့ ကိုယ့်အကောင့်၊ ကိုယ့် Page က Blue mark ရနိုင်တာမျိုးမဟုတ်ပဲ ခဏခဏ ဝင်လျှောက်လွန်းရင် ရာသက်ပန်လျှောက်ခွင့်အပိတ်ခံရနိုင်ပါတယ်။ Blue Mark ရနိုင်တဲ့စာရင်းမှာပါဝင်တဲ့ Page တွေ အကောင့်တွေ အနေနဲ့ကတော့ ယခင်ကတော့ လျှောက်ဖူးတယ်၊ ဒါပေမယ့်အငြင်းခံလိုက်ရတယ်မရဘူးဆိုရင် ရက် ( ၃၀ ) ကျော်တိုင်းမှာ ပြန်လျှောက်ကြည့်ပါ၊ ကိုယ့်အကောင့်၊ ကိုယ့် Page မှာ လိုအပ်ချက်လေးရှိနေသေးလို့မရသေးတာပါ၊ သတ်မှတ်ချက်တွေပြည့်မှီတာနဲ့ ရပါလိမ့်မယ်။ WiKi Page ရှိရမယ်၊ ကိုယ့်အကြောင်း သတင်းမီဒီယာမှာဖော်ပြထားတာတွေရှိရမယ်၊ အင်တာဗျူးထားတာမျိုးတွေရှိရမယ်၊ ဆိုပြီး အတိအကျသတ်မှတ်ပေးမထားပါဘူး၊ ဘာမှမရှိလည်း သတ်မှတ်ချက်တွေပြည့်မှီရင်ရပါတယ်။ 
 
 
Blue Mark လျှောက်ဖို့အတွက် ဘာတွေလိုအပ်လည်းဆိုရင်...
နံပါတ်( ၁ ) - ကိုယ့် Account, ကိုယ့် Page, က Public figure, Celebrity, or Global brand it represents. ဖြစ်နေဖို့လိုပါတယ်၊ အဲ့လိုမှ မဟုတ်ရင် လျှောက်ဖို့စိတ်မကူးပါနဲ့ လျှောက်လည်း ရမှာမဟုတ်လို့ပါ။
နံပါတ်( ၂ ) - User Account, User Page အတွက်ဆို ID Card လိုအပ်ပြီး၊ Business Page အတွက်ဆို လုပ်ငန်းလိုင်စင်လိုမျိုးလိုအပ်ပါတယ်။
နံပါတ်( ၃ ) - လျှောက်ထားသူရဲ့ Account ရဲ့ Security ပိုင်းအတွက် Two-Factor( Login Approved Code ) ကို On ထားဖို့လိုပါတယ်။
အဲ့ဒီ ( ၃ ) ချက်ပြည့်စုံပြီဆိုရင် လျှောက်ကြည့်လို့ရပါတယ်။ 
 
___________________
 
Profile( User Account ) အတွက်လျှောက်နည်း -
1. Verification type မှာ Profile ကိုရွေးပါ။
2. Provide your Facebook Profile's link မှာ ကိုယ့်အကောင့် Profile link ကိုထည့်ပါ။
3. Select a category for the Page or Profile မှာ ကိုယ့် Account နဲ့ သက်ဆိုင်တဲ့ Category ကိုရွေးပေးပါ။
4. Which Country is this entity from? မှာ Myanmar လို့ရေးပေးပါ။
5. Please attach a photo of your ID မှာ လူအတွက်ဆို ID Card( မှတ်ပုံတင်၊ ပတ်စပို့စ်၊ ယာဉ်မောင်းလိုင်စင်၊ အသင်းအဖွဲ့ဝင်ကတ်၊ တွေထဲကတခုခု ) ထည့်ပေးပါ။
6. Please share why this Facebook Page or Profile should be verified မှာ ကိုယ်ကဘယ်သူဘယ်ဝါပါ၊ ဘာလုပ်ပါတယ်၊ ဘာကြောင့် Blue Mark ကို ရချင်တာပါရေးပေးပါ။
7. List other social media presence accounts (optional) မှာကတော့ ကိုယ့်မှာ IG, Twitter, TikTok, ဘာညာတွေရှိရင်ထည့်( ဘာမှမထည့်လည်းရတယ် )။
8. Additional comments (optional) မှာ မှတ်ချက်တခုခုထပ်ရေးချင်ရင်ရေး( ဘာမှ မရေးလည်းရတယ် )။
9. ပြီးပြီဆို Send ကို နှိပ်ပို့ပေးလိုက်ရင်ရပြီ။
___________________
 
ဒီလောက်လွယ်ကူနေတဲ့အရာကို ဘာလို့သူများကိုလျှောက်ခိုင်းနေဉီးမှာလဲ? ဘာလို့ ပိုက်ဆံပေးပြီးလျှောက်ခိုင်းနေမှာလဲ?
အခုပဲ ကိုယ်တိုင်ဝင်လျှောက်ကြည့်လိုက်ပါ။ 
 
 
Page အတွက်လျှောက်နည်း
1. Verification type မှာ Page ကိုရွေးပါ။
2. Select Page to verify မှာ ကိုယ် လျှောက်မည့် Page ကိုရွေးပေးပါ။
3. Select a category for the Page or Profile မှာ ကိုယ့် Page နဲ့ သက်ဆိုင်တဲ့ Category ကိုရွေးပေးပါ။
4. Which Country is this entity from? မှာ Myanmar လို့ရေးပေးပါ။
5. Please attach a photo of your ID မှာ လူအတွက်ဆို ID Card ထည့်ပေးပါ၊ လုပ်ငန်းအတွက်ဆို လုပ်ငန်းလိုင်စင်ထည့်ပေးပါ။
6. Please share why this Facebook Page or Profile should be verified မှာ ဒီ Page က ဘာ Page ပါ ဘာကြောင့် Blue Mark ကို ရချင်တာပါရေးပေးပါ။
7. List other social media presence accounts (optional) မှာကတော့ ကိုယ့်မှာ IG, Twitter, TikTok, ဘာညာတွေရှိရင်ထည့်( ဘာမှမထည့်လည်းရတယ် )။
8. Additional comments (optional) မှာ မှတ်ချက်တခုခုထပ်ရေးချင်ရင်ရေး( ဘာမှ မရေးလည်းရတယ် )။
9. ပြီးပြီဆို Send ကို နှိပ်ပို့ပေးလိုက်ရင်ရပြီ။ 
 
 
___________________
 
ဘယ်ကဝင်လျှောက်ရမှာလဲ ဆိုရင် ဒီကဝင်လျှောက်ပါ => https://www.facebook.com/help/contact/342509036134712?helpref=https//www.facebook.com/aungkyawsoe.sb
 
Blue Mark လျှောက်တာ ပိုက်ဆံပေးရလား၊ ပိုက်ဆံပေးပြီးဝယ်လို့ရလားဆိုရင် "It's not possible to purchase a verified badge" လို့ရေးပေးထားပါတယ်၊ အမြဲတမ်းအခမဲ့ပါ၊ မည်သူမဆိုလျှောက်ထားလို့ရပါတယ်၊ သတ်မှတ်ချက်ပြည့်မှီတဲ့သူဖြစ်ဖို့ပဲလိုပါတယ်၊ ပိုက်ဆံနဲ့ဝယ်လို့မရသလို တပြားတကျပ်မှလည်းပေးစရာမလိုပါ။
 
အဲ့ဒီအကြောင်းကို ဒီ What is a verified Page or profile? ( https://www.facebook.com/help/196050490547892?helpref=https//www.facebook.com/aungkyawsoe.sb ) မှာ ရေးပေးထားပါတယ်။ 
 
Blue Mark နဲ့ပတ်သက်ပြီး ပိုမိုပြီး အသေးစိတ်သိရှိလေ့လာလိုပါက How do I request a verified badge on Facebook? ( https://www.facebook.com/help/1288173394636262?helpref=https//www.facebook.com/aungkyawsoe.sb ) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 
 
ကဲ... အခု Blue Mark လျှောက်နည်းအတိုင်းလျှောက်ကြည့်လိုက်လို့ Blue Mark ရသွားပြီဆိုရင် ကျွန်တော့်ကို ကျေးဇူးတင်ပါတယ်တို့၊ မုန့်လိုက်ကျွေးတာတို့လုပ်ပါ။ 😛 ( နောက်တာနော် အတည်ပြောတာမဟုတ်ဘူး၊ ကျေးဇူးမတင်လို့လည်းရပါတယ်၊ မုန့်လိုက်မကျွေးလို့လည်းရပါတယ်။ 😃
 
အားလုံးပဲ အဆင်ပြေကြပါစေ...
 
ချစ်ခြင်းအားဖြင့်
Aung Kyaw Soe ( 24.8.2020 - 11:37 AM )
 
-     
  


-     

  

Online ပေါ်မှာ ဒီလိုမျိုး ခြိမ်းခြောက်ငွေညှစ်တာ၊ အကြပ်ကိုင်တာမျိုးတွေက ဖြစ်ရိုးဖြစ်စဉ်လိုကို ဖြစ်နေပါပြီ၊ ဒါကြောင့် ဒီလိုမျိုးတွေကို ကိုယ်တိုင်ကြုံခဲ့လျင်ပဲဖြစ်ဖြစ်၊ ကိုယ့်အသိမိတ်ဆွေတွေထဲကပဲကြုံတွေ့လာရင်ဖြစ်ဖြစ်၊ လာရောက်ကျူးလွန်သူအလိုကျမလိုက်လျောပါနဲ့၊ အဆိပ်ပင်ရေလောင်းလုပ်ရပ်မျိုးကိုမလုပ်ပါနဲ့လို့ပဲ ပြောချင်ပါတယ်။




ဒီလိုလုပ်စားနေတာမျိုးတွေကို ခနတိုင်းကြားသိနေရတာကြာပါပြီ၊ မကြာသေးခင်ကမှ အသိတယောက်ဖုန်းဆက်လာပြီး သူတို့ကိုးကွယ်နေတဲ့ဆရာတော် ၁ ပါးကို သူ့ Friend list ထဲက ဒကာမတယောက်က Video call ကောက်ခေါ်၊ မဖွယ်မရာလုပ်ပြ၊ SS ချက်ချင်းရိုက်ပြီး ခြိမ်းခြောက်ငွေညှစ်တာမျိုးလုပ်လာလို့ ဘယ်လိုလုပ်ရမလဲဆိုပြီး အကြံတောင်းလာတယ်၊ ပထမတော့ ကိုယ်တွေလည်း ဒီဆရာတော်က Facebook သုံးရင်း ဒကာမတွေနဲ့ အခုလို Chatting တွေလုပ်၊ Video Call ပြော၊ ပလူးပလဲတွေလုပ်နေလို့ အဲ့ဒီလိုအလုပ်ခံရတာလို့ထင်လိုက်မိသေးတယ်၊ နောက်မှသိရတာက အဲ့ဒီဆရာတော်က အွန်လိုင်းပေါ်မှာ တရားဓမ္မတွေကို Sharing လုပ်တာပဲရှိတယ်၊ အဲ့ဒီတယောက်လာအပ်တော့ တရားနာချင်လို့၊ တရားအကြောင်းတွေသိချင်လို့လာအပ်တာပဲဆိုပြီးလက်ခံထားလိုက်တာကနေ တနေ့မှာ အဲ့ဒီလို Video call ခေါ်လာတော့ အမှတ်တမဲ့ကိုင်လိုက်မိတယ်၊ အဲ့ဒီမှာ မဖွယ်မရာတွေလုပ်ပြ SS ချက်ချင်းရိုက် ချက်ချင်းငွေညှစ်တာတွေလုပ်လာတာလို့ ပြန်ပြောတော့မှ အကြောင်းရင်းအမှန်ကိုသိလိုက်ရတာ။

အဲ့ဒီလိုဖြစ်ရပ်မျိုးတွေက ဖြစ်နေတာအများကြီးပဲ ကျူးလွန်နေတဲ့သူတွေက ယောက်ကျားလေး၊ မိန်းကလေး၊ အသက်ကြီးငယ်မရွေးနဲ့ ဆရာတော် သံဃာတော်တွေပါမချန် အကုန်လိုက်ပြီးလုပ်စားနေကြတော့တာ တော်တော်လေးကိုများနေပြီ၊ ကိုယ်တွေသိရတာတောင် ၁၀ ယောက်ကျော်လောက်ရှိနေပြီ၊ တချို့ကျတော့လည်း အရှက်ကွဲမှာစိုးတာနဲ့ ခြိမ်းခြောက်ငွေညှစ်တာနဲ့ပေးလိုက်တော့တယ်၊ အမှန်တကယ်က အဲ့လိုတွေ ပေးနေကြလို့လည်း အခုလို အောက်တန်းစားတွေက ဒီလိုလုပ်ရပ်တွေနဲ့ပိုပြီး လုပ်စားလို့ကောင်းလို့ ဆက်တိုက် လုပ်စားနေကြတော့တာ။

ဒါကြောင့် ဘယ်သူပဲဖြစ်ဖြစ် ဒီလိုမျိုးတွေကြုံလာတဲ့အခါမှာ မရှက်ကြ မကြောက်ကြပါနဲ့ အဲ့ဒီလိုလာရောက်ကျူးလွန်သူတွေရဲ့ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကို ဂရုမစိုက်ပဲ Facebook မှာ ဒီအကောင့်ကတော့ ဒီလိုမျိုးတွေလာရောက်ကျူးလွန်ပြီး ခြိမ်းခြောက်အကြပ်ကိုင်ပြီး ငွေတွေညှစ်နေပါတယ်ဆိုပြီး တလောကလုံးသိအောင် Sharing လုပ်ပေးလိုက်ကြပါ၊ ဒါမှ လူတိုင်းသိပြီး သတိထားပြီးရှောင်ရှားနိုင်ကြမှာဖြစ်သလို၊ ကိုယ်တိုင်ကြုံလာခဲ့ရင်လည်း ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာကို သိသွားကြမှာပါ။

လက်ရှိ အလားတူလုပ်ရပ်မျိုးနဲ့ကျူးလွန်နေတဲ့ အကောင့်တု Profile link => https://www.facebook.com/profile.php?id=100039091072677

( သူ့အကောင့်မှာတင်ထားတဲ့ Profile Photo က အဆိုတော်ညီမလေး Yu Wai Phyo ရဲ့ပုံနဲ့တင်ပြီးလုပ်စားနေတာပါ၊ Cover Photo ကတော့ ဘယ်သူ့ပုံလဲမသိပါ။ )

လက်ရှိ တင်ထားတဲ့ Post ထဲက
Screenshot ရဲ့ မူရင်း Post link => https://www.facebook.com/su.hmunaing/posts/3573977059278974

Online ပေါ်မှာ အောက်တန်းစားအချို့ရဲ့ လိမ်ညာလှည့်ဖြားမှုတွေ၊ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကနေ အားလုံးပဲ ကင်းရှင်းနိုင်ကြပါစေ။

ခြင်းခြင်းအားဖြင့်...

Aung Kyaw Soe ( 24.8.2020 - 10:10 AM ) 

-     
  


 


-     
  
မပိန်းကြပါနဲ့...
အကောင့်တခုက အလွယ်တကူ Hack လုပ်လို့မရပါဘူး။

သုံးနေတဲ့သူရဲ့

Password ကို အလွယ်ပေးမှု။

တွေ့ကရာ Link ဝင်ကြည့်တတ်မှု။

တွေ့ကရာ App တွေ ဒေါင်းသုံးတတ်မှု။

အယုံလွယ်တတ်မှု။

Account Security ပိုင်း ဘာဆိုဘာမှ လုပ်မထားမှု။

တွေ့ကြောင့်ပဲ အကောင့်က အခိုးခံရနိုင်တာပါ။

နောက်တခုတော့ရှိသေးတယ် အဲ့ဒါကတော့ ကိုယ့်အကောင့်ကိုဖွင့်ထားတဲ့ User name နဲ့ Password ကို သိနေတဲ့သူ သို့မဟုတ် ကိုယ့်အကောင့်ကိုဖွင့်ပေးထားတဲ့သူ လက်ချက် ကြောင့်လည်း ခိုးယူခံရတတ်ပါတယ်။

ဒီအတိုင်းတော့ အကောင့်တခုကို အလွယ်တကူခိုးလို့မရနိုင်ဘူး၊ နောက်ဆုံး ကုန်ကုန်ပြောရရင် "ကိုယ်စီးတဲ့မြင်းကို အထီးလား? အမလား? သိအောင်လုပ်မထားတဲ့သူတွေ" ပဲ အကောင့်တွေ Hack လုပ်ခံကြရတာပါ။

ဒါကြောင့် Facebook ထဲမှာ ၁၀၀ ဖိုး ( ၃ ) ပိုဒ် Post ဖတ်နေ၊ Share နေ၊ ကြမယ့်အစား ကိုယ်သုံးနေတဲ့ Facebook အကောင့်နဲ့ပတ်သက်တာလေးတွေကိုတော့ နည်းနည်းလေးလောက်ဖြစ်ဖြစ် သိအောင်လုပ်ထားဖို့လိုပါတယ်။
__________________________

Account Hack ခံရမှာကြောက်နေသူများအတွက် $10 တန် Account Security လုပ်နည်းနဲ့၊ Security Knowledge လေးတွေကို Free တင်ပေးထားပါတယ်။

ဖတ်ပါ၊ မှတ်ပါ၊ လိုက်နာပါ၊ လုပ်ဆောင်ပါ။
https://www.facebook.com/photo.php?fbid=1605181202977970&set=a.933643813465049&type=3

___

Facebook Account လုံခြုံဖို့ ( Hack လုပ်မခံရဖို့ ) မဖြစ်မနေသိထား၊ လုပ်ထားသင့်တဲ့အရာလေးတွေပါ။

https://www.facebook.com/aungkyawsoe.sb/posts/1454842658011826

___

"Facebook Account Hack လုပ်( ခိုးယူခြင်း )မခံရအောင်ကာကွယ်ပါ"

https://www.facebook.com/aungkyawsoe.sb/posts/1000973386732091

___

Account ဘာလို့ Hack ခံရတာလဲ?

https://www.facebook.com/aungkyawsoe.sb/posts/1421213894708036

___

OTP( One Time Password )တောင်းပြီး Account hack ခံရခြင်းမှကင်းဝေးစေဖို့ or လူတိုင်းမအကြစေဖို့

https://www.facebook.com/aungkyawsoe.sb/posts/1514364828726275

___

Bank card and Bank Account တွေနဲ့ Online Payment အသုံးပြုသူများ သတိထားနိုင်ရန်

https://www.facebook.com/aungkyawsoe.sb/posts/1462716733891085

___

ကိုယ့်ရဲ့ Facebook Page လေးတွေ Hack လုပ်မခံရစေဖို့

https://www.facebook.com/aungkyawsoe.sb/posts/1592432500919507

___

အပေါ်ကလို ပို့စ်တွေနဲ့ အခြား ဗဟုသုတရစေမယ့် Post တွေကို အောက်က Link ထဲမှာ အကုန်ဝင်ဖတ်လို့ရတယ်။

https://www.osc-myanmar.com/p/sitemap.html

ခဏခဏ လက်ညောင်းအောင်ရေးပြီး Sharing လုပ်ပေးနေလည်း အရေထူလူသားတွေက ဂရုကိုမစိုက်ကြဘူး၊ အကောင့်တွေ Hack လုပ်ခံကြရတော့မှာသာ အဖေကယ်ပါ၊ အမေကယ်ပါတွေဖြစ်ကုန်ကြတာ၊ တကယ်လည်း စိတ်ပျက်မိပါတယ်။ 😕
 
-     
  




-     
  
Covid-19 ကာလလည်းဖြစ်၊ ကိုယ်တိုင်က အိမ်ထဲကအိမ်ပြင်လည်းမထွက်ဖြစ်၊ ဒါပေမယ့် Boost တွေတော့ အိမ်မှာနေရင်းပဲလုပ်ဖြစ်နေတယ်၊ လုပ်ရတာတွေကအဆင်မပြေဘူး၊ လိုအပ်ချက်တွေကများနေတယ်၊ ဘာညာတွေဖြစ်နေကြတယ်ဆိုရင်တော့ အိမ်မှာပဲနေရင်း Facebook Business Help Team က Marketing Expert တွေရဲ့ အကူအညီနဲ့ Error တွေဖြေရှင်းတာ၊ ကြော်ငြာတွေကို ဘယ်လိုကြော်ငြာရမလည်းဆိုတဲ့ အကြံဉာဏ်တွေ၊ အကြံပြုချက်တွေ၊ လမ်းညွှန်ချက်တွေကို တိုက်ရိုက် LIVE Phone Call နဲ့ ဖုန်းပြောပြီး အခမဲ့ ရယူနိုင်ကြပါတယ်။

Facebook Advertising သင်တန်းတက်ထားသူပဲဖြစ်ဖြစ်၊ မတက်ထားသူပဲဖြစ်ဖြစ်၊ လိုအပ်တဲ့ အကူအညီနဲ့ အကြံဉာဏ်တွေကို အခမဲ့ရယူလို့ရပါတယ်။

#ဘယ်လိုရယူရမှာလဲ?

အောက်မှာပေးထားတဲ့ Link ကိုဝင်ရောက်ပြီး ဖုန်းပြောလို့အဆင်ပြေနိုင်မည့် ရက်နဲ့ အချိန်ကိုရွေးချယ်ပေးထားရမှာပါ။

Get free advertising guidance from a Facebook Marketing Expert.

https://bit.ly/OSCMyanmarFreeAdvertisingGuidance

#ဘာတွေလိုအပ်လဲ?

ကိုယ်ရွေးထားတဲ့အချိန်မှာ Facebook Business Help Team က Marketing Expert ကိုယ်တိုင် ကိုယ့်ကိုဆက်သွယ်လာမှာဖြစ်လို့ အဲ့ဒီအချိန် ကိုယ်သုံးနေကျဖြစ်တဲ့ Computer( Desktop or Laptop ) သို့မဟုတ် Mobile Phone ကို လိုင်းဖွင့်ထားပြီး အသင့်စောင့်နေပေးဖို့က အရေးအကြီးဆုံးလိုအပ်ချက်ပါ။

နောက်ပြီး ကိုယ့်ရဲ့ Ad Account ID Number ကို ရယူထား( သိထား ) ဖို့ လိုပါတယ်။

မသိဘူးဆိုရင် Fb.com/ads/manager ကနေ ဝင်ရောက်ကြည့်ရှုနိုင်သလို၊ Mobile app ဖြစ်တဲ့ Facebook Ads Manager ထဲကနေလည်း ဝင်ရောက်ကြည့်ရှုပြီး မှတ်သားထားဖို့လိုပါမယ်။

#ဘာတွေမေးလို့ရပြီးဘယ်လိုအကူအညီမျိုးတွေရနိုင်လဲ?

မြန်မာပြည်မှာ လက်ရှိသင်ကြားပေးနေတဲ့ ရမ်းရွှီး၊ ရမ်းဖြီးနေတဲ့ အချို့သော Facebook Advertising သင်တန်းတွေမှာ သင်ခဲ့၊ သိခဲ့၊ တတ်ခဲ့တာတွေထက် ပိုမိုသိရှိနိုင်တာတွေရှိပါမယ်။

ကိုယ့်ဘက်က သိရှိချင်တဲ့ ကဏ္ဍတွေ၊ မေးချင်တဲ့အကြောင်းအရာတွေကို ကြိုတင်စဉ်းစားထားတာပဲဖြစ်ဖြစ်၊ ချရေးပြီးတော့ပဲဖြစ်ဖြစ် သူတို့နဲ့ တိုက်ရိုက်ဖုန်းပြောချိန်မှာ မေးမြန်းသိရှိနိုင်မှာပါ။

#ဘယ်လိုအကြံဉာဏ်တွေရရှိနိုင်မှာလဲ?

လက်ရှိ မြန်မာပြည်မှာ ပွထနေတဲ့ Digital Marketing သင်တန်းတွေက သင်ချင်သလိုသင်ပေးလိုက်တာတွေကြောင့် Boost( Advertising )ကို လုပ်ချင်သလိုလုပ်နေကြတာမျိုးတွေများပါတယ်၊ အဲ့လိုလုပ်ရင်း Policy Error, Payment Error တက်မှုတွေ၊ လွဲမှားနေတဲ့ ကြော်ငြာပုံ ကြော်ငြာနည်းတွေကြောင့် ရလာဒ်ကောင်း မရတာတွေအတွက် အကောင်းဆုံးအကြံပြုချက်တွေနဲ့ လမ်းညွှန်ထောက်ပြမှုတွကိုရရှိစေမှာပါ။

#ပိုက်ဆံပေးရသေးလား?

တကျပ်၊ တပြားမှပေးစရာမလိုတဲ့ အခမဲ့ #Free #Service ပါ၊ Digital Marketing သင်တန်းတက်နေရင်တောင် သင်တန်းကြေးပေးနေရပါဦးမယ်၊ ဒီဟာကတော့ တကယ့်ကျွမ်းကျင်တဲ့ Marketing Expert နဲ့ သင်ယူမှတ်သားရမှာဖြစ်လို့ ဒီလိုအခွင့်အရေးမျိုးကို လက်မလွှတ်သင့်ပါဘူး။

ကဲ.... အခုပဲ Facebook Marketing ကျွမ်းကျင်သူထံမှအခမဲ့ကြော်ငြာလမ်းညွှန်ကိုရယူလိုက်ပါ။

အခမဲ့ကြော်ငြာလမ်းညွှန် အတွက် ဒီ https://bit.ly/OSCMyanmarFreeAdvertisingGuidance မှာ ဝင်ရောက်ပြီး ဖုန်းခေါ်ဆိုဖို့ အချိန်နဲ့ နေ့ရက်ကို သတ်မှတ်ပေးထားလိုက်ပါ။

အားလုံးပဲ အဆင်ပြေကြပါစေ။

ချစ်ခြင်းအားဖြင့်...

Aung Kyaw Soe ( 13.7.2020 - 4:34 PM )
 
-     
  



-     
  
 Facebook မှာ Page တခု ဖွင့်ပြီး စီးပွားရေးလုပ်ပြီဆိုတာနဲ့ အဲ့ဒီ Page က ကိုယ့်ဆိုင်၊ ကိုယ့်ရုံး၊ ကိုယ့်အလုပ်ရုံ၊ ကိုယ့်စက်ရုံ၊ နောက်ဆုံး အဲ့ဒီ Page ဟာ ကိုယ့် Image တခုပါပဲ။

ကိုယ့် Page ရဲ့ အသွင်အပြင်နဲ့ Page ထဲမှာ ထည့်သွင်းထားတဲ့အချက်အလက်တွေက မပြည့်မစုံနဲ့ဆိုရင် အခြားသူတွေအမြင်မှာ မြင်တွေ့ရ၊ သိရတာ အဆင်မပြေနိုင်ပါဘူး။ 

ဒါကြောင့် မိမိတို့ရဲ့ Business Page တွေကို လူမြင်ကောင်းအောင်၊ အချက်အလက်ပြည့်စုံအောင်၊ မြင်တာနဲ့ ဝင်ကြည့်တာနဲ့ လူအထင်ကြီးသွားစေအောင်လုပ်ထားဖို့ လိုအပ်ပါတယ်။

ဒီလို လုပ်ထားဖို့အတွက်က ကိုယ်တိုင်ကျွမ်းကျင်စွာလုပ်တတ်ရင် တပြားမှ ကုန်ကျခြင်းမရှိပဲ လုပ်ဆောင်လို့ရနိုင်ပါတယ်။

ကိုယ်တိုင်က ဘာဆိုဘာမှမသိလို့ မလုပ်တတ်ဘူးဆိုရင်လည်း စိတ်မပူပါနဲ့ Online Service Center Myanmar ကနေ အဲ့ဒီ အဆင်မပြေမှုကို ဖြေရှင်းပေးဖို့အသင့်ရှိနေပါတယ်။

_____________________________

Page Settings Service

Facebook Page ကို အဆင့်မြင့်မြင့် Settings ချပေးခြင်း၊ Facebook မှာ လုပ်ငန်းသုံး၊ Personal သုံး Page တွေတော့ဖွင့်ထားပြီး Settings ကောင်းကောင်းမချတတ်သူများ၊ Page တစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေနဲ့ မပြည့်မစုံဖြစ်နေတာမျိုးတွေအတွက် စိတ်ညစ်နေရသူများအတွက် OSC-Myanmar မှ အကောင်းဆုံး Page Settings Service ကို ပေးနေပြီပဲဖြစ်ပါတယ်။

Page တစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ အချက်အလက်တွေကို ဖြည့်မထားဘူး။ Settings ကောင်းကောင်းချမထားဘူးဆိုရင် အဲ့ဒီ Page ဟာ အ၀တ်မပါတဲ့ လူတစ်ယောက်ကို မြင်နေရသလို ဖြစ်နေပါလိမ့်မယ်။

ဆက်လက်ဖတ်ရှုရန် => http://bit.ly/FacebookPageSettingsService

Pag Settings Service => https://m.facebook.com/story.php?story_fbid=810558792485290&id=594235617450943

Page မရှိပါက အသစ်ဖွင့်ပေးခြင်း( Page ဖွင့်ထားပြီးသားရှိပါက ရှိသည့် Page ကိုလည်းပြုလုပ်ပေးပါတယ် )။

Page Settings တွေပြည့်စုံအောင်ထည့်။

Page အသုံးမပြုတတ်ရင် သုံးတတ်အောင်သင်ပေး။

အဲ့ဒီလိုအရာတွေ အကုန် ပါပြီးသား Page Settings Service fees က $50 ယူပါတယ်။

Page က ဖွင့်ရတာလွယ်တယ်၊ Free အနေနဲ့ အများကြီးဖွင့်လို့ရတယ်၊ Settings အပြည့်အစုံဖြည့်တာပဲ နည်းနည်းခက်တာ၊ ကိုယ့်ဘာသာ Page ဖွင့်ပြီး Settings ချတတ်ရင် တပြားမှ မကုန်ပါဘူး၊ ကိုယ်တိုင်မလုပ်တတ်ဘူးဆိုမှသာ Service အပ်နိုင်ပါတယ်။


မူရင်းတင်ထားသည့်နေရာ - 
-     
  




-     
  

ဒီ " U Tayza လိုင်စင်ရ ချေးငွေလုပ်ငန်း " ဆိုတဲ့ Page က Fake Page ပါ၊ HTOO Group of Companies ရဲ့ ဥက္ကဌ တဦးဖြစ်တဲ့ U Tay Za အနေနဲ့ ဒီလိုမျိုး Page ဖွင့်ပြီး ဒီလိုတွေမလုပ်ဘူးဆိုတာကို ဦးဏှောက်ရှိသူတိုင်းသိကြမှာပါ။

မကြာသေးခင်ကလည်း HTOO Microfinance Myanmar ဆိုတဲ့နာမည်နဲ့ HTOO Group of Companies ရဲ့ Logo ကို အသုံးချပြီး အခုလိုမျိုး ချေးငွေလုပ်ငန်းဗန်းပြပြီး လိမ်စားနေတဲ့ Page အတု တခု ထွက်လာခဲ့ပါသေးတယ်။

အဲ့ဒီလိုအချိန်မှာ စိတ်မကောင်းစရာအနေနဲ့တွေ့ရတာက မြန်မာပြည်ကလူအချို့ဟာ ဘာကိုမှသေခြာမစူးစမ်း မဆင်ခြင်ပဲ အလွယ်တကူယုံကြည်တတ်ကြတာကိုပါပဲ၊ အထက်ဖော်ပြပါ Page အတုတွေထွက်ပေါ်လာချိန်မှာ တကယ့်အစစ်အမှန်လို့ယုံကြည်ပြီး Like, Comment, Share, တွေပြုလုပ်ကြသလို၊ ကိုယ်တိုင်ကိုယ်ကျ ချေးငွေရဖို့ကြိုးစားကြပါတော့တယ်၊ အဲ့ဒီမှာ အူတဲ့အတဲ့သူတွေအနေနဲ့ အလိမ်ခံရပါတော့တယ်။

ဒါကြောင့် အားလုံးသိထားသင့်တာက HTOO Group of Companies အနေနဲ့ရော U Tay Za အနေနဲ့ရော ဒီလိုချေးငွေလုပ်ငန်းများကို လုံးဝမှ လုပ်ကိုင်ခြင်းမရှိဘူးဆိုတာပါပဲ။

သို့သော် ထူးကုမ္ပဏီရဲ့ လုပ်ငန်းခွဲတခုဖြစ်တဲ့ AGD Bank မှာတော့ Loans ( ချေးငွေဝန်ဆောင်မှုများ ) အများအပြားကို ပုံစံမျိုးစုံနဲ့ ဝန်ဆောင်မှုပေးနေတာရှိပါတယ်။ အဲ့ဒါတွေကို အောက်ပါ Link များမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Loans ( English လို )
https://www.agdbank.com/personal-banking/loans

ချေးငွေဝန်ဆောင်မှုများ ( မြန်မာ လို )
https://www.agdbank.com/mm/retail-banking/mpu-upi-debit-cards

အမှန်တကယ်ချေးငွေလုပ်ငန်းကို လုပ်ဆောင်ပေးနေတာကတော့ AGD Bank မှာပဲ လုပ်ဆောင်ပေးပါတယ်၊ ဒါကြောင့်လိုအပ်ခဲ့ရင် AGD Bank ကိုသွားပြီးပဲ ချေးငွေနဲ့ရယူနိုင်ပါတယ်။

လက်ရှိအချိန်မှာတော့ ထူးကုမ္ပဏီရဲ့ နာမည်နှင့် ပုံရိပ်များ၊ ကုမ္ပဏီ Logo, ဥက္ကဌ ရဲ့ အမည်များကို အလွဲသုံးစားပြုလုပ်နေသူများ၊ နောက်ထပ်ပြုလုပ်လာမည့်သူများကို ပြင်းပြင်းထန်ထန်နဲ့ ထိရောက်စွာ အရေးယူအပြစ်ပေးနိုင်ဖို့လုပ်ဆောင်နေပါတယ်။

သို့ပါသောကြောင့် မြန်မာပြည်သူ/ပြည်သားများ အနေနဲ့ ဒီလို အတုအယောင်များကို အလွယ်တကူမယုံကြည်ကြဖို့နဲ့၊ အလိမ်မခံရစေဖို့ ဒီပို့စ်လေးနဲ့ပဲ အသိပေးရင်း သတိပေးလိုက်ပါတယ်။

___________________

Fake Page -

U Tayza လိုင်စင်ရ ချေးငွေလုပ်ငန်း

https://www.facebook.com/U-Tayza-လိုင်စင်ရ-ချေးငွေလုပ်ငန်း-108614864136062/

#Fake #FakePage #Scam #ScamPage #Scammer



မူရင်းတင်ထားသည့်နေရာ - 
-     
  




-     
  

Account Hack ခံရမှာကြောက်နေသူများအတွက် $10 တန် Account Security လုပ်နည်းနဲ့၊ Security Knowledge လေးတွေကို Free တင်ပေးထားပါတယ်။

ဖတ်ပါ၊ မှတ်ပါ၊ လိုက်နာပါ၊ လုပ်ဆောင်ပါ။

ဒီအတိုင်းလုပ်ထားရင်၊ လိုက်နာထားရင် ကိုယ့်အကောင့် အခိုးခံရမှာ၊ ကိုယ့်အကောင့်ကိုခိုးပြီး မဟုတ်တာတွေလုပ်သွားမှာ၊ တွေအတွက် ဘာမှ ပူနေစရာမလိုပါဘူး။

အဓိက တာဝန်ရှိတာက ကိုယ်သုံးနေတဲ့အကောင့်လေးတွေကို ကိုယ်တိုင် Security မြှင့်ပြီးသုံးထားဖို့ရယ်၊ ဘယ်လိုအရာတွေကိုလုပ်မိရင် ကိုယ့်အကောင့် အခိုးခံရနိုင်တယ်ဆိုတာကို သိထားဖို့ပဲလိုတာပါ။

Facebook တော့သုံးနေပြီး ကိုယ့်အကောင့် Hack လုပ်မခံရဖို့၊ လုံခြုံအောင်ထားဖို့က ကိုယ် ကိုယ်တိုင်လုပ်မှ၊ ကိုယ် ကိုယ်တိုင်သိထားမှ၊ ရမှာပါ။

မြင်းတော့အမြဲတမ်းစီးနေပြီး ကိုယ်စီးနေတဲ့မြင်းကို အထီးလား အမလားသိအောင်လုပ်မထားရင် မလုပ်ထားသူအပြစ်ပါပဲ။

ကိုယ့်အကောင့်ကိုယ် လုံခြုံအောင်လုပ်မထားပဲ Hack လုပ်ခံရတော့မှ၊ ကိုယ့်နာမည်၊ ကိုယ်ပုံတွေနဲ့ ကိုယ့်အကောင့်ကြီးနဲ့ ပိုက်ဆံတွေလိုက်လိမ်နေတော့မှ၊ မဟုတ်တာတွေလိုက်လုပ်နေတော့မှ၊ အဖေကယ်ပါ ‌အမေကယ်ပါတွေမလုပ်ကြပဲ၊ ဘာမှမဖြစ်သေးခင်ကတည်းက ဘာမှ မခဲယဉ်းတဲ့၊ ဘာမှမခက်ခဲတဲ့၊ အကောင့် Security မြှုင့်နည်းလေးတွေကို သေခြာလေးလိုက်လုပ်ထားကြပါလို့ပဲ ပြောချင်ပါတယ်။

အကောင့်လုံခြုံစေဖို့ ဒီမှာဝင်ဖတ်ပြီး လိုက်လုပ်ပါ။


https://m.facebook.com/story.php?story_fbid=1454842658011826&id=100004583169241

မူရင်းတင်ထားသည့်ပို့စ် - 
-     
  




-     
  
တော်တော်များများက Blue Mark လျှောက်ရတာ အရမ်းခက်တယ်ထင်နေကြလို့ပါ၊ ဘာမှမခက်ပါဘူး။
အထဲမှာ လျှောက်ရင် ဘာတွေလိုအပ်မလဲလေ့လာလို့ရတဲ့ Link ရော၊ ဝင်လျှောက်လို့ရတဲ့ Link ရော၊ ပါတယ်။

လျှောက်တာက ဘာမှမခက်ဘူး လွယ်လွယ်လေးပဲ။

1. Security Settings ထဲမှာ Two-factor ကို On ထားဖို့လိုမယ်။ 

2. နာမည်၊ မွေးနေ့မွေးရက်၊ ဓာတ်ပုံ၊ ပါတဲ့ ID Card ( မှတ်ပုံတင်၊ ပတ်စပို့စ်၊ ယာဉ်မောင်းလိုင်စင်၊ အသင်းအဖွဲ့ဝင်ကတ် ) ၁ ခု လိုမယ်။ 

3. ကိုယ့်အကောင့် or Page က Blue Mark ရနိုင်တဲ့ စာရင်းမှာ ပါဖို့လိုမယ်။ 

အဲ့ဒီ ( ၃ ) ချက် ပြည့်စုံရင် လျှောက်ကြည့်လို့ရပြီ။

သတ်မှတ်ချက်တွေ ပြည့်မှီတယ် မမှီဘူးဆုံးဖြတ်ပြီး Blue Mark ပေးတာ မပေးတာကတော့ Facebook Media Team ရဲ့ အလုပ်ပဲ။ 😁

လျှောက်ကြည့်ဖူးတယ် မရဘူးအငြင်းခံရတယ်ဆိုရင် လိုအပ်ချက်လေးတခုခုရှိနေလို့သာဖြစ်ပါလိမ့်မယ်၊ အားတော့မလျော့ပါနဲ့ ကိုယ်က Blue Mark ရနိုင်တဲ့စာရင်းဝင်တယ်ဆိုရင် နောက်ထပ် ရက်( ၃၀ ) ကျော်တဲ့အခါမှာ ပြန်လျှောက်ခွင့်ရှိပါတယ်။

လျှောက်ကြည့်ချင်တယ်ဆို အောက်က Link မှာ ဝင်ဖတ်ပြီး လုပ်ကြည့်ပါ။
https://www.facebook.com/photo.php?fbid=1584829595013131&set=a.932517310244366&type=3


 Blue Mark နဲ့ပက်သက်တာလေး သိထားကြစေဖို့။

Blue Mark လျှောက်ချင်လို့ ဘယ်ကနေဝင်ပြီးလျှောက်ရတာလဲဆိုပြီး ခနခန လာလာမေးကြလွန်းလို့ ( ဒီနေ့တောင် ၃ ဦး လာမေးတယ်။ ) ဒီကနေ ဝင်လျှောက်လို့ရပါတယ်ဆိုတာ သိရအောင် တင်ပေးလိုက်ပါတယ်။

Blue Mark က လူတိုင်းဝင်လျှောက်လို့ရပါတယ်၊ သို့ပေမယ့် လူတိုင်းတော့မရနိုင်ပါ၊ Facebook ဘက်က သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ပြည့်မှီမှ၊ ကိုက်ညီမှ၊ သာလျင် Blue Mark ကို ရရှိနိုင်ပါမယ်၊ သတ်မှတ်ချက်မပြည့်မှီပဲ ခနတိုင်းဝင်လျှောက်နေရင်တော့ ရာသက်ပန် အငြင်းခံရနိုင်ပါတယ်။

Blue Mark လျှောက်ရင် ပိုက်ဆံပေးရလားဆိုတော့ တပြားမှပေးစရာမလိုပါ၊ အမြဲတမ်းအခမဲ့ လျှောက်လို့ရပါတယ်၊ အဲ့ဒီ Blue Mark ကို ပိုက်ဆံနဲ့ပေးဝယ်လို့ရလားဆိုရင် ပိုက်ဆံနဲ့ပေးဝယ်လို့လည်းမရပါ၊ လျှောက်ချင်ရင် အခမဲ့ပဲ ဝင်ရောက်လျှောက်ထားလို့ရပါတယ်။

ဘယ်ကနေဝင်လျှောက်ရမလဲဆိုရင်? ဒီကနေ ဝင်လျှောက် လို့ရပါတယ်။

Account အတွက်ဆို Profile ကိုရွေး၊ ကိုယ့် Facebook Account Link နဲ့ ID Card ကိုထည့်ပြီး လျှောက်လို့ရပါတယ်။

Page အတွက်ဆို Page ကိုရွေးပြီး User အတွက်ဆို ID Card နဲ့တင်လို့ရပါတယ်၊ လုပ်ငန်းတွေ၊ ကုမ္ပဏီတွေအတွက်ဆို လုပ်ငန်းလိုင်စင်လိုမျိုးနဲ့တင်ရပါမယ်။

လျှောက်ထားပြီးရင် Facebook ဘက်က လက်ခံရင်၊ မြန်ရင် ၁ ရက် ၂ ရက်ကနေ ၁ ပတ် ၂ ပတ်လောက်နဲ့ Blue Mark ရပါတယ်၊ Facebook ဘက်က လက်မခံဘူးဆိုရင်တော့ နောက်ထပ် ရက် ၃၀ ကျော်တဲ့အထိစောင့်ပြီးမှ နောက်တခေါက် ပြန်လျှောက်လို့ရပါမယ်။

[[ Blue Mark လျှောက်ရန် Link ]]

Request a blue verification badge -

https://www.facebook.com/help/contact/342509036134712?helpref=https%3A%2F%2Fwww.facebook.com%2Faungkyawsoe.sb

[[ Blue Mark လျှောက်ရင်ဘယ်လိုဟာတွေကရနိုင်လဲ၊ ဘာတွေလိုအပ်လည်းသိချင်ပါက ဒီမှာဝင်ဖတ်ပါ။ ]]

How do I request a verified badge on Facebook?

https://www.facebook.com/help/1288173394636262?helpref=https%3A%2F%2Fwww.facebook.com%2Faungkyawsoe.sb

Friend list ထဲက Cele များလည်း လျှောက်ထားလိုပါက လျှောက်ထားနိုင်ကြပါတယ်။ Stay at Home နေတုန်း လျှောက်ကြည့်ပါ ရသွားရင်အမြတ်ထွက်တာပေါ့။

Blue Mark နဲ့ပတ်သက်ပြီး လွဲမှားနေတဲ့အရာလေးတွေကိုတော့ အနည်းငယ်ပြောချင်ပါသေးတယ်။

အဲ့ဒါကဘာလည်းဆိုတော့...

1. Blue Mark ရထားရင် Account လုံခြုံတယ်။

အဲ့ဒါက လွဲမှားနေတဲ့ အသိအမြင်၊ အယူအဆပါ၊ Blue Mark ရထားတိုင်း အကောင့်မလုံခြုံပါဘူး၊ Blue Mark ရထားတဲ့အကောင့်ပိုင်ရှင်သာ သူ့အကောင့်ကို Security ပိုင်းတွေလုပ်မထားဘူး၊ Security ပိုင်းဆိုင်ရာနဲပတ်သက်တဲ့ ဗဟုသုတတွေရှိမထားဘူးဆိုရင် သူ့အကောင့်က တနေ့မဟုတ်တနေ့အခိုးခံရနိုင်ပါတယ်။ ( အတိုချုံးပြီးပြောရရင် Blue Mark ရတာနဲ့ အကောင့် Security နဲ့မဆိုင်လို့ မလုံခြုံပါ။ )

2. Blue Mark ရထားရင် အကောင့်မပျက်တော့ဘူး။

ဒါလည်း လွဲမှားနေတဲ့အယူအဆ အကြောင်းအရာတခုပါ၊ Blue Mark ကြီးရထားပေမယ့် Facebook ကချမှတ်ထားတဲ့ Policy တွေကိုမလိုက်နာရင်တော့ Blue Mark နဲ့အကောင့်လည်း ရာသက်ပန်အပိတ်ခံရနိုင်ပါတယ်။ ( အတိုချုံးပြီးပြောရရင် Blue Mark ရထားလည်း အကောင့်ပျက်တတ်ပါတယ်။ )

Blue Mark ဆိုတာလေးရထားရင် ဘာပဲပိုထူးသွားလည်းဆိုရင် Name နောက်မှာ အပြာရောင်အမှန်ခြစ်လေးပါသွားတာနဲ့၊ အတုနဲ့အစစ်ကိုခွဲခြားပေးထားတာပဲ ပိုထူးသွားပါမယ် ကျန်တာတွေကတော့ ဘာမှထူးခြားမှုမရှိပါ။

ကဲ... လျှာရှည်တာဒီလောက်နဲ့တော်ပါပြီ။

ချစ်ခြင်းအားဖြင့်

Aung Kyaw Soe ( 27.4.2020 - 9:35 PM )


မူရင်းတင်ထားသည့်နေရာ - 
-     
  



-     
  


ဒီအကြောင်းအရာကို 5.10.2019 လောက်ကတည်းက ရေးမယ်ဆိုပြီး မရေးဖြစ်ခဲ့တာ အခုဆိုရင် ၂၀၂၀ နှစ်ဝက်လောက်နီးနီးတောင်ဖြစ်လာပြီ၊ ဒီရက်ပိုင်းထဲမှာ Page တွေ Hack ခံရလို့ဆိုပြီး အကူအညီလာတောင်းတာတွေများလာတော့မှ ဒီအကြောင်းအရာလေးကို ရေးပေးလိုက်ဦးမယ်ဆိုပြီး ရေးဖြစ်သွားတာ။

အခုနည်းနဲ့ Page တွေ Hack လုပ်ခံရတာတွေမှာတော့ Page admin တွေရဲ့ အသုံးမကျမှုတွေကြောင့်၊ Cyber Security နဲ့ပတ်သက်တဲ့ Knowledge တွေ မရှိတာကြောင့်၊ ခိုးယူခံရတယ်ဆိုရင် မမှားပါဘူး၊ ဘာလို့လည်းဆိုတော့ Page Admin တွေကိုယ်တိုင်က Permission ပေးမိလို့သာ Page တွေ Hack လုပ်ခံကြရတာပါ၊ အဲ့ဒီလို Hack လုပ်ခံရချိန်ထိတောင် ဘယ်လိုနည်းနဲ့ ပါသွားတာလည်းဆိုပြီးမသိကြတဲ့သူတွေလည်းအများကြီးပါ၊ ဥပမာ ကိုယ့်အကောင့်ထဲကနေ Page ကြီးပျောက်သွားတယ် ဘာဖြစ်တာလည်းမသိဘူး ဆိုတာမျိုးတွေပေါ့။

ဘယ်လိုနည်းနဲ့ Page ကို Hack လုပ်သွားတာလဲ?
ဒီနည်းတွေက Page ကိုင်ထားတဲ့ Admin account ကို Hack လုပ်စရာလိုပဲ Page ကိုပဲ သီးသန့်ရယူသွားတာမျိုးပါ၊ ဘယ်လိုနည်းတွေနဲ့လုပ်သွားလည်းဆိုရင် SE(Social Engineering) ထိုးပြီး Permission ရအောင်ယူသွားတာမျိုးတွေပါ။

1. Page Message ထဲမှာလာပြီး မင်းရဲ့ Page မှာ ငါတို့ရဲ့ Post ( Photo, Video, Website link ) လေးတွေတင်ပေးရမယ်၊ ၁ ပတ် or ၁ လကို USD $2000 ပေးမယ်၊ $3000 ပေးမယ်၊ မင်းအနေနဲ့ ငါ့ကို Editor လောက်ပဲထည့်ပေးပါ၊ ဒါမှမဟုတ် မင်း Facebook account နဲ့ ငါ့ကို Add ပေးပါ ဆိုတာမျိုးတွေရယ်၊ Page Admin ပေးဖို့မလိုပါဘူး ငါတို့ရဲ့ Business Group ထဲမှာ Join လုပ်ပေးထားဖို့ပဲလိုပါတယ်ဆိုပြီး business.facebook.com နဲ့စတဲ့ Link တခုကိုပေးပြီး Join လုပ်ခိုင်းပါလိမ့်မယ်၊ အဲ့ဒီ Link ကိုနှိပ်မိသွားပြီး အဆင့်ဆင့်လိုက်လုပ်မိသွားတာနဲ့ ကိုယ့် Page ရဲ့ လုပ်ပိုင်ခွင့်တွေကို သူတို့ကိုလွှဲပေးလိုက်ပြီးသွားဖြစ်သွားတတ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Page Hack လုပ်ခံလိုက်ရကြောင်းသိသွားပါလိမ့်မယ်။

2. ငါတို့ရဲ့ သတင်းမီဒီယာကုမ္ပဏီနဲ့ အလုပ်တွဲလုပ်ချင်လား မင်း Page မှာ ငါတို့သတင်း Post လေးတွေတင်ပေးရုံနဲ့ ၁ ပတ် or ၁ လကို USD $2000 တို့ $3000 တို့ မင်းရမှာပါ စိတ်ဝင်စားရင် မင်းရဲ့ Email address လေးပေးပါ ငါတို့ဆက်သွယ်လိုက်ပါ့မယ်ဆိုပြီးတောင်းပါလိမ့်မယ်၊ ကိုယ်က မေးလ်ပေးလိုက်တာနဲ့ Facebook ရဲ့ Business Manager မေးလ်အနေနဲ့ မေးလ်တွေဝင်လာပါလိမ့်မယ်၊ ဘုမသိဘမသိနဲ့ Start or Join ဆိုတဲ့ခလုတ်လေးပါလာတာကိုနှိပ်မိလိုက်တာနဲ့ ကိုယ့် Page ကို သူတို့လက်ထဲထိုးထည့်ပေးပြီးသွားဖြစ်သွားစေပါတယ်။ တချို့ဆိုရင် ဝင်လာတဲ့မေးလ်ကိုစစ်ကြည့်ပြီး Facebook က ပို့တာပဲ စိတ်ချရပါတယ်ဆိုပြီး နှိပ်ကြည့်၊ ဝင်ကြည့်၊ ပြီး ကလိလိုက်မိတော့ Page Hack ခံလိုက်ရပါတော့တယ်။

3. ဟိုရက်တွေကဖြစ်သွားတဲ့ " အင်တာနက် 1000GB ကို Free ရမယ်" တို့ "Netflix ကို Premium Free ၂ လစာပေးထားတယ်" ဆိုတာမျိုးတွေနဲ့ နှိပ်မကြည့်ချင် ကြည့်ချင်အောင် SE ထိုးထားတဲ့ Website link မျိုးတွေကိုဝင်ကြည့်မိရင်လည်း ကိုယ့် Account နဲ့ Page ကိုပါ Hack လုပ်ခံရလိုက်နိုင်ပါတယ်။










အပေါ်မှာပြောထားတဲ့ အချက်တွေထဲက Facebook ရဲ့ Business Manager Link နဲ့ပဲဖြစ်ဖြစ်၊ အခြား Website Link နဲ့ပဲဖြစ်ဖြစ်၊ Email ထဲကနေပဲဖြစ်ဖြစ်၊ ဘယ်လိုလင့် ဘယ်လိုခလုတ်မျိုးတွေလာပေး လာပြပါစေ လုံးဝမှ နှိပ်မကြည့်၊ ဝင်မကြည့်၊ လိုက်လုပ်မကြည့်၊ ကြဖို့လိုပါတယ်၊ ဘာလို့လည်းဆိုတော့ အဲ့ဒီ Link တွေနောက်ကွယ်မှာက Permission အပြည့်တောင်းထားတာမျိုးတွေ၊ Access Token ခိုးယူမှုတွေရှိနေလို့ပါပဲ။

တခါတလေ ဖုန်းနံပါတ်ပေးပါ ဒါမှမဟုတ် ဒီနံပါတ်ကိုခေါ်ပေးပါဆိုပြီး ဖုန်းပြောပြီးတော့ပါ အယုံသွင်းပြီးလိမ်ညာတတ်ပါတယ်။ လောဘကြီးတဲ့သူတွေ၊ စူးစမ်းချင်တဲ့သူတွေ၊ အူတူတူအတတနဲ့ နလပိန်းတုံးတွေ၊ အနေနဲ့ကတော့ ခံကြရမှာ အသေအခြာပါပဲ။

ဒါကြောင့် ကိုယ့်ရဲ့ Personal Page ပဲဖြစ်ဖြစ်၊ Online Shop လုပ်နေတဲ့ Page ပဲဖြစ်ဖြစ်၊ ကုမ္ပဏီတွေ နဲ့ စီးပွားရေးလုပ်ငန်းလုပ်နေတဲ့ Page တွေပဲဖြစ်ဖြစ်၊ အသင်းအဖွဲ့နဲ့သက်ဆိုင်တဲ့ Page ပဲဖြစ်ဖြစ်၊ အပျော်တမ်းလုပ်ထားတဲ့ Page တွေပဲဖြစ်ဖြစ်၊ Hack လုပ်မခံချင်ကြဘူးဆိုရင် ဒီလို အကြောင်းအရာလေးတွေကိုသိရှိထားပြီး သတိထားပြီး ဆင်ခြင်နေထိုင်ကြဖို့လိုပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ဒီလို Cyber Security နဲ့ပတ်သက်တဲ့ Knowledge လေးတွေရှိထားဖို့လိုသလို၊ မိမိတို့အသုံးပြုနေတဲ့ Account များကိုလည်း Security မြှင့်ထားပြီး အသုံးပြုကြဖို့လိုပါတယ်ဆိုတာ အသိပေးပြောကြားရင် ဒီ Post လေးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါပြီ။

ချစ်ခြင်းအားဖြင့်...
Aung Kyaw Soe ( 6.5.2020 - 5:42 PM )
မူရင်းတင်ထားသည့်နေရာ - 

-     
  




-     
  

Covid-19 ကာလမှာ သင်တန်းတွေပိတ်ထားရလို့ စိတ်ညစ်နေကြလား? မပူပါနဲ့ သင်တန်းတွေတော်တော်များများကို Online class အနေနဲ့ Stay at Home နေရင်း သင်ကြားလို့ရနေပါပြီ။
Facebook က User account တွေထဲကနေ Group တွေများစွာကို Free Create ခွင့်ပေးထားပါတယ်၊ သင့်အနေနဲ့ အပြင်ကသင်တန်းတွေကိုပိတ်ထားရလို့ စိတ်ညစ်နေရတယ်ဆိုရင် Online ကနေ သင်တန်းတွေပေးနိုင်ဖို့ Facebook ထဲမှာ အခမဲ့ Group ဖွဲ့လိုက်ဖို့ပဲလိုပါတယ်။

_________________________________

1. Group ဖွဲ့ထားပြီး ကိုယ်သင်ချင်တဲ့သူပဲရွေးသင်ပေးလို့ရလား?
ရတာပေါ့ ကိုယ့်ဆီမှာ Online class တက်ဖို့စာရင်းပေးထားတဲ့သူတွေ၊ သင်တန်းကြေးသွင်းထားတဲ့သူတွေ၊ ကိုပဲထည့်ပြီး သီးသန့်သင်ပေးလို့ရပါတယ်။ သင်တန်းကာလပြီးသွားရင် သင်တန်းသားအဟောင်းကိုထုတ်ပြီး သင်တန်းအသစ်ကို ထပ်ထည့်ပေးရုံပါပဲ။
_________________________________

2. ကိုယ်သင်တာတွေကို အခြားသူတွေမြင်နေရမှာလား?
No.. No.. No... လို့ပဲပြောပါရစေ။
ကိုယ့် သင်တန်း Group ကို Admin ဖြစ်တဲ့သူနဲ့၊ Group ထဲက သင်တန်းသား( Member ) တွေပဲ မြင်တွေ့ရမှာဖြစ်သလို၊ Private လုပ်ထားပြီး Hide ပါလုပ်ထားလို့ Facebook Search box ထဲကနေ ရိုက်ရှာလို့လည်းမတွေ့နိုင်ပါဘူး၊ နောက်ဆုံး Group link ကို Member မဖြစ်ထားတဲ့သူကိုသွားပေးခဲ့ရင်တောင် Group ကို မြင်တွေ့ရမှာမဟုတ်ပါဘူး။
_________________________________

3. Group ထဲမှာ သင်တန်းက ဘယ်လိုတွေပေးလို့ရလဲ?
LIVE လွှင့်ပြီးသင်လို့ရတယ်၊ Video ဖိုင်လေးတွေတင်ပြီးသင်လို့ရတယ်၊ Photo နဲ့ စာနဲ့တွဲတင်ပြီးတော့သင်လို့ရတယ်၊ နောက်ဆုံး သင်တန်းသားတွေအတွက် Group ထဲမှာ "သင်ခန်းစာ - ၁" တို့ "သင်ခန်းစာ - ၂" တို့ဆိုပြီး သင်ခန်းစာလေးတွေကို ကဏ္ဍအလိုက် ခွဲခြားပြီးပြထားပေးလို့ရတာကြောင့် အလွယ်တကူရှာလို့ရမယ်၊ ကဏ္ဍတခုချင်းဆီအလိုက် လေ့လာလို့ရစေမယ်။
သင်တန်း ၁ ခါသင်ပြီး အဲ့လိုလေးသိမ်းဆည်းပေးထားလိုက်ရင် နောက်ထပ် သင်တန်းသားအသစ်ကို Group ထဲထည့်ပေးလိုက်တာနဲ့ ထပ်သင်နေစရာမလိုပဲ ယခင်သင်ပေးထားတဲ့အတိုင်း တဆင့်ပြီးတဆင့်ကို လေ့လာစေဖို့ လမ်းညွှန်ပေးဖို့ပဲလိုပါမယ်။
_________________________________

4. Group ထဲမှာ အခြားသူတွေရော Post တင်လို့ရလား?
မရပါဘူး၊ သင်တန်းသားတွေကို Post တင်ခွင့်ပိတ်ထားလို့ သင်တန်းပေးမည့် Admin ကိုယ်တိုင်ကလွဲပြီး မည်သူမှ Post တင်လို့မရပါဘူး၊ ထို့အပြင် Group ထဲမှာတင်ထားတာတွေကိုလည်း အပြင်ကို Share ခွင့်ပိတ်ထားလို့ Share တဲ့ ခလုတ်လေးလည်း ပါဝင်မှာမဟုတ်ပါဘူး။
_________________________________

5. Group ထဲကို အခြားသူတွေလာ Join လို့ရလား?
Join လို့မရပါဘူး၊ Group ထဲက သင်တန်းသားက သူ့အသိကိုကောက်ထည့်ရင်တောင် Admin Approved ခံထားလို့ ကိုယ် ကိုယ်တိုင်က လက်မခံရင်၊ မထည့်ပေးရင်၊ ဘယ်သူမှ Group ထဲကို Join လုပ်လို့မရနိုင်ပါဘူး။
_________________________________

6. ကိုယ့်နာမည်ကြီးနဲ့မသင်ချင်ဘူး၊ Page Name နဲ့သင်လို့ရလား?
ရပါတယ်၊ သင်တန်းကျောင်းရဲ့ Page ရှိရင်ပဲဖြစ်ဖြစ်၊ Page အသစ်ဖွင့်ပြီးတော့ဖြစ်ဖြစ်၊ Group နဲ့ ပြန်ချိတ်ပေးထားလိုက်ပြီး ကိုယ့်ရဲ့ Facebook Account Name နဲ့ပဲ သင်သင်၊ Page Name နဲ့ပဲ သင်သင် ကြိုက်နှစ်သက်ရာနဲ့ ချိန်းပြီး သင်ပေးလို့ရပါတယ်။
_________________________________

ကဲ... ကိုယ်တိုင် Online Class Group လေးတွေကို အခမဲ့ စိတ်ကြိုက်ဖွင့်လိုက်ပါ။
ကိုယ်တိုင်မဖွင့်တတ်ဘူးဆိုရင်ဖြစ်ဖြစ်၊ ကိုယ်တိုင်တော့ဖွင့်တတ်တယ် လိုအပ်တဲ့ Settings ချတာတွေနဲ့ ကဏ္ဍအလိုက် သင်ခန်းစာလေးတွေ ခွဲခြားသတ်မှတ်တာတွေမလုပ်တတ်ဘူးဆိုရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ Online Service Center Myanmar ကို ဆက်သွယ်ပြီး Online Class Group Settings Service ကို ရယူနိုင်ပါတယ်။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက...
LIVE Chat Message - m.me/aungkyawsoe.sb
LIVE Chat Message - m.me/OSCMyanmar.mm
Mobile - 09421157911, 09794426154, 09253351244.
တို့ကို ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်။

နောက်ထပ်
ဘယ်လို Service တွေပေးနေ‌သေးလဲ? Service Fees တွေကရော ဘယ်လိုယူလည်းသိချင်ပါက...
OSC-Myanmar ( Online Service Center Myanmar )မှ ဝန်ဆောင်ပေးနေမှုများ => https://bit.ly/OSCMyanmarServices
မှာ အသေးစိတ်ဝင်ရောက်ဖတ်ရှုပြီး စနည်းနာနိုင်ပါတယ်။

မူရင်းတင်ထားသည့်နေရာ -


-     
  

Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com