Online Service Center Myanmar: Tutorial -->

Tutorial

My Blog

Latest blog



-     
  
ကျွန်တော်တို့ဆီကို Boost Service လာအပ်တဲ့အခါတိုင်းမှာ ယူသည့် Paln ရဲ့ ကျသင့်ငွေအမောက်( USD )အတိုင်း ကတ်ထဲကိုပဲ တိုက်ရိုက်ထည့်ခိုင်းတာများပါတယ်။ ဘာလို့အဲ့လိုထည့်ခိုင်းတာလည်းဆိုတော့ ကျွန်တော်တို့အသုံးပြုနေတဲ့ကတ်က CB Bank က ကတ်ဖြစ်နေလို့ပါပဲ၊ အခြား Payment တွေ၊ Banking တွေကနေလွှဲရင် ပြန်ထုတ်ရတာနဲ့ ဘဏ်မှာသွားပြန်သွင်းရတာနဲ့ အင်မတန်မှ အလုပ်ရှုပ်စေပါတယ်၊ အဲ့ဒါတင်မကပါဘူး ဒေါ်လာဈေးအတက်အကျကြမ်းရင် တဖက်ကလွှဲပေးတုန်းက ၁၂၀၀ ကျော်လောက်ပေါက်ပြီး၊ ကိုယ်က ဘဏ်မှာပြန်သွားသွင်းရင် ၁၃၀၀ ကျော်လောက်နဲ့သွင်းရတာမျိုးကြုံဖူးတယ်၊ သွင်းခပါ သပ်သပ်ထပ်ပေးရတဲ့အခါတွေလည်းရှိတယ်၊ အဲ့ဒါကြောင့် နောက်ဆုံး ကတ်ထဲပဲ တိုက်ရိုက်ထည့်ခိုင်းလိုက်တော့တယ်။
 
အခုနောက်ပိုင်း CB Pay အသုံးများလာသည့်အတွက် CB Pay ထဲကနေ တိုက်ရိုက်ထည့်သွင်းပေးနည်း ကိုပြပေးလိုက်ပါတယ်။

 
အောက်ကစာကတော့ Boost Service လာအပ်သူတိုင်းကိုပေးနေကျစာလေးပါ။ 
 
___________________
 
Boost Service အတွက် ငွေကို ဘယ်လိုပေးချေရမလဲ...?
 
Boost Service အတွက်ကတော့ ကိုယ်ယူမယ့် Plan အလိုက် ငွေအမောက်ကို ဘဏ်ကတ်ထဲ တိုက်ရိုက်ထည့်ပေးရတာပါ။
 
လွှဲပေးရမယ့် ကတ်အကောင့်နံပါတ် - 
 
CB Bank Master Card - 5126241000554681 ( Owner Name - Aung Kyaw Soe )
သက်တမ်းကုန်မယ့်ရက် - 01/23
 
CB Pay Account Number - 09421157911 ( 2027600600442461 )
 
CB Pay, CB Bank Mobile Banking သုံးရင်တော့ ကိုယ်တိုင် လွှဲပေးလို့ရသလို မသုံးဘူးဆိုရင်လည်း CB Bank ကိုသွားပြီး ကျသင့်တဲ့ငွေအမောက်ကို ဒေါ်လာနဲ့ဖြစ်စေ မြန်မာကျပ်ငွေနဲ့ဖြစ်စေ သွားရောက်ပြီးသွင်းလို့ရပါတယ်။
 
ငွေသွင်းပြီးတာနဲ့ ဒီဘက်မှာ Mobile Message, Email, ဝင်လာပါတယ်။ အဲ့လို ဝင်လာတာနဲ့ Boost Service ( Boost Run တာ ) စတင်ပြီးပေးပါတယ်။
 
Admin team ( m.me/OSCMyanmar.mm )
 
-     
  




-     
  
မကြာခဏ အကူအညီလာလာတောင်းတတ်ကြလို့ပါ၊ ကိုယ့်ရဲ့ Account နဲ့၊ ကိုယ့်ရဲ့ Page က Blue Mark ရနိုင်တဲ့စာရင်းမှာပါတယ်၊ ရသင့်တယ်လို့ယူဆရင် ပိုက်ဆံတပြားတကျပ်မှမကုန်ကြတာမို့ လျှောက်ကြည့်ကြပါ။
 
 တခုတော့ပြောချင်ပါတယ် အဲ့ဒါကတော့ Facebook က သတ်မှတ်ထားတဲ့စာရင်းထဲမှာမပါဝင်ဘူးဆိုရင်တော့ အားအားယားယားဝင်မလျှောက်ပါနဲ့ ကိုယ့်အကောင့်၊ ကိုယ့် Page က Blue mark ရနိုင်တာမျိုးမဟုတ်ပဲ ခဏခဏ ဝင်လျှောက်လွန်းရင် ရာသက်ပန်လျှောက်ခွင့်အပိတ်ခံရနိုင်ပါတယ်။ Blue Mark ရနိုင်တဲ့စာရင်းမှာပါဝင်တဲ့ Page တွေ အကောင့်တွေ အနေနဲ့ကတော့ ယခင်ကတော့ လျှောက်ဖူးတယ်၊ ဒါပေမယ့်အငြင်းခံလိုက်ရတယ်မရဘူးဆိုရင် ရက် ( ၃၀ ) ကျော်တိုင်းမှာ ပြန်လျှောက်ကြည့်ပါ၊ ကိုယ့်အကောင့်၊ ကိုယ့် Page မှာ လိုအပ်ချက်လေးရှိနေသေးလို့မရသေးတာပါ၊ သတ်မှတ်ချက်တွေပြည့်မှီတာနဲ့ ရပါလိမ့်မယ်။ WiKi Page ရှိရမယ်၊ ကိုယ့်အကြောင်း သတင်းမီဒီယာမှာဖော်ပြထားတာတွေရှိရမယ်၊ အင်တာဗျူးထားတာမျိုးတွေရှိရမယ်၊ ဆိုပြီး အတိအကျသတ်မှတ်ပေးမထားပါဘူး၊ ဘာမှမရှိလည်း သတ်မှတ်ချက်တွေပြည့်မှီရင်ရပါတယ်။ 
 
 
Blue Mark လျှောက်ဖို့အတွက် ဘာတွေလိုအပ်လည်းဆိုရင်...
နံပါတ်( ၁ ) - ကိုယ့် Account, ကိုယ့် Page, က Public figure, Celebrity, or Global brand it represents. ဖြစ်နေဖို့လိုပါတယ်၊ အဲ့လိုမှ မဟုတ်ရင် လျှောက်ဖို့စိတ်မကူးပါနဲ့ လျှောက်လည်း ရမှာမဟုတ်လို့ပါ။
နံပါတ်( ၂ ) - User Account, User Page အတွက်ဆို ID Card လိုအပ်ပြီး၊ Business Page အတွက်ဆို လုပ်ငန်းလိုင်စင်လိုမျိုးလိုအပ်ပါတယ်။
နံပါတ်( ၃ ) - လျှောက်ထားသူရဲ့ Account ရဲ့ Security ပိုင်းအတွက် Two-Factor( Login Approved Code ) ကို On ထားဖို့လိုပါတယ်။
အဲ့ဒီ ( ၃ ) ချက်ပြည့်စုံပြီဆိုရင် လျှောက်ကြည့်လို့ရပါတယ်။ 
 
___________________
 
Profile( User Account ) အတွက်လျှောက်နည်း -
1. Verification type မှာ Profile ကိုရွေးပါ။
2. Provide your Facebook Profile's link မှာ ကိုယ့်အကောင့် Profile link ကိုထည့်ပါ။
3. Select a category for the Page or Profile မှာ ကိုယ့် Account နဲ့ သက်ဆိုင်တဲ့ Category ကိုရွေးပေးပါ။
4. Which Country is this entity from? မှာ Myanmar လို့ရေးပေးပါ။
5. Please attach a photo of your ID မှာ လူအတွက်ဆို ID Card( မှတ်ပုံတင်၊ ပတ်စပို့စ်၊ ယာဉ်မောင်းလိုင်စင်၊ အသင်းအဖွဲ့ဝင်ကတ်၊ တွေထဲကတခုခု ) ထည့်ပေးပါ။
6. Please share why this Facebook Page or Profile should be verified မှာ ကိုယ်ကဘယ်သူဘယ်ဝါပါ၊ ဘာလုပ်ပါတယ်၊ ဘာကြောင့် Blue Mark ကို ရချင်တာပါရေးပေးပါ။
7. List other social media presence accounts (optional) မှာကတော့ ကိုယ့်မှာ IG, Twitter, TikTok, ဘာညာတွေရှိရင်ထည့်( ဘာမှမထည့်လည်းရတယ် )။
8. Additional comments (optional) မှာ မှတ်ချက်တခုခုထပ်ရေးချင်ရင်ရေး( ဘာမှ မရေးလည်းရတယ် )။
9. ပြီးပြီဆို Send ကို နှိပ်ပို့ပေးလိုက်ရင်ရပြီ။
___________________
 
ဒီလောက်လွယ်ကူနေတဲ့အရာကို ဘာလို့သူများကိုလျှောက်ခိုင်းနေဉီးမှာလဲ? ဘာလို့ ပိုက်ဆံပေးပြီးလျှောက်ခိုင်းနေမှာလဲ?
အခုပဲ ကိုယ်တိုင်ဝင်လျှောက်ကြည့်လိုက်ပါ။ 
 
 
Page အတွက်လျှောက်နည်း
1. Verification type မှာ Page ကိုရွေးပါ။
2. Select Page to verify မှာ ကိုယ် လျှောက်မည့် Page ကိုရွေးပေးပါ။
3. Select a category for the Page or Profile မှာ ကိုယ့် Page နဲ့ သက်ဆိုင်တဲ့ Category ကိုရွေးပေးပါ။
4. Which Country is this entity from? မှာ Myanmar လို့ရေးပေးပါ။
5. Please attach a photo of your ID မှာ လူအတွက်ဆို ID Card ထည့်ပေးပါ၊ လုပ်ငန်းအတွက်ဆို လုပ်ငန်းလိုင်စင်ထည့်ပေးပါ။
6. Please share why this Facebook Page or Profile should be verified မှာ ဒီ Page က ဘာ Page ပါ ဘာကြောင့် Blue Mark ကို ရချင်တာပါရေးပေးပါ။
7. List other social media presence accounts (optional) မှာကတော့ ကိုယ့်မှာ IG, Twitter, TikTok, ဘာညာတွေရှိရင်ထည့်( ဘာမှမထည့်လည်းရတယ် )။
8. Additional comments (optional) မှာ မှတ်ချက်တခုခုထပ်ရေးချင်ရင်ရေး( ဘာမှ မရေးလည်းရတယ် )။
9. ပြီးပြီဆို Send ကို နှိပ်ပို့ပေးလိုက်ရင်ရပြီ။ 
 
 
___________________
 
ဘယ်ကဝင်လျှောက်ရမှာလဲ ဆိုရင် ဒီကဝင်လျှောက်ပါ => https://www.facebook.com/help/contact/342509036134712?helpref=https//www.facebook.com/aungkyawsoe.sb
 
Blue Mark လျှောက်တာ ပိုက်ဆံပေးရလား၊ ပိုက်ဆံပေးပြီးဝယ်လို့ရလားဆိုရင် "It's not possible to purchase a verified badge" လို့ရေးပေးထားပါတယ်၊ အမြဲတမ်းအခမဲ့ပါ၊ မည်သူမဆိုလျှောက်ထားလို့ရပါတယ်၊ သတ်မှတ်ချက်ပြည့်မှီတဲ့သူဖြစ်ဖို့ပဲလိုပါတယ်၊ ပိုက်ဆံနဲ့ဝယ်လို့မရသလို တပြားတကျပ်မှလည်းပေးစရာမလိုပါ။
 
အဲ့ဒီအကြောင်းကို ဒီ What is a verified Page or profile? ( https://www.facebook.com/help/196050490547892?helpref=https//www.facebook.com/aungkyawsoe.sb ) မှာ ရေးပေးထားပါတယ်။ 
 
Blue Mark နဲ့ပတ်သက်ပြီး ပိုမိုပြီး အသေးစိတ်သိရှိလေ့လာလိုပါက How do I request a verified badge on Facebook? ( https://www.facebook.com/help/1288173394636262?helpref=https//www.facebook.com/aungkyawsoe.sb ) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 
 
ကဲ... အခု Blue Mark လျှောက်နည်းအတိုင်းလျှောက်ကြည့်လိုက်လို့ Blue Mark ရသွားပြီဆိုရင် ကျွန်တော့်ကို ကျေးဇူးတင်ပါတယ်တို့၊ မုန့်လိုက်ကျွေးတာတို့လုပ်ပါ။ 😛 ( နောက်တာနော် အတည်ပြောတာမဟုတ်ဘူး၊ ကျေးဇူးမတင်လို့လည်းရပါတယ်၊ မုန့်လိုက်မကျွေးလို့လည်းရပါတယ်။ 😃
 
အားလုံးပဲ အဆင်ပြေကြပါစေ...
 
ချစ်ခြင်းအားဖြင့်
Aung Kyaw Soe ( 24.8.2020 - 11:37 AM )
 
-     
  



-     
  

Account Hack ခံရမှာကြောက်နေသူများအတွက် $10 တန် Account Security လုပ်နည်းနဲ့၊ Security Knowledge လေးတွေကို Free တင်ပေးထားပါတယ်။

ဖတ်ပါ၊ မှတ်ပါ၊ လိုက်နာပါ၊ လုပ်ဆောင်ပါ။

ဒီအတိုင်းလုပ်ထားရင်၊ လိုက်နာထားရင် ကိုယ့်အကောင့် အခိုးခံရမှာ၊ ကိုယ့်အကောင့်ကိုခိုးပြီး မဟုတ်တာတွေလုပ်သွားမှာ၊ တွေအတွက် ဘာမှ ပူနေစရာမလိုပါဘူး။

အဓိက တာဝန်ရှိတာက ကိုယ်သုံးနေတဲ့အကောင့်လေးတွေကို ကိုယ်တိုင် Security မြှင့်ပြီးသုံးထားဖို့ရယ်၊ ဘယ်လိုအရာတွေကိုလုပ်မိရင် ကိုယ့်အကောင့် အခိုးခံရနိုင်တယ်ဆိုတာကို သိထားဖို့ပဲလိုတာပါ။

Facebook တော့သုံးနေပြီး ကိုယ့်အကောင့် Hack လုပ်မခံရဖို့၊ လုံခြုံအောင်ထားဖို့က ကိုယ် ကိုယ်တိုင်လုပ်မှ၊ ကိုယ် ကိုယ်တိုင်သိထားမှ၊ ရမှာပါ။

မြင်းတော့အမြဲတမ်းစီးနေပြီး ကိုယ်စီးနေတဲ့မြင်းကို အထီးလား အမလားသိအောင်လုပ်မထားရင် မလုပ်ထားသူအပြစ်ပါပဲ။

ကိုယ့်အကောင့်ကိုယ် လုံခြုံအောင်လုပ်မထားပဲ Hack လုပ်ခံရတော့မှ၊ ကိုယ့်နာမည်၊ ကိုယ်ပုံတွေနဲ့ ကိုယ့်အကောင့်ကြီးနဲ့ ပိုက်ဆံတွေလိုက်လိမ်နေတော့မှ၊ မဟုတ်တာတွေလိုက်လုပ်နေတော့မှ၊ အဖေကယ်ပါ ‌အမေကယ်ပါတွေမလုပ်ကြပဲ၊ ဘာမှမဖြစ်သေးခင်ကတည်းက ဘာမှ မခဲယဉ်းတဲ့၊ ဘာမှမခက်ခဲတဲ့၊ အကောင့် Security မြှုင့်နည်းလေးတွေကို သေခြာလေးလိုက်လုပ်ထားကြပါလို့ပဲ ပြောချင်ပါတယ်။

အကောင့်လုံခြုံစေဖို့ ဒီမှာဝင်ဖတ်ပြီး လိုက်လုပ်ပါ။


https://m.facebook.com/story.php?story_fbid=1454842658011826&id=100004583169241

မူရင်းတင်ထားသည့်ပို့စ် - 
-     
  




-     
  
Facebook မြန်မာနိုင်ငံမှာနေထိုင်သူတွေအတွက် Auto convert လုပ်ပေးထားလို့ Unicode နဲ့ရေးရေး၊ Zawgyi နဲ့ရေးရေး၊ အမှန်မြင်ရပါတယ်။

မမှန်ဘူးဖြစ်နေရင်....
Facebook app, Messenger app, တွေကို Update လုပ်ကြည့်ပြီး ပြန်သုံးကြည့်ပါ။

App တွေကို Update လုပ်ပြီးတာတောင်မရသေးဘူးဆိုရင်...
Facebook ကို Login and Log Out ကို ၂ ခါ ၃ ခါ လုပ်ကြည့်ပြီးပြန်သုံးကြည့်ပါ။( မရမချင်းလုပ်ကြည့်ပါ။ )
_______________________________

Facebook ထဲမှာတော့ Auto Convert ရနေပြီး Messenger ပဲ Auto convert မရတာဆိုရင် ဒီလိုလုပ်ပါ။

ဖုန်းထဲက Settings => App => Messenger ထဲကို အဆင့်ဆင့် ဝင်ပြီး Clear cache နဲ့ Clear data လုပ်ပါ။

ပြီးရင် Messenger ကို မဖွင့်ပဲ Facebook App ကိုဖွင့်ပြီး Message ကိုဖွင့်လိုက်ပါ။ Messenger ကို အလိုလျောက်ချိတ်ပေးသွားပြီး Auto Convert ရသွားပါလိမ့်မယ်။

သတိပြုရန်// လက်ရှိ ရောက်နေတာက မြန်မာပြည် Location ထဲမှာမဟုတ်ရင် Auto convert က မရဘူး။ မြန်မာနိုင်ငံမှာနေတဲ့သူတွေပဲရမယ်။ ပြည်ပဆို အနီးဆုံး ထိုင်း၊ မလေး၊ စင်္ကာပူ၊ တွေမှာလည်းမရဘူး။ မြန်မာပြည်တွင်း တခုပဲ Auto convert ရပါမယ်။

https://web.facebook.com/MyanmarUnicodeSupport/posts/


မူရင်းပို့စ် -
-     
  




-     
  
Message ကနေလာပြီး Messenger ဖွင့်မရဘူးဖြစ်နေတယ်၊ ဖွင့်ပြီး တယောက်ယောက်နဲ့စကားပြောဖို့နှိပ်လိုက်တိုင်း Chat box လည်းတက်မလာဘူး။ Popup box လည်းတက်မလာဘူး။ Force stop လိုဖြစ်ပြီး ရပ်ပြီးပျောက်ပျောက်သွားတယ်။ ဆိုပြီး လာပြောနေကြတာများလို့ပါ။

အဲ့ဒီလိုဖြစ်နေရင် အရင်ဆုံး Apps Version ကို Update ဖြစ်မဖြစ် အရင်စစ်ကြည့်ပါ။ မဖြစ်သေးရင် Update လုပ်ပြီးသုံးကြည့်ပါ။ Update တော့ဖြစ်နေပြီး Error တက်နေသေးတယ်ဆိုရင်တော့ အောက်ပါအတိုင်းလုပ်ပါ။


Android ဆိုရင် -
ဖုန်းထဲက Settings => Apps => Messenger ဆိုပြီး အဆင့်ဆင့်ဝင်ပါ။ အထဲကိုရောက်ပြီဆိုရင် Clear cache လေးအရင်လုပ်ပြီး၊ Clear data ဆက်လုပ်ပါ။ ပြီလျှင် Force stop ဆိုတာလေးကို နှိပ်ပြီး ပြန်ထွက်လိုက်ပါ။

iOS ( iPhone, iPad ) ဆိုရင် -
Messenger App ကိုဖျက်ပြီး အသစ်ပြန်ဒေါင်းထည့်ပါ။

အထက်ပါ အတိုင်းလုပ်ပြီးပါက Messenger ကို ဒီတိုင်းမဖွင့်ပါနဲ့။ Facebook ထဲကိုဝင်ပြီး Message icon လေးကိုနှိပ်ဖွင့်ပြီး Continue လုပ်ပြီးတာနဲ့ Not Now လေးတွေချည်းပဲလုပ်ပေးလိုက်ပါ။ Messenger ထဲရောက်သွားပြီဆိုတာနဲ့ ပြန်သုံးကြည့်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်။


Version Update ပြုလုပ်ရန်၊ သို့မဟုတ် Official App များကို Download ပြုလုပ်ရန်။

Android - https://play.google.com/store/apps/details…

iOS - https://apps.apple.com/us/app/messenger/id454638411

#Facebook #Messenger #FacebookMessenger #Error #MessengerError

မူရင်းပို့စ် -
-     
  




-     
  

အရင်နေ့က ICJ အကြောင်းတင်ထားတဲ့ Post တခုအောက်က အပြန်အလှန်ပြောနေတဲ့ Comment တွေကိုလိုက်ဖတ်ရင်းနဲ့ ဘာလေးတခုကိုသွားတွေ့လည်းဆိုတော့ ဘာသာခြားတယောက်က လာမန့်ထားတာလေးကိုသွားတွေ့တယ်။ သူပြောထားတာကဘာလဲဆိုတော့ မင်းတို့မြန်မာနိုင်ငံကို တကမ္ဘာလုံးက အကြမ်းဖက်အားပေးတဲ့နိုင်ငံ၊ ဆိုးသွမ်းတဲ့လူရမ်းကားတွေရှိတဲ့နိုင်ငံအဖြစ်သတ်မှတ်ထားတယ်။ အခြားမပြောနဲ့ Google Translate မှာ မြန်မာလို "မျိုးစောင့်ဥပဒေ" လို့ပဲရိုက်ထည့်ကြည့်လိုက် "Genocide Act" ဆိုပြီးထွက်လာလိမ့်မယ်တဲ့။ ကိုယ်တွေလည်း ချက်ချင်းပဲ Google translate ကိုဖွင့်ပြီးရိုက်ထည့်ကြည့်လိုက်တော့ တကယ်ကြီးဖြစ်နေတာကိုသွားတွေ့ရတယ်။

အဲ့ဒီမှာ ကိုယ်တွေသိလိုက်ရတာက တစုံတယောက်ကတော့ ချောက်ချထားပြီဆိုတာကိုပါပဲ။ ဘာသာပြန်ထားတာကြီးက တလွဲကြီးဆိုပေမယ့် တိုင်းတပါးသားတွေသာ "မျိုးစောင့်ဥပဒေ" ဆိုတာကိုစိတ်ဝင်စားပြီး "မျိုးစောင့်ဥပဒေ" ဆိုတဲ့စကားလုံးကို သူတို့ English လို ဘယ်လိုပြန်လဲ၊ ဘယ်လိုအဓိပ္ပါယ်သက်ရောက်လည်းဆိုပြီးများ Translate လုပ်ကြည့်လိုက်ရင် ထွက်လာမယ့် ဘာသာပြန်ဆိုချက်က "Genocide Act" ဆိုတာကိုများ တွေ့သွားခဲ့ရင်တော့ သွားပါပြီဆိုပြီးတွေးလိုက်မိတယ်။

အမှန်တကယ်က....

မျိုးစောင့်ဥပဒေ <= Myanmar to English => Interfaith Marriage Law

Interfaith Marriage Law <= Myanmar to English => ဘာသာပေါင်းစုံလက်ထပ်ထိမ်းမြားမှုဥပဒေ

Genocide Act <= Myanmar to English => လူမျိုးတုံးသတ်ဖြတ်မှုအက်ဥပဒေ

ဆိုပြီးဖြစ်နေရမှာ.....

Google translate ဆိုတာက ဘာသာပြန်ဆိုချက်တိုင်းမှာ မှားယွင်းမှုရှိနေရင်ဖြစ်ဖြစ်၊ Translate ပြီးထွက်လာတာမရှိရင်ဖြစ်ဖြစ်၊ ကိုယ်တိုင်ဝင်ရောက်ပြီး Edit လုပ်ပြီး Translate တာနဲ့ပတ်သက်ပြီးဖြည့်တာ၊ ဖျက်တာ၊ ထပ်ပေါင်းတာတွေ လုပ်လို့ရပါတယ်။

လက်ရှိ Google translate မှာ မှားယွင်းနေတဲ့ "မျိုးစောင့်ဥပဒေ" ဆိုတာကို Translate လုပ်လိုက်ရင် "Genocide Act" ဆိုပြီး ထွက်လာတာကိုလည်း ဘာသာခြား၊ လူမျိုးခြားတွေ ခြေဆော့လက်ဆော့လုပ်ပြီး ပြောင်းပစ်ထားတာလို့ယူဆမိတယ်။ တမင်ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲထားတာလဲဖြစ်နိုင်ပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ရိုဟင်ညာ ဆိုတဲ့ မရှိတဲ့လူမျိုးနဲ့ ရိုဟင်ညာသမိုင်းကြောင်းဆိုပြီး အွန်လိုင်းပေါ်မှာ ပွထလာတဲ့ Data index တွေကို OIC အဖွဲ့ဝင် နိုင်ငံပေါင်းစုံကနေ လူအင်အား၊ ငွေအင်အား၊ တွေနဲ့ Supporting လုပ်ပေးနေပြီး OIC ကျောထောက်နောက်ခံရှိတဲ့ Media တွေကလည်း အကုန်ဝိုင်ဝန်းပြီး အစစ်အမှန်ဖြစ်အောင်လုပ်ပေးနေကြတာမို့ပါ။

ကဲ... အဲ့ဒါတွေအသာထားလိုက်ပါဗျာ အခု ဒီမှားယွင်းနေတဲ့ ဘာဘာပြန်ဆိုမှုကြီးကို မြန်မာပြည်သူ/ပြည်သားတွေအနေနဲ့ ဝိုင်းဝန်းပြီး ပြင်ဆင်လိုက်ကြရအောင်လား။


သို့မဟုတ် မိမိတို့အသုံးပြုနေတဲ့ Mobile phone or Computer တွေထဲက Browser ကိုဖွင့်ပြီး Google Translate ကိုသွားပြီး Burmese to English လို့ ထားပြီး "မျိုးစောင့်ဥပဒေ" လို့ရိုက်ထည့်လိုက်ပါ။ ထွက်လာတဲ့ ဘာသာပြန်ဆိုချက် "Genocide Act" ဆိုတဲ့နေရာမှာ ဒီ "Interfaith Marriage Law" ဆိုတာလေးကိုပြောင်းထည့်ပြီး Submit လုပ်ပေးကြပါ။ ( ဒီထဲကစာကို Copy ယူရအဆင်မပြေဘူး၊ စာရိုက်ထည့်ရမှာအဆင်မပြေဘူးဆိုရင် အလွယ်ယူလို့ရအောင် Interfaith Marriage Law ဆိုတာကို အခုပို့စ်အောက်က Comment မှာ ထည့်ပေးထားပါ့မယ်။ )


Edit ခလုတ်လေးက....

Computer ဆို ခဲတံပုံလေးက Suggest an Edit ခလုတ်ပါ။

Mobile browser ထဲမှာဆို ဘာသာပြန်ဆိုချက် ညာဘက်‌အောက်နားက အစက်လေး ၃ စက်ထဲမှာ Suggest an Edit ခလုတ်ရှိပါတယ်။

Aung Kyaw Soe ( 16.12.2019 - 9:26 PM )


-     
  




-     
  
Report an Imposter Account ဆိုတာ Facebook မသုံးတဲ့သူတွေနဲ့ အရေးကြီး Person တွေရဲ့ Fake Account ( အကောင့်အတု )တွေပေါ်လာခဲ့ရင် Report လုပ်လို့ရအောင် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ Account Hack or ခိုးယူခံရပြီး ပြန်မရနိုင်တော့တဲ့သူတွေအတွက်လည်း Account ကိုဖျက်ပစ်ဖို့ အတွက်အသုံးတည့်ပါတယ်။


ဘယ်လိုအရာတွေအတွက် ဒီ Report tool ကိုအသုံးပြုနိုင်လဲ?


 1. Someone is using my email address on their account.
 ( တစုံတယောက်က မိမိရဲ့ Email ကိုသုံးပြီးအကောင့်ဖွင့်ထားတယ်။ )

2. Someone created an account for my business or organization.
  ( တစုံတယောက်က မိမိရဲ့စီးပွားရေး သို့မဟုတ် မိမိတို့အဖွဲ့အစည်းပုံစံမျိုးနဲ့ အကောင့်ဖွင့်ထားတယ်။ )

3. Someone created an account pretending to be me or a friend.
 ( တစုံတယောက်က မိမိ သို့မဟုတ် မိမိသူငယ်ချင်းပုံစံနဲ့အကောင့်ဖွင့်ထားတယ်။ )

အထက်ပါအကြောင်းရာနဲ့ပတ်သက်ပြီး ဒီ Report an Imposter Account နေရာလေးကနေ Report ပြုလုပ်လို့ရပါတယ်။ 


 လိုအပ်ချက်များ -

●  လက်ရှိအသုံးပြု​နေ​သော Facebook account တစ်ခုရဲ့ Email ကို ဝင်လို့ရရမည်။
    (Facebook account မဖွင့်ထား​သော Email ကို သုံးလို့မရပါ။)
●  Report ပြုလုပ်ပြီး ဖျက်ပစ်မည့် Account အကောင့်မူရင်းပိုင်ရှင်၏ ID ပုံ နှစ်ပုံ။
    (ID ဆိုတာ Passport / ယာဉ်မောင်းလိုင်စင် / မှတ်ပုံတင်တွေကို ပြောတာပါ။)

●  Account အတု / ဖျက်ချင်တဲ့ Account ရဲ့ Profile Link.


ကဲ... အခု Hack ခံထားရတဲ့အကောင့်တခုနဲ့စလုပ်ပြပေးပါ့မယ်။ Report စတင်ပြုလုပ်ဖို့အတွက် အောက်ပါ Link လေးကိုဝင်လိုက်ပါ။

Report an Imposter Account 


  ကွန်ပြူတာ( Laptop, Desktop ) နဲ့ပြုလုပ်နည်း။


အောက်ပါအတိုင်းအဆင့်ဆင့်ကြည့်ရှုပြီးလုပ်ကြည့်လိုက်ပါ။


                                                           ( ပုံ - ၁ )

ပုံ( 1 )ယခုလိုတွေ့ရပါက Someone created an account pretending to be me or a friend ကိုရွေးချယ်ပါ။




  ( ပုံ - ၂ )

ပုံ ( 2 ) အခုလိုတွေ့ရင် No ကိုထပ်ရွေးပါ။
( ပုံ - ၃ )
ပုံ ( 3 ) အခုလိုတွေ့ရပြီဆိုရင် Yes, I am the person being impersonated ကိုထပ်ရွေးပါ။
( ပုံ - ၄ )
ပုံ ( 4 ) အခုပုံထဲမှာ ဘယ်နေရာမှာ ဘာဖြည့်ရမယ်ပြောပေးထားတာပါ။
( ပုံ - ၅ )
ပုံ ( 5 ) ဒါကတော့ နမူနာဖြည့်သွင်းပြထားတဲ့ပုံပဲဖြစ်ပါတယ်။


အထက်ပါအတိုင်းဖြည့်ပြီးပါက Send ကို နှိပ်ပေးလိုက်လို့ရပါပြီ။

အခုလို Report လုပ်လိုက်ပြီး အောက်ပါအတိုင်း Email ဝင်ပါတယ်။


အထက်ပါအတိုင်းမေးလ်ဝင်လာလို့ဖွင့်ကြည့်လိုက်ချိန်မှာ အောက်ပါအတိုင်းဝင်လာခဲ့ပြီဆိုရင်

Go to your Support Inbox

 သို့မဟုတ်  Support inbox     ထဲကိုသွားပြီးဝင်ကြည့်လိုက်ပါ။


 

Support inbox     ထဲကိုဝင်ကြည့်လိုက်လို့ Open ဆိုပြီးပြနေရင် စောင့်ကြည့်ဖို့လိုပါမယ်။

နောက်ဆုံး Facebook ဘက်ကနေ အဲ့ဒီအကောင့်ကို Remove လုပ်လိုက်ပြီဆိုရင် အောက်ပါအတိုင်း Support inbox    ထဲမှာ Close ဆိုပြီးပြပေးပါတယ်။ 


အပေါ်ကပုံထဲကလို ပြနေပြီဆိုရင်တော့ ကိုယ် Report လုပ်ပြီးဖျက်ချင်ခဲ့တဲ့အကောင့်ကို ဝင်ကြည့်လိုက်ပါ ပျက်သွားပါပြီ။

ဒီနေရာမှာ မဟုတ်ပဲ လိမ်ညာပြီးပို့လို့ရလားလို့ မေးလာခဲ့ရင်တော့  မရပါဘူး လို့ပဲဖြေချင်ပါတယ်။ Report လုပ်တဲ့သူအကောင့်ရယ်၊ Report လုပ်ခံရသူအကောင့်ရယ်ကိုဝင်စစ်သလို ID အစစ်အမှန်နဲ့တင်တာ ဟုတ်/မဟုတ် ကိုလည်း စစ်ဆေးပြီး အမှန်တယ်အစစ်အမှန်လို့ယူဆမှသာ အဲ့ဒီအကောင့်ကို ဖျက်ချပေးပါတယ်။

ID  ကရောဘာတွေနဲ့တင်ရမှာလည်းဆိုရင် Facebook က ဘယ်လို ID အမျိုးအစားတွေကို Accept လုပ်သလဲ?  မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။




Mobile( Facebook app, Mobile Browser ) နဲ့ပြုလုပ်နည်း။

ဒါကတော့ သဇင်ကိုကိုရေးထားတာလေးကို Edit အနည်းငယ်လုပ်ထားတာလေးပါ။ အပေါ်က ဟာနဲ့ အခုအောက်ဟာနဲ့ကတော့ ပြုလုပ်နည်းကအတူတူပါပဲ Mobile view နဲ့ Desktop view သာ အမြင်မှာ အနည်းငယ်ကွာသွားတာကြောင့်ပါ။


 

Someone has created an account pretending to be me or a friend

No

Yes, I am the person being impersonated

အဲဒါတွေကို ရွေးပါ။


Your full name မှာ မူလ Account ပိုင်ရှင်ရဲ့ နာမည်အရင်းကို ရေးပါ။

Your contact email address မှာ လက်ရှိအသုံးပြု​နေတဲ့ fb account ထဲက gmail ကို ​ရေးပါ။

Full name on the impostor profile မှာ account အတု / ဖျက်ချင်တဲ့ account ရဲ့ နာမည်ကိုရေးပါ။

Email address or mobile phone number နေရာမှာ ဘာမှဖြည့်ဖို့မလိုပါဘူး။

Link (URL) to the impostor profile မှာ account အတု / ဖျက်ချင်တဲ့ account ရဲ့ link ကိုထည့်ပါ။
(Account link ကို သိဖို့က အဲဒီ account ရဲ့ wall ထဲကိုဝင်၊ More ... အစက် ၃ စက်ကို နှိပ်ပြီး Copy link to profile ကို နှိပ်ပါ)

Upload an ID | Choose Files မှာ account ပိုင်ရှင်ရဲ့ 
ID ပုံ နှစ်ပုံကို ထည့်ပေးပါ။
နှစ်ပုံရွေးလို့မရရင် တစ်ပုံပဲ ထည့်လိုက်ပါ။


ပုံနှစ်ပုံကို ဘယ်လိုပုံစံရိုက်ရမလဲဆိုဆိုရင်...

ကတ်ရှေ့ခြမ်း -


ကတ်နဲ့ လူမျက်နှာနဲ့တွဲလျက် - 


Report an Imposter အတွက် Fb team က စစ်ဆေးမယ့်သူတွေက နိုင်ငံခြားသားတွေဖြစ်တာကြောင့် ပုံတွေကို passport / ယာဉ်မောင်းလိုင်စင် (ခ) နဲ့ရိုက်ပေးပါ။ အဲဒါတွေမရှိမှပဲ မှတ်ပုံတင်နဲ့ ရိုက်ပါ။






ID  ကရောဘာတွေနဲ့တင်ရမှာလည်းဆိုရင် Facebook က ဘယ်လို ID အမျိုးအစားတွေကို Accept လုပ်သလဲ?  မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။


Additional info မှာ "Please remove this account from Facebook." လို့ပဲ ရေးလိုက်ပါ။




အပေါ်ကအချက်တွေ အားလုံးဖြည့်ပြီးရင် Send ကို နှိပ်ပါ။

(ပုံထဲမှဖြည့်ထားသောအချက်အလက်များသည် နမူနာထည့်ထားခြင်းသာ ဖြစ်သည်။)

Send ပြီးလို့ ၅ မိနစ်လောက်ကြာရင် Your contact email မှာဖြည့်ခဲ့တဲ့ Gmail ထဲကို Fb team က mail ပို့ပေးပါလိမ့်မယ်။


Re: Report an Imposter Account ခေါင်းစဉ်နဲ့ လာပါတယ်။
အဲဒီစာကိုဖွင့်ပြီးတော့ account ကို ဖျက်ချင်ရတဲ့အကြောင်းရင်းကို English လို နည်းနည်းပါးပါးရေး၊ 
ID နှစ်ပုံကို attactment ထည့်ပြီးတော့  Reply ပြန်ပို့လိုက်ပါ။

Account ပျက်မပျက်အကြောင်းကြားစာကို တစ်ရက်နှစ်ရက်အတွင်း Fb team က mail ထပ်ပို့ပေးပါလိမ့်မယ်။


_______________________


အားလုံးပဲအဆင်ပြေကြပါစေ။
-     
  




-     
  
အရင်တုန်းက Facebook account လေးဘာဖြစ်လို့၊ Facebook page လေးဘာဖြစ်လို့၊ ဆိုပြီးလာပြောတိုင်း ဘာဖြစ်လည်းဆိုတာ Check လုပ်ပြီး ဒါက ဘယ်လို Policy မျိုးကိုချိုးဖောက်မိလို့ဖြစ်တာဆိုပြီးပြောပြတိုင်း အဲ့လိုမဖြစ်အောင် နောက်ရှောင်လို့ရအောင် Facebook policy တွေကိုဘယ်မှာဖတ်ရမလဲဆိုပြီးမေးကြတယ်။

 မေးတိုင်း fb.com/policies?helper=www.facebook.com/aungkyawsoe.sb လေးကိုညွှန်ပေးဖြစ်တယ်။

အဲ့ဒီမှာအကုန်ရှိပါတယ်။ ဝင်ဖတ်ကြည့်ပါလို့ပြောတိုင်း ဘာပြန်ပြောလာကြလည်းဆိုတော့ English လိုတွေကများတယ်။ မြန်မာလိုတွေက သိပ်မရှိသေးဘူး။ မြန်မာလို အနည်းအကျဉ်းရှိတဲ့ဟာတွေကလည်း Font အဆင်မပြေလို့ဖတ်မရဘူးဆိုပြီးပြောလာကြတယ်။ ဘယ်အဆင်ပြေမတုန်း Zawgyi font ပဲသုံးကြတာများတော့ ဖတ်မရဖြစ်တာပေါ့။ 😁

ကဲ... အခုဆို အားလုံး Unicode လည်းပြောင်းသုံးနေကြပြီ။ Policy တွေကို မြန်မာလိုရေးပေးထားတာလည်း အတော်လေးပြည့်စုံနေပြီ။ ဒီတော့ စာဖတ်မပျင်းကြဖို့ပဲလိုတော့တယ်။ 😁😁😁

ဘယ်ကနေဝင်ဖတ်ရမလဲဆိုရင်...?
fb.com/policies?helper=www.facebook.com/aungkyawsoe.sb
မှာ ဝင်ဖတ်လို့ရပါပြီ။

ဝင်ဖတ်တော့ English လိုဖြစ်နေတယ်ဆိုရင်...?
Language မှာ Myanmar ဘာသာစကားကိုပြောင်းလဲပြီးမှဝင်ဖတ်ပါ။

သို့မဟုတ်
ဖုန်း or ကွန်ပြူတာ ထဲက Browser ကိုဖွင့်ပြီး Fb.com လို့ရိုက်ထည့်ပြီးဖွင့်ပါ။ Facebook login page နေရာမှာ မြန်မာလိုပေါ်လာရင် အဆင်ပြေပါတယ်။ မြန်မာလိုမဟုတ်ပဲ English လိုဖြစ်နေရင် ဘာသာစကားမှာ Myanamr ဘာသာကိုရွေးချယ်ပေးဖို့လိုပါတယ်။

ပြီးရင် ဒီ Link fb.com/policies?helper=www.facebook.com/aungkyawsoe.sb ကို address bar ထဲမှာ ထည့်ဖွင့်ပြီး အကုန် မြန်မာလိုဝင်ဖတ်လို့ရပါပြီ။ Facebook account ကို login ဝင်ဖို့မလိုပဲ ဖတ်ရှုလို့ရပါတယ်။ 😊😊😊
 
နမူနာပုံများကြည့်ရန် -  







Aung Kyaw Soe ( 21.9.2019 - 10:27 AM )

-     
  

Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com