Online Service Center Myanmar -->

My Blog

Latest blog



ဒီ​နေ့မနက်​ Messenger ဝင်​ကြည့်တော့ ဒီအ​ကြောင်းအရာကို Forward လုပ်​​နေတာ​တွေ့ရတယ်​။ သူ့အ​ကြောင်းအရာက ဇူကာဘတ်​က Facebook သုံးစွဲသူတိုင်းကို Facebook သုံးတဲ့အတွက်​ အခ​ကြေး​ငွေ​ပေးရ​တော့မယ်​ဆိုတဲ့ပုံစံ​ရေးထားတယ်​။ ဒါကို ယုံတဲ့သူ​တွေကယုံကြတယ်​။

ဘာ​ကြောင့်ယုံကြတာလဲ...?
 

​သေခြာ မ​လေ့လာမစူးစမ်းကြလို့ပါပဲ။

ဘယ်​သူမှ သတိမထားမိခဲ့ကြဘူးမလား...?
Facebook.com  ကိုဝင်​လိုက်တာနဲ့ "Facebook account ဖွင့်သုံးမယ်ဆို လူတိုင်းအတွက်အမြဲတမ်း အခမဲ့ပါပဲ" လို့ ပြောထားတာတွေ့ရမယ်​။

အခုလို Fake news ​တွေ ​တွေ့တိုင်း အစစ်​အမှန်​ဟုတ်​မဟုတ်​ဆိုတာကို အလွယ်​တကူစစ်​ကြည့်လို့ရနိုင်​ပါတယ်​။

ဘယ်​လိုစစ်​ကြည့်ရမလဲ...?




1. Facebook Newsroom ( newsroom.fb.com/news ).
Facebook က Official News ​တွေထုတ်​ပြန်​​ပေးတဲ့ News Room မှာ ကိုယ်​​တွေ့တဲ့သတင်း or အ​ကြောင်းအရာ ဟုတ်​၊ မဟုတ်​ ဆိုတာကို စစ်​​ဆေးကြည့်လိုက်​ရင်​ Fake news or Real news လားဆိုတာ သိသွားပါလိမ့်မယ်​။

2. Facebook Page( fb.com/facebook )
ဒီလိုအ​ကြောင်​းအရာမျိုး​တွေဆိုရင်​ Facebook ရဲ့ Official page က​နေ တရားဝင်​ထုတ်​ပြန်​ထားပါလိမ့်မယ်​။ Facebook official page က​နေ​တောင်​ ထုတ်​ပြန်​မထားဘူးဆိုရင်​ Fake News ဆိုတာ သိသွားပါလိမ့်မယ်​။

3. Mark Zuckerberg ( fb.com/zuck ).
ဇူကာဘတ်​က ​ပြောထားတာဆိုရင်​ ​သေခြာတာက သူ့အ​ကောင့်မှာ​သေခြာ​ပေါက်​တင်​ထားမှာပါ။ သူ့အ​ကောင့်မှာ​တောင်​တင်​မထားတဲ့အ​ကြောင့်အရာဆိုရင်​ Fake news ဆိုတာ သိသွားပါလိမ့်မယ်​။

4. Google ( google.com )
Google search box ထဲမှာ Facebook နဲ့ပတ်​သက်​တဲ့ အချက်​အလက်​​တွေကိုရိုက်​ရှာကြည့်ပြီး ကိုယ့်ဆီ​ရောက်​လာတဲ့အချက်​အလက်​က မှန်​ မမှန်​ဆိုတာ စစ်​​ဆေးကြည့်လိုက်​ရင်​ Fake news ဟုတ်​၊ မဟုတ်​ဆိုတာ သိသွားပါလိမ့်မယ်​။

​ပေါ်ပင်​မှာ​ပျော်​ရွှင်​တတ်​သူ​တွေအ​နေနဲ့ ဒါ​လေးကို Friend ဘယ်​နှ​ယောက်​ဆီကို Share ​ပေးလိုက်​ရင်​ Facebook က ဘာ​ပေးမှာပါ၊ ဘာလုပ်​​ပေးမှာပါဆိုတဲ့အရာ​တွေကို လုံးဝမှအယုံအကြည်​မရှိကြပါနဲ့၊ လိုက်​မလုပ်​ကြပါနဲ့ Facebook က ဘယ်​​​တော့မှအဲ့လိုလုပ်​ခိုင်​းမှာမဟုတ်​လို့ပါ။







ကဲ.... ဒီ​လောက်​ပဲ​တော်​​သေးပြီ။ ​နောက်​ဆို ဒါမျိုး​တွေ​တွေ့လာခဲ့ရင်​ ကိုယ့်ဘာသာ​လေ့လာစူးစမ်းပြီးမှ ယုံကြပါလို့ပဲ​နောက်​ဆုံးအ​နေနဲ့​ပြောချင်​ပါ​တော့တယ်​။

Aung Kyaw Soe ( 4.7.2019 - 1:07 PM )
မူရင်းပို့စ် =>





Cyber Crime တွေနဲ့ပတ်သက်လာရင် မြန်မာပြည်က ခံရတဲ့သူတော်တော်များများက သဘောတွေအရမ်းကောင်းကြတယ်။ အညှာတွေအရမ်းလွယ်ကြတယ်။ အရင်လိုပြန်အဆင်ပြေသွားရင်ပြီးတာပါပဲဆိုပြီး ကိုယ်ခံစားခဲ့ရတာတွေကို လျစ်လျူရှုပစ်လိုက်တတ်ကြတယ်။

အဲ့လိုတွေကြောင့်လည်း ကျူးလွန်သူတွေက သူတို့ကိုဘာမှလုပ်လို့မရပါဘူး။ သူတို့ကိုမဖမ်းနိုင်မဆီးနိုင်ပါဘူးလို ့ကြွေးကြော်ပြီး ဇောင်းထချင်သလိုနေကြတော့တာပဲ။

ဟုတ်တော့လည်းဟုတ်ပါတယ်။ အစောပိုင်းကာလတွေတုန်းက Cyber Crime တွေနဲ့ပတ်သက်ပြီး ရဲစခန်းတွေမှာအမှုသွားဖွင့်ရင် အမှုကိုလက်မခံတဲ့အပြင် လာဖွင့်တဲ့သူကိုတောင်အပြစ်တင်ပြီးပြန်လွှတ်တာမျိုးတွေထိရှိခဲ့သလို။ အမှုကိုလက်ခံဖွင့်ပေးလိုက်ရင်တောင် အဲ့ဒီအမှုက ဟိုမရောက်ဒီမရောက်နဲ ့ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားခဲ့ကြတာများတယ်။ 

တချို့တွေကျတော့လည်း အမှုတော့ဖွင့်ချင်ပါလျှက်၊ ရုံးရောက်ဂတ်ရောက်ဖြစ်မှာမလိုလားသူတွေ၊ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းဖြစ်ပြီး၊ တရားခံတွေကိုထိထိရောက်ရောက် အရေးယူအပြစ်ပေးနိုင်မှာမဟုတ်ပါဘူးလေလို့တွေးပြီး အမှုဖွင့်မယ့်ကိစ္စကို ခေါင်းထဲကတောင်ထုတ်ပစ်လိုက်တဲ့သူတွေအထိရှိတယ်။

Actor တယောက်ဆိုရင် ငါညီရာ အစ်ကိုအနေနဲ့က တကယ်ထိထိရောက်ရောက်အရေးယူအပြစ်ပေးနိုင်မယ်ဆိုရင် အမှုဖွင့်ချင်တယ်။ ဖွင့်ပြီးတော့မှ ဘာမှဆက်ဖြစ်မလာရင် အလကားပဲဖြစ်သွားနိုင်တာမို့မဖွင့်တော့ပါဘူး။ လက်ရှိမြန်မာပြည်မှာက ဒီလိုအရေးကိစ္စတွေမှာ အားနည်းတာကို ငါ့ညီလည်းသိတာပဲကွာ ဆိုပြီးပြောခဲ့ဖူးသေးတယ်။




ကဲ... အခုဆိုရင် Cyber Crime တွေနဲ ့ပတ်သက်လာရင် ပြည်ထဲရေးဘက်ကထိထိရောက်ရောက်ဖြစ်အောင်ကိုင်တွယ်ပေးနေပြီလို ့ပြောလာပြီ။ နစ်နာသူတွေအနေနဲ့မဖြစ်မနေအမှုဖွင့်ကြပါ။ ခင်ဗျားတို့တွေက ကိုယ်တိုင်နစ်နာပြီးတော့မှအမှုမဖွင့်ကြရင် ပြည်ထဲရေးဘက်က ဘာမှဝင်လုပ်ပေးလို ့၊ ဝင်ကူညီပေးလို့မရပါဘူး။

တချို့ဆိုရင်ပြောကြတယ် Cyber Crime မို့ Cyber Crime နဲ့ပတ်သက်တဲ့ဆီကို တိုက်ရိုက်ဆက်သွယ်ပြီး အကူအညီတောင်းလို ့ရမလားဆိုပြီးမေးကြတယ်။ အဲ့လိုမရပါဘူး။ နီးစပ်ရာနယ်မြေစခန်းမှာအမှုဖွင့်ပြီးတော့မှ Cyber Crime( နည်းပညာမှုခင်းဌာန ) က ဝင်ပါလို့( ဝင်ကိုင်တွယ်လို့) ရတာပါ။

ဒါကြောင့်မို ့ကိုယ်အမှန်တကယ်နစ်နာခဲ့ရတာတွေအတွက် ရသမျှသက်သေတွေစုဆောင်းပြီး နီးစပ်ရာနယ်မြေစခန်း( ကိုယ်နေထိုင်တဲ့နေရာက နီးစပ်ရာရဲစခန်း )မှာ အမှုဖွင့်ဖြစ်အောင်ဖွင့်ကြပါလို့တိုက်တွန်းချင်ပါတယ်။


အခုရက်ပိုင်းထဲ Disabled ကျတဲ့သူ​တွေများ​နေတယ်​။ ​တွေ့လိုက်​ရင်​  Ineligible Disabled ​တွေများတယ်​။ Facebook က သတ်​မှန်​ထားတဲ့စံနှုန်း​တွေကို မလိုက်​နာတဲ့အ​ကောင့်မျိုး​တွေလို့ယူဆပြီးပိတ်​ပစ်​တာ။ အဲ့ဒီ Disabled အတွက်​အယူခံဝင်​လို့မရဘူးလားဆို​တော့ သူ့အတွက်​ Channel က ၂ ခု​တောင်​ရှိတယ်​။ ဒါ​ပေမယ့် ပြန်​ရလားဆို​တော့ မရတာ​တွေကများတယ်​။

ပြန်​ရနိုင်​တဲ့ Disabled ​တွေက....

Someone i know ​ကြောင့်ကျတဲ့ Disabled ဆို အ​ကောင့်ပိုင်​ရှင်​အစစ်​အမှန်​ကပြန်​​လျှောက်​ရင်​ 100% ပြန်​ရတယ်​။

Security Disabled လည်း 100% အယူခံဝင်ရင်ပြန်ရတယ်။
Policy Disabled ​တွေကျ​တော့ အများကြီးရှိတယ်​။ သူတို့ဘယ်​​လောက်​ထိ ချိုး​ဖောက်​ထားလည်း၊ ကျူးလွန်​ထားလည်း​ပေါ်မူတည်​ပြီး ရိုးရိုးသာမန် ​ Disabled ကနေ ရာသက်ပန်​ Disabled အထိ ချခံရတတ်တယ်​။

စုစု​ပေါင်း Disabled channel 7 ခု 8 ခု ​လောက်​ရှိ​ပေမယ့် သူ့ သက်​ဆိုင်​ရာချန်​နယ်​က​နေပဲတင်​ရပါတယ်​။ ဒါ​ကြောင့် Login Screen က လမ်းညွှန်​ချက်​အတိုင်းပဲ လုပ်​​ဆောင်​ပါလို့ ​ပြောထားတာပါ။ ​တွေ့ကရာ Disabled channel ​တွေက​နေ ​လျှောက်​တင်​​နေရင်​ ရိုးရိုးသာမန်​ Disabled က​နေ ရာသက်​ပန်​ Disabled အဖြစ်​ အသွင်​ပြောင်းသွားတတ်​ပါတယ်​။ ​ ပြောချင်​တာက ​တွေ့ကရာ Disabled channel ​တွေက​နေ ​လျှောက်​တင်​ရင်​ ပိုဆိုသွားတတ်​တယ်​ဆိုတာကို မ​မေ့ဖို့ပါ။

လက်​ရှိ ကျတဲ့ Disabled မျိုးက 18+ Video ​တွေကို timeline, Group, Page, Messenger, ​တွေထဲမှာတင်​မိရင်​ဖြစ်​ဖြစ်​၊ Branded ပစ္စည်းနဲ့ Copyright ငြိနိုင်​တဲ့ Movie, Music video, ​တွေကို တင်​တဲ့အခါမှာ ကျတဲ့ Disabled မျိုးပါ။ ပြန်​ရနိုင်​​ချေက 100% မှာ 10% ​လောက်​ပဲရှိပါတယ်​။

ပြန်​မရတာများတယ်​။ 😁😁😁
For disabled user များအတွက်​... အား​ဆေး... 😜😜😜

မူရင်းပို့စ် =>



Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com