Online Service Center Myanmar -->
My Blog
Latest blog
-     
ဒီအကြောင်းအရာလေးကို လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက Message ကနေလာလာမေးကြတယ်။ Facebook က Messenger Chat Group တွေကိုဖျက်ပစ်တော့မယ်ဆို၊ အဲ့လိုကြောင့် Online Shop လုပ်နေတဲ့သူတွေ Viber တို့ Whatapp တို့တွေမှာ Group တွေပြေးလုပ်နေကြပြီ။ အဲ့ဒီသတင်းက တကယ်ကြီးလားဆိုပြီး လာလာမေးကြပါတယ်။ ဒီနေ့လည်း အဲ့ဒါကိုလာမေးနေကြသေးလို့ ဒါလေးကိုရေးပေးလိုက်တာပါ။ 
တကယ်တော့ အဲ့ဒီသတင်းထွက်လာတဲ့အကြောင်းရင်းက Facebook ရဲ့ Admin Education Community Blog မှာတင်ထားတဲ့ "Chats in Facebook Groups will no longer be available" ဆိုတဲ့ခေါင်းစဉ်နဲ့ပို့ကြောင့်ထွက်ပေါ်လာတာပါ။ Facebook ရဲ ့ News Room ( newsroom.fb.com ) မှာတောင် Group နဲ့ပတ်သက်လို့နောက်ဆုံး Update အနေနဲ့တင်ထားတဲ့သတင်းက "Making Groups Privacy Settings Easier to Understand" နဲ့ "How Do We Help Keep Private Groups Safe?" ဆိုတဲ့ ၂ ခုပဲရှိပါတယ်။ 
Facebook က Group Chat တွေကိုဖျက်ပစ်မယ်၊ မကြာခင်မှာသုံးလို့မရတော့ဘူးဆိုတဲ့ဟာတွေက သတင်းအမှားကြီးပါ။ "Chats in Facebook Groups will no longer be available" မှာပြောထားတာက Facebook Group ( Member Group ) တွေထဲကနေ Chat Conversation လုပ်တဲ့ ခလုတ် ( Option ) သုံလို့ရတော့မှာမဟုတ်ဘူးဆိုတာရယ်၊ လာမယ့် 22.8.2019 နေ့ကစပြီး အဲ့ဒီလို Group ထဲကနေ Group Member အချင်းချင်း Chat Conversation လုပ်ထားတဲ့ Messenger Chat Group တွေမှာ Member ထပ်ထည့်တာ၊ စာတွေပုံတွေထည့်တာတွေလုပ်လို့ရတော့မှာမဟုတ်ပဲ ကြည့်ရုံပဲကြည့်လို့ရတော့မယ်၊ အရင်တုန်းကပြောဆိုထားတဲ့ Conversation History တွေကိုပဲ ပြန်ကြည့်လို့ရတော့မယ်ဆိုပြီးပြောထားတာပါ။ 
ဒါကြောင့် Messenger Chat Group ေတြသုံးမရျဖစ္မွာမပူပါနဲ ့ Messenger ထဲကနေ Group Chat အသစ်တွေထပ်လုပ်လို့ရသလို၊ ယခင် Messenger ထဲကနေလုပ်ထားတဲ့ Group Chat Conversation တွေက ယခင်အတိုင်းပဲ သုံးလို့ရနေပါဦးမယ်ဆိုတာပြောကြားရင်း အမေးများနေတဲ့ Messenger Group Chat တွေသုံးမရတော့ဘူးဆိုတာ ဟုတ်လား၊ မဟုတ်ဘူးလား၊ ဆိုတာကို ဒီ Post လေးနဲ့ပဲ အားလုံးအတွက်ဖြေပေးလိုက်ပါတယ်။ 
အားလုံးပဲ စိုးရိမ်ပူပန်မှုကင်းပြီး အဆင်ပြေကြပါစေ။
Aung Kyaw Soe ( 21.8.2019 - 9:12 PM )
-     
Face App ​လေး​တွေသုံးပြီး ​ပေါ်ပင်​မှာ​ပျော်​ရွှင်​​နေကြသူ​တွေအ​နေနဲ့ အဲ့ဒီ Face App ဟာ ၂၀၁၇ ​မှာ ရုရှားကုမ္ပဏီတခုကထုတ်​လုပ်​ထားတာဖြစ်​ပြီး၊ ထုတ်​လုပ်​သူက Privacy, Security, ​တွေကိုအ​လေးထားပါတယ်​​ပြောထား​ပေမယ်​့ လုံးဝမှ Safe မဖြစ်​တဲ့ App တခုဆိုတာ သိထား​စေချင်​ပါတယ်​။
ပြောရမယ်​ဆိုရင်​ အဲ့ဒီ Face App ကို ဖုန်​းထဲထည်​့ထားသမျှကာလပတ်​လုံး ကိုယ်​​ပြောသမျှဆိုသမျှ လုပ်​သမျှ​တွေကို သူတို့သိ​နိုင်​​နေပါတယ်​။
ပိုပြီးစိတ်​ဝင်​စားဖို့​ကောင်​းတာက Face App ကိုသုံးပြီး Upload လုပ်​လိုက်​တဲ့ကိုယ်​့ပုံက ရုရှားအစိုးရဆီကိုတိုက်​ရိုက်​ပို့​ပေး​နေတယ်​ဆိုတာပါပဲ။ US အစိုးရနဲ့ US Security ပိုင်​းက​ထောက်​ပြ​နေတာက​တော့ ဒီ App ဟာ နိုင်​ငံ​ရေးအကျိုးအမြတ်​အတွက်​လုပ်​​ဆောင်​ထားတဲ့( User data ​တွေကို ခိုးယူစု​ဆောင်​း​​နေတဲ့ လူ​တွေကို​စောင်​့ကြည်​့ဖို့လုပ်​ထားတဲ့ ) App တခုလို့ပါ စွပ်​စွဲ​ပြောဆိုထားပါ​သေးတယ်​။
Face App မှ မဟုတ်​ပါဘူး။ Mobile app ​တော်​​တော်​များများဟာ ​ရေးသားထားတဲ့ App dev. ​တွေရဲ့ သုံးစွဲသူ User ​တွေဆီက​နေ ဘယ်​လိုအကျိုးအမြတ်​​တွေရယူဖို့ထိကြိုးစားထားတယ်​ဆိုတဲ့အ​ပေါ်မူတည်​ပြီး နည်​းပညာနဲ့ဝန်​​ဆောင်​မှု​ပေးရင်​း အချက်​အလက်​​တွေပြန်​လည်​ရယူကြတာများပါတယ်​။ User data ​တွေစု​ဆောင်​းပြီးပြန်​လည်​​ရောင်​းချတာ၊ ​ကြော်​ငြာ​တွေပြပြီးပိုက်​ဆံရှာတာ၊ Rat, Trojan, ရိုးရိုး Malware, ad Malware ​တွေ Virus အမျိုးမျိုးထည်​့သွင်​းတာ၊ ​နောက်​ဆုံး Phishing app ဖန်​တီးပြီး User data ​တွေ ထိုင်​ခိုးတာအထိပါလုပ်​တတ်​ကြပါတယ်​။
Aung Kyaw Soe ( 19.7.2019 - 7:00 PM )
#FaceApp #FaceAppIsSafeOrNotSafe #FaceAppIsNotSafe
 မူရင်းပို့စ် => 
ဒီ​နေ့မနက်​ Messenger ဝင်​ကြည့်တော့ ဒီအ​ကြောင်းအရာကို Forward လုပ်​​နေတာ​တွေ့ရတယ်​။ သူ့အ​ကြောင်းအရာက ဇူကာဘတ်​က Facebook သုံးစွဲသူတိုင်းကို Facebook သုံးတဲ့အတွက်​ အခ​ကြေး​ငွေ​ပေးရ​တော့မယ်​ဆိုတဲ့ပုံစံ​ရေးထားတယ်​။ ဒါကို ယုံတဲ့သူ​တွေကယုံကြတယ်​။
ဘာ​ကြောင့်ယုံကြတာလဲ...?
​သေခြာ မ​လေ့လာမစူးစမ်းကြလို့ပါပဲ။
ဘယ်​သူမှ သတိမထားမိခဲ့ကြဘူးမလား...?
Facebook.com  ကိုဝင်​လိုက်တာနဲ့ "Facebook account ဖွင့်သုံးမယ်ဆို လူတိုင်းအတွက်အမြဲတမ်း အခမဲ့ပါပဲ" လို့ ပြောထားတာတွေ့ရမယ်​။
အခုလို Fake news ​တွေ ​တွေ့တိုင်း အစစ်​အမှန်​ဟုတ်​မဟုတ်​ဆိုတာကို အလွယ်​တကူစစ်​ကြည့်လို့ရနိုင်​ပါတယ်​။
ဘယ်​လိုစစ်​ကြည့်ရမလဲ...?
1. Facebook Newsroom ( newsroom.fb.com/news ).
Facebook က Official News ​တွေထုတ်​ပြန်​​ပေးတဲ့ News Room မှာ ကိုယ်​​တွေ့တဲ့သတင်း or အ​ကြောင်းအရာ ဟုတ်​၊ မဟုတ်​ ဆိုတာကို စစ်​​ဆေးကြည့်လိုက်​ရင်​ Fake news or Real news လားဆိုတာ သိသွားပါလိမ့်မယ်​။
2. Facebook Page( fb.com/facebook )
ဒီလိုအ​ကြောင်​းအရာမျိုး​တွေဆိုရင်​ Facebook ရဲ့ Official page က​နေ တရားဝင်​ထုတ်​ပြန်​ထားပါလိမ့်မယ်​။ Facebook official page က​နေ​တောင်​ ထုတ်​ပြန်​မထားဘူးဆိုရင်​ Fake News ဆိုတာ သိသွားပါလိမ့်မယ်​။
3. Mark Zuckerberg ( fb.com/zuck ).
ဇူကာဘတ်​က ​ပြောထားတာဆိုရင်​ ​သေခြာတာက သူ့အ​ကောင့်မှာ​သေခြာ​ပေါက်​တင်​ထားမှာပါ။ သူ့အ​ကောင့်မှာ​တောင်​တင်​မထားတဲ့အ​ကြောင့်အရာဆိုရင်​ Fake news ဆိုတာ သိသွားပါလိမ့်မယ်​။
4. Google ( google.com )
Google search box ထဲမှာ Facebook နဲ့ပတ်​သက်​တဲ့ အချက်​အလက်​​တွေကိုရိုက်​ရှာကြည့်ပြီး ကိုယ့်ဆီ​ရောက်​လာတဲ့အချက်​အလက်​က မှန်​ မမှန်​ဆိုတာ စစ်​​ဆေးကြည့်လိုက်​ရင်​ Fake news ဟုတ်​၊ မဟုတ်​ဆိုတာ သိသွားပါလိမ့်မယ်​။
​ပေါ်ပင်​မှာ​ပျော်​ရွှင်​တတ်​သူ​တွေအ​နေနဲ့ ဒါ​လေးကို Friend ဘယ်​နှ​ယောက်​ဆီကို Share ​ပေးလိုက်​ရင်​ Facebook က ဘာ​ပေးမှာပါ၊ ဘာလုပ်​​ပေးမှာပါဆိုတဲ့အရာ​တွေကို လုံးဝမှအယုံအကြည်​မရှိကြပါနဲ့၊ လိုက်​မလုပ်​ကြပါနဲ့ Facebook က ဘယ်​​​တော့မှအဲ့လိုလုပ်​ခိုင်​းမှာမဟုတ်​လို့ပါ။
ကဲ.... ဒီ​လောက်​ပဲ​တော်​​သေးပြီ။ ​နောက်​ဆို ဒါမျိုး​တွေ​တွေ့လာခဲ့ရင်​ ကိုယ့်ဘာသာ​လေ့လာစူးစမ်းပြီးမှ ယုံကြပါလို့ပဲ​နောက်​ဆုံးအ​နေနဲ့​ပြောချင်​ပါ​တော့တယ်​။
Aung Kyaw Soe ( 4.7.2019 - 1:07 PM )
မူရင်းပို့စ် =>
Contact Me
Contact With Me
Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။
  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com