"မိမိ
Notification ထဲမှာ တစ်စုံတစ်ယောက်က
Trusted Contacts ထည့်တာတွေ့ခဲ့ရင် ဂုဏ်ယူပြီး လိုအပ်ရင်ကူညီပေးကြပါ"
ဒါလေးကိုဘာကြောင့်ရေးလည်းဆိုရင် လိုအပ်လာတယ်ထင်လို့ရေးလိုက်တာပါ။
အခုဆိုရင်
Account Hack လုပ် ( ခိုးယူ )ခံရတာတွေ တစ်နေ့တခြား များလာတာကို
မြင်၊ သိ၊ ကြား၊ ကြမယ်ထင်ပါတယ်။
အကောင့်သူခိုးအောက်တန်းစားတွေကြောင့် နေ့စဉ်နဲ့အမျှ လူဒုက္ခ၊ စိတ်ဒုက္ခရောက်နေကြသူတွေ ကိုယ့်ပတ်ဝန်းကျင်မှာ
အများကြီးပဲဆိုတာကို သတိပြုမိကြမှာပါ။ ဒါကြောင့် ပို့စ်ခေါင်းစဉ်ထဲကလို
Noti ထဲမှာ တွေ့ခဲ့ရင်၊ အကူအညီလိုအပ်၊ မလိုအပ်ဆိုတာလေ့လာပြီး၊ လိုအပ်ရင်
ကူညီပေးကြစေလိုပါတယ်။
အကောင့်သူခိုးတွေက
အကောင့်တစ်ခုကိုခိုးယူပြီးချိန်မှာ ပိုင်ရှင်ဘက်ကနေပြန်ယူလို့မရအောင်
Account Security ပိုင်းတွေကို ရသလောက်အကုန်လုပ်သွားလေ့ရှိပါတယ်။
Security
အမြှင့်ဆုံးအထိ လုပ်သွားခဲ့ပြီဆိုရင် အဲ့ဒီအကောင့်က ပြန်ယူလို့မရနိုင်တော့တဲ့အထိ ဖြစ်သွားပါတယ်။ အကောင့်သူခိုးတွေ
အဲ့ဒီလိုလုပ်သွားပေမယ့် ပြန်ယူလို့ရတဲ့နည်းတော့ရှိပါတယ်။ အဲ့ဒါကတော့
Trusted Contacts အကူအညီနဲ့
Hack လုပ်ခံလိုက်ရတဲ့အကောင့်ကို
ပြန်လည်ရရှိအောင် ပြုလုပ်လို့ရတာပဲဖြစ်ပါတယ်။

Hack
လုပ်ခံရတဲ့အကောင့်တိုင်းကို ဒီနည်းလေးနဲ့ပြန်ယူလို့ရပါတယ်။ အဲ့ဒါကတော့
Hack လုပ်ခံလိုက်ရတဲ့ Account ထဲမှာရှိတဲ့ Friend list ထဲက Trusted
Contacts အထည့်ခံလိုက်ရတဲ့သူ တစ်ဦးဦးက ကူညီပေးခဲ့မယ်ဆိုရင် 100%
အဲ့ဒီအကောင့်ကို ပြန်ယူလို့ရပါမယ်။
အကောင့်သူခိုးတွေက
အကောင့်ကိုခိုးပြီး
Security Settings ထဲက
Trusted Contacts ထဲမှာ အဲ့ဒီ
ခိုးထားတဲ့အကောင့်ရဲ့
Friend list ထဲက တွေ့တဲ့သူ 3 ယောက်ကနေ 5 ယောက်ကို
ထည့်သွားတတ်ကြပါတယ်။ အဲ့ဒီလိုထည့်လိုက်တဲ့အချိန်မှာ၊ အထည့်ခံလိုက်ရတဲ့သူရဲ
့Noti ထဲမှာ ဘယ်သူကတော့ မင်း
Account ကို
Trusted Contacts
ထည့်လိုက်တယ်ဆိုပြီး လာပြပါတယ်။ ( ၂ ပုံမြောက်နဲ့၃ ပုံမြောက်ကိုကြည့်ပါ။ )
အဲ့ဒီလို
Trusted Contacts အထည့်ခံလိုက်ရပြီဆိုတာနဲ့ဘာလုပ်သင့်လဲဆိုရင် အဲ့ဒီအကောင့်ရဲ့ Wall ( Timeline )
ထဲကိုဝင်ကြည့်လိုက်ပါ။ သူ့အကောင့်မှာ အခြားသူတွေက Tag တွဲပြီး၊
ဒီအကောင့်တော့
Hack လုပ်ခံထားရပါတယ်ဆိုတာမျိုးတွေ၊ သို့မဟုတ်
အဲ့ဒီအကောင့်ကို ဝင်ကြည့်ချိန်မှာ ဘာမှမတွေ့ရတော့ပဲ D ( Deactivate )
လုပ်သွားလားဆိုတာကြည့်ပါ။ ဝင်ကြည့်လိုက်လို့ Hack လုပ်ခံထားရတယ်၊ or
မသင်္ကာစရာကောင်းတာတွေ့ပြီဆိုရင် အဲ့ဒီအကောင့်ပိုင်ရှင်ရဲ့ဖုန်းရှိရင်
ဖုန်းဆက်ပြီးမေးပါ၊ မရှိရင် အဲ့ဒီအကောင့်ပိုင်ရှင်နဲ့ အရင်းနှီးဆုံးဖြစ်တဲ့သူကို သွားမေးပြီး၊ အကောင့်အခိုးခံရတာသေခြာတယ်ဆိုရင်၊
ဒီအကောင့်ကို Trusted Contacts မှာထည့်လိုက်တာတွေ့လိုက်လို့ လာပြောပြတာပါလို့ပြောပေးလိုက်ရင်၊ အခိုးခံထားရတဲ့အကောင့်ပိုင်ရှင်
အကောင့်ပြန်ယူရာမှာ အဆင်ပြေပြီး အထောက်အကူဖြစ်စေပါတယ်။
ဒီနေရာမှာ
တစ်ခုပြောချင်တာက Trusted Contacts အထည့်ခံလိုက်ရတဲ့ Noti
ကိုယ့်ဆီမှာပေါ်လာရင် ကြောက်စရာမလိုဘူးဆိုတာပါပဲ။ တစ်ချို့တွေက
Hack
လုပ်ခံရတဲ့အကောင့်ကနေ ကိုယ့်အကောင့်ကို
Trusted Contacts
ထည့်လိုက်တယ်ဆိုတဲ့
Noti တွေ့တာနဲ့ အဲ့ဒီ အခိုးခံရတဲ့အကောင့်ကို
ကြောက်လန့်ပြီး
Block လုပ်ပစ်တတ်ကြတယ်။ ကျွန်တော်ဆို
အခိုးခံရတဲ့အကောင့်တွေကိုပြန်လုပ်ပေးရင်ဖြစ်ဖြစ်
Security Service
လာလုပ်ခိုင်းတဲ့သူတွေပဲဖြစ်ဖြစ်
Trusted Contacts ထည့်မှာကဘယ်သူတွေလဲ
နာမည်တွေပြောပေး၊ နာမည်တွေရပြီဆိုတာနဲ့ထည့်တော့မယ်နော်၊ သူတို့ တစ်ယောက်ချင်းစီလိုက်ပြီး
Security အနေနဲ့
Trusted Contacts
မှာထည့်တာဆိုတာကို သေခြာပြောပြထားလိုက်ဦးလို့အမြဲပြောရပါတယ်။
အဲ့လိုမပြောရင်
Block လုပ်လုပ်သွားတတ်ကြလို့ပါ။
:D
တကယ်က Block မလုပ်သင့်ပါဘူး။
Noti မှာ ကိုယ့်အကောင့်ကို Trusted Contacts
ထည့်တယ်လို့ပေါ်လာရင် ဂုဏ်တောင်ယူသင့်တာပါ။ အဲ့လို ထည့်လိုက်လို့
ကိုယ့်အကောင့်ကို အကောင့်သူခိုးက ဘာမှလုပ်လို့မရပါဘူး။
Trusted Contacts
ကို အကောင့်ပိုင်ရှင်ကိုယ်တိုင်ကထည့်ရင်တော့ ပိုပြီးတော့ ဂုဏ်ယူလိုက်ပါ၊
အဲ့ဒီအကောင့်ပိုင်ရှင်က ကိုယ့်ကို ယုံကြည်စိတ်ချရတဲ့သူလို့သတ်မှတ်ပြီး
အားကိုးလို့ထည့်တာပါ။
ဒါကြောင့် အခုချိန်ကစပြီး ကိုယ့် Noti မှာ
တစ်ယောက်ယောက်က ကိုယ့် Account ကို Trusted Contacts ထည့်လိုက်ပြီဆိုတာတွေ့တာနဲ့ အကောင့်ပိုင်ရှင်နဲ့ဆက်သွယ်ပြီးမေးကြည့်ပါ။ (
ခိုးထားတဲ့အကောင့်ကနေ စကားသွားပြောခိုင်းတာမဟုတ်ဘူးနော် ဖုန်းနံပါတ်ရှိရင်၊
နောက်အကောင့်တစ်ခုရှိရင် အဲ့ဒီကနေ ဆက်သွယ်ခိုင်းတာ
:D
) ပိုင်ရှင်ကသူထည့်လိုက်တာလို့ပြောရင်တော့ဂုဏ်ယူပြီး၊ သူထည့်တာမဟုတ်ဘူး၊
အကောင့်က အခိုးခံထားရတယ်ဆိုရင်တော့ သင်က သူ့ကို အကောင့်ခိုးခံရတာကနေ
ကူညီပေးနိုင်မယ့် ကယ်တင်ရှင်ဖြစ်သွားပါပြီ။
ဒီတော့
Trusted Contacts
အထည့်ခံရတဲ့
Noti ကိုတွေ့တာနဲ့ ဘာလုပ်ရမယ်ဆိုတာကိုသိသွားကြပြီထင်ပါတယ်။
ဂုဏ်ယူစရာလား၊ ကယ်တင်ရှင်ဖြစ်မလား၊ ဆိုတာကိုတော့ အဲ့ဒီလို
Noti တွေ့တဲ့အချိန်မှာ ကိုယ့်ဆီက တုန့်ပြန်မှုနဲ့လုပ်ဆောင်မှုပေါ်မူတည်ပါတယ်။
ကဲ... ကိုယ့်အကောင့်ထဲမှာ အခုအချိန်အထိ အခိုးခံထားရပြီး
ပြန်မရသေးတဲ့အကောင့်ပိုင်ရှင်တွေရှိနေရင် အကူအညီဖြစ်သွားအောင် ဒီ Post
လေးကို Tag တွဲပြီးတော့ဖြစ်ဖြစ်၊ သူ့ Timeline or Messenger ကနေဖြစ်ဖြစ်
လှမ်းပြီး Share လုပ်ပေးလိုက်ကြပါဦး။
^_^
အားလုံးပဲ အဆင်ပြေကြပါစေ....
Aung Kyaw Soe ( 20.9.2018 - 2:15 PM )
#Facebook #FacebookAccount #FacebookAccountSecurity #Security #AccountSecurity #TrustedContacts #Hack #AccountHack #Account #AccountRecovery #Recovery
မူရင်းပို့စ် =>