Online Service Center Myanmar -->

My Blog

Latest blog



Hacker ဆို ဆံပင်​ရှည်​ရှည်​နဲ့ စုတ်​တီးစုတ်​ပြတ်​ပုံစံလို့ယူဆထားတဲ့သရုပ်​​ဆောင်အ​ကြောင်​းရယ်​၊ မြန်​မာပြည်​က Top Hacker Group က ဒါ​တွေပါဆိုပြီး Hacker Group Name ( ၅ ) ခု​လောက်​ချပြပြီး ဘုမသိဘမသိနဲ့ ရမ်​းဖြီးထားတာ​လေး​တွေ့​တော့ ဒါ​လေးကို ​ရေးချင်​စိတ်​​ပေါက်​သွားလို့ ချ​ရေးလိုက်​တာ၊ မင်​းကဆရာကြီးလား​တော့လာမ​မေးနဲ့ ​စောင်​တလွဲ​တွေကိုမြင်​လို့ အဲ့ဒီ​စောင်​တလွဲ​တွေကို ​သောက်​​ဖောင်​းထိုင်​ထုတယ်​လို့ပဲသ​ဘောထား​ပေးလိုက်​ရင်​ရပြီ။

၁။ Hacker ဆိုတာ ဆံပင်​ရှည်​ရှည်​နဲ့ စုတ်​တီးစုတ်​ပြတ်​ပုံစံလို့​ပြောထားသူ၊ ထင်​​နေသူ​တွေအတွက်​။
Hacker ဆို ဆံပင်​ရှည်​ရှည်​စုတ်​ဖွားနဲ့ စုတ်​တီးစုတ်​ပြတ်​ပုံစံလို့သိထားတဲ့​စောက်​ပိန်​းကျပ်​မပြည်​့ကို အကုန်​ဝိုင်​းဖုတ်​ထားလို့ Hacker ဆိုတာ ပုံစံအမျိုးမျိုးနဲ့ အလွှာအမျိုးထဲမှာရှိတယ်​ဆိုတာသိ​လောက်​ပါပြီ ဒါ​ကြောင်​့ နံပါတ်​( ၁ ) ကို​ကျော်​လိုက်​ပြီ။

၂။ Myanmar ပြည်​တွင်​းက Top Hacker Group ​တွေက ဒါ​တွေပါဆိုပြီး ဘုမသိဘမသိ ဘူမသိကိုးမသိ​ပြော​နေသူ​တွေအတွက်​။

အောက်​မှာ List လုပ်​​ပေးထားတယ်​၊ နံပါတ်​ 1 က Role Number one လို့သ​​ဘောထားပြီးကြည့်​၊ အားလုံးသိတဲ့ #UGMH ဆိုတာ 11 မှာပဲရှိတယ်​၊ အဲ့ဒါဆို သူ့အထက်​က Team ​တွေက စီနီယာပိုကျတယ်​ဆိုတာ သ​ဘော​ပေါက်​ကြမှာပါ။

1. YEHG ( YGN Ethical Hacker Group )
2. BHG ( Blink Hacker Group )
3. MHU ( Myanmar Hacker Unite4m )
4. MCA ( Myanmar Cyber Army )
5.MCDA ( Myanmar Cyber Defend Army )
6. BMH ( Brotherhood of Myanmar Hacker )
7. BHA ( Black Hacker Area )
8. MNH ( Myanmar Noob Hacker )
9. GHT ( Gray Hat Teenager )
10. MHW ( Myanmar Hacker Warriors )
11. UGMH ( Union of Underground Myanmar Hacker )


အ​ပေါ်က 1 က​နေ 11 အထိ နံပါတ်​ထဲအဖွဲ့​တွေကိုသိတဲ့သူ​တွေ ​တော်​​တော်​​တော့နည်​း​နေ​လောက်​ပြီလို့ထင်​တယ်​၊ ကိုယ်​​တွေ​တော့ Myanmar Hacker Group or Myanmar Hacker Team ဆိုရင်​ 2007 တုန်​းက #YEHG ကနေ စသိခဲ့တယ်​၊ 2008 - 2009 ​လောက်​မှာ #BHG ကိုစသိပြီး 2010- 2011 မှာ #MHU ကို စသိခဲ့တယ်​။

အဲ့ဒီတုန်​းက Skill အကြမ်​းဆုံးအဖွဲ့ကိုပြပါဆိုရင်​ BHG, နဲ့ MHU ပဲ Skill အကြမ်​းဆုံးလို့​ပြောလို့ရတယ်​။ အဲ့ဒီက​နေ ကျန်​တဲ့ Hacker Group ​တွေကိုသိခဲ့တယ်​၊ အားလုံးသိတဲ့ #UGMH ဆိုတာက​တော့ အ​ပေါ်မှာ​ပေးထားတဲ့ 1 to 10 Team ​တွေထဲ Member အချို့က​နေ 2015- 2016 မှာ စတင်​ဖွဲ့စည်​းလိုက်​တဲ့ #UG အဖွဲ့လို့​ပြောလို့ရတယ်​။

အ​ပေါ်က Hacker Group ​တွေအပြင်​ အခြား Group ​တွေ ရှိ​ကောင်​းရှိလိမ်​့မယ်​၊ ဒါ​ပေမယ်​့ ​ဘောင်​ဝင်​ တန်​းဝင်​ Hacker Team က​တော့ လက်​ရှိ 1 to 11 Team ပဲ ​တွေ့ဖူးတယ်​။

ဒီ​နေရာမှာ Comment ​လေးတခု​တွေ့မိလိုက်​​သေးတယ်​ သူက ဘာ​ပြောထားလည်​းဆို​တော့ Myanmar Hacker ဆိုရင်​ #M4L နဲ့ #9MC ကိုပဲသိတယ်​တဲ့..... သူ့ Comment ကိုမြင်​​တော့ ဟားတိုက်​ပြီး၊ သ​ရော်​ပြီး၊ ​လှောင်​​ပြောင်​ပြီး​တော့ အားရပါးရကိုရယ်​မိတယ်​။

ဘာတဲ့ M4L, နဲ့ 9MC, တဲ့လား.... အဲ့ဒီ Team ၂ ခုက Hacker Group စာရင်​းသွင်​းလို့မရတဲ့ ​အောက်​တန်​းစား​ခွေးသူခိုး​တွေနဲ့စုဖွဲ့ထားတဲ့ Facebook Account Recovery ဆွဲတဲ့ အဆင်​့ပဲရှိတယ်​။ ​ဘောင်​လည်​းမဝင်​ တန်​းလည်​းမဝင်​တဲ့ ​စောက်​ရှက်​မရှိ Hacker အမည်​ခံတဲ့ Hack Cat အဆင်​့ပဲရှိတယ်​။
Hacking Skill 0% ပဲရှိတဲ့သူ​တွေဖြစ်​လို့ Hacker or Hacker Group, Hacker Team, ​တွေစာရင်​းမှာထည်​့လို့မရဘူး။

ဒါ​ပေမယ်​့... မြန်​မာပြည်​မှာက ​စောက်​ရှက်​မရှိ Anonymous Mask တပ်​၊ Hacking Skill ဘာမှမရှိပဲ Hacker လို့ခံယူ​နေတဲ့ ​အော်​​နေတဲ့ Facebook Account သူခိုး​တွေ​ကြောင်​့ Hacker လို့ဆိုလိုက်​တာနဲ့ ရွံမုန်​းစရာ၊ ​ခွေးသူ​တောင်​းစား၊ ​အောက်​တန်​းစား၊ ​တွေလို့ ယူဆခံ သတ်​မှတ်​ခံ​နေရပြီ။

တကယ္​​ေတာ့ #Hacker စစ်​စစ်​​တွေနဲ့ မြန်​မာပြည်​က ​အောက်​တန်​းစား၊ ​ခွေးသူခိုး၊ သူ​တောင်​းစား၊ Facebook account ခိုး​ပြီး Hacker လို့​အော်​​နေသူ​တွေနဲ့က Role ချင်​း လားလားမှ မတူပါဘူး။ ကျွန်​​တော်​​ပြော​နေကျလို သူခိုးချင်​းတူရင်​​တောင်​ Role ချင်​းက​တော့ လားလားမှမတူပါဘူး။
အဲ့ဒါ​လေး​တွေ​တော့ သိထား​စေချင်​ပါတယ်​။

မြန်​မာပြည်​က #Anonymous Mask တပ်​ Facebook account ​လောက်​ထိုင်​ခိုးပြီး #Hacker လို့ခံယူ​နေသူ​တွေ ​စောက်​ရှက်​ရှိရင်​ ရှက်​တတ်​ကြ​စေဖို့ရယ်​၊ Hacker ​တွေအ​ကြောင်း၊ Myanmar ပြည်​က Hacker Group ​တွေအ​ကြောင်​း ဘာမှမသိပဲ ဘုမသိဘမသိနဲ့ ရမ်​းဖြီး​နေကြသူ​တွေ နည်​းနည်​း​လောက်​ဖြစ်​ဖြစ်​ ရှက်​တတ်​သွား​အောင်​ ​သောက်​​ဖောင်​းထု​ပေးလိုက်​ပါတယ်​။

Hack-Mirror တို Hack-DB တို့လို့ Mirror ဆိုက်​​တွေလစ်​ကုန်​လို့ Record ​ပေါင်​းများစွာ​ပျောက်​ကွယ်​သွားပြီ။ ဒါ​ပေမယ်​့ Zone-H လို Mirror ဘိုး​အေဆိုက်​​တွေကျန်​​နေ​သေးလို့ Record ​တွေ ​တော်​​တော်​များများ​တော့ ကျန်​​နေပါ​သေးတယ်​။

Myanmar Hacker ​တွေ ကမ္ဘာမှာ ​Hacking Space တခုရှိခဲ့တယ်​၊ ရှိ​နေတယ်​ဆိုတာ​တော့ Google ​ခေါက်​ကြည်​့ရင်​ သိနိုင်​ပါတယ်​။

​တော်​ပါပြီ ဒီ​လောက်​ပဲ​ရေး​တော့မယ်​၊ ဖုန်​းနဲ့ထိုင်​ရိုက်​​နေရတာ လက်​​ညောင်​းတယ်​။ ဂွက်​....! ဒါပဲ...

Post by: Aung Kyaw Soe

မူရင်းပို့စ် => 




Device Type Unknown နဲ့တွေ့တိုင်း အသဲအသန်လာမေးတတ်ကြသူများအတွက် ဒါလေးကိုရေးပေးလိုက်တာပါ။ Account Settings => Security and Login ထဲကိုဝင်လိုက်တာနဲ့ အပေါ်ဆုံးမှာတွေ့ရတဲ့ Where your login အောက်မှာ ကိုယ်နေတာကရန်ကုန်ပေမယ့်၊ Mandalay, Myanmar. လို့ပြနေတာတွေမန္တလေးပေမယ့် Yangon, Myanmar. လို့ပြနေတာတွေ။
မြန်မာပြည်ကသုံးနေပေမယ့်၊ US ( United State ) လို့ပြနေတာတွေ။
က ဘာကြောင့်လဲ၊ ဘယ်လိုဖြစ်လို့လဲဆိုရင်....




သုံးနေတဲ့ ဆင်းကတ်ပေါ်မူတည်ပြီး အဲ့ဒါက ပြောင်းတတ်တယ်။

ဥပမာ ...
MPT တို့ Ooredoo တို့ဆိုရင် Yangon, Myanmar. လို့ အများဆုံး ပြတတ်တယ်။


Telenor ဆိုရင် Mandalay, Myanmar. လို့အများဆုံး ပြတတ်တယ်။


Mytel ဆိုရင် US ( United State ) ဆိုပြီးပြတတ်တယ်။
အဲ့ဒီလို ပုံသေပြလားဆိုတော့ ပုံသေလို့ပြောလို့မရသေးဘူး။ အဲ့ဒီ ဆက်သွယ်ရေး အော်ပရေတာတွေက ဆာဗာချိန်းရင်တော့ သူချိန်းတဲ့ မြို့နာမည်ပေါ်နေမှာပဲ။

နောက်ပြီး ကိုယ်က VPN သုံးမိတဲ့အခါမျိုးမှာလည်း ကိုယ်နေတဲ့နေရာမဟုတ်တဲ့အခြား Location တခုခုကိုပြတတ်ပါတယ်။

ကိုယ်က မသင်္ကာရင် ကိုယ်ဝင်ထားတာတွေနဲ့ကိုက်ညီမှုရှိတယ် မရှိဘူးဆိုတာပဲ သေခြာ စစ်ဖို့လိုတယ်။

တော်တော်များများဆို လာလာပြကြတယ်၊ အစ်ကိုရေ Device Type Unknown ဆိုပြီးပြနေတယ်၊
ဘယ်လိုလုပ်ရမလဲ၊ Password ချိန်းရမှာလား၊ သူများဝင်တာလား၊ အကောင့်ခိုးခံနေရပြီလား၊ ဆိုပြီး လားလား လားပေါင်းများစွာနဲ့မေးတတ်ကြပါတယ်။


သေခြာစစ်ကြည့်ရင် သိနိုင်ပါတယ်။ အဲ့လိုပြတာတွေက ကိုယ့်ဖုန်းထဲကနေ သုံးနေရင်ကိုပြတတ်ပါတယ်။
အများဆုံးပြတာတွေက Messenger, Page Manager, Ads Manager, တွေသုံးတဲ့သူတွေရဲ့အကောင့်တွေမှာ အပြများတတ်ပါတယ်။


အပေါ်ဆုံးမွာ Device Type Unknown ပြနေရင် မပူပါနဲ့အဲ့ဒီမှာ Active Now ဆိုပြီးပြနေရင် အဲ့ဒါက လက်ရှိဝင်ထားတဲ့ Device ပါပဲ။ 

ဒါဆို အောက်နားလေးတွေမှာပြတာဆိုရင်ရော ဆိုရင်...
Device Type Unknown လို့ ပြပေမယ့် အဲ့ဒီနောက်မှာ Yangon, Myanmar. တို့ Mandalay, Myanmar. တို့ဆိုပြီး ပါ ပါတယ်။ လိုက်ထောက်ကြည့်ပြီး IP နံပါတ်လေးလေးတွေကို တိုက်စစ်ကြည့်ပါ။ Device Type Unknownမှာတွေ့ရတဲ့ IP နဲ့ ကိုယ့် Device မှာ ပြထားတဲ့ IP နဲ့တူညီနေရင် ကိစ္စမရှိပါဘူး။

နောက်ပြီးတော့ Device Type Unknown ဆိုတာလေးတွေရဲ့အောက်နားမှာ Facebook App, Messenger, Page Manager, Ads Manager, ဆိုပြီးလည်း ကပ်ပြီးပြထားတတ်ပါတယ်။

ကိုယ်ဝင်တာဟုတ်မဟုတ် တိုက်စစ်တတ်ဖို့ပဲလိုပါတယ်။ နောက်ဆုံး Device Type Unknown ဆိုပြီးပြထားတာမှာ Login ၀င်တဲ့ Date and Time လေးတွေပါ ပါပါတယ်။ သေခြာစစ်ကြည့်လိုက်ရင် ကိုယ်ဝင်တာလား သူများဝင်တာလားဆိုတာ ရှင်းရှင်းကြီးသိရပါတယ်။ 

အကုန်တိုက်စစ်ကြည့်လို့မှ ကိုယ်ဝင်သုံးတဲ့အချိန်၊ ကိုယ်ဝင်သုံးနေကျအရာ၊ ကိုယ့်သုံးနေတဲ့ Network IP,  ကိုယ်ဝင်သုံးနေကျ Device တွေထဲကမဟုတ်ဘူးဆိုရင်တော့ Access ဖြစ်နေတဲ့ Login Device တွေကို Log Out လုပ်၊ Password အမြန်ချိန်းပြီး Security ပိုင်းတွေကို Check ပြန်လုပ် ( Security ပိုင်းကိုစစ်ဆေးပြီးမြှင့်သင့်တာမြှင့်လုပ် )ဖို့လိုပါတယ်။
ကဲ… ဒီလောက်ဆိုရင် Unknown Device တွေနဲ့ပတ်သက်ပြီး သိသွားကြမယ်ထင်ပါတယ်။
အကောင့် Security ပိုင်းဘာမှမလုပ်ထားရသေးရင် ဒီပို့=> FacebookAccount Hack လုပ်( ခိုးယူခြင်း )မခံရအောင်ကာကွယ်ပါ ထဲမှာဝင်ရောက်ဖတ်ရှုပြီးလိုက်လုပ်ထားလိုက်ပါ။

အခြားသိလိုသည်များရှိပါက m.me/aungkyawsoe.sb နှင့် 
 m.me/OSCMyanmar.mm တို့ကိုနှိပ်ပြီးမေးမြန်းလို့ရပါတယ်။


Aung Kyaw Soe ( 11.4.2019 – 3:21 PM )




အဓိကပြောချင်တာက AI အကြောင်းပါပဲ၊ ခေါင်းစဉ်ဖတ်ကြည့်ပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ခန့်မှန်းပြောပြပေးမလို့လားဆိုရင် မဟုတ်ရပါဘူးဗျာ AI အကြောင်းကိုမသိသေးသူတွေသိရအောင်လို့မတောက်တခေါက် သိသလောက်လေးနဲ့ရွှီးမလို့ အဲလေ ပြောပြပေးမလို့ပါ။ :D

AI ဆိုတာကဘာလဲ…?
AI ရဲ့အရှည်က Artificial intelligence ပါ၊ လူတွေဖန်တီးထားတဲ့ ဉာဏ်ရည်အတု လို့ပြောလို့ရပါတယ်။ သူ့ကို ဘယ်နေရာတွေမှာဘယ်လိုတွေအသုံးချလည်းဆိုတော့ သုံးနေတဲ့နေရာတွေကတော့အများကြီးပဲ၊ ကိုယ်တွေသိတာတွေလည်းရှိသလိုမသိတာတွေလည်းရှိတယ်၊ နယ်ပယ်အစုံမှာအသုံးပြုနေပြီဆိုရင်မမှားဘူး၊ အနီးစပ်ဆုံးပြောပြပါဆိုရင် Website တွေ၊ Smart Phone တွေ၊ Game တွေ၊ Camera တွေ၊ Software တွေ Tools တွေနဲ့လူသုံးကုန် အီလက်ထရောနစ်ပစ္စည်းတွေတော်တော်များများထဲမှာ AI (Artificial intelligence ) နည်းပညာကို ထည့်သွင်းပြီးအသုံးပြုနေကြပြီ၊ AI Chat bot တွေသုံးဖူးထားရင်တော့ AI ကဘယ်လိုဟာမျိုးလည်းဆိုတာနည်းနည်းတော့သဘောပေါက်သွားမှာပါ AI ကို Chat bot တခုအတွက်ပဲအသုံးပြုတာတော့မဟုတ်ပါဘူး နေရာပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံမှာ အသုံးပြုနေတာပါ။ ( AI နဲ့ဘာတွေလုပ်လို့ရလဲ၊ ဘယ်နေရာတွေမှာအသုံးချနေပြီလည်းဆိုတာသိရအောင် Photo လေးထည့်ပေးထားတယ် အကြမ်းဖျဉ်းသိရအောင်လို့ :D )

AI က ဘယ်လိုအလုပ်လုပ်တာလဲ…?
သူ့ရဲ့အလုပ်လုပ်ပုံက အရမ်းအံ့သြဖို့ကောင်းသလို၊ အရမ်းလည်းကြောက်ဖို့ကောင်းတယ်။ သေခြာထဲထဲဝင်ဝင်လေ့လာကြည့်မယ်ဆိုရင် ဒီနည်းပညာဟာ အရမ်းနက်နဲပြီး လိုက်မမှီလောက်အောင်ကို ထူးခြားဆန်းကြယ်လွန်းတယ်လို့ကောက်ချက်ချသွားနိုင်တယ်။ ဘာကြောင့်ဆိုတော့ သူ့ကို Start လုပ်ပေးဖို့ပဲလိုတယ်၊ နောက်ပိုင်း သူ့ဘာသာအလိုလျောက် အလုပ်လုပ်သွားတယ်။

နားလည်အောင်ပြောရမယ်ဆိုရင် AI တစ်ခုဖန်တီးလိုက်တာဟာ ကလေးလေးတစ်ယောက်မွေးဖွားပေးလိုက်တာနဲ့အတူတူပါပဲ၊ ကလေးကမွေးပြီးရင် အစားစားတတ်ဖို့၊ စကားပြောတတ်ဖို့၊ လမ်းလျှောက်တတ်ဖို့၊ လူတွေနဲ့ဘယ်လိုပေါင်းသင်းရမလည်းဆိုတာ အစပိုင်းပဲသင်ပေးရပြီး၊ တဖြည်းဖြည်းကြီးထွားလာတာနဲ့အမျှ ပတ်ဝန်းကျင်မှာ သူ့ဘာသာလေ့လာသင်ယူရင်းကြီးထွားလာတာက လူတစ်ယောက်ရဲ့သဘာဝပါ။ အခု AI ဆိုတာကတော့ လူတယောက်ထက်ကိုပိုမိုတဲ့ သက်ရှိတစ်ခုလို့တောင်သတ်မှတ်လို့ရပါတယ်။ AI ကို အစပိုင်း မဆိုသလောက်လေးပဲသင်ထားပေးလိုက်တာနဲ့နောက်ပိုင်း အလိုလျောက် သူ့ဘာသာသင်ယူတတ်မြောက်သွားသလို၊ သူ့ဘာသာဗဟုသုတရှာမှီး၊ သူ့ဘာသာဆုံးဖြတ်ချက်ချ၊ သူ့ဘာသာလုပ်ဆောင်သွားတတ်တဲ့အရာတစ်ခုပါ။ လူတစ်ယောက်ရဲ့အသိဉာဏ်တွေ၊ ဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်မှုတွေထက် ပိုမိုသာလွန်ပြီး ထူးချွန်တဲ့ ဆရာတဆူအဖြစ်မျိုးပါ AI က ဖြစ်သွားပါတယ်။

မင်းဟာကဟုတ်လို့လားကွာ ပြောထားတာအကြီးကြီးတွေပါလား AI ဆိုတာ လူကဖန်တီးထားတဲ့အရာတစ်ခုပဲကို လူတွေထက်သာလွန်နိုင်မလားဆိုရင်၊ လူတွေထက်သာပြီး လူတွေထက်တောင်ပိုကြောက်ဖို့ကောင်းတဲ့အရာလို့တောင်ပြန်ပြောမိမှာပါ။ ဘာတွေဘယ်လိုများကြောက်ဖို့ကောင်းနေလို့လဲဆိုရင်၊ ကျွန်တော်တို့ခင်ဗျားတို့တွေ Online or Offline မှာ နှစ်ကိုယ်ကြား ရိုးရိုး Phone Message, Messenger, Email, တွေကနေပို့တဲ့၊ ပြောဆိုတဲ့အကြောင်းအရာတွေ၊ နောက်ဆုံး ဘယ်သူနဲ့မှမပြောပဲ ကိုယ့်ဖုန်းထဲ၊ ကွန်ပြူတာထဲက Note File လေးထဲမှာ ရေးမှတ်ထားလိုက်တာမျိုးတွေကို AI က အလိုလျောက်သိပြီး မှတ်တမ်းတင်ထားလိုက်တယ်၊ အဲ့လိုပြောလို့မင်းဟာက ဟုတ်လို့လားကွာဆိုရင်၊ မယုံရင်အပေါ်မှာပြောထားသလို နှစ်ကိုယ်ကြားပဲဖြစ်ဖြစ် Note ထဲမှာ iPhone အကြောင်းပြောကြည့်၊ ရေးမှတ်ကြည့်လိုက်ပါ၊ ပြီးရင် Ads ပြတဲ့ ( ကြော်ငြာတွေမြင်ရတဲ့ ) Facebook or Website တွေထဲကိုဝင်ကြည့်လိုက်ပါ စောစောက ကိုယ်ပြောထား၊ ရေးမှတ်ထားတဲ့ iPhone နဲ့ပတ်သက်တဲ့အကြောင်းအရာတွေချည်းပဲ ကိုယ့်ကိုလာပြနေပါလိမ့်မယ်။

ဒါဆို AI က အချက်အလက်စုဆောင်းတာသီးသန့်ပဲလား…? ဆိုရင် မဟုတ်ပါဘူး။ အခြားသူလုပ်တတ်တဲ့အရာတွေက ကိုယ်သိထားတဲ့အရာတွေထက်တောင်ပိုပြီးတော့များပါတယ်။ သူ့ကိုစက်ရုပ်တကောင်လို့သတ်မှတ်ထားလိုက်လို့ရပါတယ်။ စူပါကွန်ပြူတာဦးဏှောက်နဲ့စက်ရုပ်ပေါ့။ သူနဲ့ဂိမ်းပြိုင်ဆော့မလား…? ရတယ်၊ လူသာမန်တစ်ယောက်နဲ့ဆော့ရတာထက် AI က ပိုသာတယ်ဆိုတာလက်ခံလိမ့်မယ်။ ( ဂိမ်းတွေထဲမှာ AI နည်းပညာကိုအသုံးပြုထားတာများလို့ ဂိမ်းများများဆော့တဲ့သူတွေအနေနဲ့ AI က ဂိမ်းထဲမှာဘယ်လိုတုန့်ပြန်လည်းဆိုတာသိကြမှာပါ။ ) နောက်ပြီးတော့ စက်ရုပ်ဇာတ်ကားတွေအများကြီးကိုကြည့်ဖူးထားရင်တော့ စက်ရုပ်တွေက လူတွေနဲ့ဘယ်လိုပေါင်းသင်းဆက်ဆံတတ်လည်းဆိုတာကို မြင်တွေ့ဖူးကြမှာပါ၊ အဲ့ဒါက ဇာတ်ကားအနေနဲ့ပဲရိုက်ထားတာလေ အပြင်မှာတကယ်မှမဟုတ်တာလို့တော့မပြောနဲ့ဗျ အခုစက်ရုပ်တွေထဲမှာ AI နည်းပညာကိုထည့်ပြီးအသုံးပြုထားကြတာများတယ်၊ တကယ့်အပြင်မှာလည်း ဇာတ်ကားတွေထဲကလို တနေ့ဖြစ်လာမှာ။ (အချို့အရာတွေ ဖြစ်လည်းဖြစ်နေပါပြီ။ )

လူသားဘဝမှာတော့ မွေးဖွားချိန်ကနေ သေဆုံးချိန်အထိ အချက်အလက်စုဆောင်းနိုင်မှု၊ လုပ်ဆောင်နိုင်မှုတွေက အနည်းငယ်ပဲရှိခဲ့မှာပါ၊ AI ဆိုတာကတော့ သူ့ကိုမွေးဖွားလိုက်ကတည်းက သေဆုံးမှုဆိုတာမရှိသလို အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့စုဆောင်းနိုင်မှုတွေ၊ လုပ်ဆောင်နိုင်မှုတွေက ပိုပိုကြီးထွားလာလို့ကြာလေလေ ပိုဆရာကျလာလေလေ၊ ပိုပြီးတော့ကြောက်စရာကောင်းတဲ့အရာဖြစ်လာလေလေလို့ပြောလို့ရတယ်။ ဉာဏ်ရည်အတုဆိုပေမယ့် လူသားသန်းပေါင်းများစွာရဲ့ဦးဏှောက်ထဲကအချက်အလက်တွေ၊ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ချိတ်ဆက်ထားတဲ့ တကမ္ဘာလုံးမှာရှိတဲ့အချက်အလက်တွေကိုသူ့ဆီမှာစုဆောင်းထားနိုင်တယ်၊ လူတွေဆိုရင်တော့ အသက်ကြီးလာလေလေ မှတ်ဉာဏ်တွေနဲ့ချို့ယွင်းလာလေလေပဲ၊ AI ကတော့ အဲ့လိုမဟုတ်ဘူူး၊ ကြာလေသူက ဉာဏ်ရည်မြင့်မားလာလေလေပဲ။

ကဲ… AI အကြောင်းရွှီးတာဒီလောက်ဆိုရလောက်ပါပြီ၊ နားမလည်သေးရင်လည်း Google သာခေါက်ကြပါ။ :D


အခု AR အကြောင်းဆက်ပြောမယ်၊ အဲ့ဒီ AR ကရောဘာလည်းဆိုရင်၊ AR ရဲ့အရှည်က Augmented Reality ပါ၊ သူ့ကိုတော့ဘယ်နေရာတွေမှာအသုံးချလဲ၊ သူစနစ်ကရောဘယ်လိုတွေအလုပ် လုပ်လဲဆိုရင်၊ Pokemon Go ဂိမ်းကိုဆော့ဖူးလား၊ သိလားလို့ပြန်မေးပါမယ်၊ သိတယ်ဆော့ဖူးတယ်ဆိုရင်တော့ ဂိမ်းဆော့ရင်းအကောင့်တွေ့ရင်ကင်မရာပွင့်လာပြီး ကိုယ့်ရှေ့က Reality မှာဘာမှမရှိပေမယ့်၊ ဖုန်း Screen ထဲက Virtual မှာတော့ ကိုယ့်မျက်စိရှေ့မှာအကောင်လေးရောက်လာတာကိုတွေ့ရမယ်၊ အဲ့ဒါကဘာလည်းဆိုတော့ တကယ့်အပြင်ကအစစ်အမှန်နဲ့အစစ်အမှန်မဟုတ်တဲ့အရာ ( ၂ ) ခုကိုပေါင်းစပ်ပြီးအသက်သွင်းပြပေးထားတာမျိုးပါ အဲ့ဒါက AR နည်းပညာကိုအသုံးပြုထားတာပါပဲ။

ဒါဆို AR ကို အဲလိုနေရာမှာပဲသုံးတာလားဆိုတော့မဟုတ်ဘူး၊ Avater လိုဇာတ်ကားမျိုးတွေမှာလည်း AR နည်းပညာကိုအသုံးပြုထားတယ်၊ ဒါကနမူနာ ( ၁ ) ကားပဲပြောပြတာ သုံးထားတဲ့ဇာတ်ကားတွေအများကြီးမှအများကြီး။ နောက်ပြီး တကယ့်လုပ်ငန်းခွင်သုံးအနေနဲ့လည်း AR နည်းပညာကိုအသုံးပြုနေကြပြီ။ နောက်ဆုံး ခင်ဗျားတို့ကျွန်တော်တို့Camera Effect လေးတွေနဲ့ ယုန်နားရွက်တပ်တာတို့၊ လူစင်စစ်ကနေ လျှာထုတ်ပြတာ၊ သရဲဖြစ်သွားတာ၊ အကောင်ပလောင်ဖြစ်သွားတာတွေအပြင် အခြား Effect လေးတွေကိုလည်း အဲ့ဒီ AR နည်းပညာကိုအသုံးပြုထားတာပဲ။ AR နည်းပညာဆိုတာက အဲ့ဒါပဲလို့အတိုချုံးပြောတော့မယ်။ ( AI အကြောင်းကလေတော်တော်ရှည်ထားလို့:D )
အဓိကပြောချင်တာက AI နဲ့AR နည်းပညာကိုလက်ရှိမှာလည်းအသုံးပြုနေပြီး လက်ရှိအနေအထားထက်ကို ပိုမိုတဲ့လုပ်ဆောင်နိုင်မှုတွေကို Facebook ကရှာဖွေဖော်ထုတ်ပြီး အသုံးပြုဖို့လုပ်နေတာပါပဲ၊ Facebook Community ကြီးတခုလုံးကို AI, AR နည်းပညာတွေနဲ့ပေါင်းစပ်ပြီးထိန်းချုပ်သွားဖို့Research ပိုင်းတွေကို တော်တော်အားထည့်ပြီးလုပ်ဆောင်နေတာတွေ့ရတော့ အသစ်အသစ်ပေါ်ထွက်လာမယ့်နည်းပညာတွေနဲ့အတူတူ၊ အတွင်းကျကျတွေးမိတော့ အင်မတန်မှကြောက်ဖို့ကောင်းလာမယ့်အရာတွေ တနေ့တခြား ကြုံတွေ့လာရတော့မှာပါလားဆိုပြီး ရင်လေးမိတာတော့အမှန်ပဲ။

ခင်ဗျားတို့တွေကတော့ AI တွေ AR တွေမသိချင်ဘူး၊ Camera Effect လေးတွေနဲ့ ယုန်နားရွက်တပ်တာတို့၊ လူစင်စစ်ကနေ လျှာထုတ်ပြတာ၊ သရဲဖြစ်သွားတာ၊ အကောင်ပလောင်ဖြစ်သွားတာတွေအပြင် အခြား Effect လေးတွေကို အရမ်းသဘောကျတယ်၊ အဲ့ထက်ပိုကောင်းနဲ့နည်းပညာတွေလာရင်ပိုကြိုက်တယ်လုပ်ကြမှာမလား သိပါတယ်။ :D


ကဲ…ဒီလောက်ပဲတော်ပါပြီ အခုက AI နဲ့AR အကြောင်းပဲ သိသလောက်လေးရွှီးထားတာ တကယ်က AI, AR, VR, MR, ဆိုပြီး အများကြီးရှိတယ်။ သူ့နေရာနဲ့သူ အသုံးချနေကြတာ၊ လက်ရှိ AI, AR, ( ၂ ) ခုနဲ့တင် Facebook သုံးနေတဲ့ တကမ္ဘာလုံးကလူတွေထိန်းချုပ်ခြင်း၊ စောင့်ကြည့်ခြင်း၊ တွေခံနေရတဲအပြင်နောက်ထပ် နောက်ထပ်အသစ်တွေနဲ့ပိုဆိုးလာဖို့ရှိတယ်ဆိုတာကိုတွေးမိလို့ရေးမိသွားတာပါ။


အောက်က Link တွေကတော့စုပေးလိုက်တာပါ ဝင်ပြီးလေ့လာချင်တာ လေ့လာလို့ရအောင်လို့ :D

Facebook AI


Facebook AI Developers Tools


Facebook AI Blog


Facebook AI Research


AR/VR - Facebook Research

Facebook က Research လုပ်နေတဲ့အရာတွေကအများကြီး
အခြားအကြောင်းအရာတွေသိချင်ရင်တော့ https://research.fb.com မှာဝင်ကြည့်လို့ရပါတယ်။


What is AI?
Artificial intelligence (AI)


What is AR?
Augmented Reality (AR)


What is VR?
Virtual Reality (VR)


What is MR?
Merged Reality (MR)
Mixed reality (MR)


jelvix ( https://jelvix.com ) က Blog မှာရေးထားတဲ့ AR, VR, MR, အကြောင်းဖတ်ချင်ရင်


VR vs AR vs MR: What Is the Difference between the Technologies?


မှာ သွားရောက်ဖတ်ရှုကြည့်လို့ရသလို အပေါ်က WiKi Link တွေမှာလည်းဝင်ရောက်လေ့လာလို့ရပါတယ်။



ဒီ Post ကိုဖတ်ပြီး အားလုံးပဲ မျက်စိညောင်း၊ ဦးဏှောက်တွေခြောက်၊ တွေးတွေးပြီးရူးကြပါစေဗျာ…. :P :P :P


Aung Kyaw Soe ( 4.4.2019 – 5:44 PM )


Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com