Online Service Center Myanmar -->

My Blog

Latest blog



-     
  

ဒါကတော့ ဘဏ်ကတ်တွေ၊ ဘဏ်အကောင့်တွေနဲ့ အွန်လိုင်းပေါ်ကနေ ငွေပေးချေမှုတွေပြုလုပ်တဲ့သူတွေ သတိထားမိနိုင်အောင်လို့ အခု SS ထဲက အစ်မတင်ထားတဲ့ Post အောက်မှာ Comment သွားပေးထားတာလေးကို အနည်းငယ်ထပ်ဖြည့်ပြီး ပြန်တင်ပေးလိုက်တာပါ။ ဒီလိုဖြစ်စဉ်တွေကိုကြည့်လိုက်ရင် သုံးစွဲနေတဲ့ User ရဲ့ အမှတ်မထင် ပေါ့လျော့လိုက်မှုကြောင့်သာ ငွေကြေးတွေကို အခုလိုဆုံးရှုံးလိုက်ရတာများပါတယ်။ ကိုယ်တိုင်က ဘဏ်ကတ် or ဘဏ်ကတ်တွေနဲ့ အွန်လိုင်းငွေပေးချေမှုတွေမှာ အသုံးပြုနေပြီဆို ဒါလေးတွေကိုတော့ မဖြစ်မနေ ဗဟုသုတရဖို့ ဖတ်ထားသင့်ပါတယ်။

သူ့ ဘဏ်ကတ်ထဲကနေ ငွေတွေဘယ်လိုကြောင့်အခိုးခံရတာဖြစ်နိုင်လဲ?

အခုရက်ပိုင်းတွေထဲမှာ တော်တော်များများအလိမ်ခံနေရတဲ့ ဖုန်းတွေဆက်ပြီး ဘယ်ကနေကံထူးလို့၊ ညာကနေကံထူးလို့ သင့်ဘဏ်ကတ်နံပါတ် 121345 နဲ့စပြီး 67890 နဲ့ဆုံးတဲ့ကတ်က အချက်အလက်လေးတွေကို ပေးပို့ပြီး Confirm လုပ်ပေးပါ။ အဲ့လို Confirm လုပ်ပေးမှ သင့်ကံထူးထားတာကို ရယူပိုင်ဆိုင်နိုင်မှာပါ ဆိုတဲ့ လိမ်နည်းမျိုးမှာ ယုံပြီး ကိုယ့် ဘဏ်အကောင့် or ဘဏ်ကတ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပေးလိုက်မိလို့ပါသွားတာဖြစ်နိုင်တယ်။

Online ပေါ်မှာ ငွေပေးချေမှုတွေလုပ်ရင်းနဲ့ Phishing( အစစ်နဲ့ခွဲမရတဲ့ အတု အယောင်ဆောင်ထားတဲ့ Website ) ထဲမှာ ဘဏ်ကတ် or ဘဏ်အကောင့်နဲ့ပတ်သက်တဲ့ Security PIN တွေ Account info, Card info, တွေကို အမှတ်မထင်ဖြည့်မိလို့ ကိုယ့် ဘဏ်ကတ် or ဘဏ်အကောင့်ရဲ့ အချက်အလက်တွေရသွားလို့ ပါသွားတာမျိုးလည်းဖြစ်နိုင်တယ်။

တခါတလေ လိုင်းသုံးနေရင် Ad Malware ဝင်နေလို့ Browser ကြီးပွင့်သွားပြီး စက်ဝိုင်းလှည့်ခိုင်းပြီး iPhone တွေကံထူးတာမျိုး၊ သင့် IP address က ဒီနေ့ ကံထူးသွားလို့ Google က ပေးတဲ့ သို့မဟုတ် အခြား ဘယ်ဟာကပေးတဲ့ ဒီလက်ဆောင်ကို $1 လောက်နဲ့ရမှာပါ ဆိုပြီး ဘဏ်ကတ်တွေဖြည့်ခိုင်းတာမျိုးတွေမှာထည့်လိုက်မိလို့ပါသွားတာမျိုးတွေလည်းဖြစ်နိုင်တယ်။

Email ထဲကို မသိရင် Bank ဘက်ကနေ ပေးပို့လာတဲ့အတိုင်း သင့်ဘဏ်ကတ် or ဘဏ်အကောင့်က ဘာလုပ်ဖို့လုပ်နေလို့ ဒီအချက်လေးတွေကိုဖြည့်ပေးပါ ( သို့မဟုတ် ) မေးလ်ပြန်လည်ပေးပို့ပေးပါ ဆိုပြီး မယုံ ယုံအောင်ဖန်တီးထားတဲ့ Phishing mail နဲ့မိသွားလို့ ဘဏ်ကတ် or ဘဏ်အကောင့်ရဲ့ အချက်အလက်တွေပါသွားပြီး ငွေတွေပါသွားတာလည်းဖြစ်နိုင်တယ်။

နောက်ပြီး ဘဏ်ကတ် ရှေ့ခြမ်း၊ နောက်ခြမ်းပုံကို တစုံတယောက်ကိုပေးမိတာ ( သို့မဟုတ် ) ကိုယ့် Account Messenger ထဲမှာ ဓာတ်ပုံရိုက်ပြီး ထည့်ထားမိတာမျိုးတွေရှိလို့ ကိုယ့်အကောင့်ထဲကို သူများ ခိုးဝင်တဲ့အချိန် ဘဏ်ကတ် or ဘဏ်အကောင့် နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုသိပြီး ပါသွားတာလည်းဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ချေတွေကတော့အများကြီးရှိတယ်။ ဘဏ်တွေဘက်က ငွေရေးကြေးရေးဆိုင်ရာတွေ၊ Security ပိုင်းဆိုင်ရာတွေကို အရမ်းအလေးထားပြီး Secure ဖြစ်အောင်လုပ်ထားတာဖြစ်လို့ တော်ရုံနဲ့တော့ အဖောက်ခံရမှာမဟုတ်ဘူး။ သူတို့ ဘဏ်ရဲ့ဆာဗာကိုသာ အဖောက်ခံလိုက်ရရင် ဒီလိုဘဏ်ကတ်လေးထဲကနေ ယူမှာမဟုတ်ပဲ တကယ့် ဘဏ်အကောင့်ကြီးတွေထဲက ငွေအမြောက်ကိုပဲ ယူသွားမှာသေခြာတယ်။


အခုဟာက ဘဏ်ကတ်ထဲကပဲ ယူသွားတာဆိုတော့ ကတ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို ကိုင်ထားတဲ့ သုံးစွဲသူ User ရဲ့ Security ပိုင်းဆိုင်ရာ အားနည်းမှုကြောင့်လား( ဖြစ်နိုင်ချေအများဆုံးပဲ )ဆိုတာကိုတွေးမိတယ်။ ( နောက်ပို့စ်တခုအောက်က Comment တွေကိုဖတ်မိတော့မှ User အားနည်းချက်ရှိသွားလို့ဆိုတာသိလိုက်ရပါတယ်။ )

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အခုလိုဖြစ်တာမှာ နောက်ကြောင်းတွေ ပြန်လိုက်လို့ရတာများလို့ ဘဏ်နဲ့သေခြာချိတ်ဆက်ပြီး နောက်ကြောင်းလိုက်ကြည့်ပါ။ Visa Card က တကမ္ဘာလုံးကို ဖြန့်ကျက်ပြီး ဝန်ဆောင်မှုပေးနေတာဖြစ်လို့ ဒီကိစ္စအတွက် ဘဏ်နဲ့ပူးပေါင်းပြီး ဖြေရှင်းပေးမှာပါ။

အဲ့ဒီလိုတွေ မပါနိုင်အောင် ဘာတွေလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲ?

1. Security ပိုင်းလေးတွေကို အလေးထားပြီး သေခြာလုပ်ထားဖို့လိုပါတယ်။

2. Security ပိုင်းနဲ့ပတ်သက်ပြီး Knowledge လေးတွေရှိထားဖို့လိုပါတယ်။

Online ပေါ်မှာ ငွေပေးချေမှုတွေပြုလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ဘဏ်အကောင့် or ဘဏ်ကတ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို ဖြည့်စွက်တဲ့အခါမှာဖြစ်ဖြစ်၊ ကိုယ်ဖြည့်စွက်လိုက်တဲ့အရာက Official ဟုတ်မဟုတ်ဆိုတာ သေခြာလေးစစ်ကြည့်ဖို့လိုပါတယ်။ Phishing Website တွေဆိုတာက အစစ်နဲ့ခွဲခြားမရအောင် ပြုလုပ်ထားကြတာမို့လို့ပါ။

___________________________

မ Suu Yadanar တင်ထားသည့် Post ၂ ခု။

မူရင်းတင်ထားတဲ့ SS Post 1 => https://www.facebook.com/yadanar.nwe.56/posts/3127432677271679

မူရင်းတင်ထားတဲ့ SS Post 2 => https://www.facebook.com/yadanar.nwe.56/posts/3127744207240526

အားလုံးပဲ သတိထားပြီး ဆင်ခြင်နိုင်ကြပါစေ။

Aung Kyaw Soe ( 17.12.2019 - 10:32 PM )

-     
  




-     
  

အရင်နေ့က ICJ အကြောင်းတင်ထားတဲ့ Post တခုအောက်က အပြန်အလှန်ပြောနေတဲ့ Comment တွေကိုလိုက်ဖတ်ရင်းနဲ့ ဘာလေးတခုကိုသွားတွေ့လည်းဆိုတော့ ဘာသာခြားတယောက်က လာမန့်ထားတာလေးကိုသွားတွေ့တယ်။ သူပြောထားတာကဘာလဲဆိုတော့ မင်းတို့မြန်မာနိုင်ငံကို တကမ္ဘာလုံးက အကြမ်းဖက်အားပေးတဲ့နိုင်ငံ၊ ဆိုးသွမ်းတဲ့လူရမ်းကားတွေရှိတဲ့နိုင်ငံအဖြစ်သတ်မှတ်ထားတယ်။ အခြားမပြောနဲ့ Google Translate မှာ မြန်မာလို "မျိုးစောင့်ဥပဒေ" လို့ပဲရိုက်ထည့်ကြည့်လိုက် "Genocide Act" ဆိုပြီးထွက်လာလိမ့်မယ်တဲ့။ ကိုယ်တွေလည်း ချက်ချင်းပဲ Google translate ကိုဖွင့်ပြီးရိုက်ထည့်ကြည့်လိုက်တော့ တကယ်ကြီးဖြစ်နေတာကိုသွားတွေ့ရတယ်။

အဲ့ဒီမှာ ကိုယ်တွေသိလိုက်ရတာက တစုံတယောက်ကတော့ ချောက်ချထားပြီဆိုတာကိုပါပဲ။ ဘာသာပြန်ထားတာကြီးက တလွဲကြီးဆိုပေမယ့် တိုင်းတပါးသားတွေသာ "မျိုးစောင့်ဥပဒေ" ဆိုတာကိုစိတ်ဝင်စားပြီး "မျိုးစောင့်ဥပဒေ" ဆိုတဲ့စကားလုံးကို သူတို့ English လို ဘယ်လိုပြန်လဲ၊ ဘယ်လိုအဓိပ္ပါယ်သက်ရောက်လည်းဆိုပြီးများ Translate လုပ်ကြည့်လိုက်ရင် ထွက်လာမယ့် ဘာသာပြန်ဆိုချက်က "Genocide Act" ဆိုတာကိုများ တွေ့သွားခဲ့ရင်တော့ သွားပါပြီဆိုပြီးတွေးလိုက်မိတယ်။

အမှန်တကယ်က....

မျိုးစောင့်ဥပဒေ <= Myanmar to English => Interfaith Marriage Law

Interfaith Marriage Law <= Myanmar to English => ဘာသာပေါင်းစုံလက်ထပ်ထိမ်းမြားမှုဥပဒေ

Genocide Act <= Myanmar to English => လူမျိုးတုံးသတ်ဖြတ်မှုအက်ဥပဒေ

ဆိုပြီးဖြစ်နေရမှာ.....

Google translate ဆိုတာက ဘာသာပြန်ဆိုချက်တိုင်းမှာ မှားယွင်းမှုရှိနေရင်ဖြစ်ဖြစ်၊ Translate ပြီးထွက်လာတာမရှိရင်ဖြစ်ဖြစ်၊ ကိုယ်တိုင်ဝင်ရောက်ပြီး Edit လုပ်ပြီး Translate တာနဲ့ပတ်သက်ပြီးဖြည့်တာ၊ ဖျက်တာ၊ ထပ်ပေါင်းတာတွေ လုပ်လို့ရပါတယ်။

လက်ရှိ Google translate မှာ မှားယွင်းနေတဲ့ "မျိုးစောင့်ဥပဒေ" ဆိုတာကို Translate လုပ်လိုက်ရင် "Genocide Act" ဆိုပြီး ထွက်လာတာကိုလည်း ဘာသာခြား၊ လူမျိုးခြားတွေ ခြေဆော့လက်ဆော့လုပ်ပြီး ပြောင်းပစ်ထားတာလို့ယူဆမိတယ်။ တမင်ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲထားတာလဲဖြစ်နိုင်ပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ရိုဟင်ညာ ဆိုတဲ့ မရှိတဲ့လူမျိုးနဲ့ ရိုဟင်ညာသမိုင်းကြောင်းဆိုပြီး အွန်လိုင်းပေါ်မှာ ပွထလာတဲ့ Data index တွေကို OIC အဖွဲ့ဝင် နိုင်ငံပေါင်းစုံကနေ လူအင်အား၊ ငွေအင်အား၊ တွေနဲ့ Supporting လုပ်ပေးနေပြီး OIC ကျောထောက်နောက်ခံရှိတဲ့ Media တွေကလည်း အကုန်ဝိုင်ဝန်းပြီး အစစ်အမှန်ဖြစ်အောင်လုပ်ပေးနေကြတာမို့ပါ။

ကဲ... အဲ့ဒါတွေအသာထားလိုက်ပါဗျာ အခု ဒီမှားယွင်းနေတဲ့ ဘာဘာပြန်ဆိုမှုကြီးကို မြန်မာပြည်သူ/ပြည်သားတွေအနေနဲ့ ဝိုင်းဝန်းပြီး ပြင်ဆင်လိုက်ကြရအောင်လား။


သို့မဟုတ် မိမိတို့အသုံးပြုနေတဲ့ Mobile phone or Computer တွေထဲက Browser ကိုဖွင့်ပြီး Google Translate ကိုသွားပြီး Burmese to English လို့ ထားပြီး "မျိုးစောင့်ဥပဒေ" လို့ရိုက်ထည့်လိုက်ပါ။ ထွက်လာတဲ့ ဘာသာပြန်ဆိုချက် "Genocide Act" ဆိုတဲ့နေရာမှာ ဒီ "Interfaith Marriage Law" ဆိုတာလေးကိုပြောင်းထည့်ပြီး Submit လုပ်ပေးကြပါ။ ( ဒီထဲကစာကို Copy ယူရအဆင်မပြေဘူး၊ စာရိုက်ထည့်ရမှာအဆင်မပြေဘူးဆိုရင် အလွယ်ယူလို့ရအောင် Interfaith Marriage Law ဆိုတာကို အခုပို့စ်အောက်က Comment မှာ ထည့်ပေးထားပါ့မယ်။ )


Edit ခလုတ်လေးက....

Computer ဆို ခဲတံပုံလေးက Suggest an Edit ခလုတ်ပါ။

Mobile browser ထဲမှာဆို ဘာသာပြန်ဆိုချက် ညာဘက်‌အောက်နားက အစက်လေး ၃ စက်ထဲမှာ Suggest an Edit ခလုတ်ရှိပါတယ်။

Aung Kyaw Soe ( 16.12.2019 - 9:26 PM )


-     
  




-     
  

Disabled ချခံရတာတွေမှာ အမျိုးအစားက ကျူးလွန်တဲ့ပေါ်၊ ချိုးဖောက်တဲ့ပေါ်မူတည်လို့ အများကြီးရှိပါတယ်။

ဥပမာ -

Security ( Temporarily disabled as a security precaution ) Disabled.

Identity ( Confirm identity ) Disabled.

Underage ( Facebook requires all members to be at least 13 years old ) Disabled.

Policy ( Violating Facebook's Statement of Rights ) Disabled.

Ineligible ( Violating Facebook's Statement of Rights and Responsibilities ) Disabled.

Copyright ( intellectual property violations ) Disabled.

Permanently ( Violating Facebook's Community Standards ) Disabled.

လိုမျိုးတွေ အစားစားရှိပါတယ်။ ကျူးလွန်တဲ့ပေါ်မူတည်ပြီး ရိုးရိုး Disabled ကနေ ရာသက်ပန် ပြန်သုံးခွင့်မရှိတော့တဲ့ Disabled မျိုးအထိကျတတ်ပါတယ်။

ကိုယ့်အကောင့်လေးတွေ ရေရှည်အသုံးပြုချင်တယ်ဆိုရင် Disabled တွေနဲ့ မကြုံရအောင် ဆောင်နိုင်၊ ရှောင်နိုင်ဖို့ လေ့လာပြီး မှတ်သားထားကြစေချင်ပါတယ်။

အောက်ကဟာကတော့ Disabled နဲ့ပတ်သက်ပြီး အကြမ်းဖျဉ်းသိရအောင်လို့ Help Center က စာကို မြန်မာလိုပြောင်းပြီး ပြန်ထည့်ပေးထားတာပါ။

_______________________

ကျွန်ုပ်၏ ကိုယ်ပိုင်အကောင့်အား ပိတ်သိမ်းခံထားရသည်။
( My personal Facebook account is disabled. )

ကျွန်ုပ်၏ အကောင့်အား ပိတ်သိမ်းခံထားခြင်းဟုတ်မဟုတ် မည်သို့သိနိုင်မည်နည်း?

သင့် Facebook အကောင့်ဖျက်သိမ်းခံထားရပါက သင်လော့အင်ဝင်ရောက်ရန်ကြိုးစားချိန်တွင် သင်၏အကောင့် ပိတ်သိမ်းခံထားရကြောင်း မက်ဆေ့ချ်ကို တွေ့ရပါလိမ့်မည်။ သင်လော့အင်ဝင်ရောက်ရန်ကြိုးစားချိန်တွင် ပိတ်သိမ်းခံထားရကြောင်းမက်ဆေ့ချ်ကို မတွေ့ရလျှင် သင်သည် အခြားပြဿနာကြုံတွေ့နေရခြင်းဖြစ်နိုင်သည်။ လော့အင်ဝင်ရောက်သည်နှင့် ပတ်သတ်သောပြဿနာများ( https://my-mm.facebook.com/help/105487009541643?helpref=https://www.facebook.com/aungkyawsoe.sb )အားဘယ်လိုဖြေရှင်းရမလဲလေ့လာရန်။

ဘာကြောင့် ကျွန်ုပ်၏အကောင့်အား ပိတ်သိမ်းခံထားရသနည်း?

Facebook မူဝါဒများ( https://my-mm.facebook.com/terms?helpref=https://www.facebook.com/aungkyawsoe.sb ) အားမလိုက်နာသောအကောင့်ကို ကျွန်ုပ်တို့ပိတ်သိမ်းပါသည်။ အချို့ဥပမာများတွင်ပါဝင်သည်မှာ-

1. Facebook မူဝါဒများကိုမလိုက်နာသော အကြောင်းအရာများတင်ခြင်း။

2. အမည်အတုသုံးခြင်း။

3. အခြားလူတစ်‌ယောက်အဖြစ်ဟန်ဆောင်ခြင်း။

4. လူမှုစံနှုန်းများအားချိုးဖောက်ခြင်းဖြင့် Facebook တွင်ခွင့်မပြုထားသည့် အပြုအမူများကို ဆက်လက်လုပ်ဆောင်နေခြင်း။

5. အခြားလူများအား စော်ကားရန်၊ ကြော်ငြာရန်၊ ပရိုမုတ်လုပ်ရန်၊ သို့မဟုတ် အခြားခွင့်မပြုထားသည့် အရာများ ပြုလုပ်ရန်အလို့ငှာ အခြားလူများကို ဆက်သွယ်ခြင်း။

ကျွန်ုပ်၏အကောင့်အား ပိတ်သိမ်းခံထားရလျှင် ဘာလုပ်နိုင်သနည်း?

သင့်အကောင့်အား မှားယွင်းစွာပိတ်သိမ်းခံလိုက်ရသည်ဟုထင်လျှင် ဤဖောင်( https://my-mm.facebook.com/help/contact/260749603972907?helpref=https://www.facebook.com/aungkyawsoe.sb ) ကိုသုံး၍ ပြန်သုံးသပ်ရန် တောင်းဆိုနိုင်သည်။

အချို့သောကိစ္စများတွင် သင့်အကောင့်အားမပိတ်သိမ်းခင် သတိပေးချက်ပေးပို့ခြင်းမရှိနိုင်ကြောင်းမှတ်သားထားပါ။ Facebook လူမှုစံနှုန်းများ( https://my-mm.facebook.com/communitystandards/?helpref=https://www.facebook.com/aungkyawsoe.sb )အားပြင်းပြင်းထန်ထန် ချိုးဖောက်ထားသောကြောင့် ပိတ်သိမ်းခံလိုက်ရသည့်အကောင့်များအား ကျွန်ုပ်တို့ပြန်ရယူပေး၍မရပါ။



-     
  

Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com