Online Service Center Myanmar: Sharing -->

Sharing

My Blog

Latest blog



-     
  
ဒါလေးကိုရေးလိုက်ရတာက မနေ့ညက Disabled ကျလို့ဆိုပြီး Disabled Lock လာဖြည်ခိုင်းတဲ့အကောင့်လေးတခုကိုလုပ်ပေးရင်း အားလုံးသိထားလို့ရအောင် ပြန်ရေးပေးလိုက်တာပါ။

တချို့တွေက ရာသက်ပန် ပိတ်သိမ်းခြင်းခံလိုက်ရတဲ့( Permanently Disabled ) Facebook Account ကို ပြန်ယူလို့ရတယ်ဆိုပြီးပြောကြတယ်၊ ကျွန်တော့်အနေနဲ့ပြောချင်တာကတော့ ရာသက်ပန်အပိတ်ခံလိုက်ရတဲ့ ( Permanently Disabled အချခံလိုက်ရတဲ့) အကောင့်တွေက လုံးဝမှ ပြန်ယူလို့မရတော့ဘူးဆိုတာပါပဲ။
ပြန်ယူလို့ရတယ်ဆိုတဲ့အကောင့်တွေက Permanently Disabled ဖြစ်တဲ့အကောင့်တွေမဟုတ်လို့ပါ၊

Disabled lock တွေက အများကြီးရှိပါတယ်၊ အဲ့ဒါကို "ဒီရက်ပိုင်းတဲ့ကျတဲ့ Facebook Account Disabled များနဲ့ပတ်သက်လို့( https://www.osc-myanmar.com/…/facebook-account-disabled.html
)" ထဲမှာလည်း ရေးပြခဲ့ဖူးပါသေးတယ်။


[[ သူ့ရဲ့ ရာသက်ပန် Disabled ချခံလိုက်ရတဲ့အကောင့်ကိုဝင်လိုက်တာနဲ့ အခုလိုပြောထားပါတယ်။ ]]
သင့်အကောင့်ကို ပိတ်ထားပါတယ်။
သင့်အကောင့် ဒါမှမဟုတ် သင့်အကောင့်မှာ ရှိတဲ့ လုပ်ဆောင်ချက်ဟာ ကျွန်ုပ်တို့ရဲ့ လူမှုစံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိခဲ့တာကြောင့် သင် Facebook အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒီဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့ဘက်က ပြန်လှန် စိစစ်သုံးသပ်ပေးထားပြီး ဖြစ်တာကြောင့် ဒါကို ပြန်ပြောင်းပေးလို့ မရနိုင်တော့ပါဘူး။ အကောင့်တွေကို ကျွန်ုပ်တို့ ပိတ်ပင်ရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီး ပိုမိုလေ့လာဖို့အတွက် လူမှုစံနှုန်းများ စုစည်းထားရာ နေရာကို ဝင်ကြည့်ပေးပါ။
လူမှုစံနှုန်းများ ဆီသို့ သွားရန် => https://www.facebook.com/communitystandards/…

Your account has been disabled.
You can't use Facebook because your account, or activity on it, didn't follow our Community Standards. We have already reviewed this decision and it can't be reversed. To learn more about the reasons why we disable accounts visit the Community Standards.
Go to Community Standards=> https://www.facebook.com/communitystandards/…
_____

[[ ကြိုက်တဲ့ Disabled ဖောင်တွေကနေ အယူခံဝင်တိုင်း အောက်ပါအတိုင်းပဲတွေ့ရပါတယ်၊ ပြောချင်တာက အယူခံဝင်ခွင့်တောင် မပေးတော့ဘူးဆိုတာပါပဲ။ ]]

သင့်အကောင့်ကို ပိတ်ရန်အတွက် ဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့ မသုံးသပ်နိုင်ပါ။
သင့် Facebook အကောင့်က ကျွန်ုပ်တို့ရဲ့ လူမှုစံနှုန်းတွေကို မလိုက်နာတဲ့အတွက် ပိတ်ခြင်းခံထားရပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့ စိစစ်သုံးသပ်ပြီးပြီဖြစ်ပြီး အဲဒါကို ပြန်ပြောင်းလို့ မရနိုင်တော့ပါဘူး။

We cannot review the decision to disable your account.
Your Facebook account was disabled because it did not follow our Community Standards. We have already reviewed this decision and it cannot be reversed.
ဒီတော့ ကိုယ့်အကောင့်လေးကို ရေရှည်အသုံးပြုချင်တယ်( ပျက်သွားမှာ နှမြောတယ် ) ဆိုရင်တော့ Facebook က ချမှတ်ထားတဲ့ စံနှုန်းတွေ၊ မူဝါဒတွေကို လိုက်နာပါမှရပါမယ်။

အခုနောက်ပိုင်းမှာဆိုရင် လူစင်စစ်ထက် Facebook AI Bot တွေနဲ့ Run ထားတာဖြစ်လို့ ဖေ့ဘွတ်ရဲ့အရေးယူမှုတွေက ပိုပြီးတော့ကြောက်ဖို့ကောင်းလာပါတယ်၊ အခြားမပြောနဲ့ ကိုယ်တွေ ဘန်းစကားနဲ့ဆဲတာမျိုးလေးတောင်မှ သူတို့ရဲ့ Community Standards တွေနဲ့မကိုက်ညီလို့ဆိုပြီး Post တင်ခွင့်တွေ၊ Like, Comment, Share. တွေပိတ်တာအပြင် ကိုယ့်အကောင့် Timeline ထဲဝင်လိုက်တာနဲ့ "Account Warning" ဆိုပြီး သတိပေးစာကြီး ( ၁ ) နှစ်စာအထိ ထားပေးထားတာမျိုးပါလုပ်လာပါတယ်၊ အဲ့လိုသတိပေးထားတာတောင်မှ ဆက်လက်ပြီးကျူးလွန်ခဲ့ရင်( မကြာခဏ Policy တွေကိုချိုးဖောက်ခဲ့ရင် ) သေခြာပါတယ် နောက်ဆုံး ကိုယ့်ရဲ့ Facebook Account ကို Permanently Disabled အထိ လုပ်ပစ်လိုက်တော့မှာပါ။

ကျွန်တော်တို့တတွေအနေနဲ့ Facebook ဆိုတာကြီးကို ဆက်ပြီးသုံးဖြစ်နေဦးမယ်ဆိုရင်တော့ Facebook ရဲ့ Community Standards တွေ၊ Policy တွေကို အတတ်နိုင်ဆုံး မဖြစ်မနေ လိုက်နာပါမှ ရပါလိမ့်မယ်။

ချစ်ခြင်းအားဖြင့်
Aung Kyaw Soe ( 1.5.2020 - 4:25 PM )

#Facebook #Disabled #FacebookAccount #FacebookAccountDisabled #PermanentlyDisabled

မူရင်းပို့စ် - 
-     
  




-     
  
Covid-19 ကြောင့် လုပ်ငန်းတွေတော်တော်များများ ရပ်နားထားလိုက်ရတာရှိသလို Online ကိုအသုံးပြုပြီး လုပ်ငန်းလည်ပတ်အောင် လုပ်ဆောင်လာမှုတွေလည်းရှိလာပါတယ်။ ဒါကြောင့် သင့်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်များ OSC-Myanmar ( Online Service Center Myanmar )မှ Stay At Home ရင်း ဒီလို Service တွေကို ပြန်လည်ပေးသွားတော့မှာပဲဖြစ်ပါတယ်။

OSC-Myanmar ( Online Service Center Myanmar )မှ ဝန်ဆောင်ပေးနေမှုများ....

#ပေးသွားမည့် #Service နဲ့ Service ခ တွေကတော့....
____________________

1. Facebook Page Settings Service. 💵💲50

Facebook Page က ဖွင့်ရတာလွယ်သလို မိမိဘာသာဖွင့်မယ်ဆိုရင်အခမဲ့ စိတ်ကြိုက်ဖွင့်လို့ရပါတယ်၊

သို့သော် Settings ကောင်းစွာချမထားတဲ့ Page တခုက အများအမြင်မှာ အဝတ်မပါတဲ့လူတယောက်ကိုမြင်နေရသလိုဖြစ်နေတတ်ပြီး၊ ဆားမပါတဲ့ဟင်းတခွက်လိုလည်းဖြစ်နေစေတတ်ပါတယ်၊ ဒါကြောင့် ကိုယ်တိုင်လုပ်တတ်ရင်တပြားမှမကုန်ပေမယ့် မလုပ်တတ်ရင်တော့ ကျွန်တော်တို့ဆီမှာ Service အပ်လို့ရပါတယ်။

လုပ်ငန်းအတွက်ပဲဖြစ်ဖြစ်၊ Personal အတွက်ပဲဖြစ်ဖြစ် Page ဖွင့်ချင်တယ်၊ Page ကတော့ဖွင့်ထားတယ် ဘာ Settings မှ သေခြာမလုပ်ရသေးဘူးဆိုသူများအတွက် Page Setting Service ပေးပါတယ်၊ လက်ရှိ ကိုယ့်မှာ Page ရှိတယ် စိတ်တိုင်းမကျဖြစ်နေတယ်ဆိုရင် Service အပ်ကြည့်နိုင်ပါတယ်၊ Service ပြီးသွားတာနဲ့ ကိုယ့်ရဲ့ Page က ယခင်နဲ့ ယခုက ဆီနဲ့ရေလိုကွာသွားတာပဲလို့ ကောက်ချက်သွားစေရပါမယ်။

( Page တော့ဖွင့်သုံးချင်တယ် မသုံးတတ်ဘူးဆိုတဲ့သူများအတွက် Page Settings Service ယူလိုက်တာနဲ့ Page အသုံးပြုနည်းကိုပါ သင်ကြားပေးပါတယ်။ )

ဆက်လက်ဖတ်ရှုရန် => http://bit.ly/FacebookPageSettingsService
____________________

2. Facebook Boost Service. 💵💲30,💲50,💲100

မိမိတို့ရဲ့ Online Shop ကိုပဲဖြစ်ဖြစ်၊ မိမိတို့ရဲ့ လုပ်ငန်း Page များ၊ မိမိတို့ရဲ့ ထုတ်ကုန်များ၊ မိမိတို့ရဲ့ Event များကို တခနလေးအတွင်း လူအများကြီးသိရှိသွားစေဖို့ဆိုရင် Boost လုပ်ပြီး ကြော်ငြာဖို့လိုပါတယ်၊ အဲ့ဒီအတွက်လည်း ကျွန်တော်တို့အနေနဲ့ Advertising Service ပေးနေပါတယ်၊ Boost Service အပ်ချင်တယ်ဆိုပါက အသေးစိတ်ကို စုံစမ်းမေးမြန်းပြီး ယုံကြည်စိတ်ချစွာနဲ့ အပ်နှံလို့ရပါတယ်။
____________________

3. Facebook Boost Training Service. 💵💲50

မိမိတို့ရဲ့ Online Shop ကိုပဲဖြစ်ဖြစ်၊ မိမိတို့ရဲ့ လုပ်ငန်း Page များ၊ မိမိတို့ရဲ့ ထုတ်ကုန်များ၊ မိမိတို့ရဲ့ Event များကို တခနလေးအတွင်း လူအများကြီးသိရှိသွားအောင် ကြော်ငြာချင်တယ်၊ သို့ပေမယ့် Boost ဘယ်လိုလုပ်ရမှန်းမသိဘူးဆိုတဲ့သူများ၊ Boost တော့လုပ်တတ်တယ် သိပ်မထိရောက်လို့ပါ၊ ကိုယ်တိုင် Boost လုပ်ရင် Error တွေခနတိုင်း တက်တတ်လို့ပါ၊ ဆိုတဲ့သူများအတွက် Facebook Boost ပြုလုပ်နည်းကို အသေးစိတ်( အခြေခံကစပြီး ) သင်ကြားပေးပါတယ်။

Boost ပြုလုပ်နည်းသင်တန်းတွေတော့တက်ဖူးတယ်၊ သင်ပြီးမကြာဘူးမေ့သွားတတ်လို့ တကယ်လုပ်မယ်ဆိုတဲ့အချိန်ကျ မလုပ်တတ်တော့ဘူးဖြစ်သွားတယ်၊ ဆိုတဲ့တဲ့သူများအတွက် ကျွန်တော်တို့ဆီက သင်တန်းကတော့ ၁ ခါတက်လိုက်တာနဲ့ ရာသက်ပန်သင်တန်းသားအဖြစ်သတ်မှတ်ပေးထားလိုက်လို့ မသိဘူး၊ မတတ်ဘူး၊ ဆိုတာတွေမရှိတော့ပဲ အချိန်မရွေး သိလိုရာကိုမေးမြန်းခွင့်ပါ ရရှိနေမှာပါ။

2014/2015 ကနေ ယနေ့အထိ Advertising Service နဲ့ Facebook Boost Training များကိုပေးနေတဲ့ Admin team ထဲမှ ကို Aung Kyaw Soe ( m.me/aungkyawsoe.sb
) ကိုယ်တိုင် အနီးကပ် သင်ကြားပြသပေးသွားမှာပဲဖြစ်ပါတယ်။ ____________________

4. Facebook Boost Error Fix Service. 💵💲50

Facebook မှာ Boost ကို မလုပ်တတ်၊ လုပ်တတ်နဲ့လုပ်ရင်း Policy Error, Payment Error. တွေတက်လို့ ဆက်ပြီး Boost လုပ်လို့မရဘူးဆိုတာမျိုးတွေအတွက်လည်း Error Fix ပေးတဲ့ Service ပေးပါတယ်၊ Error Fix တဲ့ Service အပ်ပြီး Error ရှင်းသွားတော့မှ၊ ယခင်အတိုင်း Boost ပြန်လည်ပြုလုပ်လို့ရပြီဆိုတော့မှ Service ခ ပေးချေဖို့လိုပါတယ်။
____________________

5. Facebook Account Help Service. 💵💲10

မိမိတို့အသုံးပြုနေတဲ့ Facebook Account များမှာ Error တက်နေလို့ဖြစ်ဖြစ်၊ Login ဝင်လို့မရတာ၊ Lock ကျတာ၊ Password မေ့သွားပြီး Password reset ပြန်လုပ်လို့မရဖြစ်နေတာ၊ မျိုးတွေအတွက်လည်း Service ပေးလျက်ရှိပါတယ်။

Read More => http://bit.ly/Help_FB
____________________

6. Website Service. 💵💲100

ဒါကတော့ Website တခုကို Startup ပေးတဲ့ Service ကို သီးသန့်ပေးတာပါ၊ Web Design, Web Hosting, များအတွက် ကျသင့်တာတွေတော့ သီးခြားကျခံရပါမယ်။ ( အပြီးအစီးအပ်လိုတာများရှိပါကလည်း အပ်နှံလို့ရပါတယ်။ )
____________________

7. Domain Name Service.

Domain Name လိုအပ်သူများရှိပါကလည်း Domain Name များကို ဝယ်ယူပေးလျက်ရှိပါတယ်။ ( အခုကတော့ Visa, Master card တွေအလွယ်ရနေပြီဆိုတော့ မိမိတို့ဘာသာလဲ အလွယ်တကူ ဝယ်ယူလို့ရနေပါပြီ။ )
____________________

8. Social Account Security Service. 💵💲10

မိမိရဲ့ Facebook Account ကို Hack လုပ်ခံရမှာကြောက်တယ်ဆိုသူများအတွက် Hack ပြုလုပ်ခြင်းမခံရအောင် Security မြှင့်ပေးခြင်း၊ Security Knowledge များပေးခြင်းကို ပြုလုပ်ပေးပါတယ်။ ( အခမဲ့ပြုလုပ်ချင်သူများအတွက်လည်း၊ OSC-Myanmar ရဲ့ Website နဲ့ Facebook Page ထဲမှာ တင်ပေးထားပါတယ်၊ ရှာပြီးလိုက်လုပ်ကြည့်နိုင်ပါတယ်။ )
Read More... http://www.osc-myanmar.blogspot.co.uk/p/security-services.h…
____________________

9. Content Writer Service. ( 1 Post 💵💲5 )

Content Writer သို့မဟုတ် သင်လိုအပ်ချိန်တိုင်း စာရေးပေးမယ့်သူလိုအပ်နေလား?
ဒီနေ့လိုခေတ်မျိုးမှာ လူတိုင်းလိုလို မိမိတို့ရဲ့ အသေးစားမှ အကြီးစားလုပ်ငန်းများအထိ Online ပေါ်တင်ပြီး လူသိအောင်ပြုလုပ်လာကြပါပြီ။ ဒီနေရာမှာ အဓိကလိုအပ်ချက်တွေထဲက ၁ ခုလို့ပြောလို့ရတဲ့ Content ဖန်တီးမှုလေးတွေကလည်း မပါမဖြစ် ပါဝင်နေပါတယ်။

နှုတ် ၁၀၀ စာ ၁ လုံး ဆိုတဲ့အတိုင်းပဲ ရေးသားထားတဲ့ Content တခုက ကိုယ့်လုပ်ငန်း၊ ကိုယ့်ကုန်ပစ္စည်း၊ ကိုယ့်နဲ့ပတ်သက်တဲ့အကြောင်းအရာ၊ တွေကို အခြားသူတွေဆီကို လွယ်ကူလျင်မြန်စွာနဲ့ ရောက်သွား၊ သိသွားစေနိုင်ပါတယ်။
See More.. https://www.facebook.com/OSCMyanmar.mm/posts/1319784548229376
____________________

10. Online Class Group Settings Service. 💵💲10

ဒါတော့ သင်တန်းကျောင်းများ/သင်တန်းပေးနေသူများ အတွက်ရည်ရွယ်ပြီးပေးတဲ့ Service ပါ၊ Covid-19 ကြောင့် အပြင်မှာ သင်တန်းတွေပိတ်လိုက်ရသူများအနေနဲ့ Online ကနေ သင်တန်းတွေပေးဖို့လုပ်လာကြပါတယ်၊ အဲ့လိုလူများအတွက် Facebook Group မဖွဲ့တတ်သူများ၊ Group Settings ကို သေခြာမလုပ်တတ်သူအများအတွက် အဆင်ပြေအောင် ပြုလုပ်ပေးလျက်ရှိပါတယ်။
Online Class အနေနဲ့အသုံးပြုနိုင်ပြီး Private Group အနေနဲ့ပြုလုပ်ပေးထားလို့ Group နာမည်နဲ့ရိုက်ရှာရင်တောင် Facebook မှာ ဘယ်သူမှ ရှာလို့တွေ့မှာမဟုတ်ပါဘူး၊ Group Admin ကိုယ်တိုင်ထည့်ပေးမှသာ Group ထဲကိုဝင်လို့ရမှာဖြစ်ပြီး၊ Group ထဲမှာတင်ထားတာတွေကိုလည်း ပြန်လည် Share ပြုလုပ်ခွင့်ကိုပါ ပိတ်ပေးထားမှာပါ။

Group ထဲမှာ LIVE လွှင့်သင်ကြားနိုင်ပြီး မိမိ LIVE ကိုလည်း Group ထဲက သင်တန်းသားများသာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်၊ သင်တန်းကာလပြီးသွားပြီးသူများကို Group ထဲမှထုတ်ပယ်ပြီး သင်တန်းသားအသစ်များကို ယခင် သင်ပေးထားသည့်အဟောင်းများကို သင်ခန်းစာ( ၁ )၊ သင်ခန်းစာ( ၂ )၊ ဆိုပြီး ခွဲခြားပြီး ပြန်လည်ကြည့်ရှုလို့ရအောင်ပြုလုပ်ပေးထားလို့ရပါတယ်။ ( ခနခန LIVE လွှင့်ပြီးသင်စရာမလိုတော့တာမျိုး။ )
Online Class Group ပြုလုပ်တာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်းဆက်ပြီးတော့မေးမြန်းနိုင်ပါတယ်။
____________________

11. Other Help and Training Services.

ဒါကတော့ အလျဉ်းသင့်သလို ပေးသွားမယ့်သင်တန်းနဲ့ ဝန်ဆောင်မှုများပါ။
အသေးစိပ်ဖတ်ရှုရန် => http://bit.ly/InexpensiveTrainingsService
____________________
ပဲဖြစ်ပါတယ်။

 ( Service ခ တွေကိုတော့ ဒေါ်လာနဲ့ပေးချေလို့လည်းရသလို၊ မြန်မာကျပ်ငွေနဲ့ ပေးချေမည့်နေ့ပေါက်စျေးအတိုင်းလည်း ပေးချေလို့ရပါတယ်။ )
အခြားလေ့လာလိုသည်များ၊ သိရှိလိုသည်များ၊ မေးမြန်းစုံစမ်းလိုသည်များရှိပါက။

OSC-Myanmar ရဲ့

Facebook Page - www.facebook.com/OSCMyanmar.mm
Website - www.osc-myanmar.com
တို့ကိုဝင်ရောက်ပြီးဖြစ်စေ။

အသေးစိတ်သိရှိလိုသည်များကို...

LIVE Chat Message -
m.me/aungkyawsoe.sb
m.me/OSCMyanmar.mm
📱Viber and Call - ‎‎‎09421157911
📱Viber and Call- ‎‎‎09794426154
📱- ‎‎‎09253351244

တို့ကိုပဲဖြစ်ဖြစ် ဆက်သွယ်ပြီး မေးမြန်းစုံစမ်းနိုင်ပါသည်။

Admin Team
( Online Service Center Myanmar )

#FacebookBoostServices #FacebookBoost #BoostService #BoostTraining #Page #PageSettings #PageSettingsService #FacebookPage #Group #FacebookGroup #Content #CententWriter #WebsiteServices #DomainNameServices #SecurityServices #FacebookAccountSecurity #FacebookSecurity #OnlineServices #Facebookboost #Facebook #Domain #DomainName #SocialAccountSecurity #Security #SocialAccount #Social #Myanmar #Online #FacebookPage #OSC #OSCMyanmar #OSC_Myanmar #OnlineServicesCenter #OnlineServicesCenterMyanamr #Online_Services_Center

မူရင်းပို့စ် -
-     
  




-     
  
Blue Mark လျှောက်ချင်လို့ ဘယ်ကနေဝင်ပြီးလျှောက်ရတာလဲဆိုပြီး ခနခန လာလာမေးကြလွန်းလို့ ( ဒီနေ့တောင် ၃ ဦး လာမေးတယ်။ ) ဒီကနေ ဝင်လျှောက်လို့ရပါတယ်ဆိုတာ သိရအောင် တင်ပေးလိုက်ပါတယ်။

Blue Mark က လူတိုင်းဝင်လျှောက်လို့ရပါတယ်၊ သို့ပေမယ့် လူတိုင်းတော့မရနိုင်ပါ၊ Facebook ဘက်က သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ပြည့်မှီမှ၊ ကိုက်ညီမှ၊ သာလျင် Blue Mark ကို ရရှိနိုင်ပါမယ်၊ သတ်မှတ်ချက်မပြည့်မှီပဲ ခနတိုင်းဝင်လျှောက်နေရင်တော့ ရာသက်ပန် အငြင်းခံရနိုင်ပါတယ်။

Blue Mark လျှောက်ရင် ပိုက်ဆံပေးရလားဆိုတော့ တပြားမှပေးစရာမလိုပါ၊ အမြဲတမ်းအခမဲ့ လျှောက်လို့ရပါတယ်၊ အဲ့ဒီ Blue Mark ကို ပိုက်ဆံနဲ့ပေးဝယ်လို့ရလားဆိုရင် ပိုက်ဆံနဲ့ပေးဝယ်လို့လည်းမရပါ၊ လျှောက်ချင်ရင် အခမဲ့ပဲ ဝင်ရောက်လျှောက်ထားလို့ရပါတယ်။

ဘယ်ကနေဝင်လျှောက်ရမလဲဆိုရင်? ဒီကနေ ဝင်လျှောက် လို့ရပါတယ်။

Account အတွက်ဆို Profile ကိုရွေး၊ ကိုယ့် Facebook Account Link နဲ့ ID Card ကိုထည့်ပြီး လျှောက်လို့ရပါတယ်။

Page အတွက်ဆို Page ကိုရွေးပြီး User အတွက်ဆို ID Card နဲ့တင်လို့ရပါတယ်၊ လုပ်ငန်းတွေ၊ ကုမ္ပဏီတွေအတွက်ဆို လုပ်ငန်းလိုင်စင်လိုမျိုးနဲ့တင်ရပါမယ်။

လျှောက်ထားပြီးရင် Facebook ဘက်က လက်ခံရင်၊ မြန်ရင် ၁ ရက် ၂ ရက်ကနေ ၁ ပတ် ၂ ပတ်လောက်နဲ့ Blue Mark ရပါတယ်၊ Facebook ဘက်က လက်မခံဘူးဆိုရင်တော့ နောက်ထပ် ရက် ၃၀ ကျော်တဲ့အထိစောင့်ပြီးမှ နောက်တခေါက် ပြန်လျှောက်လို့ရပါမယ်။

[[ Blue Mark လျှောက်ရန် Link ]]

Request a blue verification badge -
https://www.facebook.com/help/contact/342509036134712…

[[ Blue Mark လျှောက်ရင်ဘယ်လိုဟာတွေကရနိုင်လဲ၊ ဘာတွေလိုအပ်လည်းသိချင်ပါက ဒီမှာဝင်ဖတ်ပါ။ ]]

How do I request a verified badge on Facebook?
https://www.facebook.com/help/1288173394636262…
Friend list ထဲက Cele များလည်း လျှောက်ထားလိုပါက လျှောက်ထားနိုင်ကြပါတယ်။ Stay at Home နေတုန်း လျှောက်ကြည့်ပါ ရသွားရင်အမြတ်ထွက်တာပေါ့။
Blue Mark နဲ့ပတ်သက်ပြီး လွဲမှားနေတဲ့အရာလေးတွေကိုတော့ အနည်းငယ်ပြောချင်ပါသေးတယ်။

အဲ့ဒါကဘာလည်းဆိုတော့...

1. Blue Mark ရထားရင် Account လုံခြုံတယ်။
အဲ့ဒါက လွဲမှားနေတဲ့ အသိအမြင်၊ အယူအဆပါ၊ Blue Mark ရထားတိုင်း အကောင့်မလုံခြုံပါဘူး၊ Blue Mark ရထားတဲ့အကောင့်ပိုင်ရှင်သာ သူ့အကောင့်ကို Security ပိုင်းတွေလုပ်မထားဘူး၊ Security ပိုင်းဆိုင်ရာနဲပတ်သက်တဲ့ ဗဟုသုတတွေရှိမထားဘူးဆိုရင် သူ့အကောင့်က တနေ့မဟုတ်တနေ့အခိုးခံရနိုင်ပါတယ်။ ( အတိုချုံးပြီးပြောရရင် Blue Mark ရတာနဲ့ အကောင့် Security နဲ့မဆိုင်လို့ မလုံခြုံပါ။ )

2. Blue Mark ရထားရင် အကောင့်မပျက်တော့ဘူး။
ဒါလည်း လွဲမှားနေတဲ့အယူအဆ အကြောင်းအရာတခုပါ၊ Blue Mark ကြီးရထားပေမယ့် Facebook ကချမှတ်ထားတဲ့ Policy တွေကိုမလိုက်နာရင်တော့ Blue Mark နဲ့အကောင့်လည်း ရာသက်ပန်အပိတ်ခံရနိုင်ပါတယ်။ ( အတိုချုံးပြီးပြောရရင် Blue Mark ရထားလည်း အကောင့်ပျက်တတ်ပါတယ်။ )

Blue Mark ဆိုတာလေးရထားရင် ဘာပဲပိုထူးသွားလည်းဆိုရင် Name နောက်မှာ အပြာရောင်အမှန်ခြစ်လေးပါသွားတာနဲ့၊ အတုနဲ့အစစ်ကိုခွဲခြားပေးထားတာပဲ ပိုထူးသွားပါမယ် ကျန်တာတွေကတော့ ဘာမှထူးခြားမှုမရှိပါ။

ကဲ... လျှာရှည်တာဒီလောက်နဲ့တော်ပါပြီ။

ချစ်ခြင်းအားဖြင့်
Aung Kyaw Soe ( 27.4.2020 - 9:35 PM )

မူရင်းပို့စ် -
-     
  




-     
  
ဒီနေ့ Messenger ကနေ အသိတယောက်က အကိုရေ ဒီလိုမျိုး Link တွေလာပို့နေတယ်ဆိုပြီးပြောလို့ ကြည့်လိုက်မိတယ် သူဆီကိုပို့လာတာ Covid-19 ကာလမှာ အင်တာနက် 1000GB ကို Free ပေးထားတယ် Package ကို Activate လုပ်ဖို့ ဒီမှာဝင်လုပ်ပါဆိုပြီး Link တခုပေးထားတယ်။

အဲ့ဒီမှာ တခုသတိပြုမိသွားတာက အရင်တရက်က အသိတယောက်ဆီကနေ အခုလိုမျိုးပို့ပဲ ပို့လာတာတခုရှိတယ်ဆိုတာပြန်သတိရသွားတယ်၊ အဲ့ဒါကကျတော့ Netflix ကို Premium Free ၂ လစာပေးထားတယ်ဆိုပြီးဝင်လာတာ၊ သူတို့ပေးထားတဲ့ Link တွေက Short လုပ်ထားတဲ့ Link အတိုလေးတွေ။

ဘယ်သူက ဘာ Link လာပို့ပို့ ဝင်မကြည့်တတ်လို့ ဒီတိုင်းထားထားပေမယ့် ဒီနေ့တော့ လာပို့တာ ၂ ယောက်ရှိသွားပြီမို့လို့ Link ကို တိုက်ရိုက်မနှိပ်ပဲ Copy ယူပြီး ဘာ Facebook account မှ ဖွင့်မထား၊ ဝင်မထားတဲ့ Browser တခုထဲမှာ သွားထည့်ဖွင့်ကြည့်လိုက်တော့ Phishing ဖြစ်နေမှန်းသိလိုက်ရတယ်။

အူတူတူ အတတနဲ့ အလကားရတာပဲဟဆိုတဲ့သူတွေ၊ ဘာလည်းမသိဘူး ဝင်စပ်စုကြည့်ဦးမှပဲဆိုတဲ့သူတွေ၊ ဆိုရင်တော့ Link ကို နှိပ်ကြည့်( ဝင်ကြည့် ) လိုက်တာနဲ့ ခံလိုက်ရပြီသာမှတ်ပဲ၊ အရင်ဆုံး Access Token အခိုးခံရမယ်၊ Phishing မိမယ်၊ ကိုယ့်အကောင့်က Spammer အကောင့်ဖြစ်မယ်၊ Account Hack ခံရမယ်၊ Blackmail လုပ်ခံရမယ်၊ Personal Attack လုပ်ခံရမယ်၊ Link လေးတခုနှိပ်ကြည့်မိလိုက်တာနဲ့ အဲ့လိုတွေခံရနိုင်တယ်။

1. ပထမဆုံး Link ကိုနှိပ်လိုက်တာနဲ့ Facebook Account ရဲ့ Access Token( User Name and Password နဲ့အတူတူ ) ကို အရင်ဆုံးပေးလိုက်ရပါပြီ၊ အဲ့ဒါဆိုရင် ကိုယ့်အကောင့်ကို တဖက်ကထောင်ဖမ်းထားသူက လုပ်ချင်တာလုပ်လို့ရသွားပါပြီ ဘာလို့လည်းဆိုတော့ အဲ့ဒီ Short Link နောက်ကွယ်က Link ထဲမှာ ကိုယ့်အကောင့်ကို လုပ်ချင်တာလုပ်ခွင့်ပေးဖို့ Permissions တောင်းထားတာပါပြီးသားဖြစ်နေလို့ပါပဲ။

2. နောက်တခုက Link ကိုနှိပ်လိုက်တဲ့အချိန် ကိုယ့်အကောင့်ကြီး Logout ထွက်သွားလို့ Login ပြန်ဝင်ခိုင်းနေတာမျိုးမို့ ကိုယ့်ရဲ့ User Name နဲ့ Password ကိုထည့်ပြီး Login ဝင်လိုက်တာနဲ့ တဖက်ကို ကိုယ့်ရဲ့ User Name နဲ့ Password ကို ပေးပို့ပြီးသားဖြစ်သွားပါပြီ၊ တဖက်က Log file ကိုဖွင့်ကြည့်ပြီး ကိုယ့် အချက်အလက်တွေနဲ့ Login မဝင်မချင်းတော့ ကိုယ့်အကောင့် ပါဦးမှာမဟုတ်ဘူး၊ ဝင်ကြည့်ပြီး အကုန်ချိန်းယူသွားရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ‌ပေါ့။
ဒီနေရာမှာ ကိုယ့်အကောင့်က Two-factor လိုမျိုး Login Approved code ခံထားတယ်ဆိုရင်တော့ တဖက်က အလွယ်တကူဝင်လာလို့ရမှာမဟုတ်ပါဘူး၊ ဒါပေမယ့် Login Approved ကိုဖြုတ်တာက မြန်ရင် ၅ မိနစ်အတွင်းပြုတ်သလို၊ အလွန်ဆုံးကြာရင် 12 နာရီကနေ 24 နာရီအတွင်းမှာပဲ ပြုတ်အောင်ဖြုတ်လို့ရသွားတတ်ပါတယ်၊ Account Security ကို ဘာဆိုဘာမှမလုပ်ထားတဲ့သူတွေကတော့ ခံပေတော့ပဲ။

3. အဲ့ဒီ Link ကိုဝင်လိုက်မိတာနဲ့ ကိုယ့်အကောင့်နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတင်ရယူသွားတာမဟုတ်ပဲ ကိုယ့် Friend List ထဲက လူတွေရဲ့ Account info တွေကိုပါ ရယူဖို့လုပ်ထားတာကိုတွေ့ရပါတယ်၊ ကိုယ့်အကောင့် info ပါရုံတင်မက၊ ကိုယ့် Friend တွေရဲ့ info တွေပါ အူတူတူအတတနဲ့ပါအောင်လုပ်ဖို့ စီစဉ်ပေးထားပါသေးတယ်။
အကောင်းဆုံးကတော့ ဘယ်သူက ဘာ Link တွေလာပို့ပို့ ဖင်ယားပြီး ဖွင့်မကြည့်၊၊ ဝင်မကြည့်ကြဖို့လိုပါတယ်၊ အဲ့ဒါမှ ကိုယ့်အကောင့်ရော ကိုယ့်သူငယ်ချင်းတွေရဲ့အကောင့်တွေကို Safe ဖြစ်စေမှာပါ။

ဒါက အင်တာနက် 1000GB အလကားရမယ်ဆိုပြီး ပို့လာတဲ့ Message.

________________________
To counter the Corona virus 🦠 we offer you *1000GB* of free internet Connection to stay at home safely and enjoy the internet Activate the internet package 🌐 👇🏼 *Get it now HERE* 👇🏼
https://shorturl .at/ksFMN
________________________
သူပေးထားတဲ့ ဒီ Link https://shorturl .at/ksFMN ကို ယူပြီးဖွင့်ကြည့်လိုက်တော့ အောက်ကခေါင်းစဉ်နဲ့ Facebook login ကိုတွေ့တယ်၊ Messenger ထဲကနေတာ တန်းနှိပ်လိုက်ရင် နားကားပြီပဲ။
Log in to your Facebook account to connect to Gbs Internet
ဒါက ပါမစ်တောင်းထားတဲ့ Link -
https://mobile.facebook.com/login.php…
ဒါက နောက်ဆုံးအဆင့်မှာတွေ့ရမယ့်နေရာ၊ အူတူတူအတတနဲ့ လိုက်လုပ်ခဲ့ရင် ကိုယ့် Friend list ထဲက အကောင့်တွေပါ ဒုက္ခရောက်သွားစေအောင်စီစဉ်ပေးထားတဲ့နေရာ -
https://100gb .xyz/
______________________________

ဒါကနောက်တခု Netflix Premium ကို 2 လ Free ရမယ်ဆိုတဲ့ဟာ။ 

__________________
*2 Months of Netflix Premium Free at no cost For REASON OF QUARANTINE (CORONA VIRUS)*
Get 2 Months of Netflix Premium Free anywhere in the world for 60 days.
👇🏼 *Get it now HERE* 👇🏼
https://bit. ly/3caSifQ
__________________
Log in to your Facebook account to connect to Netflix
https://mobile.facebook.com/login.php…
https://flixy .xyz/
__________________
နောက်ဆုံးအနေနဲ့ပြောချင်တာက အပေါ်ကလို Messenger ကနေလာပို့ရင် လောဘဇောတက်ပြီး လျှောက်ဝင်မကြည့်၊ နှိပ်မကြည့်ကြပါနဲ့၊ အခုလို မက်လုံးပေးပြီ ထောင်ဖမ်းထားတာမျိုးမှမဟုတ်ဘူး ဘယ်သူ့အကောင့်တွေကနေ၊ ဘာ Link လာပို့ပို့ ဝင်မကြည့်ကြပါနဲ့ ဘယ်လောက်ပဲရင်းနှီးတဲ့သူ၊ ယုံကြည်ရပါတယ်ဆိုတဲ့သူက လာပို့တာပဲဖြစ်ဖြစ် လာပို့တဲ့ Link တွေကို နှိပ်မကြည့်ကြပါနဲ့၊ ဖင်ယားပြီး နှိပ်ကြည့်မိရင်တော့ ကိုယ်ဖြစ်တာကိုယ့်ဘာသာခံကြပါ၊ တခုခုဆက်ဖြစ်လာတော့မှ အဖေကယ်ပါ၊ အမေကယ်ပါတွေ မလုပ်ကြပါနဲ့။
Covid-19 ကာလမှာ သတိထားပြီး ရှောင်ရှားနိုင်ကြပါစေ။

[[ Edit လုပ်ပြီးထပ်ဖြည့် ]]

လာပို့တဲ့ Link ကိုဝင်ကြည့်မိထားတယ် ဘယ်လိုလုပ်ရမလဲဆိုတဲ့သူတွေအတွက်...

1. Password ချိန်း။

2. Settings => Security and Login => Where your login မှာ See All ကိုနှိပ်ပြီးစစ်၊ ပြီးရင် Logout All Device လုပ်။

3. Apps and Website ထဲဝင်ပြီး Login with Facebook နောက်နားက Edit လေးကိုနှိပ် အထဲကိုဝင်ပြီး log ကို Delete လုပ်။

အဲ့ဒါဆို ရပါပြီ။

ချစ်ခြင်းအားဖြင့်
Aung Kyaw Soe( 14.4.2020 - 5:21 PM )

#Covid19 #Coronavirus #Security #CyberSecurity #Phishing #Scam #ScamMessage #ScamLink

မူရင်းပို့စ် - 
-     
  




-     
  
Facebook မြန်မာနိုင်ငံမှာနေထိုင်သူတွေအတွက် Auto convert လုပ်ပေးထားလို့ Unicode နဲ့ရေးရေး၊ Zawgyi နဲ့ရေးရေး၊ အမှန်မြင်ရပါတယ်။

မမှန်ဘူးဖြစ်နေရင်....
Facebook app, Messenger app, တွေကို Update လုပ်ကြည့်ပြီး ပြန်သုံးကြည့်ပါ။

App တွေကို Update လုပ်ပြီးတာတောင်မရသေးဘူးဆိုရင်...
Facebook ကို Login and Log Out ကို ၂ ခါ ၃ ခါ လုပ်ကြည့်ပြီးပြန်သုံးကြည့်ပါ။( မရမချင်းလုပ်ကြည့်ပါ။ )
_______________________________

Facebook ထဲမှာတော့ Auto Convert ရနေပြီး Messenger ပဲ Auto convert မရတာဆိုရင် ဒီလိုလုပ်ပါ။

ဖုန်းထဲက Settings => App => Messenger ထဲကို အဆင့်ဆင့် ဝင်ပြီး Clear cache နဲ့ Clear data လုပ်ပါ။

ပြီးရင် Messenger ကို မဖွင့်ပဲ Facebook App ကိုဖွင့်ပြီး Message ကိုဖွင့်လိုက်ပါ။ Messenger ကို အလိုလျောက်ချိတ်ပေးသွားပြီး Auto Convert ရသွားပါလိမ့်မယ်။

သတိပြုရန်// လက်ရှိ ရောက်နေတာက မြန်မာပြည် Location ထဲမှာမဟုတ်ရင် Auto convert က မရဘူး။ မြန်မာနိုင်ငံမှာနေတဲ့သူတွေပဲရမယ်။ ပြည်ပဆို အနီးဆုံး ထိုင်း၊ မလေး၊ စင်္ကာပူ၊ တွေမှာလည်းမရဘူး။ မြန်မာပြည်တွင်း တခုပဲ Auto convert ရပါမယ်။

https://web.facebook.com/MyanmarUnicodeSupport/posts/


မူရင်းပို့စ် -
-     
  




-     
  
Covid-19 ကို လူတိုင်းစိတ်ဝင်စားပြီး လူတိုင်းကြောက်ရွံ့နေချိန် နည်းပညာပိုင်း၊ Cyber Security ပိုင်းမှာလည်း Covid-19 နဲ့ပတ်သက်ပြီး ဒီလိုကြောက်စရာကောင်းတဲ့အရာတွေ ပေါ်ထွက်လာနေတယ်ဆိုတာသိထားပြီး သတိထားမိကြဖို့လိုပါတယ်။ သိလည်းမသိဘူး၊ သတိလည်းမထားမိဘူး၊ ကိုယ်နဲ့မဆိုင်ဘူးလို့ လျစ်လျူရှုထားလိုက်ရင် ခံရမယ့်သူက ကိုယ်ဖြစ်သွားနိုင်ပါတယ်။



အခုလို Ransomware တွေ မြန်မာပြည်မှာ သိသိသာသာနဲ့ထိလာတာ အလွန်ဆုံး ၃ နှစ်၊ ၄ နှစ်၊ ဝန်းကျင်ပဲရှိဦးမယ်ထင်တယ်။ နဂိုက ကွန်ပြူတာ( Desktop, Laptop ) တွေမှာပဲ အထိများခဲ့ပေမယ့် အခုဆိုရင် Mobile Phone အသုံးပြုသူများလာတာနဲ့အမျှ Mobile user တွေကို Target ထားတဲ့ Ransomware တွေ အများအပြားထွက်လာနေပြီဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်ပုံက ကြောက်ဖို့ကောင်းလို့ လူတိုင်းသတိထားသင့်ပါတယ်။

Ransomware ထိရင်ဘာဖြစ်လဲ?
Ransomware ထိရင် ဘာဖြစ်နိုင်လည်းဆိုတော့ ကိုယ့်ရဲ့ Computer, Mobile တွေထဲမှာရှိတဲ့ Data တွေကို သုံးလို့မရတော့အောင်လုပ်ခံလိုက်ရပြီး ပြန်လည်အသုံးပြုချင်တယ်ဆိုရင် သူတို့တောင်းခံထားတဲ့ ငွေကြေးကို ပေးချေလိုက်တော့မှသာ ကိုယ့်ရဲ့အချက်အလက်တွေပြန်လည်ရရှိပြီး အသုံးပြုလို့ရပါတယ်။ 100% ပြန်ရလားဆိုရင်တော့ မရတာများတယ်လို့ပြောလို့ရသလို ပိုက်ဆံတော့ပေးလိုက်ရတယ် ဘာ Data မှ ပြန်မရဘူးဆိုတာမျိုးတွေလည်းရှိပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ကွန်ပြူတာတွေ၊ မိုလ်ဘိုင်းဖုန်းတွေကို Ransomware မထိဖို့က ကိုယ့်မှာပဲတာဝန်ရှိတယ်ဆိုတာကို သိထားဖို့လိုပါတယ်။

Ransomware က ဘယ်လိုဝင်ရောက်လာနိုင်တာလဲ?
SS ထဲမှာရေးထားသလိုမျိုး တွေ့ကရာ Website တွေဝင်ကြည့်၊ လျှောက်နှိပ် လျှောက်ကလိတာမျိုးလုပ်ရင်၊ တွေ့ကရာ Computer Software, Mobile App, တွေကို Download လုပ်ပြီးအသုံးပြုရင်၊ Email ထဲမှာပါလာတဲ့ Word File, PDF File, Video File, Photo File, လိုမျိုးတွေကို ဖွင့်ကြည့်မိရင် Ransomware ထိနိုင်ပါတယ်။

Ransomware မထိအောင် ဘယ်လိုကာကွယ်ရမလဲ?
တွေ့ကရာ Website တွေလျှောက်မဝင် လျှောက်မကလိပါနဲ့၊ တွေ့ကရာ Software, Mobile App, တွေကို Download လုပ်ပြီးမသုံးပါနဲ့၊ Email ထဲမှာပါလာတဲ့ Word File, PDF File, Video File, Photo File, လိုမျိုးတွေကို အလွယ်တကူဖွင့်မကြည့်ပါနဲ့၊ မဖြစ်မနေ ဝင်ကြည့်မှရမယ်၊ ဒေါင်းသုံးမှရမယ်၊ ဖွင့်ကြည့်မှရမယ်၊ ဆိုခဲ့လျှင် ကိုယ်ဝင်ကြည့်မည့် Website address, Download ပြလုပ်ထားသည့် File, Email ထဲမှာပါလာတဲ့ File, တွေကို ဒီတိုင်း လက်လွတ်စပါယ်ဖွင့်မကြည့်ပဲ www.virustotal.com
လိုမျိုး Website ထဲမှာထည့်ပြီး Scan ဖတ်ပြီး Safe ဖြစ်တယ်ဆိုတော့မှသာ ဝင်ကြည့်၊ ဖွင့်ကြည့်၊ သုံးကြည့်ပါလို့ တိုက်တွန်းရင်းနဲ့ ကြောက်စရာကောင်းတဲ့ Ransomware ကို သတိထားပြီးရှောင်ရှားကြပါလို့ နောက်ဆုံးအနေနဲ့ ပြောချင်ပါတယ်။

Aung Kyaw Soe ( 16.3.2020 - 10:58 AM )

SS ထဲမှာပါတဲ့ မူရင်းပို့စ် => https://www.facebook.com/lolsecmm/posts/1321720024703934
________________

အားလုံးပဲ ဝိုင်းဝန်းကူညီတဲ့အနေနဲ့ သတင်းအမှားဖြန့်ဝေမှုများကိုတွေ့ရှိလာပါက ဒီ Group လေးထဲမှာ ပြန်လည်လာရောက်ပြီး တင်ပေးကြစေလိုပါတယ်။
သတင်းအမှန်များသိရှိနိုင်ရန်အတွက်လည်း သတင်းအမှန်များကို Information Sharing ပြုလုပ်ပေးနိုင်ပါတယ်။

ဒီ COVID-19 သတင်းအမှားတင်သူများရှာဖွေဖော်ထုတ်ရေး Group လေးထဲကို Join မထားရသေးဘူးဆိုရင် အခုပဲ Join ပြုလုပ်ပြီး သတင်းမှန်များ၊ သတင်းမှားတင်ထားသည့်များကို လာရောက်တင်ပေးကြပါဦး။
Group ထဲကို Join လိုပါက ...
Web Address: https://www.facebook.com/groups/Covid19infoMyanmar
________________
#Covid19 #Coronavirus #FakeNews #FactChecking
#Covid19FakeNews #CoronavirusFakeNews #FakeNewsCovid19 #Covid19FactChecking
#Covid19infoMyanmar #Covid19infoMyanmarGroup

မူရင်းတင်ထားသည့်ပို့စ် -


-     
  

Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com