Online Service Center Myanmar -->

My Blog

Latest blog




-     
  
မကြာခဏ အကူအညီလာလာတောင်းတတ်ကြလို့ပါ၊ ကိုယ့်ရဲ့ Account နဲ့၊ ကိုယ့်ရဲ့ Page က Blue Mark ရနိုင်တဲ့စာရင်းမှာပါတယ်၊ ရသင့်တယ်လို့ယူဆရင် ပိုက်ဆံတပြားတကျပ်မှမကုန်ကြတာမို့ လျှောက်ကြည့်ကြပါ။
 
 တခုတော့ပြောချင်ပါတယ် အဲ့ဒါကတော့ Facebook က သတ်မှတ်ထားတဲ့စာရင်းထဲမှာမပါဝင်ဘူးဆိုရင်တော့ အားအားယားယားဝင်မလျှောက်ပါနဲ့ ကိုယ့်အကောင့်၊ ကိုယ့် Page က Blue mark ရနိုင်တာမျိုးမဟုတ်ပဲ ခဏခဏ ဝင်လျှောက်လွန်းရင် ရာသက်ပန်လျှောက်ခွင့်အပိတ်ခံရနိုင်ပါတယ်။ Blue Mark ရနိုင်တဲ့စာရင်းမှာပါဝင်တဲ့ Page တွေ အကောင့်တွေ အနေနဲ့ကတော့ ယခင်ကတော့ လျှောက်ဖူးတယ်၊ ဒါပေမယ့်အငြင်းခံလိုက်ရတယ်မရဘူးဆိုရင် ရက် ( ၃၀ ) ကျော်တိုင်းမှာ ပြန်လျှောက်ကြည့်ပါ၊ ကိုယ့်အကောင့်၊ ကိုယ့် Page မှာ လိုအပ်ချက်လေးရှိနေသေးလို့မရသေးတာပါ၊ သတ်မှတ်ချက်တွေပြည့်မှီတာနဲ့ ရပါလိမ့်မယ်။ WiKi Page ရှိရမယ်၊ ကိုယ့်အကြောင်း သတင်းမီဒီယာမှာဖော်ပြထားတာတွေရှိရမယ်၊ အင်တာဗျူးထားတာမျိုးတွေရှိရမယ်၊ ဆိုပြီး အတိအကျသတ်မှတ်ပေးမထားပါဘူး၊ ဘာမှမရှိလည်း သတ်မှတ်ချက်တွေပြည့်မှီရင်ရပါတယ်။ 
 
 
Blue Mark လျှောက်ဖို့အတွက် ဘာတွေလိုအပ်လည်းဆိုရင်...
နံပါတ်( ၁ ) - ကိုယ့် Account, ကိုယ့် Page, က Public figure, Celebrity, or Global brand it represents. ဖြစ်နေဖို့လိုပါတယ်၊ အဲ့လိုမှ မဟုတ်ရင် လျှောက်ဖို့စိတ်မကူးပါနဲ့ လျှောက်လည်း ရမှာမဟုတ်လို့ပါ။
နံပါတ်( ၂ ) - User Account, User Page အတွက်ဆို ID Card လိုအပ်ပြီး၊ Business Page အတွက်ဆို လုပ်ငန်းလိုင်စင်လိုမျိုးလိုအပ်ပါတယ်။
နံပါတ်( ၃ ) - လျှောက်ထားသူရဲ့ Account ရဲ့ Security ပိုင်းအတွက် Two-Factor( Login Approved Code ) ကို On ထားဖို့လိုပါတယ်။
အဲ့ဒီ ( ၃ ) ချက်ပြည့်စုံပြီဆိုရင် လျှောက်ကြည့်လို့ရပါတယ်။ 
 
___________________
 
Profile( User Account ) အတွက်လျှောက်နည်း -
1. Verification type မှာ Profile ကိုရွေးပါ။
2. Provide your Facebook Profile's link မှာ ကိုယ့်အကောင့် Profile link ကိုထည့်ပါ။
3. Select a category for the Page or Profile မှာ ကိုယ့် Account နဲ့ သက်ဆိုင်တဲ့ Category ကိုရွေးပေးပါ။
4. Which Country is this entity from? မှာ Myanmar လို့ရေးပေးပါ။
5. Please attach a photo of your ID မှာ လူအတွက်ဆို ID Card( မှတ်ပုံတင်၊ ပတ်စပို့စ်၊ ယာဉ်မောင်းလိုင်စင်၊ အသင်းအဖွဲ့ဝင်ကတ်၊ တွေထဲကတခုခု ) ထည့်ပေးပါ။
6. Please share why this Facebook Page or Profile should be verified မှာ ကိုယ်ကဘယ်သူဘယ်ဝါပါ၊ ဘာလုပ်ပါတယ်၊ ဘာကြောင့် Blue Mark ကို ရချင်တာပါရေးပေးပါ။
7. List other social media presence accounts (optional) မှာကတော့ ကိုယ့်မှာ IG, Twitter, TikTok, ဘာညာတွေရှိရင်ထည့်( ဘာမှမထည့်လည်းရတယ် )။
8. Additional comments (optional) မှာ မှတ်ချက်တခုခုထပ်ရေးချင်ရင်ရေး( ဘာမှ မရေးလည်းရတယ် )။
9. ပြီးပြီဆို Send ကို နှိပ်ပို့ပေးလိုက်ရင်ရပြီ။
___________________
 
ဒီလောက်လွယ်ကူနေတဲ့အရာကို ဘာလို့သူများကိုလျှောက်ခိုင်းနေဉီးမှာလဲ? ဘာလို့ ပိုက်ဆံပေးပြီးလျှောက်ခိုင်းနေမှာလဲ?
အခုပဲ ကိုယ်တိုင်ဝင်လျှောက်ကြည့်လိုက်ပါ။ 
 
 
Page အတွက်လျှောက်နည်း
1. Verification type မှာ Page ကိုရွေးပါ။
2. Select Page to verify မှာ ကိုယ် လျှောက်မည့် Page ကိုရွေးပေးပါ။
3. Select a category for the Page or Profile မှာ ကိုယ့် Page နဲ့ သက်ဆိုင်တဲ့ Category ကိုရွေးပေးပါ။
4. Which Country is this entity from? မှာ Myanmar လို့ရေးပေးပါ။
5. Please attach a photo of your ID မှာ လူအတွက်ဆို ID Card ထည့်ပေးပါ၊ လုပ်ငန်းအတွက်ဆို လုပ်ငန်းလိုင်စင်ထည့်ပေးပါ။
6. Please share why this Facebook Page or Profile should be verified မှာ ဒီ Page က ဘာ Page ပါ ဘာကြောင့် Blue Mark ကို ရချင်တာပါရေးပေးပါ။
7. List other social media presence accounts (optional) မှာကတော့ ကိုယ့်မှာ IG, Twitter, TikTok, ဘာညာတွေရှိရင်ထည့်( ဘာမှမထည့်လည်းရတယ် )။
8. Additional comments (optional) မှာ မှတ်ချက်တခုခုထပ်ရေးချင်ရင်ရေး( ဘာမှ မရေးလည်းရတယ် )။
9. ပြီးပြီဆို Send ကို နှိပ်ပို့ပေးလိုက်ရင်ရပြီ။ 
 
 
___________________
 
ဘယ်ကဝင်လျှောက်ရမှာလဲ ဆိုရင် ဒီကဝင်လျှောက်ပါ => https://www.facebook.com/help/contact/342509036134712?helpref=https//www.facebook.com/aungkyawsoe.sb
 
Blue Mark လျှောက်တာ ပိုက်ဆံပေးရလား၊ ပိုက်ဆံပေးပြီးဝယ်လို့ရလားဆိုရင် "It's not possible to purchase a verified badge" လို့ရေးပေးထားပါတယ်၊ အမြဲတမ်းအခမဲ့ပါ၊ မည်သူမဆိုလျှောက်ထားလို့ရပါတယ်၊ သတ်မှတ်ချက်ပြည့်မှီတဲ့သူဖြစ်ဖို့ပဲလိုပါတယ်၊ ပိုက်ဆံနဲ့ဝယ်လို့မရသလို တပြားတကျပ်မှလည်းပေးစရာမလိုပါ။
 
အဲ့ဒီအကြောင်းကို ဒီ What is a verified Page or profile? ( https://www.facebook.com/help/196050490547892?helpref=https//www.facebook.com/aungkyawsoe.sb ) မှာ ရေးပေးထားပါတယ်။ 
 
Blue Mark နဲ့ပတ်သက်ပြီး ပိုမိုပြီး အသေးစိတ်သိရှိလေ့လာလိုပါက How do I request a verified badge on Facebook? ( https://www.facebook.com/help/1288173394636262?helpref=https//www.facebook.com/aungkyawsoe.sb ) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 
 
ကဲ... အခု Blue Mark လျှောက်နည်းအတိုင်းလျှောက်ကြည့်လိုက်လို့ Blue Mark ရသွားပြီဆိုရင် ကျွန်တော့်ကို ကျေးဇူးတင်ပါတယ်တို့၊ မုန့်လိုက်ကျွေးတာတို့လုပ်ပါ။ 😛 ( နောက်တာနော် အတည်ပြောတာမဟုတ်ဘူး၊ ကျေးဇူးမတင်လို့လည်းရပါတယ်၊ မုန့်လိုက်မကျွေးလို့လည်းရပါတယ်။ 😃
 
အားလုံးပဲ အဆင်ပြေကြပါစေ...
 
ချစ်ခြင်းအားဖြင့်
Aung Kyaw Soe ( 24.8.2020 - 11:37 AM )
 
-     
  


-     

  

Online ပေါ်မှာ ဒီလိုမျိုး ခြိမ်းခြောက်ငွေညှစ်တာ၊ အကြပ်ကိုင်တာမျိုးတွေက ဖြစ်ရိုးဖြစ်စဉ်လိုကို ဖြစ်နေပါပြီ၊ ဒါကြောင့် ဒီလိုမျိုးတွေကို ကိုယ်တိုင်ကြုံခဲ့လျင်ပဲဖြစ်ဖြစ်၊ ကိုယ့်အသိမိတ်ဆွေတွေထဲကပဲကြုံတွေ့လာရင်ဖြစ်ဖြစ်၊ လာရောက်ကျူးလွန်သူအလိုကျမလိုက်လျောပါနဲ့၊ အဆိပ်ပင်ရေလောင်းလုပ်ရပ်မျိုးကိုမလုပ်ပါနဲ့လို့ပဲ ပြောချင်ပါတယ်။




ဒီလိုလုပ်စားနေတာမျိုးတွေကို ခနတိုင်းကြားသိနေရတာကြာပါပြီ၊ မကြာသေးခင်ကမှ အသိတယောက်ဖုန်းဆက်လာပြီး သူတို့ကိုးကွယ်နေတဲ့ဆရာတော် ၁ ပါးကို သူ့ Friend list ထဲက ဒကာမတယောက်က Video call ကောက်ခေါ်၊ မဖွယ်မရာလုပ်ပြ၊ SS ချက်ချင်းရိုက်ပြီး ခြိမ်းခြောက်ငွေညှစ်တာမျိုးလုပ်လာလို့ ဘယ်လိုလုပ်ရမလဲဆိုပြီး အကြံတောင်းလာတယ်၊ ပထမတော့ ကိုယ်တွေလည်း ဒီဆရာတော်က Facebook သုံးရင်း ဒကာမတွေနဲ့ အခုလို Chatting တွေလုပ်၊ Video Call ပြော၊ ပလူးပလဲတွေလုပ်နေလို့ အဲ့ဒီလိုအလုပ်ခံရတာလို့ထင်လိုက်မိသေးတယ်၊ နောက်မှသိရတာက အဲ့ဒီဆရာတော်က အွန်လိုင်းပေါ်မှာ တရားဓမ္မတွေကို Sharing လုပ်တာပဲရှိတယ်၊ အဲ့ဒီတယောက်လာအပ်တော့ တရားနာချင်လို့၊ တရားအကြောင်းတွေသိချင်လို့လာအပ်တာပဲဆိုပြီးလက်ခံထားလိုက်တာကနေ တနေ့မှာ အဲ့ဒီလို Video call ခေါ်လာတော့ အမှတ်တမဲ့ကိုင်လိုက်မိတယ်၊ အဲ့ဒီမှာ မဖွယ်မရာတွေလုပ်ပြ SS ချက်ချင်းရိုက် ချက်ချင်းငွေညှစ်တာတွေလုပ်လာတာလို့ ပြန်ပြောတော့မှ အကြောင်းရင်းအမှန်ကိုသိလိုက်ရတာ။

အဲ့ဒီလိုဖြစ်ရပ်မျိုးတွေက ဖြစ်နေတာအများကြီးပဲ ကျူးလွန်နေတဲ့သူတွေက ယောက်ကျားလေး၊ မိန်းကလေး၊ အသက်ကြီးငယ်မရွေးနဲ့ ဆရာတော် သံဃာတော်တွေပါမချန် အကုန်လိုက်ပြီးလုပ်စားနေကြတော့တာ တော်တော်လေးကိုများနေပြီ၊ ကိုယ်တွေသိရတာတောင် ၁၀ ယောက်ကျော်လောက်ရှိနေပြီ၊ တချို့ကျတော့လည်း အရှက်ကွဲမှာစိုးတာနဲ့ ခြိမ်းခြောက်ငွေညှစ်တာနဲ့ပေးလိုက်တော့တယ်၊ အမှန်တကယ်က အဲ့လိုတွေ ပေးနေကြလို့လည်း အခုလို အောက်တန်းစားတွေက ဒီလိုလုပ်ရပ်တွေနဲ့ပိုပြီး လုပ်စားလို့ကောင်းလို့ ဆက်တိုက် လုပ်စားနေကြတော့တာ။

ဒါကြောင့် ဘယ်သူပဲဖြစ်ဖြစ် ဒီလိုမျိုးတွေကြုံလာတဲ့အခါမှာ မရှက်ကြ မကြောက်ကြပါနဲ့ အဲ့ဒီလိုလာရောက်ကျူးလွန်သူတွေရဲ့ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကို ဂရုမစိုက်ပဲ Facebook မှာ ဒီအကောင့်ကတော့ ဒီလိုမျိုးတွေလာရောက်ကျူးလွန်ပြီး ခြိမ်းခြောက်အကြပ်ကိုင်ပြီး ငွေတွေညှစ်နေပါတယ်ဆိုပြီး တလောကလုံးသိအောင် Sharing လုပ်ပေးလိုက်ကြပါ၊ ဒါမှ လူတိုင်းသိပြီး သတိထားပြီးရှောင်ရှားနိုင်ကြမှာဖြစ်သလို၊ ကိုယ်တိုင်ကြုံလာခဲ့ရင်လည်း ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာကို သိသွားကြမှာပါ။

လက်ရှိ အလားတူလုပ်ရပ်မျိုးနဲ့ကျူးလွန်နေတဲ့ အကောင့်တု Profile link => https://www.facebook.com/profile.php?id=100039091072677

( သူ့အကောင့်မှာတင်ထားတဲ့ Profile Photo က အဆိုတော်ညီမလေး Yu Wai Phyo ရဲ့ပုံနဲ့တင်ပြီးလုပ်စားနေတာပါ၊ Cover Photo ကတော့ ဘယ်သူ့ပုံလဲမသိပါ။ )

လက်ရှိ တင်ထားတဲ့ Post ထဲက
Screenshot ရဲ့ မူရင်း Post link => https://www.facebook.com/su.hmunaing/posts/3573977059278974

Online ပေါ်မှာ အောက်တန်းစားအချို့ရဲ့ လိမ်ညာလှည့်ဖြားမှုတွေ၊ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကနေ အားလုံးပဲ ကင်းရှင်းနိုင်ကြပါစေ။

ခြင်းခြင်းအားဖြင့်...

Aung Kyaw Soe ( 24.8.2020 - 10:10 AM ) 

-     
  

-     

  

အစိုးရဘက်က Online Shopping သမားတွေကို မဖြစ်မနေမှတ်ပုံတင်ဖို့လုပ်ရာမှာ Website နှင့်တကွမှတ်ပုံတင်ရမယ်ဆိုပြီး သတ်မှတ်ချက်ထုတ်ပြန်လာတယ်၊ အဲ့ဒီလိုအချိန် အသိ OS သမားတွေ အပြင်မှာတွေ့တဲ့အချိန်မှာရော၊ Message ကနေပါ လာလာငြီးပြကြပြီး Website လုပ်ရင် ဘယ်လောက်ကုန်မှာလဲ၊ ကုန်ကျစရိတ်က ဘယ်လောက်လောက်ထိရှိနိုင်လဲ လာလာပြီးမေးကြပါတယ်။
 
E-commerce Website တခုလုပ်ဖို့ဆိုရင် Startup မှာတင် အနည်းဆုံးအောက်ထစ်က သိန်းဂဏန်း၊ သိန်းဆယ်ဂဏန်း ကနေ ရာဂဏန်းအထိ ကုန်ကျနိုင်ပါတယ်။ ဒါက Website ကို Startup စလုပ်တာမှာတင်ကုန်ကျတာပါ၊ Shopping Website ဖြစ်တာကြောင့် နေ့စဉ်နဲ့အမျှ Data တွေထည့်သွင်းနေရမှာပါ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ စာတွေကိုထည့်သွင်းနေရမှာဖြစ်လို့ Hosting ကြေးတွေက ကြာလေတက်လေ တက်လာမှာပါ။ 
 
#Websiteတခုလုပ်ဖို့ကုန်ကျစရိတ်တွေကဘယ်လိုတွေရှိလဲ?
 
1. Web Design ရေးဆွဲခ။
2. Hosting ကြေး။
3. Domain Name ကြေး။
4. လစဉ်၊ နှစ်စဉ် Website Maintenance Services ‌ကြေး။
5. အသင့်သုံး CMS တွေဝယ်သုံးမယ်ဆိုရင်လည်း ကြေး ရှိပါတယ်။
6. Content တွေတင်ဖို့ ဝန်ထမ်း အတွက်ကုန်ကျစရိတ်ဆိုတာလည်းရှိပါမယ်။ 
 
ဒီလို အကြမ်းဖျဉ်းကုန်ကျနိုင်တာမျိုးလေးတွေပြောပြလိုက်ရင်တောင် ထိုင်ငိုချင်စိတ်ပေါက်သွားတယ်ဆိုတဲ့ OS သမားတွေရှိကြတယ်၊ မဖြစ်မနေလုပ်ရမယ်ဆိုရင်တော့ လုပ်ရမှာပေါ့လေ ဈေးရောင်းလို့ရတာကတော့ Website အတွက်နဲ့တင် ကုန်ပါပြီဆိုပြီး ငြီးပြကြတာတွေလည်းရှိသေးတယ်။ 
 
#တန်ဖိုးနည်းတဲ့Websiteမျိုးလည်းလုပ်လို့ရလား?
 
လုပ်လို့ရပါတယ် တန်ဖိုးနည်းဆိုတဲ့အတိုင်း တကယ်ကိုတန်ဖိုးနည်းပါတယ်။ ၁ နှစ်လုံးမှ မြန်မာငွေ ကျပ် ၂ သောင်းဝန်းကျင်လောက်ပဲ နှစ်စဉ်ကုန်ကျစရိတ်ရှိမှာပါ။ ဒီတန်ဖိုးနည်း Website မျိုးလုပ်လို့ရတယ်ဆိုတာ ချပြပေးတဲ့အတွက် အသိတွေထဲက Web Design သမားတွေ၊ Website ရေးဆွဲပြီး Service ပေးနေတဲ့သူတွေကတော့ ကြည့်မရဖြစ်ပြီး ဆဲချင်နေကြမယ်ထင်ပါတယ်။ 
 
#ဘယ်လိုCMSမျိုးနဲ့ဘယ်Hostingသုံးပြီးလုပ်ရတာလဲ?
 
ဘယ်လို CMS မျိုးလည်းဆိုရင် Google က Free ပေးထားတဲ့ Blogger CMS နဲ့ပါ၊ Hosting ကတော့ Google ကပဲ Free ပေးထားတာပဲဖြစ်ပါတယ်။ 
 
#E-commerce Website ပုံစံမျိုးလုပ်လို့ရပါ့မလား? 
 
ရပါတယ် ကတယ့် Amazon, eBay, Shop. တို့လိုတော့ အကြီးကြီးလုပ်လို့မရပေမယ်မယ့် သူ့အိုးနဲ့သူ့ဆန် တန်ရုံကတော့ရပါတယ်။ ( နမူနာအနေနဲ့ ဒီမှာဝင်ကြည့်ပါ => www.shop-myanmar.blogspot.com ) အဓိက ကတော့ Templates လန်းလန်းသုံးထားပြီး Domain Name လေးတွဲပေးထားလိုက်ရင် အားလုံး OK မှ စိုပြေသွားပါပြီ။ အခု www.shop-myanmar.blogspot.com ဆိုရင် ဘာ Domain Name မှ မတွဲရသေးပဲ Google ကပေးတဲ့ Sub Domain လေးနဲ့ပဲရှိပါသေးတယ်၊ ဒီလို လေးပဲသုံးမယ်ဆိုရင် တပြား ၁ ကျပ်မှ ကုန်ကျစရိတ်မရှိတော့ပါဘူး၊ ၁ နှစ်ကို ၂ သောင်းဝန်းကျင် ကုန်ကျမယ်ဆိုတာက Domain ဝယ်ပြီးချိတ်မှကုန်တာပါ၊ မချိတ်ရင် တပြားမှမကုန်ပါဘူး။
 
#Websiteရဲ့Securityကရော?
 
Website ကို Hack လုပ်ခံရနိုင်လားဆိုတော့ အခြားသော CMS တွေလို 0Day ဆိုတာမျိုး မရှိပါဘူး၊ ဒါကြောင့် ဒီ CMS ကိုသုံးထားရင် Hack လုပ်ခံရနိုင်ခြေနည်းပါတယ်၊ Google Mail Account တခုကို Security သေခြာလေးလုပ်ပြီးသုံးရင်ရပါပြီ။
 
လူသုံးများတဲ့
 
1. WordPress
2. Joomla!
3. Drupal
 
လို CMS တွေမှာဆိုရင်တော့ 0Day ဆိုတာမျိုးတွေရှိပါတယ်။ 
 
ကိုယ်တိုင်ရေးတဲ့ CMS တွေမှာဆိုရင်လည်း Error ပေါင်း သောင်းခြောက်ထောင်နဲ့ စိတ်ညစ်နရတာများပါတယ်၊ ဒါဆို အဆင့်သုံး E-commerce တွေသုံးမယ်ဆိုရင်ရော ဆိုရင်...
 
1. WooCommerce
2. Shopify
3. Magneto
4. OpenCart
5. BigCommerce
6. Squarespace Commerce
7. PrestaShop
8. Wix
9. Volusion
10. Ubercart
 
လိုမျိုးတွေကိုသုံးလို့ရပါတယ်၊ ဒါပေမယ့် Hosting တွေနဲ့ချိတ်သုံးရတာတွေနဲ့ Security ပိုင်းမှာ 0Day လိုမျိုးတွေနဲ့ ညားနေတတ်တာများပါတယ်။
 
နောက်ဆုံး Blogger CMS ကတော့ Google ဆာဗာကြီးဖြစ်လို့ တော်ရုံတန်ရုံကာလို့မရနိုင်တဲ့ ddos attack လိုမျိုးကိုတောင် အေးဆေးပဲဖြစ်စေမှာပါ။ 
 
ကဲ... တော်သေးပြီ အခုက ကြော်ငြာဝင်ပါပြီ၊ ဒီလို တန်ဖိုးနည်းတဲ့ Shopping Website ကို Google Sub Domain နဲ့ပဲ ယူမယ်ဆိုရင် တသက်လုံး Free ပါ၊ Domain ( နမူနာ - www.your shop name.com နဲ့တွဲသုံးမယ်ဆိုရင် တော့ ၁ နှစ်စာကို ၂ သောင်းဝန်းကျင်ပဲကုန်ကျစေမှာပါ၊ OSC-Myanmar မှ Service team အနေနဲ့ အခုလိုပဲ အားလုံးအဆင်ပြေစေမယ့် တန်ဖိုးနည်း ဝန်ဆောင်မှုလေးတွေကို ရှာကြံပြီးပေးနေပါတယ်။
လာလာငြီးတတ်ကျတဲ့ OS သမားတွေလည်း ဒီ Post မြင်ပြီး ဝမ်းသာနိုင်ကြပါပြီ။ 😀
 
အခုတော့ www.shop-myanmar.blogspot.com လေးထဲဝင်ပြီး ဈေးစမ်းဝယ်ကြည့်လိုက်ကြပါဦး။ ကြိုက်တယ်ဆိုရင်တော့ Messenger ကနေ Hello လေးသာလုပ်လိုက်ပါ။ 😊


Website နမူနာ Video ကြည့်ရှုရန်



-     
  

Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com