Online Service Center Myanmar: Technology -->

Technology

My Blog

Latest blog



-     
  
Facebook မြန်မာနိုင်ငံမှာနေထိုင်သူတွေအတွက် Auto convert လုပ်ပေးထားလို့ Unicode နဲ့ရေးရေး၊ Zawgyi နဲ့ရေးရေး၊ အမှန်မြင်ရပါတယ်။

မမှန်ဘူးဖြစ်နေရင်....
Facebook app, Messenger app, တွေကို Update လုပ်ကြည့်ပြီး ပြန်သုံးကြည့်ပါ။

App တွေကို Update လုပ်ပြီးတာတောင်မရသေးဘူးဆိုရင်...
Facebook ကို Login and Log Out ကို ၂ ခါ ၃ ခါ လုပ်ကြည့်ပြီးပြန်သုံးကြည့်ပါ။( မရမချင်းလုပ်ကြည့်ပါ။ )
_______________________________

Facebook ထဲမှာတော့ Auto Convert ရနေပြီး Messenger ပဲ Auto convert မရတာဆိုရင် ဒီလိုလုပ်ပါ။

ဖုန်းထဲက Settings => App => Messenger ထဲကို အဆင့်ဆင့် ဝင်ပြီး Clear cache နဲ့ Clear data လုပ်ပါ။

ပြီးရင် Messenger ကို မဖွင့်ပဲ Facebook App ကိုဖွင့်ပြီး Message ကိုဖွင့်လိုက်ပါ။ Messenger ကို အလိုလျောက်ချိတ်ပေးသွားပြီး Auto Convert ရသွားပါလိမ့်မယ်။

သတိပြုရန်// လက်ရှိ ရောက်နေတာက မြန်မာပြည် Location ထဲမှာမဟုတ်ရင် Auto convert က မရဘူး။ မြန်မာနိုင်ငံမှာနေတဲ့သူတွေပဲရမယ်။ ပြည်ပဆို အနီးဆုံး ထိုင်း၊ မလေး၊ စင်္ကာပူ၊ တွေမှာလည်းမရဘူး။ မြန်မာပြည်တွင်း တခုပဲ Auto convert ရပါမယ်။

https://web.facebook.com/MyanmarUnicodeSupport/posts/


မူရင်းပို့စ် -
-     
  




-     
  
Covid-19 ကို လူတိုင်းစိတ်ဝင်စားပြီး လူတိုင်းကြောက်ရွံ့နေချိန် နည်းပညာပိုင်း၊ Cyber Security ပိုင်းမှာလည်း Covid-19 နဲ့ပတ်သက်ပြီး ဒီလိုကြောက်စရာကောင်းတဲ့အရာတွေ ပေါ်ထွက်လာနေတယ်ဆိုတာသိထားပြီး သတိထားမိကြဖို့လိုပါတယ်။ သိလည်းမသိဘူး၊ သတိလည်းမထားမိဘူး၊ ကိုယ်နဲ့မဆိုင်ဘူးလို့ လျစ်လျူရှုထားလိုက်ရင် ခံရမယ့်သူက ကိုယ်ဖြစ်သွားနိုင်ပါတယ်။



အခုလို Ransomware တွေ မြန်မာပြည်မှာ သိသိသာသာနဲ့ထိလာတာ အလွန်ဆုံး ၃ နှစ်၊ ၄ နှစ်၊ ဝန်းကျင်ပဲရှိဦးမယ်ထင်တယ်။ နဂိုက ကွန်ပြူတာ( Desktop, Laptop ) တွေမှာပဲ အထိများခဲ့ပေမယ့် အခုဆိုရင် Mobile Phone အသုံးပြုသူများလာတာနဲ့အမျှ Mobile user တွေကို Target ထားတဲ့ Ransomware တွေ အများအပြားထွက်လာနေပြီဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်ပုံက ကြောက်ဖို့ကောင်းလို့ လူတိုင်းသတိထားသင့်ပါတယ်။

Ransomware ထိရင်ဘာဖြစ်လဲ?
Ransomware ထိရင် ဘာဖြစ်နိုင်လည်းဆိုတော့ ကိုယ့်ရဲ့ Computer, Mobile တွေထဲမှာရှိတဲ့ Data တွေကို သုံးလို့မရတော့အောင်လုပ်ခံလိုက်ရပြီး ပြန်လည်အသုံးပြုချင်တယ်ဆိုရင် သူတို့တောင်းခံထားတဲ့ ငွေကြေးကို ပေးချေလိုက်တော့မှသာ ကိုယ့်ရဲ့အချက်အလက်တွေပြန်လည်ရရှိပြီး အသုံးပြုလို့ရပါတယ်။ 100% ပြန်ရလားဆိုရင်တော့ မရတာများတယ်လို့ပြောလို့ရသလို ပိုက်ဆံတော့ပေးလိုက်ရတယ် ဘာ Data မှ ပြန်မရဘူးဆိုတာမျိုးတွေလည်းရှိပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ကွန်ပြူတာတွေ၊ မိုလ်ဘိုင်းဖုန်းတွေကို Ransomware မထိဖို့က ကိုယ့်မှာပဲတာဝန်ရှိတယ်ဆိုတာကို သိထားဖို့လိုပါတယ်။

Ransomware က ဘယ်လိုဝင်ရောက်လာနိုင်တာလဲ?
SS ထဲမှာရေးထားသလိုမျိုး တွေ့ကရာ Website တွေဝင်ကြည့်၊ လျှောက်နှိပ် လျှောက်ကလိတာမျိုးလုပ်ရင်၊ တွေ့ကရာ Computer Software, Mobile App, တွေကို Download လုပ်ပြီးအသုံးပြုရင်၊ Email ထဲမှာပါလာတဲ့ Word File, PDF File, Video File, Photo File, လိုမျိုးတွေကို ဖွင့်ကြည့်မိရင် Ransomware ထိနိုင်ပါတယ်။

Ransomware မထိအောင် ဘယ်လိုကာကွယ်ရမလဲ?
တွေ့ကရာ Website တွေလျှောက်မဝင် လျှောက်မကလိပါနဲ့၊ တွေ့ကရာ Software, Mobile App, တွေကို Download လုပ်ပြီးမသုံးပါနဲ့၊ Email ထဲမှာပါလာတဲ့ Word File, PDF File, Video File, Photo File, လိုမျိုးတွေကို အလွယ်တကူဖွင့်မကြည့်ပါနဲ့၊ မဖြစ်မနေ ဝင်ကြည့်မှရမယ်၊ ဒေါင်းသုံးမှရမယ်၊ ဖွင့်ကြည့်မှရမယ်၊ ဆိုခဲ့လျှင် ကိုယ်ဝင်ကြည့်မည့် Website address, Download ပြလုပ်ထားသည့် File, Email ထဲမှာပါလာတဲ့ File, တွေကို ဒီတိုင်း လက်လွတ်စပါယ်ဖွင့်မကြည့်ပဲ www.virustotal.com
လိုမျိုး Website ထဲမှာထည့်ပြီး Scan ဖတ်ပြီး Safe ဖြစ်တယ်ဆိုတော့မှသာ ဝင်ကြည့်၊ ဖွင့်ကြည့်၊ သုံးကြည့်ပါလို့ တိုက်တွန်းရင်းနဲ့ ကြောက်စရာကောင်းတဲ့ Ransomware ကို သတိထားပြီးရှောင်ရှားကြပါလို့ နောက်ဆုံးအနေနဲ့ ပြောချင်ပါတယ်။

Aung Kyaw Soe ( 16.3.2020 - 10:58 AM )

SS ထဲမှာပါတဲ့ မူရင်းပို့စ် => https://www.facebook.com/lolsecmm/posts/1321720024703934
________________

အားလုံးပဲ ဝိုင်းဝန်းကူညီတဲ့အနေနဲ့ သတင်းအမှားဖြန့်ဝေမှုများကိုတွေ့ရှိလာပါက ဒီ Group လေးထဲမှာ ပြန်လည်လာရောက်ပြီး တင်ပေးကြစေလိုပါတယ်။
သတင်းအမှန်များသိရှိနိုင်ရန်အတွက်လည်း သတင်းအမှန်များကို Information Sharing ပြုလုပ်ပေးနိုင်ပါတယ်။

ဒီ COVID-19 သတင်းအမှားတင်သူများရှာဖွေဖော်ထုတ်ရေး Group လေးထဲကို Join မထားရသေးဘူးဆိုရင် အခုပဲ Join ပြုလုပ်ပြီး သတင်းမှန်များ၊ သတင်းမှားတင်ထားသည့်များကို လာရောက်တင်ပေးကြပါဦး။
Group ထဲကို Join လိုပါက ...
Web Address: https://www.facebook.com/groups/Covid19infoMyanmar
________________
#Covid19 #Coronavirus #FakeNews #FactChecking
#Covid19FakeNews #CoronavirusFakeNews #FakeNewsCovid19 #Covid19FactChecking
#Covid19infoMyanmar #Covid19infoMyanmarGroup

မူရင်းတင်ထားသည့်ပို့စ် -


-     
  




-     
  
Message ကနေလာပြီး Messenger ဖွင့်မရဘူးဖြစ်နေတယ်၊ ဖွင့်ပြီး တယောက်ယောက်နဲ့စကားပြောဖို့နှိပ်လိုက်တိုင်း Chat box လည်းတက်မလာဘူး။ Popup box လည်းတက်မလာဘူး။ Force stop လိုဖြစ်ပြီး ရပ်ပြီးပျောက်ပျောက်သွားတယ်။ ဆိုပြီး လာပြောနေကြတာများလို့ပါ။

အဲ့ဒီလိုဖြစ်နေရင် အရင်ဆုံး Apps Version ကို Update ဖြစ်မဖြစ် အရင်စစ်ကြည့်ပါ။ မဖြစ်သေးရင် Update လုပ်ပြီးသုံးကြည့်ပါ။ Update တော့ဖြစ်နေပြီး Error တက်နေသေးတယ်ဆိုရင်တော့ အောက်ပါအတိုင်းလုပ်ပါ။


Android ဆိုရင် -
ဖုန်းထဲက Settings => Apps => Messenger ဆိုပြီး အဆင့်ဆင့်ဝင်ပါ။ အထဲကိုရောက်ပြီဆိုရင် Clear cache လေးအရင်လုပ်ပြီး၊ Clear data ဆက်လုပ်ပါ။ ပြီလျှင် Force stop ဆိုတာလေးကို နှိပ်ပြီး ပြန်ထွက်လိုက်ပါ။

iOS ( iPhone, iPad ) ဆိုရင် -
Messenger App ကိုဖျက်ပြီး အသစ်ပြန်ဒေါင်းထည့်ပါ။

အထက်ပါ အတိုင်းလုပ်ပြီးပါက Messenger ကို ဒီတိုင်းမဖွင့်ပါနဲ့။ Facebook ထဲကိုဝင်ပြီး Message icon လေးကိုနှိပ်ဖွင့်ပြီး Continue လုပ်ပြီးတာနဲ့ Not Now လေးတွေချည်းပဲလုပ်ပေးလိုက်ပါ။ Messenger ထဲရောက်သွားပြီဆိုတာနဲ့ ပြန်သုံးကြည့်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်။


Version Update ပြုလုပ်ရန်၊ သို့မဟုတ် Official App များကို Download ပြုလုပ်ရန်။

Android - https://play.google.com/store/apps/details…

iOS - https://apps.apple.com/us/app/messenger/id454638411

#Facebook #Messenger #FacebookMessenger #Error #MessengerError

မူရင်းပို့စ် -
-     
  




-     
  
အခုနောက်ပိုင်း အကောင့်ခိုးပြီးလုပ်စားနေတဲ့ မိမဆုံးမ၊ ဖမဆုံးမ၊ သန္ဓေယုတ်တဲ့ ခွေးသူခိုးတွေက Account ခိုးနည်းကို တမျိုးပြောင်းပြီးလုပ်တာကိုတွေ့ရတယ်။ အရင်တုန်းကဆိုရင် Recovery test, I Can't login, Phishing, တွေနဲ့ခိုးခဲ့ပေမယ့် အခု OTP Code လေးတွေတောင်းပြီးခိုးကြတယ်။









အတဲ့သူတွေကလည်း ကိုယ့်ဖုန်းထဲကိုဝင်လာတဲ့ OTP( One Time Password ) က ကိုယ်နဲ့ပဲသက်ဆိုင်တယ်၊ အရေးကြီးတဲ့ဟာ၊ ဆိုတာကိုမသိပဲ လာတောင်းတာနဲ့ ပေးလိုက်ကြတော့တာပဲ။

အဲ့လိုပေးလိုက်တာက ကိုယ့် Account ရဲ့ Password ကို ကိုယ် ကိုယ်တိုင်ပေးလိုက်တာနဲ့အတူတူပဲဖြစ်သွားတယ်ဆိုတာကို မသိကြဘူး။ ဝင်လာတဲ့ Message ကို သေခြာမဖတ်ကြည့်တာလည်းပါမယ်။ Facebook password ကို တဖက်က Reset ချလိုက်တာနဲ့ ကိုယ့်ဖုန်းထဲမှာ "123456 is your Facebook password reset code." ဆိုပြီးဝင်လာတယ်။ "ဒီ 123456 က သင့်ဖေ့ဘွတ် Password ကို ပြောင်းလဲရန်ကုတ်နံပါတ်ဖြစ်ပါတယ်။" ဆိုပြီးပါပြီးသား၊ အဲ့ဒါကို သေခြာမဖတ်ကြည့်ပဲ တဖက်လူက ဝင်လာတဲ့ Code လေး ပြန်ပို့ပေးပါဆိုတာနဲ့ အူတူတူအတတနဲ့ သွားပေးလိုက်တယ်၊ ပေးပြီးမကြာဘူး အကောင့်လေးကို ခွေးသူခိုးတွေက သမသွားရော။

Account ပါသွားပြီဆိုတာနဲ့ နောက်ဆက်တွဲက အရှက်ကွဲစရာတွေ၊ ငွေကုန်ပေါက်တွေထပ်ဖြစ်ကုန်တယ်။ အမိယုတ်၊ အဖယုတ်လို့ သန္ဓေယုတ်ဖြစ်လာတဲ့ ခွေးသူခိုးတွေက အကောင့်ပိုင်ရှင်ကိုရော၊ အဲ့ဒီအကောင့်ထဲက Friend list တွေထဲကရော ငွေတွေကို နည်းပေါင်းစုံနဲ့ လိမ်တောင်းတော့တာပါပဲ။

Online ပေါ်ကနေ ငွေချေးတိုင်း ဘာကြောင့် အလွယ်တကူမလွှဲပေးသင့်တာလဲ?
ဒီနေ့လိုခေတ်မှာက Mobile Money, Mobile Banking, Mobile Payment, တွေအသုံးများလာတော့ အကောင့်ကို ခိုးထားတဲ့ခွေးသူခိုးတွေက ဘယ်သူရေ၊ ဘယ်ဝါရေ၊ အရေးပေါ်ငွေလိုနေလို့ ခနချေးပါလား၊ အခုလွှဲပေးပါလား၊ ဆိုတာနဲ့ ချက်ချင်းကောက်လွှဲပေးလိုက်တော့တာပဲ။ ( အဲ့လို အလွယ်တကူနဲ့ ယုံကြည်ပြီးလွှဲပေးတဲ့သူတွေကလည်း ငအူတွေ၊ ငအတွေပဲလို့ ပြောရမှာပါ။ )
ဒီနေရာမှာ တခုထပ်ပြောချင်တာက Online ပေါ်ကနေ ဘယ်သူပဲဖြစ်ဖြစ်( ကိုယ့်မိသားစုဝင်၊ အရမ်းခင်မင်ရတဲ့ သူငယ်ချင်းမိတ်ဆွေတွေပဲဖြစ်ဖြစ် ) ပိုက်ဆံလွှဲပေးပါလားဆိုတိုင်း အလွယ်တကူ လုံးဝမှ မလွှဲပေးကြပါနဲ့ ဆိုတာပါပဲ။ ဘယ်လိုပတ်သက်မှုပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ရင်းနှီး ရင်းနှီး၊ အလွယ်တကူမလွှဲပေးပါနဲ့ ပိုက်ဆံလာချေးရင်၊ ပိုက်ဆံလာလွှဲခိုင်းရင်၊ ဖုန်းနံပါတ်သိရင် ဖုန်းခေါ်ပါ၊ Video call ခေါ်ပြီးအတည်ပြုပါ၊ တကယ့် ကိုယ်သိတဲ့ ကာယကံရှင် အစစ်အမှန် ဆိုတော့မှသာ လွှဲပေးကြပါ။ ဖုန်းနံပါတ်မသိလို့ Messenger ထဲကနေ Free call နဲ့ ဖုန်းခေါ်လို့၊ Video call ခေါ်လို့၊ မကိုင်ဘူး၊ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုပြီး ဆင်ခြေတွေပေးနေရင် လုံးဝ လုံးဝမှကို မလွှဲပေးပါနဲ့ဆိုတာပါပဲ။

OTP( One Time Password ) ဆိုတာဘာလဲ?
အဓိက နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ OTP ဆိုတာ One Time Password ပါ။ ကိုယ့် Facebook account ပဲဖြစ်ဖြစ်၊ ကိုယ့် Mobile Banking တွေအတွက်ပဲဖြစ်ဖြစ်၊ ကိုယ်နဲ့ပဲသက်ဆိုင်တဲ့ အရေးကြီးတဲ့ Code ပါ။ ကိုယ့်ဖုန်းထဲကိုဝင်လာရင် ဘယ်သူ့ကိုမှ မပြပါနဲ့၊ ဘယ်သူ့ကိုမှ မပေးပါနဲ့။ တချို့ OTP တွေက မိနစ်ပိုင်းအတွင်းပဲသုံးလို့ရတာရှိသလို 24 နာရီကျော်မှ သက်တမ်းကုန်တာတွေ၊ အဲ့ဒီ OTP Code ကို မသုံးမချင်း သက်တမ်းမကုန်ပဲ သုံးပြီးမှ သက်တမ်းကုန်တာမျိုးတွေရှိတယ်။

ဒါကြောင့်....
ကိုယ့်ဆီဝင်လာတဲ့ OTP( One Time Password ) ကို ဘယ်သူကိုမှမပြပါနဲ့၊ ဘယ်သူ့ကိုမှ မပေးပါနဲ့။ ကိုယ့်ဖုန်းထဲဝင်လာတဲ့ OTP Code ဟာ ကိုယ်နဲ့ပဲ သက်ဆိုင်တယ်ဆိုတာကို လုံးဝမှ မေ့မထားပါနဲ့ ဆိုတာပါပဲ။
Mobile Banking တွေအသုံးပြုနေပြီး အူတူတူအတတနဲ့ ကိုယ့်ဆီကို ဝင်လာတဲ့ OTP ကို လာတောင်းတိုင်း ပေးမိလိုက်ရင်၊ သို့မဟုတ် Public မှာ Screenshot ရိုက်ပြီး တင်မိရင်၊ အဲ့ဒီ OTP က Financial Transaction ဖြစ်နေခဲ့ရင် ကိုယ့် ဘဏ်အကောင့်ထဲက ပိုက်ဆံတွေပါ ကုန်သွားနိုင်တယ်။

ဘယ်ကဝင်တဲ့ OTP ပဲဖြစ်ဖြစ် ဘယ်သူမှမပြမိ၊ မပေးမိကြပါစေနဲ့လို့ နောက်ဆုံးသတိပေးရင်း ဒီပို့စ်လေးကို ဒီမှာပဲရပ်နားလိုက်ပါပြီ။

အမိယုတ်၊ အဖယုတ်လို့ သန္ဓေယုတ်ဖြစ်လာတဲ့ အောက်တန်းစားခွေးသူခိုး အကောင့်သူခိုးတွေနဲ့ ကင်းဝေးတဲ့သူတွေဖြစ်ကြပါစေ။

Aung Kyaw Soe ( 7.2.2020 - 5:30 PM )

မူရင်းတင်ထားသည့်ပို့ - 
-     
  



 

-     
  
Xmas နဲ့ New Year မှာ အခုလို Scam ad တွေကို သတိထားပြီးရှောင်ရှားကြပါ။ ကိုယ်တွေကတော့ Report ad ပဲလုပ်ပေးလိုက်တယ်။ ဒီလို Scam ad တွေ တွေ့တိုင်း Report သာ လုပ်ပေးကြပါ။ Fake ad တွေပါ။

ဘယ်လို Report ad လုပ်ရမလဲ...?
1. ကြော်ငြာရဲ့ ညာဘက်အပေါ်ထောင့်နားက အစက်လေး ၃ စက်ကိုနှိပ်ပါ။
2. Report ad ကိုနှိပ်ပါ။
3. Misleading or Scam ကိုရွေးပြီး Submit ကိုနှိပ်ပါ။
4. Done ပေးလိုက်ရင် ရပါပြီ။
အလွယ်ဆို....
Report ad => Misleading or Scam => Submit => Done.
အောက်ကဟာက ပထမတင်ထားတဲ့ Scam ad တွေနဲ့ ပတ်သက်တဲ့ Post ပါ။ မဖတ်ရသေးသူတွေ ဖတ်လို့ရအောင် ထပ်ထည့်ပေးထားတာပါ။
----------------
Online ပေါ်မှာ ဈေးပေါပေါနဲ့ ပေါချောင်ကောင်းရတာပဲဆိုပြီး ဂျင်းအမိမခံကြပါနဲ့။ ဒီပစ္စည်းတွေကို ဒီလောက်ဈေးနဲ့ရတာ တန်မှတန်ပဲ၊ ခရစ္စမတ်မို့၊ နှစ်သစ်ကူးတော့မှာမို့၊ အထူး Promotion ဈေးချတာနေမှာပါလို့ လွယ်လွယ်လေးမတွေးနဲ့ သေခြာလေးစူးစမ်းကြည့်လိုက်ရင် ဂျင်းတွေဆိုတာ သိသွားလိမ့်မယ်။
အခုပြထားတာ( နောက်ထပ်လည်း ပုံစံတူတွေ အများကြီးရှိနိုင်ပါသေးတယ်။ )တွေက ဂျင်းတွေပါ။ Facebook ရဲ့ Business Manager Tools ရဲ့ Error ကို အသုံးချပြီး sub domain တွေနဲ့ Spam လိုလုပ်ပြီး Fake data တွေနဲ့ User info တွေကို ခိုးယူစုဆောင်းဖို့ လုပ်ထားတာလို့ သုံးသပ်မိပါတယ်။ Sponsored ဆိုပြီးပါတယ် ဂျင်းမဖြစ်နိုင်ပါဘူးတော့မလုပ်နဲ့ ဂျင်းစစ်စစ်တွေချည်းပဲ။ အရာသာမြည်းချင်ရင်တော့ မြည်းကြည့်။
သူတို့တင်ထားတာတွေနဲ့ Reply comment တွေ၊ user comment တွေကို လိုက်စစ်ကြည့်ရင် Google translate ကိုသုံးပြီး ဘာသာပြန်ထားမှန်း သိသာနေပါတယ်။ နောက်ပြီးတော့ Website link တွေကိုကြည့်ရင်လည်း တခုနဲ့တခုက တူနေပြီး Sub domain လောက်ပဲကွဲသွားတာမျိုးလေးတွေပါ မြင်တွေ့ရမှာပါ။
ဒါကြောင့်...
သူတို့ဖြည့်ခိုင်းတဲ့( ပေးထားတဲ့ Link တွေထဲက ) ဖောင်တွေထဲမှာ ကိုယ့် info တွေကို လျှောက်မဖြည့်ကြပါနဲ့။ ဖြည့်လိုက်မိရင် နောက်ဆက်တွဲတွေ လာနေနိုင်ပါတယ်။ ကိုယ့် info တွေကိုသုံးပြီး အခြားသူတွေကိုလိမ်တာ၊ ကိုယ့် info တွေသုံးပြီး ကိုယ့်ကို ပြန်လာလိမ်တာမျိုးတွေ ခံရနိုင်ပါတယ်။
Scam sale post တွေ အများကြီးမှ အများကြီး ပွထနေပါတယ်။
သတိထားကြပါ။

Post - 1

Post - 2

-     
  




-     
  
Report an Imposter Account ဆိုတာ Facebook မသုံးတဲ့သူတွေနဲ့ အရေးကြီး Person တွေရဲ့ Fake Account ( အကောင့်အတု )တွေပေါ်လာခဲ့ရင် Report လုပ်လို့ရအောင် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ Account Hack or ခိုးယူခံရပြီး ပြန်မရနိုင်တော့တဲ့သူတွေအတွက်လည်း Account ကိုဖျက်ပစ်ဖို့ အတွက်အသုံးတည့်ပါတယ်။


ဘယ်လိုအရာတွေအတွက် ဒီ Report tool ကိုအသုံးပြုနိုင်လဲ?


 1. Someone is using my email address on their account.
 ( တစုံတယောက်က မိမိရဲ့ Email ကိုသုံးပြီးအကောင့်ဖွင့်ထားတယ်။ )

2. Someone created an account for my business or organization.
  ( တစုံတယောက်က မိမိရဲ့စီးပွားရေး သို့မဟုတ် မိမိတို့အဖွဲ့အစည်းပုံစံမျိုးနဲ့ အကောင့်ဖွင့်ထားတယ်။ )

3. Someone created an account pretending to be me or a friend.
 ( တစုံတယောက်က မိမိ သို့မဟုတ် မိမိသူငယ်ချင်းပုံစံနဲ့အကောင့်ဖွင့်ထားတယ်။ )

အထက်ပါအကြောင်းရာနဲ့ပတ်သက်ပြီး ဒီ Report an Imposter Account နေရာလေးကနေ Report ပြုလုပ်လို့ရပါတယ်။ 


 လိုအပ်ချက်များ -

●  လက်ရှိအသုံးပြု​နေ​သော Facebook account တစ်ခုရဲ့ Email ကို ဝင်လို့ရရမည်။
    (Facebook account မဖွင့်ထား​သော Email ကို သုံးလို့မရပါ။)
●  Report ပြုလုပ်ပြီး ဖျက်ပစ်မည့် Account အကောင့်မူရင်းပိုင်ရှင်၏ ID ပုံ နှစ်ပုံ။
    (ID ဆိုတာ Passport / ယာဉ်မောင်းလိုင်စင် / မှတ်ပုံတင်တွေကို ပြောတာပါ။)

●  Account အတု / ဖျက်ချင်တဲ့ Account ရဲ့ Profile Link.


ကဲ... အခု Hack ခံထားရတဲ့အကောင့်တခုနဲ့စလုပ်ပြပေးပါ့မယ်။ Report စတင်ပြုလုပ်ဖို့အတွက် အောက်ပါ Link လေးကိုဝင်လိုက်ပါ။

Report an Imposter Account 


  ကွန်ပြူတာ( Laptop, Desktop ) နဲ့ပြုလုပ်နည်း။


အောက်ပါအတိုင်းအဆင့်ဆင့်ကြည့်ရှုပြီးလုပ်ကြည့်လိုက်ပါ။


                                                           ( ပုံ - ၁ )

ပုံ( 1 )ယခုလိုတွေ့ရပါက Someone created an account pretending to be me or a friend ကိုရွေးချယ်ပါ။




  ( ပုံ - ၂ )

ပုံ ( 2 ) အခုလိုတွေ့ရင် No ကိုထပ်ရွေးပါ။
( ပုံ - ၃ )
ပုံ ( 3 ) အခုလိုတွေ့ရပြီဆိုရင် Yes, I am the person being impersonated ကိုထပ်ရွေးပါ။
( ပုံ - ၄ )
ပုံ ( 4 ) အခုပုံထဲမှာ ဘယ်နေရာမှာ ဘာဖြည့်ရမယ်ပြောပေးထားတာပါ။
( ပုံ - ၅ )
ပုံ ( 5 ) ဒါကတော့ နမူနာဖြည့်သွင်းပြထားတဲ့ပုံပဲဖြစ်ပါတယ်။


အထက်ပါအတိုင်းဖြည့်ပြီးပါက Send ကို နှိပ်ပေးလိုက်လို့ရပါပြီ။

အခုလို Report လုပ်လိုက်ပြီး အောက်ပါအတိုင်း Email ဝင်ပါတယ်။


အထက်ပါအတိုင်းမေးလ်ဝင်လာလို့ဖွင့်ကြည့်လိုက်ချိန်မှာ အောက်ပါအတိုင်းဝင်လာခဲ့ပြီဆိုရင်

Go to your Support Inbox

 သို့မဟုတ်  Support inbox     ထဲကိုသွားပြီးဝင်ကြည့်လိုက်ပါ။


 

Support inbox     ထဲကိုဝင်ကြည့်လိုက်လို့ Open ဆိုပြီးပြနေရင် စောင့်ကြည့်ဖို့လိုပါမယ်။

နောက်ဆုံး Facebook ဘက်ကနေ အဲ့ဒီအကောင့်ကို Remove လုပ်လိုက်ပြီဆိုရင် အောက်ပါအတိုင်း Support inbox    ထဲမှာ Close ဆိုပြီးပြပေးပါတယ်။ 


အပေါ်ကပုံထဲကလို ပြနေပြီဆိုရင်တော့ ကိုယ် Report လုပ်ပြီးဖျက်ချင်ခဲ့တဲ့အကောင့်ကို ဝင်ကြည့်လိုက်ပါ ပျက်သွားပါပြီ။

ဒီနေရာမှာ မဟုတ်ပဲ လိမ်ညာပြီးပို့လို့ရလားလို့ မေးလာခဲ့ရင်တော့  မရပါဘူး လို့ပဲဖြေချင်ပါတယ်။ Report လုပ်တဲ့သူအကောင့်ရယ်၊ Report လုပ်ခံရသူအကောင့်ရယ်ကိုဝင်စစ်သလို ID အစစ်အမှန်နဲ့တင်တာ ဟုတ်/မဟုတ် ကိုလည်း စစ်ဆေးပြီး အမှန်တယ်အစစ်အမှန်လို့ယူဆမှသာ အဲ့ဒီအကောင့်ကို ဖျက်ချပေးပါတယ်။

ID  ကရောဘာတွေနဲ့တင်ရမှာလည်းဆိုရင် Facebook က ဘယ်လို ID အမျိုးအစားတွေကို Accept လုပ်သလဲ?  မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။




Mobile( Facebook app, Mobile Browser ) နဲ့ပြုလုပ်နည်း။

ဒါကတော့ သဇင်ကိုကိုရေးထားတာလေးကို Edit အနည်းငယ်လုပ်ထားတာလေးပါ။ အပေါ်က ဟာနဲ့ အခုအောက်ဟာနဲ့ကတော့ ပြုလုပ်နည်းကအတူတူပါပဲ Mobile view နဲ့ Desktop view သာ အမြင်မှာ အနည်းငယ်ကွာသွားတာကြောင့်ပါ။


 

Someone has created an account pretending to be me or a friend

No

Yes, I am the person being impersonated

အဲဒါတွေကို ရွေးပါ။


Your full name မှာ မူလ Account ပိုင်ရှင်ရဲ့ နာမည်အရင်းကို ရေးပါ။

Your contact email address မှာ လက်ရှိအသုံးပြု​နေတဲ့ fb account ထဲက gmail ကို ​ရေးပါ။

Full name on the impostor profile မှာ account အတု / ဖျက်ချင်တဲ့ account ရဲ့ နာမည်ကိုရေးပါ။

Email address or mobile phone number နေရာမှာ ဘာမှဖြည့်ဖို့မလိုပါဘူး။

Link (URL) to the impostor profile မှာ account အတု / ဖျက်ချင်တဲ့ account ရဲ့ link ကိုထည့်ပါ။
(Account link ကို သိဖို့က အဲဒီ account ရဲ့ wall ထဲကိုဝင်၊ More ... အစက် ၃ စက်ကို နှိပ်ပြီး Copy link to profile ကို နှိပ်ပါ)

Upload an ID | Choose Files မှာ account ပိုင်ရှင်ရဲ့ 
ID ပုံ နှစ်ပုံကို ထည့်ပေးပါ။
နှစ်ပုံရွေးလို့မရရင် တစ်ပုံပဲ ထည့်လိုက်ပါ။


ပုံနှစ်ပုံကို ဘယ်လိုပုံစံရိုက်ရမလဲဆိုဆိုရင်...

ကတ်ရှေ့ခြမ်း -


ကတ်နဲ့ လူမျက်နှာနဲ့တွဲလျက် - 


Report an Imposter အတွက် Fb team က စစ်ဆေးမယ့်သူတွေက နိုင်ငံခြားသားတွေဖြစ်တာကြောင့် ပုံတွေကို passport / ယာဉ်မောင်းလိုင်စင် (ခ) နဲ့ရိုက်ပေးပါ။ အဲဒါတွေမရှိမှပဲ မှတ်ပုံတင်နဲ့ ရိုက်ပါ။






ID  ကရောဘာတွေနဲ့တင်ရမှာလည်းဆိုရင် Facebook က ဘယ်လို ID အမျိုးအစားတွေကို Accept လုပ်သလဲ?  မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။


Additional info မှာ "Please remove this account from Facebook." လို့ပဲ ရေးလိုက်ပါ။




အပေါ်ကအချက်တွေ အားလုံးဖြည့်ပြီးရင် Send ကို နှိပ်ပါ။

(ပုံထဲမှဖြည့်ထားသောအချက်အလက်များသည် နမူနာထည့်ထားခြင်းသာ ဖြစ်သည်။)

Send ပြီးလို့ ၅ မိနစ်လောက်ကြာရင် Your contact email မှာဖြည့်ခဲ့တဲ့ Gmail ထဲကို Fb team က mail ပို့ပေးပါလိမ့်မယ်။


Re: Report an Imposter Account ခေါင်းစဉ်နဲ့ လာပါတယ်။
အဲဒီစာကိုဖွင့်ပြီးတော့ account ကို ဖျက်ချင်ရတဲ့အကြောင်းရင်းကို English လို နည်းနည်းပါးပါးရေး၊ 
ID နှစ်ပုံကို attactment ထည့်ပြီးတော့  Reply ပြန်ပို့လိုက်ပါ။

Account ပျက်မပျက်အကြောင်းကြားစာကို တစ်ရက်နှစ်ရက်အတွင်း Fb team က mail ထပ်ပို့ပေးပါလိမ့်မယ်။


_______________________


အားလုံးပဲအဆင်ပြေကြပါစေ။
-     
  




-     
  
အရင်တုန်းက Facebook account လေးဘာဖြစ်လို့၊ Facebook page လေးဘာဖြစ်လို့၊ ဆိုပြီးလာပြောတိုင်း ဘာဖြစ်လည်းဆိုတာ Check လုပ်ပြီး ဒါက ဘယ်လို Policy မျိုးကိုချိုးဖောက်မိလို့ဖြစ်တာဆိုပြီးပြောပြတိုင်း အဲ့လိုမဖြစ်အောင် နောက်ရှောင်လို့ရအောင် Facebook policy တွေကိုဘယ်မှာဖတ်ရမလဲဆိုပြီးမေးကြတယ်။

 မေးတိုင်း fb.com/policies?helper=www.facebook.com/aungkyawsoe.sb လေးကိုညွှန်ပေးဖြစ်တယ်။

အဲ့ဒီမှာအကုန်ရှိပါတယ်။ ဝင်ဖတ်ကြည့်ပါလို့ပြောတိုင်း ဘာပြန်ပြောလာကြလည်းဆိုတော့ English လိုတွေကများတယ်။ မြန်မာလိုတွေက သိပ်မရှိသေးဘူး။ မြန်မာလို အနည်းအကျဉ်းရှိတဲ့ဟာတွေကလည်း Font အဆင်မပြေလို့ဖတ်မရဘူးဆိုပြီးပြောလာကြတယ်။ ဘယ်အဆင်ပြေမတုန်း Zawgyi font ပဲသုံးကြတာများတော့ ဖတ်မရဖြစ်တာပေါ့။ 😁

ကဲ... အခုဆို အားလုံး Unicode လည်းပြောင်းသုံးနေကြပြီ။ Policy တွေကို မြန်မာလိုရေးပေးထားတာလည်း အတော်လေးပြည့်စုံနေပြီ။ ဒီတော့ စာဖတ်မပျင်းကြဖို့ပဲလိုတော့တယ်။ 😁😁😁

ဘယ်ကနေဝင်ဖတ်ရမလဲဆိုရင်...?
fb.com/policies?helper=www.facebook.com/aungkyawsoe.sb
မှာ ဝင်ဖတ်လို့ရပါပြီ။

ဝင်ဖတ်တော့ English လိုဖြစ်နေတယ်ဆိုရင်...?
Language မှာ Myanmar ဘာသာစကားကိုပြောင်းလဲပြီးမှဝင်ဖတ်ပါ။

သို့မဟုတ်
ဖုန်း or ကွန်ပြူတာ ထဲက Browser ကိုဖွင့်ပြီး Fb.com လို့ရိုက်ထည့်ပြီးဖွင့်ပါ။ Facebook login page နေရာမှာ မြန်မာလိုပေါ်လာရင် အဆင်ပြေပါတယ်။ မြန်မာလိုမဟုတ်ပဲ English လိုဖြစ်နေရင် ဘာသာစကားမှာ Myanamr ဘာသာကိုရွေးချယ်ပေးဖို့လိုပါတယ်။

ပြီးရင် ဒီ Link fb.com/policies?helper=www.facebook.com/aungkyawsoe.sb ကို address bar ထဲမှာ ထည့်ဖွင့်ပြီး အကုန် မြန်မာလိုဝင်ဖတ်လို့ရပါပြီ။ Facebook account ကို login ဝင်ဖို့မလိုပဲ ဖတ်ရှုလို့ရပါတယ်။ 😊😊😊
 
နမူနာပုံများကြည့်ရန် -  







Aung Kyaw Soe ( 21.9.2019 - 10:27 AM )

-     
  




-     
  

ဒီနေရာမှာ Account တွေ ခိုးခံရတိုင်းမှာ ခိုးတဲ့သူတွေတော်လွန်းလို့လားဆိုတော့ မဟုတ်ဘူး။ အကောင့်သူခိုးတွေသုံးတဲ့နည်းတွေက ခပ်ပိန်းပိန်းလူတွေကိုသင်ထားပေးရင်တောင် ရက်ပိုင်းအတွင်းအကောင့်ထိုင်ခိုးပြီးလုပ်စားလို့ရတဲ့အနေအထားဖြစ်သွားမယ်။ ( လက်ရှိ အကောင့်ခိုးပြီးလုပ်စားနေတဲ့ ခွေးသူခိုးအောက်တန်းစားတွေ အဲ့လိုမျိုးတွေပဲများတယ်။ ) ကြည့်လိုက်ရင် အခိုးခံရတဲ့အကောင့်ပိုင်ရှင်တွေကိုယ်တိုင်က စောက်သုံးမကျလွန်းလို့ အခိုးခံရတာတွေချည်းပဲ။ Login test, Recovery, Phishing, SE, တခုမဟုတ် တခုနဲ့ ထိနေကြတာများတယ်။ Security လည်းအလေးမထား Knowledge လည်း အားနည်းတော့ ခံနေကြရတာ။

1. Password အလွယ်ပေးတော့ login test နဲ့မိတယ်။
ဥပမာ - Password ဆိုတဲ့အရာကို မှတ်ရလွယ်ပြီး မှန်းရခက်တာမျိုးပေးထားသင့်ပေမယ့် ခပ်ပိန်းပိန်းလူတွေကတော့ ကိုယ့်နာမည်၊ မွေးနေ့မွေးရက်၊ ချစ်သူခင်သူနာမည်၊ အိမ်မွေးတိရိစ္ဆာနာမည်၊ အမှတ်တရနှစ်ပတ်လည် date, ကိုယ်သုံးနေတဲ့ဖုန်းနံပါတ်တွေအတိုင်း ပေးထားတော့ အလွယ်မှန်းပြီး Login test လုပ်တာနဲ့ အကောင့်ပါသွာတာမျိုးတွေများတယ်။

2. အလွယ်ယုံတတ်တော့ SE နဲ့မိတယ်။
ဥပမာ - ဖုန်းထဲ ကုတ်လေးဝင်လာရင်ပြန်ပို့ပေးပါဆိုတာကို ဘုမသိဘမသိနဲ့ ကုတ်ပြန်ပို့ပေးလိုက်တာမျိုး၊ အမှန်တကယ်က ကိုယ့်ဖုန်းထဲဝင်တဲ့ OTP ( One Time Password ) က ကိုယ်နဲ့ပဲဆိုင်တယ်ဆိုတာကို မသိတဲ့ နလပိန်းတုံးမျိုးဖြစ်သွားလို့ အကောင့်တွေ အခိုးခံလိုက်ရတာတွေရှိတယ်။

3. တွေ့ကရာ Link နှိပ် တွေ့ကရာ App တွေသုံးတော့ Phishing တွေမိတယ်။
ဥပမာ - Messenger ကနေဝင်လာတဲ့ link တွေဆို မစူးစမ်းမဆင်ခြင်ပဲ နှိပ်ကြည့်လိုက်မယ်ဆိုတဲ့သူမျိုးတွေ၊ ဘာ App လေးကတော့မိုက်တယ် လူသုံးများနေတယ်ဆိုတာနဲ့ လျှောက် Download လုပ်ပြီးသုံးတတ်တဲ့သူမျိုးတွေ၊ အဲ့လိုလူမျိုးတွေအကောင့်တွေလည်း အခိုးခံရတာများတယ်။

4. Security ပိုင်းကိုအလေးမထားလို့ Recovery test နဲ့မိတယ်။
ဥပမာ - Security settings ထဲမှာ Trusted contacts တခုမထည့်ထားတာနဲ့ Recovery ဆွဲပြီးအခိုးခံရနိုင်တယ်ဆိုတာမသိတော့ အခိုးခံကြရတာများတယ်။ Facebook account ထဲက Security settings ထဲမှာကိုယ့်အကောင့်လုံခြုံအောင်လုပ်ဖို့နည်းတွေအများကြီးထည့်ထားတယ်။ ဝင်လုပ်ရင် ၅ မိနစ်တောင်မကြာတာကို ဝင်လုပ်ဖို့အပျင်းကြီးတဲ့သူနဲ့ ငါက Cele မှမဟုတ်တာ၊ လုပ်ငန်းရှင်မှမဟုတ်တာ ငါ့အကောင့်တော့ အခိုးခံရမှာမဟုတ်ပါဘူးလေလို့ ခပ်ပိန်းပိန်းတွေးထားလိုက်တဲ့သူတွေများနေလို့ အခိုးခံရတာများတယ်။

5. Security knowledge မရှိကြတာများလို့ အခိုးခံရတာများတယ်။
ဥပမာ - Security, Account security, ဆိုတာတွေကိုပြောလိုက်တာနဲ့ ငါနဲ့တော့မဆိုင်ပါဘူး။ ငါတို့တော့လိုက်လို့မမှီပါဘူးဆိုပြီး အလွယ်တွေး၊ အလွယ်ခေါင်းရှောင်လုပ်လိုက်ကတော့ Security ပိုင်းဆိုင်ရာ ဗဟုသုတ ဘာမှမရှိတော့ဘူး။ အဲ့လိုမရှိတော့ အကောင့်တွေအခိုးခံရဖို့ ရာခိုင်နှုန်းက ပိုများသွားတယ်။ အဲ့လို ကိုယ့်ကိုယ် ကိုယ် လူပိန်းဖြစ်အောင်လုပ်တဲ့သူတွေအကောင့်တွေပဲ အခိုးခံရတာများတယ်။

အကောင့်တွေအခိုးခံရလို့ or တခုခုဖြစ်လာပြီဆိုတော့မှ အဖေကယ်ပါ၊ အမေကယ်ပါ၊ ဆိုတာမျိုးတွေလုပ်လာကြတာများတယ်။ အမှန်တကယ်က ဘာမှမဖြစ်ခင်ကတည်း ကိုယ့်အကောင့်လုံခြုံရေးနဲ့ပတ်သက်ပြီး ကိုယ့်အသိဥာဏ်လေးနဲ့ကိုယ် လုပ်ထားကြဖို့လိုတာ။ အဲ့လိုသာလုပ်ထားကြရင် Account တွေ Hack လုပ်ခံရတယ်ဆိုတာ တော်တော်ကြီးကို နည်းသွားမှာသေခြာတယ်။

အခုတော့ ကိုယ့်ကိုယ် ကိုယ် စောက်ပိန်းဖြစ်အောင်လုပ်ထားပြီး၊ ကိုယ်စောက်သုံးမကျတာလူတွေသိနိုင်သွားစေတဲ့ Account Hack ခံရတယ်ဆိုတာတွေဖြစ်ပြီးရင်း ဖြစ်နေကြတုန်းပဲ။



တော်သေးပြီ ရေးချင်လွန်းလို့ရေးပေးထားတာမဟုတ်ဘူး။ စောက်ပိန်းတွေ စောက်သုံးမကျတဲ့သူတွေ ခနတိုင်းတွေ့နေရလို့ စောက်မြင်ကတ်လွန်းလို့ရေးပေးဖြစ်သွားတာ။ ကိုယ်တွေ အာပေါက်အောင် ဘယ်လောက်ပြောပြော အလေးမထားတဲ့သူတွေက အလေးကိုမထားကြတာပဲ။



Aung Kyaw Soe ( 6.11.2019 - 10:43 AM )
-     
  

Contact Me

Contact With Me

Website, Security, Facebook Boost, All Online Services and Training များကို စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

  • Pyay Road, Hlaing Twonship, Yangon, Myanmar.
  • 09421157911
  • mr.aungkyawsoe.hgc@gmail.com
  • www.osc-myanmar.com